ပွဲတော်ရက် သုံးရက် တိုးမြှင့်လိုက်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ မီးပုံးပျံပေါင်း ၅၆၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်

နိုဝင်ဘာ ၂ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မူလ သတ်မှတ်ထားတဲ့ရက်ထက် သုံးရက် ထပ်မံ တိုးမြှင့်လိုက်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ကာ မီးပုံးပျံပေါင်း ၅၆၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ တန်ဆောင်တိုင်ပွဲတော်ကို အဲဒီမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အရင်က နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း ၁၃၉ လုံး၊ နေ့လွှတ်အရုပ်…

Read More

ရိုးရာ လက်လုပ် မီးပုံးလေးတွေ ပြန်လည်ဆန်းသစ်လာ

မန္တလေး၊ အောက်တိုဘာ- ၂၂- ၂၀၂၆ SA(VOM) ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်မီးပုံလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ဖန်းတီးထားပြီး ပြန်လည်ဆန်းသစ်လာသလို မန္တလေးမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က တည်းက ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ စည်ကားလို့နေပါတယ်။ ဒီ ရိုးရာလက်လုပ် မီးပုံးလေးတွေရောင်းချတဲ့စျေးတန်းကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာလည်း သီတင်းကျွတ်ပွဲတော်အတွက် ရာသီစာဖြစ်တဲ့ မီးပုံးပျံ၊ လက်လုပ်မီးအိမ် အစုံကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။ ကုန်စျေးနှုန်းတွေတက်လာတာကြောင့် ခါတိုင်းနှစ်တွေကထက်စာရင် မီးပုံးစျေးတွေ အနည်းငယ်တက်လာတယ်လို့လည်း မီးပုံးရောင်းချသူတွေက ပြောပါတယ်။

Read More

ခေတ်အ​ခြေအ​နေ​ကြောင့် ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲ စည်ကား​အောင်ကျင်းပမယ်

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၆ MW(VOM) ကိုဗစ်ကာလကတည်းက ရပ်နားထားရတဲ့ မုံရွာဆုတောင်းပြည့်ဘုရားကြီးပွဲကို ကိုဗစ်မတိုင်ခင်ကျင်းပခဲ့သလို ၁၂ပွဲစျေးဆိုင်​တွေနဲ့ စည်စည်ကားကားကျင်းပဖို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ “ဘုရားကြီးပွဲမလုပ်ရတာ ၆နှစ်ရှိပြီ။ အခုနှစ်တော့ ကိုဗစ်မတိုင်ခင်ကလို စည်စည်ကားကားနဲ့ ကျင်းပဖို့ စီစဥ်နေကြပါတယ်အောက်တိုဘာလ၂၀ရက် မနက်ကစပြီး ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီး၂ဆူကူးတဲ့ ဘုရားကြီးလမ်းတလျောက် စျေးဆိုင်ခန်းတွေ စဆောက်နေပါပြီ။ ရွှေစည်းခုံဘုရားကြီးနဲ့ ဗိမာန်ကြီး၂ခုရှေ့တွေမှာလည်းဆိုင်ခန်းတွေ ဆောက်တော့မှာပါ။ နာရီစင်ပတ်လည်လည်းဆောက်မှာပါ”လို့ ကော်မတီဝင်ကပြောပါတယ်။ ပွဲတော်ကို အောက်တိုဘာလ(၂၆)ရက်က စပြီး (၁၅)ရက် ကျင်းပသွားမှာဖြစ်သလို ဆုတောင်းပြည့်နဲ့ ရွှေစည်းခုံဘုရားကြီးနှစ်ဆူကြားဘုရားကြီးလမ်းတစ်လျောက် ဈေးဆိုင်ခန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဘုရားပွဲတော်လာ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့စီစဥ်သူတွေဆီကသိရပါတယ်။ ရွှေစည်းခုံဘုရား ဂေါပကတာဝန်ရှိသူတွေက ပွဲတော်ကာလအတွင်း စတုဒိသာ ကျွေးမွေးတဲ့အစီအစဉ်တွေဆောင်ရွက်နေကြပြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော်၈ရက်နေ့ မနက်မှာ ပင့်သံဃာအပါး၁၀၀၀ကို ဆွမ်းသပိတ်တွေလောင်းလှုကြမှာဖြစ်ပါတယ်။…

