ယနေ့ ရွှေဈေး (မတ် – ၁၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၈၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၅၂၀၀၀ ကျပ် ဝယ်ဈေး ၄၀၁၂၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၅၂၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၂၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပုဂံမှာ ဘုရားဖူးကား ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ငါးယောက်ဒဏ်ရာရ

  မတ် -၁၁ -၂၀၂၄ GG (VOM) ပုဂံယဥ်ကျေးမှုနယ်မြေမှာ ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ငါး ယောက် ထိခိုက်ဒဏ်ရာရရှိမှု ဒီနေ့မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးအမှတ်၅အရံမီးသတ်တပ်ဖွဲ့ကသိရပါတယ်။ ဖြစ်စဥ်မှာ မနက် ၁၁ နာရီလောက်က ဘုရားဖူး တွေလိုက်ပါလာတဲ့ ကားတစီးဟာ တုရင်တောင်စွယ်တော်မြတ်စေတီကို ဖူးမျှော်အပြီး ပြန်အဆင်းမှာ ဘရိတ်ပေါက်ပြီး အရှိန်များကာ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ယာဥ်တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ ယာဥ်မောင်းအပါအဝင် ဘုရားဖူးခရီးသွားဧည့် ၁၃ ယောက်လိုက်ပါလာပြီး ဒီထဲကမှ အမျိုးသမီးလေးယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား တယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ ညောင်ဦးအမှတ်၅အရံမီးသတ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ “ဘုရားဖူးတွေက ရန်ကုန်ကနေလာကြတာ၊ ညောင်ဦး ရောက်မှကားငှားပြိးလည်ကြတာ၊လည်တော့ တုရင်တောင်ကနေပြန်အဆင်းမှာ ယာဥ်ကကြံ့ခိုင်မှုအားနည်းတာရယ်နဲ့ ဘရိတ်ပေါက်ပြီးကားကမှောက်သွားတယ်၊ကားမှောက်တဲ့အခါမှာ ၄ ယောက်က ဒဏ်ရာမစိုးရိမ်ရဘူး။တယောက်ကစိုးရိမ်ရလို့မန္တလေးပို့ဖို့လုပ်နေတယ်၊ကားသမားကဘာမှမဖြစ်ဘူး။ ” လို့ သူက ပြောပါတယ် ။ အဆိုပါ…

Read More

ရေနီအထည်ချုပ်စက်ရုံရဲ့ အနာဂါတ်

Lidl အော်ဒါများ ၂၀၂၄ နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ဆုတ်ခွါမည့်သတင်းကြောင့် ဒေသတွင်းသက်ဆိုင်သူတို့၏ စိုးရိမ်မှုနှင့် သဘောထားများ Locals and garment workers may become victims for Lidl leaving Myanmar! Young women and their families are worried about their future. ရေနီမြို့မှာ အထည်ချုပ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ စတင်တဲ့အချိန်က နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းပြီး သင်တန်းသား အယောက် (၂၀)နဲ့ စတင်ခဲ့တာပါ။အခုဆိုရင် ရေနီမြို့နှင့် မိုင်(၂၀) အတွင်းမှာရှိတဲ့ ကျေးရွာတွေက လူတွေနဲ့ လူဦးရေ(၅၀၀၀) နီးပါးကို အလုပ်ခန့်ထားနိုင်ခဲ့ပါပြီ။ ရေနီမြို့ဟာ ဆိပ်ကမ်းရှိတဲ့ ရန်ကုန်မြို့ကနေ မိုင် (၂၀၀) ကျော်ကွာဝေးတာကြောင့် ကုန်ကြမ်းရရှိမှုနဲ့ ကုန်ချော ပြန်လည် တင်ပို့မှုတွေမှာ…

Read More

အင်ဒိုနီးရှားမှာ လေယာဉ်ပျံသန်းစဉ်အတွင်း လေယာဉ်မှူးနှစ်ဦးစလုံး နာရီဝက်နီးပါးကြာ အိပ်ပျော်သွားမှု စုံစမ်းစစ်ဆေးနေ

  ဂျကာတာ၊ မတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်း Batik Air က ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပျံသန်းနေစဉ်အတွင်း လေယာဉ်မှူးနှစ်ယောက်စလုံး နာရီဝက်နီးပါးကြာ အိပ်ပျော်သွားတာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ လေယာဉ်မှူးအဖြစ်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ အဲဒီလေယာဉ်မှူးနှစ်ဦးဟာ ဆူလာဝေစီကနေ မြို့တော် ဂျကာတာကို ဇန်နဝါရီ ၂၅ ရက်က ပျံသန်းစဉ်မှာ နှစ်ယောက်စလုံး အိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ထွက်ခွာပြီးနောက် နာရီဝက်အကြာမှာ အသက် ၃၂ နှစ်အရွယ် လေယာဉ်မှူးက အနားယူဖို့လိုတယ်ဆိုကာ တွဲဖက်လေယာဉ်မှူးကို လေယာဉ်ထိန်းချုပ်ဖို့ မှာကြားပြီး အိပ်ပျော်သွားခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့်လည်း လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နေတဲ့ အသက် ၂၈ နှစ်အရွယ် တွဲဖက်လေယာဉ်မှူးဟာလည်း အမှတ်မထင် အိပ်ပျော်သွားခဲ့ပြီး လေယာဉ်မှူးအခန်းကို ဆက်သွယ်မှုတွေအပေါ် တုံ့ပြန်မှု တစုံတရာမလုပ်နိုင်ခဲ့ပါဘူး။ သူတို့ထဲက တယောက်ဟာ အမွှာကလေးငယ်မွေးထားပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့ရလို့…

Read More

တောင်ကိုရီးယား ဆရာဝန်တွေ သပိတ်မှောက်အလုပ်ထွက်မှုကြောင့် စစ်ဆရာဝန်တွေ ကုသမှုပေးနေရ

  ဆိုးလ်၊ မတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ရောက်ခွင့် အရေအတွက် တိုးမြှင့်မယ့် ကိစ္စအပေါ်ဆန့်ကျင်တဲ့ အလုပ်ထွက်သွားတာကြောင့် လူနာတွေကို ကုသဖို့အတွက် တောင်ကိုရီးယားအစိုးရဟာ စစ်ဆရာဝန်တွေကို ဆေးရုံတွေမှာ စတင်စေလွှတ်နေပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်တဲ့ ဆရာဝန်တွေရဲ့ သပိတ်ကြောင့် ဆေးရုံတွေမှာ လူနာကုသမှုတွေအပေါ် ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ထိ ဆေးရုံ ၁၀၀ ကျော်မှာရှိတဲ့ ဆန္ဒပြဆရာဝန် တသောင်းနှစ်ထောင်နီးပါးဟာ အစိုးရရဲ့ အမိန့်ကို ဖီဆန်ပြီး အလုပ်ထွက်ခဲ့ကြပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေဟာ ဆန္ဒပြဆရာဝန်တွေရဲ့ ဆေးကုခွင့်လိုင်စင်တွေကို ဆိုင်းငံ့ထားကြောင်း အသိပေးစာထုတ်ပြန်ပြီး အလုပ်ပြန်ဆင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မရရှိခဲ့ပါဘူး။ လက်ရှိမှာတော့ လူနာတွေကို ကုသဖို့ ခွဲစိတ်ကျွမ်းကျင်တဲ့ စစ်ဆရာဆရာဝန် ၂၀ နဲ့အတူ ပြည်သူ့ကျန်းမာရေး ဆိုင်ရာဆရာဝန် ၁၃၈ ယောက်နဲ့ ဆေးရုံ တွေမှာ တလကြာ ကုသမှုတွေပေးမယ်လို့ တောင်ကိုရီးယားကျန်းမာရေးဝန်ကြီး…

