ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ မြိတ် – ထားဝယ်ကားလမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် ကား လမ်းပိတ်နေပြီး ကားတွေ ရာနဲ့ချီပိတ်မိနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လက်ရှိမှာ မြိတ်ကနေ ထားဝယ်ကို အတက်လမ်းဖြစ်တဲ့ ပလောက်မြို့အကျော် ဆင်ထိုးရွာမှာ လမ်းပိတ်ထားသလို ထားဝယ်ကနေ မြိတ်ကိုအဆင်း သရက်ချောင်းမြို့ အကျော်ရှိ ပိတိုင်ရွာမှာလည်း လမ်းပိတ်ထားတာကြောင့် လမ်းတဖက်စီမှာ ကားတွေ ပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ” အခုထိ ပိတ်နေတုန်းပဲ ။ မြေပြင်အခြေအနေမှာ တိုက်ပွဲ ဖြစ်တာမျိုးက တအားကြီး မရှိဘူးလို့တော့သိရတယ်။ စစ်ရေးအခြေအနေအရ ပိတ်ထားတာလားတော့ မပြောတတ်ဘူး ။ ပိတ်ထားတာက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်က ပိတ်ထားတာပါ။ ” လို့ ဒေသခံက ပြောပါတယ် ။ ဖေဖော်ဝါရီ ၈…
Read Moreလူနှစ်ရာကျော် သေဆုံးခဲ့ရရတဲ့ Sky Villa ကွန်ဒိုတာဝန်ယူတဲ့ NTL ကုမ္ပဏီပိုင်ရှင် ဦနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့အမှုဖွင့် စစ်ဆေး အရေးယူ
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆ CC (VOM) မန္တလေး ၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ Sky Villa ကွန်ဒိုကို တည်ဆောက်ခဲ့သူ NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄ ( က) နဲ့ အမှတ် ၁ ရဲစခန်းမှာ အမှု့ဖွင့်အရေးယူပြီး အောင်မြေသာစံတရားရုံးမှာ အမှုတစားစွဲတင်လိုက်တယ်လို့ သိရပါတယ်။ ” စသုံးလုံး ( စစစ) ကတိုက်ရိုက်ကိုင်တာ ။ တရားခံကိုလည်း အမှုစွဲတင်လိုက်ပြီ။ ပုဒ်မ ၃၀၄ ( က) နဲ့။ လုပ်ငန်းခွင်ပေါ့လျော့လို့ လူသေစေမှုနဲ့ စွဲတင်လိုက်တာ။ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တာ ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈…
Read More၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် (၂၂)ကြိမ်မြောက် မန္တလေး မြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံ ပန်းမန် ပြပွဲ ပြိုင်ပွဲကျင်းပ
မန္တလေး၊ ဖေဖော်ဝါရီ- ၁၂- ၂၀၂၆ SA(VOM) ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်မှာ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြပွဲ ပြိုင်ပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က စပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်တွေလာရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပန်းမန် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် မျိုးကောင်းများကို…
Read Moreမန္တလေးတိုင်း တစည ပါတီရုံးမှာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
မန္တလေး၊ ဖေဖော်ဝါရီ- ၁၂-၂၀၂၆ Voice Of Myanmar ၂၀၂၆ ခုနှစ်အတွက် မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ကြီးမှူးကျင်းပတဲ့ (၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ မန္တလေးတိုင်း တစည ပါတီရုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တစညပါတီဗဟို ဥက္ကဌ ဦးဟန်ရွှေပေးပို့တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားပြီးမန္တလေးတိုင်း တစည ပါတီ ဥက္ကဋ္ဌ ဒေါ်သောင်းသောင်းနု က မန္တလေးတိုင်း အတွင်း ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ကိုယ်စား လှယ် ၁၁ ဦးကို လွှတ်တော်တွင်းမှာ ဆောင်ရွက်ရမယ့် အချက် အလက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အဆိုပြုလွှာ တင်သွင်းခဲ့ပြီး တဦး က အသက် ကန့်သက်ချက်နဲ့…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတော်ယာယီသမ္မတက ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုက်တွန်း
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆ KKL(VOM) နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းစတဲ့ လောကပါလတရားတွေ ထွန်းကားနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာကနေ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ၂၀၂၆ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြန်လည်ဖတ်ကြားခဲ့တာမှာ ပါရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်တန့်ခိုင်မြဲဖို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်းနိုင်ငံတော်အစိုးရ၊တပ်မတော်နဲ့ တစ်သားတည်း ရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက်နိုင်ငံတော် ကိုကာကွယ်စောင့်ရှောက်ကြရန်လိုအပ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများအားလုံးကို ပါဝင်ပူးပေါင်းဖို့ကိုလည်း သဝဏ်လွှာမှာပါရှိခဲ့ပါတယ်။ အဲ့ဒီတိုက်တွန်းမှုနဲ့အတူ…
