ကြွက်မနိုင်ကျီမီးနဲ့ရှို့ခြင်းလော (သို့) ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းလမ်းစလော

(အယ်ဒီတာအာဘော်) မတ်လ-၉ရက်-၂၀၂၁   ဖေဖေါ်ဝါရီ ၁ရက်နေ့မနက်က အာဏာထိန်းတယ်လို့ပြောပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ကြွေးကြော်ပြီး  ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို  မတ်လ ၈ ရက်က စတင်ဖျက်စီးလိုက်ပါတယ်။   စတက်လာကတည်းက အာဏာသိမ်းတယ်လို့မရေးဖို့ တရားဝင်အသိပေးသလို ခြိမ်းခြောက်သလိုတွေ လုပ်လာပြီးနောက် သတင်းမီဒီယာ ၅ခုကို  ထုတ်လွှင့်ခွင့်၊ ထုတ်ဝေခွင့်တွေ ဆိုင်းမပျိုး ပတ်မပျိုးဘဲ ဘီလူးဆိုင်းတီးပြီး ဘီလူးက ကပြလိုက်တာဟာ  မြန်မာ့ဒီမိုကရေစီရေးအတွက် အတော်ကို စိတ်ပျက်စရာ အနေအထားဖြစ်သွားပါတယ်။   ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြတာ နစအ ကောင်စီလူကြီးတွေ မသိမဟုတ်ပါဘူး။ မေးခွန်းထုတ်ရင် ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိန်းချုပ်တာတွေရှိနေတာပါပဲ ဆိုတဲ့စကားလုံးပဲထွက်လာမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။  ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ထိန်းချုပ်မှုတချို့ရှိကောင်းရှိနိုင်ပေမယ့်…

Read More

ပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်

(အယ်ဒီတာအာဘော်)   နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုအပ်လို့ အာဏာထိန်းသိမ်းရပါတယ်ဆိုပြီး တိုင်းပြည်ရဲ့ မဏ္ဍိုင် ၃ရပ်ကို ဖေဖေါ်ဝါရီ ၁ရက်မနက်အစောကစပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့က ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစအ)ဖွဲ့ပြီး ကိစ္စအဝဝကို ဦးဆောင်လုပ်လာတဲ့နောက် ဖေဖေါ်ဝါရီ ၆ ရက်ကစပြီး လူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြတာ ဒီကနေ့ဆို ၁၃ ရက်ရှိနေပြီဖြစ်ပါတယ်။   ဆန္ဒပြမှုတွေဟာ မြို့ကြီးတွေနဲ့ မြို့နယ်အတော်များများမှာ သိန်းချီရှိလာခဲ့သလို ဝန်ထမ်းတွေရဲ့ ရုံးမတက်တဲ့ CDM လှုပ်ရှားမှုတွေလည်း ကျယ်ပြန့်လာလို့ နစအ ကောင်စီက အခြေအနေကို ထိန်းနိုင်အောင်ကြိုးစားပြီး ဖမ်းပြီးတရားစွဲသူစွဲ ၊ စာထုတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးခေါ်တာတွေ စသဖြင့် အခြေအနေက တင်းမာနေဆဲဖြစ်တယ်။   ဒီလိုတတိုင်းပြည်လုံးနီးပါး အုတ်အော်သောင်းနင်းဖြစ်နေချိန်မှာ တခြားတဖက်မှာလည်း ပြည်ပနိုင်ငံရဲ့ဖိအားတို့ အကူအညီတို့မျှော်လင့်နေကြသူတွေလည်းရှိပါတယ်။ ဒီထဲမှာ သာမာန်ပြည်သူတွေအပြင် ရွေးချယ်ခံအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တချို့…

Read More

အာဏာသိမ်းဖို့ လိုသလား

  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်(ဗိုလ်ချုပ်) ဇော်မင်းထွန်းရဲ့ ရွေးကောက်ပွဲမဲစာရင်းစိစစ်တွေ့ရှိချက် သတင်းစာရှင်းလင်းပွဲအပြီးမှာ အာဏာသိမ်းမလား ဆိုတဲ့ ဂယက်ဟာ အတော်ရိုက်ခတ်သွားပါတယ်။   တကယ်တော့ အလုပ်သမားတွေရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေ၊ ကျောင်းသားတွေရဲ့ ပညာရေးတောင်းဆိုမှုတွေ၊ လယ်သမားတွေရဲ့ သိမ်းဆည်းလယ်ယာပြန်ရရေး တောင်းဆိုမှုတွေကို တပ်မတော်အာဏာသိမ်းမှာစိုးလို့ဆိုတဲ့ အတွေးမှားတွေနဲ့ ဆန္ဒပြပွဲတွေကို ကန့်ကွက်ရှုတ်ချလာကြတာ ကြာမြင့်ခဲ့ပါပြီ။   ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာသိမ်းမယ်၊ မသိမ်းဘူးဆိုတာ မပြောနိုင်ဘူးလို့ ဆိုပြီးချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ရွေးကောက်ပွဲဝင်ရပါတယ်ဆိုတဲ့ ပါတီတွေနဲ့ ၂၀၀၈ ကို ပြင်ချင်ပါတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေက ထိတ်လန့်သလိုလို မှတ်ချက်တွေ ထွက်လာကြပါတယ်။   နိုင်ငံရေးကို တတ်သိနားလည်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ တပ်အာဏာသိမ်းရေးအပေါ် ကြောက်လန့်စိုးရိမ်တာတွေ ထုတ်ဖော်ပြောပြီးချိန်မှာတော့ ပြည်သူတွေကြားမှာပါ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ အေးအေးလူလူ နေပါတော့မယ်ဆိုတဲ့ အမြင်တွေ လွှမ်းမိုးလာပါတော့တယ်။   ဆူဆူပူပူတွေ…

Read More

ကိုဗစ်ကာကွယ်ရေးအတွက် အဖြေကဘာလဲ

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတဲ့ ကိုဗစ် ၁၉ ရောဂါဟာ သူတို့နိုင်ငံမှာ အခါလည်သားဖြစ်ပြီး ကမ္ဘာပတ်နေဆဲပါ၊ မြန်မာပြည်ကို အမေရိကန်က ဗီဇာနဲ့ဝင်လာခဲ့တယ်ဆိုတဲ့ ကိုဗစ်ကတော့ မတ်လ ၂၃ ဆိုရင် တနှစ်ပြည့်တော့မှာပါ။ ဒီကနေစခဲ့ ကိုဗစ်ကြောင့် မြန်မာပြည်မှာ သေသူသေ၊ မွဲသူမွဲ၊ ဘဝပျက်သူပျက် နဲ့ ဒုက္ခပင်လယ်ဝေနေဆဲပါ။   စီမံခန့်ခွဲမှုအလွဲတွေ၊ စည်းကမ်းမလိုက်နာသူတွေ ၊ နိုင်ငံရေး ပယောဂတွေကြောင့် ကိုဗစ်ဟာ တအိမ်ဆင်းတအိမ်တက် လူတွေရဲ့အသက်တွေကို လည်ပတ်စားသောက်နေဆဲဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူငြိုငြင်မှာစိုးရိမ်တာလား?  စီမံခန့်ခွဲမှု မတတ်တာလား ? လူအင်အား ငွေအင်အား မတတ်နိုင်တာလား  ? လားပေါင်းမြောက်များစွာနဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်စမ်းသလို ဖြစ်နေဆဲပါ။   တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုသလို တူညီတဲ့ စည်းကမ်း ဥပဒေမရှိဘဲ ထင်သလိုလုပ်နေကြဆဲဖြစ်တာကို အားလုံးမြင်ရမှာပါ။ ကျမ္မာရေးဝန်ကြီးကိုယ်တိုင် ဆေးကုတဲ့ဒေါက်တာဖြစ်ပေမယ့်…

Read More

ရွေးကောက်ပွဲနဲ့ ကိုဗစ်ကာလ သတင်းတုများ ရေပန်းစားရခြင်း

ဒီခေတ်ဟာ အင်တာနက်ခေတ်မို့ ဖုန်းတလုံးရှိယုံနဲ့ ကမ္ဘာကြီးဘာဖြစ်နေတယ်ဆိုတာ သိနိုင်တာကြောင့် သတင်းမှားဖြန့်သူတို့အတွက် အင်တာနက်ဟာ တကယ့်ကို အသုံးဝင်နေပါတယ်။ သတင်းမှားဖြန့်သူတွေက လူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ယုတ္တိရှိအောင်ရေးသားပြီးဖြန့်တာရှိသလို ရုပ်သံတွေ၊ ဓါတ်ပုံတွေကို ပြုပြင်ပြီး ဖြန့်ကြတာများပါတယ်။ ဒါတွေကို အလွယ်တကူ အင်တာနက်မှာတင်လိုက်တာနဲ့ အထူးသဖြင့် ဖေ့ဘုတ်လိုနေရာမှာ တင်လိုက်တာနဲ့ တချို့က မဆန်းစစ်ဘဲ ရှယ်တာ ထပ်ဖြန့်တာမျိုးတွေ ဖြစ်တာကြောင့် ကောလဟတွေနဲ့ သတင်းမှားတွေဟာ နေရာရနေပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမှား သတင်းတု တိုက်ဖျက်တဲ့ စစ်ဆေးတဲ့အဖွဲ့ဟာ အနည်းငယ်ပဲရှိတော့ သတင်းတု သတင်းမှားကို အချိန်မှီမတိုက်ဖျက်နိုင်ပဲ လူထုကြားမှာ အလွယ်ပျံ့ကုန်ပါတယ်။ ဥပမာ ကလေးသူခိုးဖမ်းမိတယ်၊ သန်းခေါင်ယံကတုံးတို့ လို လူတွေအလွယ်ယုံနိုင်တဲ့ အောက်ခြေသတင်းတွေကစ နိုင်ငံရေး၊ စစ်ရေးကြောင်းအရာတွေကိုလည်း အချက်အလက်နဲ့ ပုံမှားရိုက်ဖြန့်ကြပါတယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက်လက်တွေကို ရောသမမွှေသတင်းမှားတဲ့ ရောဖြန့်ကြသလို ကိုဗစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း လူတွေပိုမိုထိတ်လန့်အောင် ဖြန့်နေကြသူတွေရှိနေပါတယ်။…

