မ​ကွေးတိုင်း မင်းလှမြို့နယ်​မှာ အ​ထောက်​အထားမဲ့ ဘင်္ဂလီ ၄၃ဦးဖမ်းမိ

  မင်းလှ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ ဂျန်ကိုးလ် (VOM) မကွေးတိုင်း မင်းလှမြို့နယ်မှာ နိုင်ငံသားအထောက်အထားမရှိပဲခရီးထွက်လာတဲ့ ဘင်္ဂလီ ၄၃ ယောက်ကို ဖေဖေါ်ဝါရီ ၁၄ ရက် မနက်အစောပိုင်းက ဖမ်းမိခဲ့ပါတယ်။ အခုဖမ်းမိတာဟာ သတင်းအရ မင်းလှမြို့နယ် လက်ပံတံခါးတိုက်နယ် အရိုချင်းရွာက လူငယ်လူရွယ်၂၅ဦးခန့်ကလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင်ရှာဖွေပေးခဲ့ကြတာဖြစ်ပြီး အမျိုးသား ၂၉ယောက် အမျိုးသမီး ၅ယောက်ကို ပရဆိုင်ရွာဘက်မှာဖမ်းမိခဲ့ပြီး ဝက်သွယ်ကျေးရွာအနီးမှာ အမျိုးသား ၉ယောက်ထပ်ဖမ်းမိတာမို့ စုစုပေါင်း၄၃ဦးလို့သိရပါတယ်။ အဲဒီလို အုပ်​စုလိုက်​ဖမ်းမိတဲ့အကြောင်းကို မင်းလှမြို့နယ် ရေနံမနယ်​​မြေရဲစခန်းမှူးရဲအုပ်​မျိုးမင်းထွန်း ပြောပြတာက “​ကျောက်​​တော်​မြို့နယ်​ကလာတာဖြစ်​တယ်​ ၁၂ရက်​​နေ့ကမိတဲ့ ၁၆​ယောက်​ရဲ့ ထွက်​ဆိုချက်​အရ​ တောထဲမှာ ၄၃​ယောက်​ကျန်​တာသိရတယ်​။   အရင်​ကတည်းက​ ​နေ့ ညကင်းပုန်းဝတ်​ သတင်းရှာနဲ့ပိတ်​ဆို့​ရေးက တ​နေ့မှ မနားရတာကြာပါပီ အခုမိတာ​တွေက တောထဲမှာပွဲစားက ​လမ်း​ကြောင်းကြည့်​ဦးမယ်​ဆိုပြီး အ​ခြေအ​နေမ​ကောင်းလို့ ရှောင်​သွားရာက​နေ​ တောထဲမှာရက်​၂၀​ကျော်​  ရခိုင်​ရိုးထဲမှာကြာ​နေတာဖြစ်​တယ်​”လို့ ဆိုပါတယ်။ ​ကျောက်​​တော်​မြို့နယ်​ထဲက…

Read More

ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းဖွင့်

ရန်ကုန် ဖေဖေါ်ဝါရီ ၁၄-၂၀၁၉ TGH (VOM)   ရန်ကုန်တက္ကသိုလ်ရဲ့ သတ္တဗေဒဌာနမှာ  ပထမဆုံးထည့်သွင်းတဲ့  ငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပံ္ပဘွဲ့ B.Sc Fisheries and Aquaculture သင်တန်းကို ကျောင်းသားဦးရေ ၄၀ ၀န်းကျင်နဲ့စတင်သင်ကြားနေပြီး ဘာသာရပ်သင်ကြားကြောင်း တရားဝင်ဖွင့်ပွဲကိုတော့ လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီငါးလုပ်ငန်းဆိုင်ရာဘာသာရပ် သိပ္ပံဘွဲ့ရရှိပြီးသူတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်း ၊ ငါးအစာစက်ရုံတွေ၊ ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံတွေ ၊ငါးသောက်ဖောက်စခန်း လုပ်ငန်းခွင်တွေမှာ အသက်မွေး ၀မ်းကျောင်းပြု ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီဘာသာရပ်ဟာ အချိန်အားဖြင့် လေးနှစ်တက်ရောက်ရမှာဖြစ်ပြီး အထက်ပါ နေရာတွေထဲက လုပ်ငန်းခွင်တစ်ခုမှာ လုပ်ငန်းအတွေ့အကြုံရရှိဖို့ အလုပ်သင် Internship တစ်လ၀င်ရောက်လုပ်ကိုင်ရမယ်လို့သိရပါတယ်။ “စီမံကိန်းအမည်က MYSAP မြန်မာရေသတ္တ၀ါမွေးမြူရေးကဏ္ဍရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်တယ်။ ဒီငါးလုပ်ငန်းဘာသာရပ်သင်ကြားတာကို အထောက်ပံ့ပေးတာက ဒီစီမံကိန်းထဲက အစီစဉ်တစ်ခုပါ။ ဘာတွေလဲဆိုတော့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ ၊…

