အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဘိုး ဖမ်းဆီးရမိ

ကသာ၊ ဒီဇင်ဘာ ၁၃-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နန့်မကျိုင်းကျေးရွာအနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာ ကားလမ်းမပေါ်မှာ မောင်းနင်လာတဲ့ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာက မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်သောင်းကျော်တန်ဘိုး  ဖမ်းဆီးရရှိမှု ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၁)နာရီ အချိန်က ဖြစ်ပွားခဲ့ပါတယ် ။ မူးယစ်သတင်းအရ တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နေချိန် အင်းတော်မြို့ဘက်မှ ကချင်ပြည်နယ်ဘက်သို့ သန်းဇော်လင်း မောင်းနင်ပြီး ကျော်လောက်အေ(ခ)မြင့်ဝင်း လိုက်ပါလာတဲ့ PKE 2L –  6951 နံပါတ်ပါ  VOXY အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းက အဖြူရောင် ပီနံအိပ်ကြီးတစ်လုံး အတွင်း အပြာရောင်ကပ်ခွာအိပ်ငယ် တစ်ထုပ်ကို မူးယစ်ဆေးပြား (၁၉၀)ပြား ပါဝင်တဲ့ အထုပ်သုံးဆယ် ကို တစ်စီး  စီးထားသော…

Read More

ချင်းပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် ဆရာဆရာမများ လျှောက်လွှာခေါ်ယူ

ဟားခါး ဒီဇင်ဘာ ၁၃-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ်အတွင်း ဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးနိုင်ဖို့ အနိမ့်ဆုံး အတန်းပညာ (၉)တန်းအောင်မြင်ထားတဲ့ တိုင်းရင်းသားတွေ အနေနဲ့ လျှောက်ထားလိုပါက ဒီဇင်ဘာလ ၃ ရက်နေ့ ကနေ စတင်ပြီးလျှောက်လွှာတွေကို ခေါ်ယူနေပြီး ဖြစ်တယ်လို့ ချင်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွန်ကြားရေမှူးရုံးကနေ သိရပါတယ်။ ဒီလိုလျှောက်ထားသူတွေဟာဆိုရင် တိုင်းရင်းသားလူမျိုးဖြစ်သူ ပညာအရည်အချင်း အနိမ့်ဆုံး(၉)တန်း အောင်မြင်ထားသူ လျှောက်လွှာပေးတဲ့ရက်မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နဲ့ မြန်မာဘာသာစကားနဲ့ ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား ကို ကျွမ်းကျင်စွာ ရေးနိုင် ဖတ်နိုင် ပြောနိုင်သူတွေကို ဦးစားပေး ခန့်ထားပေးဖို့ ရှိနေပြီး လျှောက်ထားသူတွေ အနေနဲ့ ဒီ အချက်တွေ အပြင် ပြစ်မှု့ကင်းရှင်းကြောင်း ထောက်ခံစာ၊ခိုင်လုံသော ပညာအရည်အချင်း ထောက်ခံစာ နဲ့ နိုင်ငံသား…

Read More

အသင်း​တော်​မှခန့်​အပ်​ထား​သော ဆရာမဟုတ်​​ကြောင်း ခရစ်​ယာန်​အသင်း​တော်​​များ​ကောင်​စီ မှ ထုတ်​ပြန်

မန္တ​လေး၊ ဒီဇင်​ဘာ ၁၃-၂၀၁၈ ဟိန်းကို(VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက်​​နေ့ နံနက်ပိုင်းက ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က ယင်း​ကျောင်းရှိ ကျာင်းသား၊​ကျောင်းသူ​တွေကို ဘာသာ​ရေးစည်းရုံးသည့်​သ​ဘောဖြင့်​ ​ဟော​ပြောမှုလုပ်​ခဲ့တဲ့ ဓမ္မဆရာ​တော်​ဟာ အသင်း​တော်​မှခန့်​အပ်​ထား​တဲ့ ဆရာမဟုတ်​​ကြောင်း ခရစ်​ယာန်​အသင်း​တော်​​များ​ကောင်​စီ က ထုတ်​ပြန်​ချက်​ထုတ်​ပြီး​ကြေညာထားပါတယ်​။ ယခုလိုလုပ်​ရပ်​မျိုးဟာ ခရစ်​ယာန်​ဘာသာ ၏ သွန်​သင်​ဆုံးမမှုမဟုတ်​​ပဲ သူ့သ​ဘောဆန္ဒအရ လုပ်​​ဆောင်​ခဲ့ခြင်းသာဖြစ်​ပြီး ခရစ်​ယာန်​အသင်း​တော်​​ကောင်​စီအ​နေနဲ့ ခုလိုလုပ်​​ဆောင်​မှုကို ကန့်​ကွက်​တယ်​လို့ ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြထားပါတယ်​။ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းက ​ကျောင်းအုပ်​ဆရာ​တော်​ ဦးဥက္ကဌကလည်း ” သူတို့က ခရစ်စမတ်​လက်​​ဆောင်​​ပေးမယ်​ ​ပျော်​ပွဲရွှင်​ပွဲလုပ်​မယ်​ ဆိုတဲ့ အပိုင်းပဲလုပ်​မယ်​ဆိုတာသိရလို့ပါ ဒါ​ပေမယ့်​ အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့” ​VOMသတင်းဌာနကို မိန့်​ကြားထားပါတယ်​။ တိုင်းပြည်​ရဲ့ ငြိမ်းချမ်း​ရေး၊ပြန်​လည်​သင့်​မြတ်​​ရေး ​ဆောင်​ရွက်​​နေတဲ့အချိန်​ကာလ နဲ့ ဘာသာတရားအချင်းချင်း ချစ်​ကြည်​ရင်းနှီးစွာ အတူယှဉ်​တွဲ​နေထိုင်​ရန်​ ကြိုးစားအားထုတ်​​နေချိန်​မှာ အခုလို ၀မ်းနည်းဖွယ်​ရာအဖြစ်​အပျက်​များအတွက်​ များစွာစိတ်​မ​ကောင်းဖြစ်​ရ​ကြောင်း ခရစ်​ယာန်​များကိုယ်​စား…

Read More
VOM News

FREE
VIEW