Read More

အင်ဒိုနီးရှား အနောက်ဆူမားတြားမှာ ရေဘေးကြောင့် လူ ၂၀ ကျော်သေဆုံး

ဂျကာတာ၊ မတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၁ ယောက်ထက်မနည်းသေဆုံးပြီး လူ ခုနှစ်သောင်းငါးထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြည်နယ်မြို့တော် ပါဒန်းနု့ အခြားဒေသရှစ်ခုမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်ကစပြီး မိုးရွားသွန်းမှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ လမ်းတံတားပျက်စီးမှု ၇၀၀ နီးပါးရှိခဲ့ပြီး လယ်မြေ ၁၁၃ ဟတ်တာ ပျက်စီးခဲ့ပါတယ်။ မတ် ၁၀ ရက်ထိ လူ ၂၁ ယောက်သေဆုံးပြီး ခြောက်ယောက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အနောက်ဆူမားတြားပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဆီတီရာခရိုင်ရှိ ကုန်းမြင့်ဒေသတခုရှိ ကျေးရွာတရွာဟာ အဆိုးရွားဆုံးခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ သဘာဝဘေးခံခဲ့ရတဲ့ ဒေသသုံးခုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်းဆောင်ရွက်နေပြီး ကယ်ဆယ်ရေးသမား ၁၅၀ ခန့် ဖြန့်ကြက်လုပ်ဆောင်ခဲ့ပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၉၀ ကျပ် ဝယ်ဈေး – ၂၆၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟားခါးနယ်မှာ CDF-Senthang အဖွဲ့ရဲ့ကားတစီး ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ယောက်သေဆုံး ၊ လေးယောက် ဒဏ်ရာရ

  မတ် ၊ ၁၁ ၊ ၂၀၂၄ SP ( VOM) ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘွာန်လုံ (Buanlung)ကျေးရွာမှာ မနေ့ မတ် ၁၀ ရက် ညနေပိုင်းက ကားတစီးပေါက်ကွဲမှုဖြစ်ပြီး အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ခရစ်ယာန် သင်းအုပ်ဆရာတယောက်က ” ဖြစ်တာက မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ဖြစ်ပွားပုံက ဘွာန်လုံရွာကို CDF-Senthang အဖွဲ့က ကားတစီးရောက်လာတယ် ၊ အဲ့ဒီ အချိန် ရွာက ကလေးနှစ်ယောက်က ကားပေါ်တက်ပြီး ဆော့ကစားကြတယ် ၊ ကားပေါ်မှာ ပါလာတဲ့ မိုင်းကို ထိခိုက်မိတာကြောင့် ၊ မိုင်းပေါက်ကွဲပြီး ကလေးနှစ်ယောက် သေဆုံးတယ် ၊…

Read More

ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ဆိုးရွားလာလို့ အမေရိကန်သံရုံးဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ပို့အော့ပရင့် ၊ မတ်-၁၁-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်ဆိုးရွားလာတာကြောင့် အမေရိကန်သံရုံးဝန်ထမ်းတွေကို လေကြောင်းကနေ ပြောင်းရွှေ့ပေးခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ ဒီလို ရွှေ့ပြောင်းရာမှ‌ြ မြို့တော်ပို့အော့ပရင်ရှိ အမေရိကန်သံရုံးရဲ့ မရှိမဖြစ်မဟုတ်တဲ့ ဝန်ထမ်းတွေပါဝင်ပြီး သံရုံးလုံခြုံရေးကိုလည်း အမေရိကန်တာဝန်ရှိသူတွေက တိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ဟေတီမှာရှိတဲ့ လူဆိုးဂိုဏ်းတွေဟာ လေဆိပ်၊ ရဲစခန်းနဲ့ အကျဉ်းထောင်တွေကို တိုက်ခိုက်ခဲ့ပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်ပေးဖို့ ဖိအားပေးနေကြပါတယ်။ အမေရိကန်သံရုံးနဲ့ လေဆိပ်အနီးဝန်းကျင်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် သံရုံးဝန်ထမ်းတွေကို ပြောင်းရွှေ့ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တာလို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သံရုံးကိုတော့ ဝန်ထမ်းအနည်းငယ်နဲ့ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့က အီးယူသံတမန်တွေနဲ့အတူ ဟေတီဆိုင်ရာ ဂျာမနီသံအမတ်ကြီးလည်း ဒိုမီနီကန်နိုင်ငံကို ထွက်ခွာခဲ့တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Reuters

Read More
VOM News

FREE
VIEW