Read More

ချစ်သူများနေ့မှာ ဂျပန်နိုင်ငံက လိင်တူစုံတွဲတွေက အစိုးရကို တရားစွဲ

တိုကျို ၊ ဖေဖော်ဝါရီ-၁၄ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ လိင်တူစုံတွဲ ၁၃ တွဲက ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ဂျပန်အစိုးရကို တရားစွဲလိုက်ပြီး လိင်တူလက်ထပ်ခွင့်ကို တောင်းဆိုလိုက်ပါတယ်။ လိင်တူခြင်း ချစ်မြတ်နိုးမှု သင်္ကေတတွေ ပျက်ဆီးနစ်နာမှုတွှေအတွက် ဂျပန်အစိုးရကို တရားစွဲဆိုလိုက်တာဖြစ်ပြီး ၎င်းတို့ရဲ့ လက်ထပ်ထိမ်းမြားတာကို တားမြစ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ လိင်တူချစ်စုံတွဲတွေက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ လိင်တူချင်းလက်ထပ်တာကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ ယခုကိစ္စကို ထောက်ခံသူအလွန်များပြားတယ်လို့ ဆိုပါတယ်။ အစိုးရကို တရားစွဲလိုက်တဲ့ လိင်တူချစ်သူ စုံတွဲ ၁၃ တွဲဟာ ဂျပန်နိုင်ငံဒေသအသီးသီးက မြို့တွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ချစ်သူများနေ့မှာ အားလုံးက တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ဂျပန်လူမှုအသိုင်းအ၀ိုင်းဟာ အလွန်ရှေးရိုးစွဲဆန်တဲ့ သဘာဝရှိတယ်လို့ တရားစွဲဆိုသူတစ်ဦးဖြစ်တဲ့ မီးစ်နာကာဂျီမာ ကပြောပါတယ်။…

Read More

ရန်ကုန်မှာ မရနိုင်တဲ့ အညာစာတွေ ရန်ကုန်မှာတနေရာတည်းရမယ့် ပွဲဈေးလုပ်မည်

ရန်ကုန် ၊ဖေဖော်ဝါရီ ၁၄-၂၀၁၉ TGH (VOM) ရန်ကုန်မှာ မရနိုင်တဲ့  အညာဒေသ အစားအစာတွေကို တစ်နေရာတည်းမှာ မြည်းစမ်းနိုင်မယ့် အညာပွဲဈေး တစ်ခုကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်ထိ နှစ်ရက်ကြာပြုလုပ် သွားမယ်လို့ UKK လုံချည်လုပ်ငန်း တည်ထောင်သူ ဦးကျော်ရဲဟိန်းကဆိုပါတယ်။ “ ဒီပွဲရဲ့အဓိကက ရန်ကုန်မှာ ရှာဖို့လည်းမလွယ်ဘူး ၊ အညာရောက်မှပဲ စားလို့ရတဲ့ အစားစာတွေကို မိတ်ဆက်ပြသတာဖြစ်တယ်။ စီးပွားရေးအရလုပ်ဆောင်တာမဟုတ်ဘူး။ အစားအစာတွေကို ဘူဖေးစနစ် နဲ့စားသုံးရမှာဖြစ်တယ်။ ဒီပွဲမှာ မန္တလေးတိုင်းထဲက အစားအစာအများဆုံးပါမယ်။ ဥပမာ မုန့်လုံးရေပေါ်လိုဆို အားလုံးစားဖူးတယ်။ မုန့်လုံးရေပေါ်ကို ပြန်ကြော်ထားတာမျိုးကျတော့ ရန်ကုန်မှာ မစားဖူးဘူး။ ဒီလိုပေါ့။ အစားအစာတွေကိုလည်း သူအဆက်လိုက်အတိုင်း ရွေးချယ်ထည့်သွင်းထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။ အဲ့ဒီ အညာပွဲဈေးမှာဆိုရင် ဦးပိန်းတံတားဝန်းကျင်မှာရောင်းချနေတဲ့အကြော်မျိုးစုံ ၊ အညာမုန့်ပစ်သလက် ၊…

