ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ဆိုးရွားလာလို့ အမေရိကန်သံရုံးဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ပို့အော့ပရင့် ၊ မတ်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်ဆိုးရွားလာတာကြောင့် အမေရိကန်သံရုံးဝန်ထမ်းတွေကို လေကြောင်းကနေ ပြောင်းရွှေ့ပေးခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ဒီလို ရွှေ့ပြောင်းရာမှ‌ြ မြို့တော်ပို့အော့ပရင်ရှိ အမေရိကန်သံရုံးရဲ့ မရှိမဖြစ်မဟုတ်တဲ့ ဝန်ထမ်းတွေပါဝင်ပြီး သံရုံးလုံခြုံရေးကိုလည်း အမေရိကန်တာဝန်ရှိသူတွေက တိုးမြှင့်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ဟေတီမှာရှိတဲ့ လူဆိုးဂိုဏ်းတွေဟာ လေဆိပ်၊ ရဲစခန်းနဲ့ အကျဉ်းထောင်တွေကို တိုက်ခိုက်ခဲ့ပြီး ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်ပေးဖို့ ဖိအားပေးနေကြပါတယ်။

အမေရိကန်သံရုံးနဲ့ လေဆိပ်အနီးဝန်းကျင်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် သံရုံးဝန်ထမ်းတွေကို ပြောင်းရွှေ့ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တာလို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံရုံးကိုတော့ ဝန်ထမ်းအနည်းငယ်နဲ့ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့က အီးယူသံတမန်တွေနဲ့အတူ ဟေတီဆိုင်ရာ ဂျာမနီသံအမတ်ကြီးလည်း ဒိုမီနီကန်နိုင်ငံကို ထွက်ခွာခဲ့တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW