မတ် – ၂၂- ၂၀၂၂ Voice Of Myanmar စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာရှိတဲ့ လူငယ်တွေဟာ သူတို့ဒေသက စေတီတော်တွေနဲ့ ဘုရားပုထိုးတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးတာ အရမ်းလှတဲ့အတွက် မြန်မာနိုင်ငံမှာသာမက နိုင်ခြားမှာပါ နာမည်ကြီးနေတာဖြစ်ပါတယ်။ မင်းကွန်းဒေသခံ အများစုကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာပြီး ဘုရားဖူးလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် ဘုရားပန်း၊ အမှတ်တရပစ္စည်းတွေ ရောင်းချတာနဲ့ လူငယ်ပိုင်းတွေကတော့ မိသားစုစားဝတ်နေရေးအတွက် ဧည့်သည်တွေရဲ့စမတ်ဖုန်းနဲ့ အလှပုံအမျိုးမျိုး ရိုက်ပေးတဲ့အလုပ်ကို လုပ်ကိုင်ကြပါတယ်။ အဲ့ဒီ ဓာတ်ပုံပညာတွေကို ဘယ်လိုလေ့လာသင်ယူထားသလဲ ၊ ဘယ်လိုစိတ်ကူး စိတ်သန်းတွေနဲ့ ရိုက်နေသလဲဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မင်းကွန်း #ကမ္ဘာကျော်ဓာတ်ပုံဆရာကြီးများ Youtube Link – https://youtu.be/wvm1LPAwtz4
Read MoreCategory: အနုပညာ
တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်
မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE
Read Moreမြန်မာရိုးရာ ရောင်စုံမီးပုံးတွေကို ဘယ်လိုပြုလုပ်ရသလဲ
မန္တလေး၊ အောက်တိုဘာ- ၅- ၂၀၂၁ SA(VOM) ဆယ့်နှစ်လရာသီပွဲတော်တွေထဲကမှ ထူးခြားတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ အခါသမယမှာ ကလေးသူငယ်တွေအတွက် ကစားစရာတစ်ခုဖြစ်တဲ့ ရောင်စုံမီးပုံးလေးတွေကို ဘယ်လိုပြုလုပ်သလဲဆိုတာကို VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရောင်စုံမီးပုံး Youtube Link – https://youtu.be/jUZVuXXxeZc
Read Moreစာရေးဆရာ ဒါရိုက်တာမောင်မိုးသူ ကွယ်လွန်
စက်တင်ဘာ ၂-၂၀၂၁ အေးချမ်းသူ(VOM) ဘကြီးမိုးလို့ အများက ချစ်ခင်လေးစားမှုနဲ့ခေါ်ကြတဲ့ စာရေးဆရာ၊ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူဟာ မနေ့ စက်တင်ဘာ ၁ရက်နေ့ ညနေ ၆နာရီ၅၁မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သူမောင်မိုးသူကို အဖ သခင်ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇ ခုနှစ်၊ မေလ ၁၇ ရက်၊ တနင်္လာနေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်စိန်မြင့်ဖြစ်ကာ မွေးချင်းနှစ်ယောက်ရှိပါတယ်။ မန္တလေးမြို့၊ စိန်တောင်မြန်မာ ဘုန်းတော်ကြီး ကျောင်းနဲ့စိန့်ပီတာကျောင်း(ယခု အ.ထ.က (၉ ))တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ မန္တလေးတက္ကသိုလ်မှာ ၁၉၅၆ ကနေ ၁၉၅၈ ခုနှစ်ထိ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှ စတင်ကာ ကဗျာများ ရေးခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ…
Read Moreတတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို အွန်လိုင်းကနေ ကျင်းပမယ်
ဇန်နဝါရီ ၁၇ -၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြေပြင်မှာကျင်းပခွင့်မရတာကြောင့် အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်တယ်လို့ သွေးချင်းပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ “ ပထမမှာ မြန်မာ့အသံကနေ လွှင့်မယ်။ အဆိုတွေ အကတွေ ဒေသရဲ့ အကြောင်းအရာတွေ အဝတ်အထည် သမိုင်းကြောင်းကို မြန်မာ့အသံက သောကြာနေ့တိုင်း ည ၉ နာရီကနေ ၁၁ နာရီထိ ပြသွားမှာပါ ။ အဲ့ဒါကိုတော့ ဖေဖော်ဝါရီ ၁၂၊ ၁၉၊ ၂၆ ၊ မတ်လ ၅ ရက် ၊ ၁၂ ရက် စုစုပေါင်း ၅ ကြိမ် ပြသွားမှာပါ။ တိုင်းရင်းသားတွေရဲ့ အနည်းဆုံး သီချင်း ၃ ပုဒ်နဲ့ အက ၂ မျိုးတင်ဆက်မယ်။ ဖေ့စ်ဘုတ်ကနေလည်း တင်ပြမယ်။…
Read Moreယာဉ်တိုက်မှုကြောင့် အသိတရားတွေ ထပ်တိုးသွားတယ်ဆိုတဲ့ ဦးကျော်သူ
Entertainment- ဇန်နဝါရီ- ၁၅- ၂၀၂၁ မျက်ပြေ(VOM) နိုင်ငံကျော် အနုပညာရှင် ဦးကျော်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာရေးကူညီမှု အသင်းကားမောင်းနေရင်း ကားငါးစီးဆင့်တိုက်ခံလိုက်ရပြီးနောက်မှာ အသိတရားတစ်ခုရလိုက်တယ်ဆိုတာနဲ့ ကျော်သူ နာမှုကူညီရေးအသင်းဥက္ကဋ္ဌ (အကယ်ဒမီ)ဦးကျော်သူနဲ့ အင်တာဗျုးမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကျော်သူ #နာမှုကူညီရေးအသင်း #ယာဉ်တိုက်မှု #Entertainment
Read Moreအသည်းနုတဲ့လူကြမ်းကြီး အောင်ခိုင်နဲ့ ဇနီးချောဝါဝါအောင်တို့ ကိုဗစ်ကာလမှာ ဘာလုပ်နေသလဲ
မျက်ပြေ(VOM) ကိုလူချော အဖွဲ့ဝင်မဟုတ်ပေမယ့် လူကြမ်းရယ်လို့ သတ်သတ်မှတ်မှတ် လုပ်နေသူတွေကို အဖွဲ့စည်းမျဉ်းလေးတွေအတိုင်း လူကြမ်းတွေအကုန်လံုး ကိုလူချောအဖွဲ့ဝင်ဖြစ်အောင် လုပ်ပေးဖို့ရှိတယ်ဆိုတဲ့ ဦးအောင်ခိုင် နဲ့ မမများအဖွဲ့ဖွဲ့စည်းထားတာ ၁၈နှစ်လောက်ရှိပြီ အဖွဲ့ထဲမှာလည်း အရမ်းအဆင်မပြေတဲ့သူတွေ ရှိတယ်ဆိုတဲ့ ဝါဝါအောင် တို့ရဲ့ ရင်ဖွင့်သံများ #voiceofmyanmar #VOM #အောင်ခိုင် #ဝါဝါအောင်
Read Moreရုပ်လှတာကြည့်ရွေးပြီး စိတ်ဓါတ်မကောင်းရင် အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတဲ့ မြနှင်းရည်လွင်
နိုဝင်ဘာ ၂၆-၂၀၂၀ မျက်ပြေ(VOM) မာယာလှည့်ကွက် ဇာတ်လမ်းတွဲမှာ ဟန်နီချိုဆိုတဲ့ ဇာတ်ကောင်ရဲ့သရုပ်ဆောင်ချက်နဲ့ ကိုက်ညီလွန်းလို့ ပရိသတ်သဘောကျခဲ့ရတဲ့ မြနှင်းရည်လွင်က ကိုဗစ်ကာလမှာတော့ အိမ်မှာနေရင်း ဘုရားတရားအလုပ်ေတွနဲ့ ဇာတ်လမ်းတွဲတွေပဲ ကြည့်ဖြစ်နေတယ်လို့သိရပါတယ်။ ရရှိတဲ့ ကာရိုက်တာကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိနေသူတစ်ဦးဖြစ်ပြီး ပြင်ပလောကက သူမရဲ့ အချစ်ရေးကိစ္စကိုလဲ စိတ်ဝင်စားမှုခံနေရသူလည်း ဖြစ်ပါတယ် “ လက်ရှိမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်ကို အသိမပေးချင်ပေမယ့် ကိုယ့်ထက်အသက်ကြီးသူကိုသာ ရွေးချယ်ပြီး မှီခိုအားကိုးချင်သူတစ်ဦး ပါ၊ ရုပ်ရည်လှပတာတစ်ခုပဲကြည့်ပြီး ရွေးချယ်ရင်လည်း စိတ်ဓါတ်မကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဒီအသက်အရွယ်မှာ အချစ်ကြောင်းပြောလို့မကောင်းဘူးဆိုပေမယ့် တစ်ယောက်တည်းနေတော့မယ် ပြောပြီးမှ အိမ်ထောင်ပြုဖြစ်ခဲ့ရင်လည်း မကောင်းဘူး ကြိုမသိနိုင်ဘူးလေ” ဆိုပြီး အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ သူမရဲ့ ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်ပုံစံကို ပြောပါတယ်။ လက်ရှိမှာတော့ သူမပါဝင် ရိုက်ကူးထားတဲ့ ကြမ္မာနွံ ဇာတ်လမ်းတွဲကို…
Read Moreမော်ဒယ်လ်မိတ်ဆက် ၊ ယုယုဇော်
Read Moreမန္တလေး ဇာတ်လောကသားတွေ ကိုဗစ်ဒဏ်ကို ဘယ်လိုရင်ဆိုင်နေကြသလဲ
Read More