Read More

ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေက ၀န်ထမ်းတွေအားလုံး ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဆင်းလက်မှတ်မရှိရင် အရေးယူမည်

နေပြည်တော်၊ဖေဖော်ဝါရီ ၁၄-၂၀၁၉ ဒီပ(နေပြည်တော်) တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိစက်သုံးဆီ အရောင်းဆိုင်တွေနဲ့ ဆီသိုလှောင်ကန်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းအားလုံးကို ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်း တက်ရောက်ရမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ညွှန်ကြားရေးမှုးဖြစ်သူ ဦးသိန်းထွေးက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။ “သင်တန်းတက်ပြီးစီးကြောင်း လက်မှတ်ပေါ့ ဒီသင်တန်းတက်ခြင်းအားဖြင့် ဆီကိုဘယ်လိုကိုင်တွယ်ရမလဲ မီးအန္တရာယ် တစ်ခုခုဖြစ်လာရင် ဘယ်လိုငြိမ်းသတ်ရမလဲ ဒါလေသိသွားရင် ဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတို့သိသွားကြလိမ့်မယ် အဲ့ဒီမှာ အသက်(၁၈)နှစ်လည်း ပြည့်ရမယ် မူလတန်း အောင်မြင်ပြီးသူလည်း ဖြစ်ရမယ် စာတွေ့လက်တွေ့ပေါ့ အဲ့ဒါကြောင့် ဒီသင်တန်းကို တက်ခိုင်းရခြင်းဖြစ်တယ် ဆိုင်မှာရှိတဲ့ ၀န်ထမ်းအားလုံး တက်ကိုတက်ရမယ်”လို့ ဦးသိန်းထွေးက ပြောကြားခဲ့ပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်းဟာ နှစ်ရက်တည်းဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ဆိုင်အရေအတွက် စာရင်းတွေတက်လာသလို ၀န်ထမ်းအရေအတွက်နဲ့ မတက်ရသေးရင်တော့ ဒီအချိန်မှာ တွန်းအားပေးမယ်လို့ ညွှန်ကြားရေးမှုးကပြောပါတယ်။…

Read More

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ပွဲတွေကိုရပ်စဲပေးရေး လွှတ်တော်မှာ အဆိုတင်သွင်း

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲပေးဖို့အတွက် အစိုးရကိုတိုက်တွန်းကြောင်း အဆိုတရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့တင်သွင်းလိုက်ပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေအကြား လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းဒေသက မြို့နယ်ငါးမြို့နယ် အတွင်းက ဒေသခံကျေးရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ပြည်သူအများစုတို့ဟာ ထိခိုက်မှုတွေရှိနေတာကြောင့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။ “ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဒီတိုက်ပွဲတွေကို တိုက်ပါလို့ လမ်းညွှန်ထားတာကို သတင်းစာရှင်းလင်းပွဲတွေကနေ သိရပါတယ်။ တိုက်ပွဲတွေကိုရပ်စဲဖို့အတွက်လည်း သူတို့အနေနဲ့ ညွှန်ကြားပေးနိုင်လိမ့်မယ့်လို့ ယုံကြည်တဲ့အတွက် ဥပဒေဘောင်အတွင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်”လို့ အဆိုတင်သွင်းသူ ဦးဦးသန်းနိုင်က ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာလည်း တိုင်းရင်းသားအချင်းချင်းအကြားမှာဖြစ်ပွားနေခြင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ။ သေကြေကြရတာတွေဟာလည်း ပြည်ထောင်စုတိုင်းရင်းသားတွေသာဖြစ်ကြောင်းနဲ့ နောက်ထပ်ပြီးတော့ တိုက်ပွဲတွေမဖြစ်ပွားစေဖို့နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလျှောက်လှန်းနိုင်ဖို့အတွက် နှစ်ဖက်စေ့စပ်ညှိနိုင်ပြီးတော့ အဖြေရှာသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဟိုဘက်ကောင်းတယ်။ ဒီဘက်မကောင်းဘူးဆိုပြီးပြောလို့မရဘူး။…