Read More

ဝေဖန်မှုတွေ ရှိနေပေမယ့် ပုဂံမှာ မီးပုံးပျံလွှတ်တင်မယ့် အစီအစဉ်မပျက်

အောက်တိုဘာ ၆ – ၂၀၂၆ SN (VOM) လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်ကို ဝေဖန်မှုတွေကြားကနေ ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် စီမံ ဆောင်ရွက်နေတယ်လို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းရှိန်က ပြောပါတယ်။ မီးပုံးပျံတွေကို နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ လွှတ်တင်သွားမှာဖြစ်ကာ ဒီပွဲတော် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ဖို့နဲ့ ကောလာဟလတွေကြောင့် ကျဆင်းသွားတဲ့ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။ လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေသလို…

Read More

ပုဂံမှာ မီးပုံးပျံ သုံးသောင်း လွှတ်တင်မယ့်အစီအစဉ် မီးဘေးအန္တရာယ် ရှိနိုင်တာကြောင့် ဝေဖန်မှုတွေထွက်ပေါ်

အောက်တိုဘာ ၄ – ၂၀၂၆ SS (VOM) လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မီးဘေးအန္တရာယ် ရှိနိုင်လာနိုင်တဲ့အတွက် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ဒေသခံတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ပုဂံဒေသဟာ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်ပြီး ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေနဲ့ နံရံဆေးရေးပန်းချီတွေ တည်ရှိရာနေရာ ဖြစ်ကာ မီးပုံးပျံတွေ စေတီပုထိုးတွေပေါ် ကျရောက်ပါက အစားထိုးမရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ မီးလောင် ပျက်စီးနိုင်ခြေ ရှိနေတယ်လို့ ရှေး/သု ပညာ‌ရှင်တွေက ပြောပါတယ်။ “အစမ်းလွှတ်ကြည့်ကြစဉ်မှာပဲ အောက်တိုဘာ ၁ ရက်နေ့ည၊ မြင်းကပါရွာထဲက အိမ်ပေါ်ကျတယ်လို့ တွေ့ရတယ်။ ရန်သူမျိုးငါးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ မီးနဲ့မှ အမွေအနှစ်ဒေသကို အလှဆင်ချင်သူတွေ၊ ပျော်ရွှင်ချင်သူတွေ၊ ငွေရှာချင်သူတွေကြောင့်…

Read More

ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားပွဲတော်မှာ ရိုးရာဓလေ့အတိုင်း ငှက်လှေတွေနဲ့ လှေဦးတိုက်ပွဲ ကျင်းပ

မန္တလေး၊ အောက်တိုဘာ – ၃ – ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု အတွင်းက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင်ရွှေကြက်ကျ ဆု တောင်းပြည့် မြတ်စွာဘုရားပွဲတော်ကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းကစတင်ပြီး ရိုးရာဓလေ့အတိုင်း ငှက်လှေတွေနဲ့ လှေဦးတိုက်ပွဲ၊ ရေစာ၊ ဝဲစာကျွေးပွဲ ကျင်းပနေပါတယ်။ သမိုင်းဝင် ရွှေကြက်ကျဘုရားပွဲတော် လှေဦးတိုက်ပွဲကို နှစ်စဥ် အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်မှာ ကျင်းပပြီး ရွှေကြက်ယက်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်စုတွေက တရွာကို ငှက်လှေတစီးနှုန်းနဲ့ ကျေးရွာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ငှက်လှေတွေမရှိသလောက်နည်းတဲ့အတွက် လှေဦးတိုက်ပွဲတော်ကို ထည့်သွင်းမကျင်းပဖြစ်တဲ့နှစ်တွေရှိခဲ့သလို အကျဥ်းချုံးပြီး ကျင်းပခဲ့ရတဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။ ” အရင်နှစ်ကတော့ ရိုးရိုးလှေတွေနဲ့ လှော်လိုက်တယ်၊ ဒီနှစ်ကတော့ ရိုးရာအတိုင်း ငှက်လှေနဲ့လှော်မှာ၊ ကျနော်တို့ဆီမှာ ငှက်တွေကရောင်းလိုက်ကြတော့…

