ဆူးငှက် အမြင့်တက်ပါ၊ ကျော်ပါ ခွပါ၊ —————————— အသက်၆၀ကျော်လေသည်မှ ဘဝကို ပြန်လှန် သုံးသပ်ကြည့်လေသောအခါ အသိဉာဏ် နုနယ်စဉ်ကာလ မူလတန်း အလယ်တန်းကျောင်းသားကာလများက မည်သို့ပင် ဆင်းရဲခဲ့သည်ဖြစ်စေ ပျော်ရွှင်ဖွယ် ကောင်းသည့် ကာလများဖြစ်သည်။ သည်ကရှေ့လျှောက် နည်းနည်းသိလာလေလေ ပင်ပန်းဆင်းရဲလေဖြစ်သည်။ များများသိတော့ များများ ဒုက္ခရောက်ရ သည်ပေါ့။ ရှေးဆိုရိုး စကားတစ်ခုရှိပါ၏။ မရှိတာထက် မသိတာက ပိုခက်သတဲ့ ဟူလို။ တကယ်တမ်း ဘဝကို ဖြတ်သန်းရလေသောအခါ အတွေ့အကြုံများစွာတွင် ထိုမရှိခြင်းထက် မသိခြင်းများကို ကြုံတွေ့ ခံစားရဖန်များလေတော့ ကိုယ်ကိုယ်တိုင်ကလည်း ဤသို့ မသိခြင်းမျိုး မဖြစ်ရလေအောင် ဆင်ခြင်ရတော့သည်။ တက်ကျမ်းများကဖြစ်စေ၊ ရှေ့က စီးပွားရေးအရ အောင်မြင်ထားသူများက ဖြစ်စေ သူတို့ အဆိုအမိန့်များတွင် လူတစ်ယောက်၏ ကိုယ်ကျိုးစွန့်မှုနှင့် ခေတ်ကာလ နောက်ခံကားကို သိသိကြီးနှင့် မေ့လျော့ခဲ့ကြသည်ချည်း ဖြစ်သည်။…
Read More