Read More

ငပလီကမ်းခြေက ဟိုတယ်များတွေကို အရေးယူပေးဖို့ ရခိုင်လွှတ်တော်မှာ အစိုးရကိုတိုက်တွန်း

  စစ်တွေ၊ ဖေဖော်ဝါရီ ၁၄ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက အပမ်းဖြေစခန်းတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေမှာရှိနေတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အများပိုင်အသုံးပြုခွင့်ရှိတဲ့ သဲသောင်ပြင်တွေမှာ အဆောက်အဦးဆောက်လုပ်ထားပြီး စီးပွားဖြစ်လုပ်ကိုင်နေကြတာမို့ ဒီမြေတွေဟာ အများနဲ့သက်ဆိုင်တဲ့မြေနေရာတွေဖြစ်တဲ့အတွက် အရေးယူမှုတွေလုပ်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ မေးခွန်းမေးခဲ့တဲ့ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက “ငပလီကမ်းခြေမှာ ဟိုတယ်တွေက သူတို့ရဲ့ရှေ့မျက်နှာစာကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ လုပ်ချင်ရာလုပ်နေကြတယ်။ အဆောက်အဦးတွေဆောက်နေကြတယ်။ ဒါကြောင့် ကမ်းခြေရဲ့ပုံရိပ်တွေကျလာတယ်။ ခရီးသွားတွေစိတ်ဝင်စားမှုအား နည်းလာတယ်။ အခုလို ဥပဒေမဲ့ကျူးကျော်ထားတဲ့အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့အတွက် မေးခွန်းမေးမြန်းရတာ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။ အခုလိုမျိုးကျူးကျော်ထားတဲ့ ဟိုတယ် ၇ ခုရှိနေပြီး အရေးယူပေးဖို့ တိုင်တန်းခဲ့ရာမှာတော့ ဟိုတယ်တစ်ခုတည်းကိုသာ အရေးယူမှုတွေပြုလုပ်ထားပြီး ကျန်တဲ့ဟိုတယ်တွေကို အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် အစိုးရရဲ့သဘောတရားကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့က ကျူးကျော်တဲ့ဟိုတယ်အကုန်လုံးကို အရေးယူပေးဖို့တိုင်တန်းတာပါ။ ဘယ်ဟိုတယ်ကိုတော့ အရေးယူတယ်။ ဘယ်ဟိုတယ်ကိုတော့ လွှတ်ထားတယ်ဆိုတာမျိုးမဖြစ်ရအောင်အတွက် ဥပဒေနဲ့အညီတောင်ရွက်ပေးဖို့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။”လို့…

Read More

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးရေး အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို

စင်ကာပူ၊ ဖေဖော်ဝါရီ-၁၄-၂၀၁၉ မျိုးဆက် (VOM) ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ပေးဖို့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှာမဟုတ်သလို ဒီကိစ္စအပေါ် အခြားနိုင်ငံတွေ ၀င်မပါသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ဖေဖော်ဝါရီ ၁၃ ရက်က ပါလီမန်မှာ ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရေးကိစ္စကို အာဆီယံအဖွဲ့မှာ နက်နက်ရှိုင်းရှိုင်းဆွေးနွေးနိုင်မလားဆိုပြီး လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လူးဝစ်နိုင်းရဲ့ မေးမြန်းမှုအပေါ် နိုင်ငံသားပေးဖို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးနိုင်မလားဆိုရင် အဖြေကရိုးရိုးလေးပါ နိုးပါဘဲလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာက  နိုင်ငံရေး အခြေခံလုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာရဲ့ ဗဟိုချက်မဖြစ်ပါတယ်။ ဒီကိစ္စအပေါ် အခြားနိုင်ငံတွေက ပါဝင်ပတ်သက်စရာအကြောင်းမရှိဘူးလို့ ဒေါက်တာ ဗီဗီယံဘာလာခရစ်ရှန်းက ပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေပြန်လည်လက်ခံရေး စတင်ဖို့ နောက်ဆုံးအချိန်ကို စင်ကာပူ သို့မဟုတ် အာဆီယံအနေနဲ့ ချမှတ်ဖိုလည်း မဖြစ်နိုင်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ ဒါပေမယ့် ဒေသတွင်းအဖွဲ့တွေအနေနဲ့ ကျန်းမာရေး၊…

Read More

ချင်းပြည်နယ် ဘတ်ဂျတ်ခွဲဝေမှု ချိန်ခွင်လျာ တစ်ဖက်စောင်းနင်းမဖြစ်ပဲ မျှမျှတတဖြစ်ဖို့လို

နေပြည်တော် ဖေဖော်ဝါရီ ၁၄-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် အတွင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ဘတ်ဂျတ်ခွဲဝေမှုတွေမှာ ချိန်ခွင်လျှာတဖက်စောင်းနင်း မဖြစ်ပဲ မျှမျှတတ ဖြစ်ဖို့ လိုအပ်နေကြောင်း မင်းတပ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးနေလင်းအောင် က ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဦးနေလင်းအောင် က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ကျေးလက်လမ်းများကို နှစ်စဉ်ဖောက်လုပ်နေ မိုင်အကွာအဝေးထက် ပိုမိုဖောက်လုပ်ပေးရန် မေးခွန်းကို မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖလမ်းခရိုင်မှာရှိတဲ့ လမ်းမိုင်ဟာဆိုရင် ၁၄၃၅ မိုင် ရှိပြီး ဒီလမ်းဖောက်လုပ်ဖို့ ဘတ်ဂျတ်လျာထားရာမှာ ကျပ်သန်းပေါင်း ၃ထောင်ကျော် လျာထားပြီးတော့ လမ်းမိုင် ၂၃၀၀ ရှိတဲ့ မင်းတပ်ခရိုင်ကိုတော့ ကျပ်သန်း ၁၄၀၀ ကျော်သာ လျာထားတာ တွေ့ရတာကြောင့် ဒီလိုဘတ်ဂျတ်ခွဲဝေမှု မညီမျှတာနဲ့ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့တာ…

Read More

အီရန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံး

တီဟီရန်၊ ဖေဖော်ဝါရီ-၁၄ မျိုးဆက် (VOM) အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင် ၂၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဗုံးခွဲတိုက်ခိုက်သူဟာ ပါကစ္စတန်နယ်စပ်အနီး ဘာလူချက်စတန်ပြည်နယ်ရှိ တပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့  ဘတ်စ်ကားတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖြစ်ပြီး အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုဖြစ်တဲ့ ဂျရစ်ရှ်အယ်လ်အဒယ် အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တာလို့ ၀န်ခံထားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က ပါကစ္စတန်နယ်စပ် တပ်ဖွဲ့တစ်ဖွဲ့ ဘတ်စ်ကားနဲ့  ပြန်လာချိန် ခါ့ရှ်ဇာဟီဒန်လမ်းမပေါ်မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းအပြည့်တင်ဆောင်လာတဲ့ ကားတစ်စီးက ဘတ်စ်ကားရဲ့ ဘေးမှာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အီရန်အရှေ့တောင်ပိုင်းရှိ တော်လှန်ရေးအစောင့်တပ်ခွဲက ပြောပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးအပြီး များမကြာမီဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအစောင့်တပ်တွေဟာ အီရန်ရှိ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် အဓိက အင်အားစုလည်းဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW