ဆူးငှက် မန္တလေးနှင့် သဘာဝဘေး ————————— မန္တလေးသည် ဧရာဝတီမြစ်ကမ်းနဘေး ရှိသကဲ့သို့ ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းတွင် တည်ရှိသည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအကြိမ်ကြိမ် သင့်သကဲ့သို့ မိုးရာသီတွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ကြ ရသည်။ မြစ်ရေကြီးခြင်းက အကြမ်းဖျဉ်းအားဖြင့် ၄နှစ်တစ်ကြိမ်မျှသာ ကြုံတွေ့ရသော်လည်း မီးဘေးအန္တရာယ်ကမူ ဆောင်းအကူး နွေဦးပေါက်သည်နှင့် နှစ်စဉ်လို ကြုံကြရ၏။ မြို့ကို တည်ထားသည်ကလည်း လေးထောင့်စပ်စပ်ဖြစ်ကာ အိမ်အများစုကလည်း ဝါးကပ်မိုး ဝါးထရံကာများဖြစ်ကြ၏။ နောက်ပိုင်း လူဦးရေ ထူထပ်လာသည်နှင့် အမျှ နဂိုရှိပြီး ဝင်းဧရိယာမှာပင် နေအိမ်များ တိုး၍လာသောကြောင့် လမ်းများက လူတစ်ယောက် သွားသာရုံပဲ ရှိတော့သည်။ ထို့ပြင် အသုံးပြုသော မီးဖို မီးအိမ်များမှာလည်း ထင်းမီးဖိုနှင့် ရေနံဆီ မီးခွက် မီးအိမ်များမို့ အတိမ်းအစောင်းမခံဘဲ မီးဘေး…
Read MoreCategory: Article
ကုလားတန် စီမံကိန်း ဘာလဲ ၊ ဘယ်လဲ
MT(VOM) နယူးဒေလီမြို့တော်က ဝန်ကြီးဌာန အစည်းအဝေးခန်းမတွေထဲမှာ ဆွဲခဲ့တဲ့ မြေပုံတွေနဲ့ မြန်မာနိုင်ငံအနောက်ဘက်စွန်းက ရခိုင်နဲ့ ချင်းတောင်တန်းတွေပေါ်က မြေပြင်ပကတိအခြေအနေဟာ တခြားစီ ဖြစ်နေပါတယ်။ အိန္ဒိယအစိုးရက ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဇွတ်တိုးအကောင်အထည်ဖော်နေတဲ့ “ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း” (Kaladan Multi-Modal Transit Transport Project) ဟာ ဒီနေ့မှာတော့ စီးပွားရေးစင်္ကြံတစ်ခုထက် ပထဝီနိုင်ငံရေးရဲ့ အန္တရာယ်အရှိဆုံး ပွဲကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ အိန္ဒိယအတွက် မရှိမဖြစ် အမျိုးသားလုံခြုံရေး အသက်သွေးကြောလို့ တင်စားနိုင်တဲ့ ဒီစီမံကိန်းဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ နယ်စပ်ဖြတ်ကျော် ဂယက်တွေနဲ့ တရုတ်ရဲ့ အရိပ်အောက်မှာ လူးလွန့်နေရပါတယ်။ ကြက်လည်ပင်း(Siliguri Corridor/ Chicken’s Neck) အိပ်မက်ဆိုးနှင့် အိန္ဒိယ၏ ထွက်ပေါက် အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ အရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်လို ဒေသမျိုးတွေကို ပင်လယ်ရေကြောင်းနဲ့…
Read MoreExposed: Pakistan’s State-Sponsored Terrorism and its Unrepentant Admissions
Over the decades, a growing body of evidence from books, political confessions, and military statements has established Pakistan’s deep and sustained involvement in terrorism, both regionally and globally. The Pakistani state, led by its military and intelligence agencies, has systematically nurtured extremist groups to pursue strategic goals, particularly against India. Over time, direct admissions by Pakistan’s civilian…
Read Moreမီးစာတဖက် ရေမှုတ်တဖက်နဲ့ အိမ်နီးချင်း
AT မြန်မာပြည်တွင်း ပဋိပက္ခမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ MNDAA ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာပေးလိုက်ရပါတယ်။ တရုတ်နိုင်ငံဟာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်အစိုးရက အစဉ်အမြဲ ပြောကြားလေ့ရှိပေမယ့် မြန်မာပြည်တွင်း အင်အားစုတွေနဲ့ ပြည်သူတွေကတော့ အဲ့ဒီလို မမြင်ကြပါဘူး။ ကိုးကန့်တပ်တွေကို လားရှိုးကနေ ဆုတ်ခွာစေခဲ့တာဟာ တရုတ်အစိုးရအနေနဲ့ နစကကို အတိအလင်း ထောက်ခံလိုက်တာလို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ၁၀၂၇ စစ်ဆင်ရေး တရုတ် ခွင့်ပြုခဲ့သလား ၁၀၂၇ လို့ခေါ်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုလာလအတွင်း မြောက်ပိုင်းညီနောင် ၃ဖွဲ့က စတင်ခဲ့ပြီးနောက် နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အင်အားချိန်ခွင်လျှာ အတန်ငယ် ပြောင်းလဲလာပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက…
Read Moreရွှေဘိုမင်းဆက် မှန်နန်းစံ
ဆူးငှက် “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်… ၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ… ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ အင်းကြီးတောင်သမန်…”တဲ့။ ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။ အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက…
Read Moreစကားပြေလား၊ စကားပြောလား
ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်၏ မိုးစိမ့်စိမ့် နံနက်စောစောတွင် မန်္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန် လက်ဖက် ရည်ဆိုင်လေးမှ နွားနို့ကဲသော ချိုစိမ့်စိမ့် လက်ဖက်ရည် တစ်ခွက်စီ သောက်အပြီး မိုးရေစိုစွတ်ဆဲ ဝေးပြေးလမ်းမကြီးအတိုင်း တည်းခိုရာ နေရာလေးဆီသို့ ကျွန်တော်တို့ ၃ဦးသား လမ်းလျှောက်ပြန်ခဲ့ကြသည်။ ကျွန်တော်တို့ ၃ဦးသားဟု တန်းညှိ၍ ဆိုရာတွင် ကျန် ၂ယောက်က ကျွန်တော့်ထက် အသက်ရော ဝါရော ကြီးသူများ ဖြစ်ကာ နိုင်ငံရေးအရ ခိုင်ကျည်သော ယုံကြည်ချက်ဖြင့် နရသိန် ၂ကျော့ပြန်များ ဖြစ်သည်။ တစ်ဦးက အင်္ဂလိပ်စာပြဆရာ အယ်ဒီတာ၊ တစ်ဦးက သုတေသန သမား စာကြည့်တိုက်မှူး။ အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက ကျွန်တော့် အစ်ကိုလို ဆရာလို ဖြစ်သည်။ သုတေသနသမား စာကြည့်တိုက်မှူးက မန္တလေးရောက်တာ မကြာသေး၊ သူ့ကို…
Read Moreအနုအလှ စာသားများနှင့် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)
ဆူးငှက် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့်…
Read Moreဓာတ်ရထားမှသည် မီနီအိုးဝေသို့
ဆူးငှက် မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။ မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။ မြို့ရိုးတစ်လျှောက်…
Read Moreလက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည
ဆူးငှက် လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။ ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…
Read More“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”
သွေး (စစ်ကိုင်း) တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။ မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…
Read More