Read More

မေတ္တာရပ်ခံစာလား အမိန့်လား

ကိုဗစ်ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်း ပြည်ထောင်စုအစိုးရနဲ့ ကျမ္မာရေးဝန်ကြီးဌာနအပါအဝင် တိုင်းနဲ့ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ ဒေသန္တရ အမိန့်စာတွေဟာ အမိန့်လား မေတ္တာရပ်ခံတာလား ၊ ပန်ကြားလွှာလား မကွဲသလို၊ အရေးယူမှုအားနည်းတာကြောင့် လူထုက သေသေချာချာမလိုက်နာကြဘဲ လေးစားမှုမရှိတာကိုတွေ့နေရပါတယ်။ တချို့ထုတ်ပြန်ချက်တွေဟာ သာမာန်လူတွေနားမလည်တဲ့ အသုံးအနှုန်းတွေနဲ့ရေးထားတာမို့ နာလည်အောင် အခေါက်ခေါက်ဖတ်လေ ပိုရှုတ်လေဖြစ်နေတာကိုတွေ့နေရတော့ လူထုကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှတ်တမ်းကို နိုင်ငံပိုင်သတင်းစာက ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီထဲမှာ နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး၊…

Read More

ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု

ကိုဗစ်နဲ့ရွေးကောက်ပွဲစိန်ခေါ်မှု ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးရေး မနက်ဖြန်ဆို စကြတော့မယ်။ မစခင်ကတည်းက ခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်၁၉ကြောင့် ရွေးကောက်ပွဲဖြစ်မှဖြစ်ပါ့မလား၊ ရောဂါကူးစက်နူန်းမြှင့်လာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်မှုတွေ မြှင့်တက်တဲ့ကြားကပဲ ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ့်အနေအထား မြင်နေရပါတယ်။ သတ်မှတ်ထားပြီးမို့ မဖြစ်မနေလုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်မှုတွေကို ပြေစေဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးဖို့လိုပါမယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသလို လူဦးရေအကန့်သတ်နဲ့ မဲဆွယ်ရမယ်ဆိုတော့ ကိုယ်စားလှယ်လောင်းအများအပြားရဲ့ မဲဆွယ်ပွဲတွေကို ဘယ်လိုစောင့်ကြည့်ကြမလဲ ၊ စောင့်ကြည့်ကြီးကြပ်ဖို့ အင်အားရော အလုံအလောက်ရှိမလား၊ ချိုးဖေါက်လို့ အတိုင်းအတာတွေကို ဘယ်လိုရှင်းကြမလဲ ဆိုတဲ့ အပိုင်းတွေကလည်း စဉ်းစားစရာကိစ္စတွေဖြစ်ပါတယ်။ နောက်တဆင့်ကကြိုတင်မဲကိစ္စပါ။ ကြိုတင်မဲဆိုတာ ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ သင်တန်းသားတွေ၊ အခြားမဲဆန္ဒရှင်တွေ၊ အချုပ်ကျနေသူတွေ၊ ဆေးရုံအတွင်းလူနာအဖြစ်တက်ရောက်ကုသရသူတွေ၊ အစိုးရခွင့်ပြုချက်နဲ့ ပြင်ပရောက်သူတွေ ၊ ကိုယ်တိုင်မဲလာမပေးနိုင်တဲ့ အနာကြီးရောဂါသည်၊…

