ဧပြီ ၃၀ ၊ ၂၀၂၆ GG (VOM) ကားနဲ့ဆိုင်ကယ်တွေ စုံ / မ ရက် သတ်မှတ်ချက်အလိုက်သာ လမ်းေပါ်ထွက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ ပြည်သူလူထုက တောင်းဆိုမှု မြင့်တက်လာနေ ပါတယ်။ စုံ / မ ရက် ကန့်သတ်မှုက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေအတွက် ပိုပြီး အဆင်မပြေမှုတွေ ဖြစ်လာနေကြောင်း ၊ စုံ / မသတ်မှတ်ချက်ကြောင့် အိမ်စီးကားအများစု အဖမ်းခံရပြီး တရားရုံးမှာ ဒဏ်ကြေးဆောင်ရတာတွေလည်း ရှိနေသေး တယ်လို့ သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီကလည်း ကား နဲ့ဆိုင်ကယ်ကို QR ကုတ်စနစ်နဲ့ ဆီပမာဏသတ်မှတ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်လို့ စုံ/ မ ရက်ခွဲပြီး လမ်းပေါ်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုရှိလာတာဖြစ်ပါတယ်။ “ရန်ကုန်မှာ ည ၉နာရီ…
Read Moreကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေတွေမှာ လေကြာင်းနဲ့ ဒရုန်းဗုံး ဆက်တိုက်ကြဲချတိုက်ခိုက်ခံနေရလို့ သေဆုံးနဲ့ ဒဏ်ရာရမှုတွေရှိ
ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာခရိုင် ၊ တပ်မဟာ ၆ နယ်မြေထဲက ကျေးရွာတချို့မှာ လေကြောင်းနဲ့ ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် နှစ်ယောက်သေဆုံးပြီး လူ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဧပြီ ၂၉ ရက်နေ့မှာ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ သတ္တုခဲမိုင်းတွင်းနေရာကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ၁ဝ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ မနေ့က ကော့ကရိတ်မြို့နယ် တောင်ပိုင်း ၊ အံဖကြီးကျေးရွာရှိ ဖန်းခါးကုန်းအပိုင်းမှာလည်း ဒရုန်းဗုံးကြဲချတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ.နောက်ထပ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၂ နာရီလောက်မှာ မက္ကသာ မိုင်းတွင်းဘက် ကို လေယာဉ်နဲ့ ခြောက် ကြိမ်လောက်…
Read Moreချင်းပြည်နယ် (တောင်ပိုင်း) အစပ်မှာ တိုက်ပွဲတွေတိုးနေ
ဧပြီ ၃၀ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (တောင်ပိုင်း) အစပ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေစိပ်လာနေတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်ရှိမှာ မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ် (အမတ ၃၆၈) မှ အစိုးရတပ်တွေဟာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ၁၂ မိုင်အကွာရှိ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး အင်အားအများအပြားနဲ့ ရောက်ရှိလာကာ အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။ “အရင်ကလည်း နယ်မြေရှင်းလင်းရေး လုပ်တာလိုမျိုး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုလို အထိုင်ချ တပ်စွဲတာမျိုးတော့ မရှိခဲ့ဘူး။ အစိုးရတပ်အနေနဲ့ ဖလမ်းကို ထိန်းပြီးပြီဆိုတော့ ချင်းတောင်ပိုင်းကို ဆက်ပြီး ထိုးစစ်ဆင်လာနိုင်တဲ့သဘော ရှိနေတယ်။ ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ လေကြောင်းရန်ကို အထူး…
Read Moreဒီနေ့ လွတ်ငြိမ်းခွင့်နဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ ပြန်လွတ်လာ
ဧပြီ ၃၀ ၊ ၂၀၂၆ CC (VOM) ရွေးကောက်ပွဲ ဥပဒေနဲ့ဖမ်းဆီးပြီး ထောင်ချခံထားရတဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ဟာ ဒီကနေ့ ကဆုန်လပြည့်နေ့ ၊သမ္မတပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ မိသားစုနီးစပ်သူဆီက သိရပါတယ်။ ” အိမ်ရောက်နေကြပါပြီ။ ကိုသက်လွင် ဖုန်းပြောပြီးပါပြီ။ အောင်ချမ်းလူလဲ ရောက်ပါပြီ ။ အုန်းဒိုင်း တို့ နဲ့တော့ မပြောရသေးဘူး ။ကျော်ဝင်းထွဋ်လေးရော မတွေ့ရသေးပါဘူး ။ ဒါပေမယ့်သူတို့နှစ်ယောက်လည်း လွတ်တာ သေချာပါတယ်။ ” လို့ မိသားစုနဲ့ နီးစပ်သူ ရုပ်ရှင်အနုပညာအသိုင်းဝိုင်းလောကသား တယောက်က ပြောပါတယ်။ အဆိုပါ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ၊ဒါရိုက်တာအောင်ချမ်းလူ ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်လောက်မှာ…
Read Moreမြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးအဖွဲ့မှာ တပ်မတော်သား ပါဝင်ရမယ့်အချက်ကို ပယ်ဖျက်လိုက်တော့ ဘာထူးခြားလာမလဲ
