ရခိုင်မ​ကွေးအစပ် ဂုတ်ကြီးစခန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

ဧပြီ ၂၈ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ဂုတ်ကြီးစခန်းဝန်းကျင်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာဖြစ်ပြီး အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးဖောက်နိုင်ဖို့အတွက် ကားသုံးစီးနဲ့ စစ်ကူအင်အား ဖြည့်တင်းကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။ “အစိုးရတပ်က ဂုတ်ကြီးစခန်းကို ထိုးစစ်ဆင်နိုင်ဖို့အတွက် ဖလမ်းမြို့သိမ်းတိုက်ပွဲက အရာရှိစစ်သည်တချို့ကို မြေလပ်ရွာဘက်ကိုပို့ပြီး အင်အားထပ်ဖြည့်ထားတာ။ အဲဒီရွာက နတ်ရေကန် ဗျူဟာကုန်းကိုသွားတဲ့ ရခိုင် – မကွေးရိုးမ လမ်းသစ်လမ်းပေါ်မှာရှိတယ်။ မြေလပ်နဲ့ ဂုတ်ကြီးစခန်းနဲ့ဆို ၁ မိုင်လောက်ပဲဝေးတယ်။ တိုက်ပွဲကတော့ အခုထိ ပြင်းထန်နေတုန်းပဲ။ နှစ်ဖက်စလုံး အထိနာနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။…

Read More

မြို့နယ်တချို့မှာ လေပြင်းတိုက်၊ မိုးကြိုးပစ်မှုတွေ ဆက်တိုက်ဖြစ်ပြီး တယောက် သေဆုံး

ဧပြီ ၂၉ – ၂၀၂၆ SN (VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ မနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က မိုးသက်လေပြင်းကြောင့် နေအိမ်တချို့ ခေါင်မိုးလန်ကာ သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် Junction Nay Pyi Taw ဈေးဝယ်စင်တာမှာလည်း ယာယီကာထားတဲ့ ဂျစ်ဆင်ဘုတ် ပွင့်ထွက်သွားတာကြောင့် ဈေးဝယ်သူတချို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ “လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး…

Read More

ခွင့်ပြန် မြန်မာလုပ်သားတွေ သံရုံးထောက်ခံစာယူမယ့်ကိစ္စ အွန်လိုင်းကနေ ​လျှောက်ထားခွင့်ပြုဖို့ အလုပ်သမားတွေလိုလား

ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ပြည်ပခွင့်ပြန် အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအားလုံး သံရုံးထောက်ခံစာ ယူရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ ၂၈ ရက်မှ အသိပေးလာပါတယ်။ ခွင့်ပြန် မြန်မာလုပ်သားတွေအတွက် အခုလို ကန့်သတ်ချက်တခု ထပ်မံတိုးလာတာက အဆင်မပြေကြောင်း ၊ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေရသူတွေအတွက်ဆိုရင် ပိုပြီး ခက်ခဲတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ ” ကာတာဆိုရင် သံရုံးမရှိတော့ Saudi ကိုပို့ပြီး သံရုံးထောက်ခံချက်တောင်းရမှာ ။ ခွင့်စာကလည်း သွားရမယ့်ရက်ထက် အများကြီးပိုပြီး စောမပေးပါဘူး။သံရုံးကိုပို့ရင် ထောက်ခံချက်က ပြန်မယ့်ရက်အမီ အချိန်နဲ့တပြေးညီ ချပေးမယ်လို့ အာမခံချက်ရှိလား သေချာမသိဘူး ။နောက်ကျမယ်ဆိုရင်လည်း ခွင့်စာထဲက ရက်နဲ့ ပြန်ဝင်ရက်မတူလို့မရဘူးဆိုတော့ ခက်တယ်။ ပြန်တဲ့ရက်နဲ့ ခွင်ယူတဲ့နေ့ဘဲ ခွင့်ကရတာ။ကျန်တဲ့ ရက်က…

Read More

ယင်းမာပင်၊ ကနီနဲ့ ပုလဲမြို့နယ်တို့က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ

ဧပြီ ၂၉ – ၂၀၂၆ SS (VOM) အစိုးရတပ် စစ်ကြောင်းထိုး​နေလို့ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ကနီနဲ့ ပုလဲနယ်စပ် ကျေးရွာ ၃၀ ကျော်မှ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ယင်းမာပင်နဲ့ ကနီနယ်စပ်မှာရှိတဲ့ စုန်းချောင်း၊ ငပုတော၊ သံပုရာပင်ရိုး၊ ကျုံမှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း စတဲ့ ကျေးရွာတွေကနေ အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်တွေမှာလည်း စစ်တပ်က မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာ။ ကျေးရွာတွေပျက်စီး၊ ပစ္စည်းတွေ ဆုံးရှုံးနဲ့ ပြည်သူတွေ အတော်လေးကို ဒုက္ခရောက်နေရတာပါ။ ပြည်သူတွေကို ကာကွယ်မယ်လို့ တွင်တွင်ပြောနေတဲ့ လက်နက်ကိုင်တပ်တွေက ပြည်သူတွေကို မကာကွယ်ကြတော့ဘူးလား။ ဘာလုပ်နေကြတာလဲလို့ မေးချင်တယ်” လို့ စစ်ရှောင်အရေး…