Read More

Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက်

Voice Of Myanmar (VOM) မှ အေအေအဖွဲ့ ပြန်ကြားရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တိုင်ကြားခြင်းကို ဖြေရှင်းချက် ရက်စွဲ ။ ။ ၂၅၊ ၆၊ ၂၀၂၀ မတ်လ (၂၇) ရက်၊ ၂၀၂၀ ခုနှစ်တွင် VOM က တင်ဆက်ခဲ့သည့် ” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားပြီ” ခေါင်းစဉ်နှင့် ရေးသားခဲ့သော အေအေအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် အင်တာဗျူးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ သတင်းမီဒီယာကျင့်ဝတ်များအရ နိုင်ငံသားတိုင်း သိပိုင်ခွင့်ရှိသည့် သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးခြင်း သက်သက် ဖြစ်ပါသည်။ အဆိုပါ အင်တာဗျူးကို တင်ဆက်ခဲ့ခြင်းကြောင့် VOM ၏ တာဝန်ရှိသူ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို မှုခင်းရဲတပ်ဖွဲ့မှ ၁၀…

Read More

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ဒီမိုကရေစီနိုင်ငံလို့ပြောရင် ဘာပေတံနဲ့အရင်တိုင်းရမလဲဆိုရင် လွတ်လပ်စွာပြေဆိုခွင့်၊ရေးသားဖေါ်ထုတ်ခွင့်စတဲ့ ပေတံနဲ့ အရင်တိုင်းကြပါတယ်။ ဒီနေ့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း သတင်းကန့်သတ်တာ ထိမ်းချုပ်တာတွေရှိနေဆဲပါ။ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံမှာ အစိုးရဆီက သတင်းအချက်လက်ရဖို့ခဲယဉ်းတာတွေရှိပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ သမ္မတကိုဖြစ်ဖြစ် ဝန်ကြီးချုပ်ကိုဖြစ်ဖြစ် ဝေဖန်လို့ ထောက်ပြလို့ ၊ အပြောင်သဘောနဲ့ သရော်တာတို့ လုပ်ကြတာကို တရားစွဲတာ ဖမ်းဆီးတာ သိပ်မရှိပါဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ဒီလိုပြောလို့ လွတ်လပ်စွာဆဲဆိုခွင့်၊ ကိုယ်ရေးကိုယ်တာကိစ္စ ထိခိုက်စော်ကားပိုင်ခွင့်နဲ့ ရောထွေးမသွားစေချင်ပါဘူး။ လက်ရှိကျနော်တို့မြန်မာနိုင်ငံမှာလူထုကရွေးချယ်တဲ့ အရပ်သားအစိုးရတက်လာပါပြီ။ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်တွေတိုးလာပြီလား မေးစရာဖြစ်လာပါတယ်။ ကမ္ဘာ့စစ်တမ်းတွေအရ အရင်ပြည်ခိုင်ဖြိုးအစိုးရထက် လွတ်လပ်ခွင့်ကျလာတာကိုတွေ့ရပါမယ်။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် တက်ခါစက သတင်းလွတ်လပ်ခွင့်သတ်မှတ်တဲ့ နိုင်ငံ ၁၈၀ထဲမှာ ၁၃၁ ရှိနေရာက ခုလက်ရှိအနေအထားမှာ ၁၃၉ ထိ ကျဆင်းသွားပါသတဲ့။ ဒါတွေဟာ အကြောင်းမဲ့ ရမ်းသမ်းလုပ်ထားတဲ့စစ်တမ်းတွေမဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုရေးသားခွင့်အရေးကိုလုပ်နေတဲ့ အသံအဖွဲ့ရဲ့…

Read More

မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ

မျက်ကန်းတစ္ဆေမကြောက် ဆိုသော်ငြား မိုးပြိုရင်တော့ အများ ကိုရိုနာ ဗိုင်းရပ်စ် တရုတ်နိုင်ငံရဲ့ အပြင်ဖက် အနည်းဆုံး ၄၇ နိုင်ငံကို ကူးစက်တာရှိလာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ အန္တာတိက တိုက်ကလွဲလို့ ကျန် တိုက်ကြီးတွေဆီက နိုင်ငံတွေဆီ ပျံ့နှံ့နေတယ်လို့ WHO က ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၀၀ ကျော်လာပြီး သေဆုံးသူ ၉ ဦး ရှိနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံက မတ်လ အထိ စာသင်ကျောင်းတွေကို ပိတ်ဖို့ ကြေငြာလိုက်ပါပြီ။ ဒါ့အပြင် လာမယ့် ဂျူလိုင်လ ၂၄ ရက်နေ့မှာ ဂျပန်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အိုလံပစ် ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ တရုတ်နိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၁၀၀၀ ကျော် ဖြစ်လာပြီး၊…

Read More
VOM News

FREE
VIEW