ဧပြီ ၃၀ – ၂၀၂၆ SN (VOM) မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့နေရာမှာ အရင်က တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပြင်ဆင် ပယ်ဖျက်လိုက်တာဟာ စစ်အုပ်ချုပ်ရေးယန္တရားကနေ အရပ်ဘက်ယန္တရားကို အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၃/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက အခု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ ရက်စွဲနဲ့ ပြင်ဆင်ချက်မှာ တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၄/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ…
Read Moreနေပြည်တော်မှာ ဘုရားဖူးလာတဲ့ သုံးဘီး ဝိတ်များပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လို့ တယောက်သေပြီး ၁၂ ယောက်ဒဏ်ရာရ
ဧပြီ ၃၀ ၊ ၂၀၂၆ CKC (VOM) နေပြည်တော်ကောင်စီ ၊ ဥတ္တရသီရိ မြို့နယ်မှာ ကဆုန်လပြည့်နေ့ ဘုရားဖူးလာတဲ့ သုံးဘီးနောက်တွဲတိမ်းမှောက်လို့ အမျိုးသားတယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ၁၁ နာရီလောက်မှာ ဥတ္တရသီရိမြို့နယ်ရှိ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အလာ အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားဖူး သုံးဘီးကားပေါ်မှာ ယာဥ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာဖြစ်ကြောင်း သိရပြီး ကားက ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဗုဒ္ဓဂယာဘုရား ဖွားပွင့်ဟောစံ အဆင်းလမ်းမှာမှောက်တာ ။ တကယ့်ဂုံးဆင်းကြီးမှာ.မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဝိတ်ကအတော်ကို များတယ်။ လူ ၁၆ ယောက်လောက်ဆိုတာ…
Read Moreအင်းတော်ကို တပ်က ပြန်လည်ရရှိ ၊ ကသာမှာလည်း စစ်ရှောင်တွေ အများစုပြန်ဝင်ရောက်လာ
ဧပြီ ၃၀ ၊ ၂၀၂၆ GG (VOM) အင်းတော်မြို့ကို အစိုးရတပ်စစ်ကြောင်းက ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ပြန်လည် ရရှိသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ် ။ အစိုးရတပ်တွေဟာ အင်းတော်မြို့နဲ့ ခြောက်မိုင်လောက်သာဝေးတဲ့ နဘားလမ်းဆုံကို ဧပြီ ၂၉ ရက်နေ့မှာ ထိုးဖောက် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကြောင်းက အင်းတော်မြို့တွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ပေးတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ဆုတ်ပေးလိုက်ရတာကြောင့် အစိုးရတပ်စစ်ကြောင်းက မြို့ထဲဝင်ရောက်ပြီး နေရာယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” အင်းတော်ကို ဒီနေ့ရပါပြီ။ မြို့ထဲမှာ ဘာမှမရှိတော့ဘူး ။ PDF တွေလည်း မရှိတော့ဘူး ။မြို့ကလည်း ပျက်နေပါပြီ။…
Read Moreနိုင်ငံတော် ဒုတိယ သမ္မတနှစ်ဦး နဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ နေပြည်တော်မာရဝိဇယစေတီတော်မြတ်ကြီးမှာ ညောင်ရေသွန်းလောင်းပူဇော်
နေပြည်တော် ဧပြီ ၃၀-၂၀၂၆ KKL(VOM) နေပြည်တော် မာရဝိဇယ စေတီတော်မြတ်ကြီး မှာ နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးညိုစော ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး နဲ့ ပြည်ထောင်စုအဆင့်မှာ ပါဝင်ကြတဲ့ပုဂ္ဂိုလ်တွေ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေက နေပြည်တော် မာရဝိဇယစေတီတော်မြတ်ကြီးမှာ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါတယ်။
Read Moreလွတ်ငြိမ်းသက်သာခွင့်ပေးတာတွေ နှုတ်ရင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်ဟာ ၁၃ နှစ်ဝန်းကျင် ကျန်နေနိုင်သေး
ဧပြီ ၃၀ – ၂၀၂၆ S3(VOM) နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်တွေထဲက နှစ်တချို့ကို လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တာမှာ ခန့်မှန်းချက်တွေအရ ထောင်ဒဏ် ၁၃ နှစ်ဝန်းကျင်လောက် ကျန်ရှိနေနိုင်သေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့အမှု နှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ – ၈ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅ (ခ) တို့နဲ့ စုစုပေါင်း ထောင်ခြောက်နှစ် ချထားတာတွေကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်…
Read Moreဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေးကြောင်း ကြေငြာ
ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေးကြောင်း ကြေငြာ နေပြည်တော် ဧပြီ ၃၀
Read More