Read Moreမန္တလေးတိုင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့
မန္တလေး၊ ဖေဖော်ဝါရီ- ၁၂-၂၀၂၆ Voice Of Myanmar ၂၀၂၆ ခုနှစ်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မန္တလာသီရိအားကစားကွင်းမှာကျင်းပခဲ့ပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီတွေက ဖိတ်ကြားထားသူတွေနဲ့အတူ တိုင်းရင်းသားပေါင်းစုံတက်ရောက်ခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ တိုင်းရင်းသားဒေသအလိုက် စီစဥ်ထားတဲ့ စတုဒီသာတွေကို ကျွေးမွေးတာ၊ အားကစားပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ တွေ့ရပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read Moreကြော်ငြာကဏ္ဍ
ပန်းအိုးဆိုတာ ပန်းပင်ရဲ့ အဝတ်အစား ၊ အိမ်ရဲ့ အလှကျက်သရေနဲ့ ထည်ဝါခမ်းနားမှုဟာ ပန်းအိုးနဲ့ပန်းပင်ကလည်း အဓိကကျတာမို့ မိတ်ဆွေရဲ့ တန်ဖိုးကြီးတဲ့အိမ်တော်မင်္ဂလာ ပိုမိုလှပတင့်တယ်ဖို့ ဖွေးဖွေးပန်းအိုးနဲ့ ဥယျာဥ်သုံး ပစ္စည်းဆိုင်ကို ကြွလှမ်းခဲ့ပါ ဖွေးဖွေးတို့က စောင့်ကြိုနေပါတယ်။ အဆွေတော်တို့အိမ်တော်မင်္ဂလာကို ပန်းပင်ပန်းအိုးတွေနဲ့ ပိုမိုလှပတင့်တယ်ဖို့ အကြံဥာဏ်တွေရချင်ရင် ဖွေးဖွေးတို့နဲ့ ဆက်သွယ်ဖို့ Phway ‘s Pardise ရဲ့ပဲ့ကိုင်ရှင် မသဲစုကဖိတ်ခေါ်ထားပါတယ်။
Read Moreစပါးစျေးကွက်မကောင်းတဲ့အတွက် ထပ်ပြီးရှုံးမှာကြောက်လို့ တောင်သူတွေ နွေစပါးကို မစိုက်လိုကြ
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆ CC (VOM) စပါးစျေးကွက်က အကျဘက်မှာရှိနေပြီး စျေးကွက်မကောင်းတဲ့အတွက် ထပ်မံပြီး အရှုံးနဲ့ရင်ဆိုင်ရမှာ စိုးရိမ်တာကြောင့် တောင်သူတွေအနေနဲ့ ယခုနှစ်မှာ နွေစပါးကို စိုက်ပျိုးလိုခြင်း မရှိကြောင်း တောင်သူတွေက ပြောပါတယ်။ တောင်သူတွေအနေနဲ့ အရှုံးကိုရင်ဆိုင်ရနိုင်တဲ့အတွက် နွေစပါးကို မစိုက်ပျိုးလိုပေမယ့်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးခိုင်းနေတာကြောင့် တောင်သူတွေမှာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ နွေစပါးစိုက်ပျိုးဖို့အတွက် ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေကို ဆည်ရေတွေ စတင်လွှတ်ပေးနေပြီး စိုက်ပျိုးမှုကို တောင်သူအစီအစဥ်နဲ့ စပါးပက်ကြဲခြင်းအစား အစေ့ချစက်သုံးပြီးသာ စပါးမျိုးစေ့ချ စိုက်ပျိုးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ” နွေစပါးမလုပ်ချင်ဘူး ။ခုစပါးစျေးနဲ့ဆိုရင် ရှုံးမယ်ဆိုတာ သိနေတယ်။ တွက်လို့ရတယ်လေ။ အရင်နှစ်နွေစပါးကလည်း ရှုံးတယ်။ ခုမိုးစပါးလည်း ရှုံးတယ်။ အခုဒီနှစ်နွေစပါးပါ ထပ်ရှုံးရင် ကျွန်တော်တို့ ဘယ်လိုမှ…
Read Moreမြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံး
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား နှစ်ယောက်ဟာ အသက် ၁၈ နှစ်နဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ညီအစ်ကိုတွေဖြစ်ပြီး ကူမဲမြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ကြောင်း သိရပါတယ်။ ” ညီက ရေနစ်တာကို အစ်ကိုက လိုက်ကယ်ရင်းကနေ ညီအစ်ကိုနှစ်ယောက်လုံး ရေနစ်သေဆုံးတာလို့ သိရတယ် ။သူတို့က ကူမဲကနေ မြစ်သားကို လာပြီး ကွန်ပစ်ငါးဖမ်းကြတာလို့သိရတယ်။ သူတို့နဲ့အတူ လာသူတွေလည်းရှိတယ်။ ရေနစ်တော့ အတူပါလာသူတွေက အကြောင်းကြားလို့ ကယ်ဆယ်ရေး လုပ်ခဲ့တာပါ ။…
Read Moreမြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရမှုကို တားဆီးနိုင်ပေမယ့် လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းခဲ့ရ
ဖေဖေါ်ဝါရီ ၁၃ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ် နဲ့ အနီးတဝိုက်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး လေကြောင်းခရီးစဥ်တွေ အားလုံးဖျက်သိမ်း လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ် ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနား လေဆိပ်နဲ့ အနီးတဝိုက်ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က FPV Suicide Drome သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရတပ်ဘက်က ဟန့်တား နိုင်ခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ် ။ အလားတူ ညနေပိုင်းမှာလည်း လေဆိပ်အနီးရှိ အဆောက်အဦတခုပေါ်ကို ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ ” ခုညနေ လေဆိပ်နားက ဘိုးဘွားရိပ်သာ ခေါင်မိုးပေါ်ကို ဒရုန်းဗုံးကျသေးတယ်။ခေါင်မိုးပေါ်က ရေစင်ပေါ်ကိုကျတာ…
Read More