Read More

ဖျာပုံမြို့နယ် ချောင်းဝရွာမှာ မီးလောင်လို့ အိမ် ၇၀ လောက်မီးထဲပါသွား ၊ မီးဘေးသင့်သူတွေအတွက် အကူအညီလိုအပ်နေ

ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၇၀ လောက် မီးထဲပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။ ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄ နာရီဝန်ကျင်လောက်မှ မီးငြိမ်းနိုင်ခဲ့တာဖြစ်လို့ မီးလောင်ချိန်ဟာ ၁နာရီ မိနစ်၃၀ လောက်ကြာမြင့်ခဲ့တာကြောင့် အိမ်မီးလောင်မှုများခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။ ” အိမ်ခြေ ၇၀ ပါသွားတယ်။ မီးစလောင်တာက ဒေါ်သက်ထားဆိုတဲ့ အမျိုးသမီးအိမ်ရဲ့ ထင်းမီးဖိုကနေ တဆင့်လောင်တာပါ။ မီးကြွင်းမီးကျန်ကနေ လောင်တာ ။ ဘာပစ္စည်းမှကို ယူချိန်မရလိုက်ပဲနဲ့ အကုန်မီးလောင်သွားတဲ့ အခြေအနေပါ ။ ” လို့ ဒေသခံကပြောပါတယ်။ မီးလောင်မှုအတွင်း…

Read More

ကန်ပက်လက် ၊ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေ ၊ သုံးယောက်ဒဏ်ရာရ

ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူရှစ်ယောက် သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားအနီးကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ သိရပါတယ် ။ ” ခုသိရသလောက်က ရှစ်ယောက်သေတယ် သိရတယ် ။ အမျိုးသားကခုနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ပါ။ ဒဏ်ရာရလည်းရှိတယ်။ ကားနဲ့ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ် သိရတယ် ။ ” လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားဟာ ကန်ပက်လက်မြို့နဲ့ ပလက်ဝမြို့ကို သွားလာနိုင်တဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။ ကျင်ဒွေးမြို့လေကြောင်း တိုက်ခိုက်မှု…

Read More

ဖားကန့်၊ လုံးခင်းကျေးရွာမှာ KIA တပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေ

ဧပြီ ၂၉ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ အစိုးရတပ် တပ်စွဲထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ လုံးခင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး ဝါရာဇွပ်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်နဲ့ ရှမ်းနီတပ်တွေ ပါဝင်တဲ့ အစိုးရ စစ်ကြောင်းတွေဟာ ရွာအဝင်အထွက်တွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။ ဒါအပြင် လုံးခင်းရွာအတွင်းရှိ လူနေအိမ်တွေ၊ လူမှုကူညီရေးရုံး၊ ဂေါက်ကွင်းအနီးနေရာ၊ ထွန်းတောက်ဆီဆိုင်၊ သုသာန်၊ ဆေးရုံကုန်း၊ နှစ်မျက်နှာဘုရားပေါ် အစရှိတဲ့ နေရာတွေမှာလည်း အုပ်စုခွဲပြီး တပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။ “KIA ဘက်က ဒရုန်း၊ လက်နက်ကြီးတွေ ဆက်တိုက်သုံးပြီး…

Read More

မန္တလေး ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ

မန္တလေး၊ ဧပြီ – ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ် ကွက်သစ် (၂) နံပါတ် ၂ ကျတဲ့ ရွှေလေးကွက်သစ်(၁) တို့ကဝင်းခင်းပြီးတော့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊…

Read More

မန္တလေး ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ (ရုပ်သံ)

မန္တလေး၊ ဧပြီ – ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ကဆုန်ညောင် ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ် ကွက်သစ် (၂) နံပါတ် ၂ ကျတဲ့ ရွှေလေးကွက်သစ်(၁) တို့ကဝင်းခင်းပြီးတော့ လှည့်လည်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သပြေတန်းရပ်ကွက်၊ သက္ကယ်တော်ကျေးရွာ၊ စိန်တုန်းကျေးရွာ ၊ ရွာသစ်ကျေးရွာ၊ ရွှေလေးကျေးရွာ၊ ရွှေဟင်္သါကျေးရွာ ၊ မိုးကောင်းကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ပတ္တမြားကျေး ရွာ၊ ကိုးသင်းကျေးရွာ၊ ခဝါကျေးရွာ ၊ ရွှေလောင်းကျေးရွာ၊…

Read More

အကျဉ်းသား ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်​ပေးတဲ့ထဲ မန္တ​လေးတိုင်းက ၂၀၀​ကျော်ပါရှိ

မန္တ​လေး -ဧပြီ ၃၀-၂၀၂၆ VOM နိုင်ငံတော်သမ္မတက ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ ဒီထဲမှာ မန္တ​လေးတိုင်းအတွင်း အကျဥ်း​ထောင်​တွေက ကျား ၁၆၉ ၊ မ ၄၇ စုစုပေါင်း ၂၁၆​ယောက်လွတ်တာမှာ မန္တလေးအိုးဘို…

Read More