Read More

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ ခုနစ်ရက်ကြာ ကျင်းပမယ်

စက်တင်ဘာ ၁၇ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ ခုနစ်ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျအတိုင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ “လောလောဆယ် သတ်မှတ်ထားတာတော့ ခုနစ်ရက်ပေါ့။ ဒါပေမယ့်လည်း စာရင်းကောက်တဲ့အခါ မီးပုံးပျံ အလုံးရေ များလာတယ်ဆိုရင်လည်း ပွဲရက် အတိုး၊ အလျော့လေးတော့ ရှိမှာပါ” လို့ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ညလွှတ်မီးပုံးပျံ ညမီးကြီး၊…

Read More

အင်းလေး ဖောင်တော်ဦးဘုရားပွဲတော် အောက်တိုဘာ ၁၂ ရက်နေ့ စတင်မယ်

စက်တင်ဘာ ၅ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို လာမယ့် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ အစဉ်အလာမပျက် ကျင်းပသွားမယ်လို့ ဘုရားဂေါပကအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားပွဲတော်ကို ၁၈ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ရှေးအစဉ်အလာအတိုင်း ၂၁ ဌာနကို မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်တွေ ဒေသစာရီ ကြွချီအပူဇော်ခံမယ်လို့ သိရပါတယ်။ အခုနှစ် ဘုရားပွဲကို ပိုပြီး စနစ်တကျ ဖြစ်အောင် စီစဉ်‌နေပြီး ဘုရားပွဲ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း ဒေသဆိုင်ရာ ဆရာတော်ကြီးတွေရဲ့ ဩဝါဒနဲ့အညီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့နဲ့ နှစ်စဉ် ပုံမှန် လုံခြုံရေးယူနေကျအတိုင်း ဆောင်ရွက်သွားမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ ဒေသက အေးချမ်းပါတယ်။ ပဋိပက္ခ ပြဿနာတွေ…

Read More

မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ရန်ကုန်မှာ ဖွင့်လှစ်

ဇူလိုင် ၂၆-၂၀၂၆ KMW(SAT) မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေး အနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အနုပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မင်္ဂလာမောင်းတီး စတင်ကာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူး​တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို တာဝန်ရှိသူများက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။ အနုပညာရှင်များရဲ့ ရိုးရာဖျော်ဖြေမှုများဖြင့် ဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါတယ်။…

Read More

ငလျင်နဲ့ ကိုဗစ်အကျိုးဆက်ကြောင့် မြန်မာ့ရုပ်သေးအနုပညာ ထိန်းသိမ်းရေး ပိုမိုခက်ခဲလာဟု ရုပ်သေးကော်မတီဥက္ကဋ္ဌပြော

ဇူလိုင် ၂၁- ၂၀၂၆ NW(VOM) ကိုဗစ်ကပ်ရောဂါနဲ့ မန္တလေးငလျင်ရဲ့ အကျိုးဆက်တွေကြောင့် မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ ဖျော်ဖြေတင်ဆက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုခက်ခဲလာ တယ်လို့ မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဋ္ဌဒေါ်မမနိုင်က ပြောပါတယ်။ ရုပ်သေးသဘင်ကို မန္တလေးတောင်ခြေရှိ ရုပ်သေးပြဇာတ်ရုံမှာ ကိုဗစ်မတိုင်ခင်က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကထား ဖျော်ဖြေခဲ့ပေမယ့် ကိုဗစ်နောက်ပိုင်း ပွဲအရေအတွက် လျော့နည်းလာခဲ့ပြီး မန္တလေးငလျင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြို့ရဲ့ အခြေအနေကြောင့် ဖျော်ဖြေမှုတွေ ရပ်တန့်သွားသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ Governor’s Residence နဲ့ ပူးပေါင်းကာ ရုပ်သေး ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး ခရီးသွားဧည့်သည်တွေနဲ့ နိုင်ငံခြား သံရုံး မိသားစုတွေ လာရောက်ကြည့်ရှုမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ယနေ့ခေတ် လူငယ်တွေနဲ့ ကလေးငယ်အများစုဟာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာကို မသိရှိတော့တဲ့အတွက် ကျောင်းတွေကို ကိုယ်တိုင်သွားရောက် ဖျော်ဖြေပြသကာ…

Read More
✕
VOM News

FREE
VIEW