မေ ၂၈ ၊ ၂၀၂၆ GG (VOM) မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစီအစဥ် တစ်ရပ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးနေပါတယ်။ တောင်သူတွေကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ စတင်ထုတ်ချေးပေးနေရာ ဒီနှစ်မှာတော့ ချေးငွေကို ငွေသားချည်းသီးသန့် ထုတ်ပေးတာမျိုးမဟုတ်ဘဲ ဘဏ်စနစ်နဲ့ပါ ချိတ်ဆက်ပြီး ချေးငွေထုတ်ပေးတဲ့စနစ်ကို ပြုလုပ်လာပါတယ်။ တောင်သူတွေကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာ ငွေသားတစ်ဝက် (၅၀ ရာခိုင်နှုန်း)၊ E-Money တစ်ဝက် (၅၀ ရာခိုင်နှုန်း) ထုတ်ချေးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ငွေသားနဲ့ E- Money စနစ် ပေါင်းပြီး စိုက်ပျိုးစရိတ် ထုတ်ချေးတဲ့ အစီအစဥ်ကို Pilot Project အနေနဲ့ နေပြည်တော်ရှိ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွေမှာ ဆောင်ရွက်မှာ ဖြစ်တယ်လို့…
Read MoreCategory: နည်းပညာ
SEAOP/SEAGP ကုမ္ပဏီရဲ့ E-light အစီအစဉ်အဖြစ် အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ အသိပညာပေးဟောပြောပွဲကျင်းပ
မန္တလေး၊ မေ- ၂၃- ၂၀၂၆ SA(VOM) SEAOP/SEAGP ကုမ္ပဏီက “ဗဟုသုတဖြင့် ကြီးထွားမှုကို လင်းထိန်စေပြီး နည်းပညာဖြင့် အနာဂတ်အိမ်မက်များကို တည်ဆောက်စို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ E-light အစီအစဉ်အရ အများပြည်သူအကျိုးပြု အသိပညာပေးဟောပြောပွဲ တစ်ခုကို မန္တလေးမြို့ ၊ ၃၂ လမ်း – ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာရှိတဲ့အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းမှာ ဒီကနေ့ မေလ ၂၃ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက်လက်တွေ့အသုံးဝင်မယ့် ဗဟုသုတတွေကို မျှဝေခဲ့ကြပါတယ်။ ” အသိပညာပေးဟောပြောခြင်းက စာသင်ခန်းတွင်း သင်ကြားမှုကို တိုးချဲ့ပေးပြီး အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ခါ လူငယ်တွေရဲ့ သိပ္ပံနည်းကျ အတွေးအခေါ်နဲ့ အရည်အသွေးကို မြှင့်တင်ပေးရာမှာလည်းအဓိကကျတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ယခင်ကSEAOP/SEAGP ကုမ္ပဏီနဲ့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းပူးပေါင်းလုပ်ဆောင်ခဲ့သည့် “လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ”…
Read MoreInformation technology life ကုမ္ပဏီ မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
မန္တလေး၊ ဖေဖော်ဝါရီ – ၁၇- ၂၀၂၆ VOICE OF MYANMAR Information technology life ကုမ္ပဏီ မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း နဲ့ ၅၄ လမ်းထောင့်မှာရှိတဲ့ HOTEL “IBIS STYLE” မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ Information technology life ကုမ္ပဏီ မှာ E commerce လို့ခေါ်တဲ့ Websites နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ Product နဲ့ Brand တွေကို ဥပမာ Worldwide မှာ Amazon တို့လို Ebay တို့လိုမျိုး Website တခုအနေနဲ့ Create လုပ်ပေးပြီး Globle marketing ကိုချဲ့ထွင်ချင်တဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့…
Read Moreမြန်မာပြည်က နေရာအများစုမှာ အင်တာနက်လိုင်း ပြတ်တောက်မှုနဲ့ နှေးကွေးမှုတွေ ဖြစ်ပေါ်နေ
နိုဝင်ဘာ ၄ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့အပါအဝင် ဒေသအများစုမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းတွေ ပြတ်တောက်တာ၊ ဆိုးဆိုးရွားရွား နှေးကွေးတာတွေ ဖြစ်ပေါ်နေတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။ လက်ရှိ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု အခြေအနေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးကုမ္ပဏီ အများစုကလည်း တောင်းပန် အသိပေးစာတွေ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ အဲဒီ အသိပေးစာတွေမှာ ဖိုင်ဘာဆက်ကြောင်း ချို့ယွင်းမှု၊ Upstream ချို့ယွင်းမှု၊ international Uplink အပြစ်ဖြစ်ပွားနေမှု၊ Uplinks Issues ဖြစ်ပေါ်နေမှု၊ အဓိက ပင်မဆက်ကြောင်းလိုင်းတွေ ပြတ်တောက်မှု စတာတွေကြောင့် အင်တာနက်လိုင်း နှေးကွေးခြင်း၊ လိုင်းပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က U9FTTH ဝိုင်ဖိုင် သုံးစွဲသူ တယောက်က “အင်တာနက်လိုင်းတွေ မကောင်းတာက ဖြစ်နေတာကြာပြီ။ ဒါပေမယ့်…
Read Moreနည်းပညာပြဿနာကြောင့် Playstore ကနေ Viber အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်မရတဲ့ ပြသနာဖြစ်ပွား
ဇွန် ၁၇ – ၂၀၂၄ GG (VOM) မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ Google playstore မှာ Viber application ဆော့ဝဲပျောက်သွားပြီး ဒေါင်းလုဒ် (Download )လုပ်မရတဲ့ပြဿနာဖြစ်ပွားနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့မနက်ပိုင်း ၁၂ နာရီမတိုင်ခင်လောက်ကတည်းက Playstore မှာ Viber software ပျောက်သွားခဲ့တာ လက်ရှိ ညနေပိုင်း ၄ နာရီအထိဖြစ်လို့ Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာဖြစ်ပွားနေတာ ၄ နာရီထက်မနည်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခုလို Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာက ” Google Play Store မှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဒေါင်းလုဒ်ယာယီပြုလုပ်နိုင်မှာမဟုတ်ကြောင်း၊ ဒီပြဿနာကို မဖြေရှင်းနိုင်ခင်အထိ Viber.com သို့မဟုတ် အခြား…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ
– မာစီဒီးက လူတူစက်ရုပ်တွေကို ကားထုတ်လုပ်ရေးမှာဘယ်လိုအသုံးပြုနေလဲ -စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးရောင်းချမယ့် လျှပ်စစ်ကား -ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု မီးလောင်ပေါက်ကွဲခဲ့ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) (၁) လူတူစက်ရုပ် ဝန်ထမ်းတွေကို ကားထုတ်လုပ်ရေးမှာ စတင်အသုံးပြုနေတဲ့ မာစီဒီးကုမ္ပဏီ မာစီဒီးမော်တော်ကားကုမ္ပဏီဟာ သူ့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လူတူစက်ရုပ်ဝန်ထမ်းတွေကို စတင်ပြီး တရားဝင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ထရွန်နစ်ခ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အပိုလို လူတူစက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေ သက်သာစေဖို့အတွက် လေးလံတဲ့ပစ္စည်းတွေ သယ်မတာမျိုးအပါအဝင် ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို အခြေခံအလုပ်တွေမှ လူတူစက်ရုပ်တွေကို အစားထိုးအသုံးပြုတာကြောင့် လူသားတွေအနေနဲ့ ပိုမိုအရေးပါတဲ့ အလုပ်တွေကို အာရုံစိုက်တာမျိုးပိုမိုပြုလုပ်နိုင်မယ့်အပြင် လုပ်ငန်းခွင်အန္တရယ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေကို လျှော့ချနိုင်မယ်လို့ မာစီဒီးက ပြောပါတယ်။ အသုံးပြုနေတဲ့ အပိုလို လူတူစက်ရု်ပတွေဟာ အရပ် ၅ ပေ ၈လက်မရှိပြီး ဘေးကင်းလုံခြုံစွာ…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ
– လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီးလိုက်ပြီ – ကမ္ဘာ့ပထမဆုံး ဇိမ်ခံရေငုပ်သင်္ဘောအကြောင်း – ဉာဏ်ရည်တုနည်းပညာက အလုပ်အကိုင်တွေအပေါ် ဘယ်လောက်သက်ရောက်နိုင်မလဲ ဖေဖော်ဝါရီ-၅-၂၀၂၄ မျိုးဆက်(VOM) #(၁)လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီး လူသားတွေနည်းတူ တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုကလေးငယ်လို့ ယူဆလို့ရတဲ့ စက်ရုပ်လူသားကို တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီကလေးငယ်ကို Beijing Institute for General Artificial Intelligence (BIGAI) ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Tong Tong သို့မဟုတ် မိန်းမငယ်လေးလို့ အမည်ရတဲ့ ဉာဏ်ရည်တုကလေးငယ်ကို မကြာသေးမီက ပေကျင်းမှာ ပြသခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ ကမ္ဘာကျော်ပညာရှင်တယောက်ဖြစ်တဲ့ ဇူဆောင်ချွန်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ခေတ်မှီတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ဉာဏ်ရည်တု ကလေးငယ်ဟာ လူသားတယောက်လို တွေးခေါ်ဆင်ခြင် သင်ယူနိုင်တဲ့…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
-ကြက်မွှေးကနေ စွမ်းအင်ထုတ်လုပ်နိုင်တော့မှာလား -လကမ္ဘာပေါ် အာကာသယာဉ်မှူးစေလွှတ်ဖို့ အိန္ဒိယဘာတွေစီစဉ်နေလဲ -ကမ္ဘာတဝန်း ဂြိုဟ်တုအင်တာနက်ပေးမယ့် အမေဇုန် မျိုးဆက်(VOM) အောက်တိုဘာ -၂၂-၂၀၂၃ (၁) ကြက်မွှေးကနေ စွမ်းအင်ထုတ်နိုင်မယ့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်နဲ့ အီတီအိတ်ချ်ဇူးရစ် တက္ကသိုလ်က သုတေသီတွေဟာ ကြက်မွှေးကနေ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တမျိုးဖြစ်ပြီး လောင်စာဆဲလ်တွေဖန်တီးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ လေ့လာမှုတွေအရ သုတေသီတွေဟာ ကြက်မွှေးကနေ ကီရာတင်ကို ထုတ်ယူပြီး အလွန်သေးငယ်တဲ့ အမျှင်လွှာအဖြစ် ပြုပြင်ပြောင်းလဲကာ လောင်စာဆဲလ်တွေအတွက် စွမ်အင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်လို ဆိုပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြက်မွှေးတန်ချိန် သန်း ၄၀ ထိ မီးရှို့ဖျက်ဆီးနေရပြီး…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်
-လကမ္ဘာပေါ်မှာ အိမ်ဆောက်ဖို့ကြိုးစားနေတဲ့ နာဆာ -စက်ရုပ်ခွေးတွေကို လက်နက်တပ်ဆင်ပေးနိုင်တော့မှာလား -အိန္ဒိယနဲ့ ရေအောက်ရထားပြေးဆွဲဖို့ ယူအေအီးဘာတွေ စီစဉ်နေလဲ မျိုးဆက်(VOM) အောက်တိုဘာ-၁၂-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ အိမ်ဆောက်တော့မယ့် နာဆာ အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဟာ လကမ္ဘာပေါ်မှာ ၂၀၄၀ ခုနှစ်အတွင်း နေအိမ်တလုံးတည်ဆောက်ဖို့အတွက် စီစဉ်နေပါတယ်။ ဒီလိုတည်ဆောက်ဖို့အတွက် အော်စတင်အခြေစိုက် ICON ဆောက်လုပ်ရေးနည်းပညာ ကုမ္ပဏီတခုနဲ့စာချုပ်ချုပ်ပြီး ဒေါ်လာသန်း ၆၀ ပေးအပ်ထားကာ ဘိလပ်မြေ၊ သဲနဲ့ရေတို့ကို အမျှင်အဖြစ်ဖန်တီးပြီး အလွှာလိုက်တည်ဆောက်သွားမှာဖြစ်ပါတယ်။ အစီအစဉ်အရ 3D ပရင်တာကြီးတခုကို လကမ္ဘာပေါ်ကို သယ်ဆောင်သွားမှာဖြစ်ပြီး လပေါ်က ကျောက်တုံးကျောက်ခဲတွေ၊ ဓါတ်သတ္တုအပိုင်းအစတွေနဲ့ ဖုန်မှုန့်တွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လကမ္ဘာပေါ်က နေအိမ်အတွက် တံခါးတွေ၊ ကြွေပြားတွေနဲ့ ပရိဘောဂတွေအတွက် နည်းပညာတက္ကသိုလ်ကြီးတွေ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ နာဆာက ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ICON ဆောက်လုပ်ရေးနည်းပညာကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကတည်းက…
Read Moreကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား
VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ် – ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား – မက်ဆင်ဂျာမှာ AI Chatbot ကို လိုရာမေးနိုင်ပြီ -AI တင့်ကား ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အစ္စရေးစစ်တပ် မျိုးဆက်(VOM) အောက်တိုဘာ-၁-၂၀၂၃ (၁) ကြက်တွေရဲ့စကားကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာ တီထွင် ဂျပန်နိုင်ငံက သုတေသီတွေဟာ ကြက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာတမျိုးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတီထွင်မှုကို တိုကျိုတက္ကသိုလ်က ပါမောက္ခ အန်ဒီရီယန်ဒေးဗစ်ချော့ခ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံပိုင်းဆိုင်ရာ ပြောင်းလဲမှုပုံစံတွေကို အာရုံခံနိုင်တဲ့ Deep Emotional Analysis Learning စနစ်ကို အခြေခံထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ သုတေသီတွေရဲ့ လက်ရှိလေ့လာမှုအရ ကြက်တွေရဲ့အသံကို ဉာဏ်ရည်တုနည်းပညာက အာရုံခံစိစစ်ပြီး ကြက်တွေရဲ့ ဆာလောင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသဖြစ်မှုနဲ့ စိတ်လှုပ်ရှားမှုအပါအဝင် အမျိုးမျိုးသော…
Read More