COVID 19 ဓါတ်ခွဲခန်းအတွက် မန္တလေးအပြင်တခြားမြို့က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ရောက်မယ် မန္တလေး မေ ၂၂ -၂၀၂၀ ဖြူဖြူ (VOM) COVID 19 အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းအတွက် မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ ယူနန်ဆေးပညာအဖွဲ့ ဒီညနေမှာ ရောက်ရှိမယ်လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။ အထက်မြန်မာပြည်အတွက် COVID 19 ရောဂါ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်းကို မန္တလေးမြို့ ၃၅ လမ်း၊ ၆၆-၆၄ လမ်းကြားရှိ FDA ရုံးဟောင်းမှာ စီစဉ်ဆောင်ရွက်ထားပြီး ဓါတ်ခွဲခန်းအတွက် ဓါတ်ခွဲဝန်ထမ်းတွေကို သင်တန်းပေးဖို့နဲ့ စက်ပစ္စည်းတချို့လှူဒါန်းဖို့ ယူနန်ဆေးပညာအဖွဲ့ရောက်ရှိလာမှာ ဖြစ်ပါတယ်။ “ကျန်းမာရေးဝန်ကြီးဌာနကနေ နောင်တစ်ချိန်မှာ တောင်ကြီးနဲ့ မော်လမြိုင်မှာ ဒီလုပ်ငန်းချဲ့ဖို့ စီစဉ်နေတဲ့အတွက် အဲဒီက…
Read MoreCategory: ကာတွန်း
ဒါတော့ မမေးနဲ့
Read Moreတို့ လူလေးများ ဆိုသလေ
#voiceofmyanmar #ကာတွန်း
Read Moreဗုံးချ ဘုံးကျ
#voiceofmyanmar #ကာတွန်း #ဝေး
Read Moreဟိုမှာတောင်းရင် ဒီမှာပြောင်း
ကာတွန်း # ဝေး #VOM
Read Moreဘယ်ဟာ အရင်ကယ်ရပါ့
#voiceofmyanmar #ကာတွန်း ကိုခေတ်
Read Moreမွေးဂဏန်း
#voiceofmyanmar #ကာတွန်းပံသုအောင်
Read Moreနေပြည်တော် သက်ငယ်မုဒိမ်းမှု တရားခံအစစ်ဖြစ်ဖို့လိုလားနေကြ
ရန်ကုန်၊ ဇူလိုင်-၄-၂၀၁၉ သိဂီင်္(VOM) နေပြည်တော်က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ ၃နှစ်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တကယ့်တရားခံအစစ်ကိုအရေးယူစေချင်တဲ့အပြင် မှားယွင်းအရေးယူတာမျိုးဖြစ်ခဲ့ရင် ဥပဒေအဖွဲ့အစည်းတွေမှာလည်းသက်ရောက်မှုတွေရှိလာနိုင်တယ်လို့အထက်တန်းရှေ့နေတစ်ဦးက ပြောဆိုလိုက်ပါတယ်။ “ရန်ကုန်မှာဆန္ဒပြပွဲလုပ်မယ်ကြားတယ်။နောက်ဒီနေ့မှာ ဖမ်းလိုက်ပြီ၊ ဒရိုင်ဘာကိုဖမ်းလိုက်တယ်လို့သိရတယ်။ကျွန်တော်တို့ပြည်သူတွေသံသယရှိတာကတခြားလူဖြစ်နေတယ်။ ဒီတော့အခြေနေက နည်းနည်းလေးသွေးဆူတဲ့အခြေနေဖြစ်လာတယ်။တိုက်ဆိုင်မှုလားတော့မပြောတတ်ဘူး။”ဘူးလို့ အထက်တန်းရှေ့နေကပြောပါတယ်။ ဒီကနေ့ဇူလိုင်၎ရက်နေ့မှာနေပြည်တော်ဒက္ခိဏခရိုင်တရားရုံးပြန်ကြားရေးအရာရှိကပြည်သူအများစုစိတ်ဝင်စားနေတဲ့နေပြည်တော်သက်ငယ်မုဒိမ်းမှုကျူးလွန်သူအဖြစ်ယာဉ်မောင်းအောင်ကျော်မျိုး(ခေါ်)အောင်ကြီး ဖြစ်ကြောင်းနဲ့တရားစတင်စွဲဆိုလိုက်ပြီဖြစ်သလိုနေပြည်တော်ထောင်မှာစတင်ချုပ်နှောင်ထားလိုက်ပြီလို့ပြောဆိုလိုက်တဲ့အပေါ်အထက်တန်းရှေ့နေတစ်ဦးကပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလိုအလားတူပဲဆိုရှယ်မီဒီယာနဲ့ပြင်ပလူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာလည်းဝေဖန်မှုတွေမြင့်တက်နေပါတယ်။တရားရုံးရဲ့ပြန်ကြားရေးအရာရှိ မီဒီယာတွေကိုပြောဆိုခဲ့တာကတော့ “ရဲကစုံစမ်းဖော်ထုတ်ပြီးဒီနေ့တရားစတင်စွဲဆိုလိုက်တယ်။ အမှုမှာကသက်သေ၂၆ယောက်ပြထားတယ်။သူ့ကို၃၇၆နဲစွဲထားတယ်။ သက်ငယ်မုဒိမ်းမို့လို့ခရိုင်တရားရုံးကစစ်ဆေးတာဖြစ်တယ်။ဒီနေ့တရားစတင်စွဲပြီဖြစ်လို့စတင်စစ်ဆေးတော့မှာပါ။ရုံးချိန်းကို၁၅ရက်နေ့ပြန်ချိန်းထားတယ်။နှစ်ဖက်စလုံးကိုမျှမျှတတစစ်ဆေးသွားမှာပါ”လို့ပြန်ကြားရေးအရာရှိဦးညိုဌေးကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒရိုင်ဘာကိုတရားခံအဖြစ်စွဲချက်တင်လိုက်တဲ့ကိစ္စကိုအယုံအကြည်မရှိကြောင်းနဲ့တကယ်တရားခံအစစ်အမှန်ဆိုပါကအများပြည်သူကိုပွင့်လင်းမြင်သာသစွာချပြဖို့လိုအပ်ကြောင်း၊တရားဥပဒေစိုးမိုးရေးကိုယုံကြည်မှုရှိလာအောင်ချပြသင့်တယ်လိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။ “ဒရိုင်ဘာကိုတရားခံဆိုတာမယုံကြည်ပါဘူး။ဘာကြောင့်ဆိုနဂိုကြားထားတဲ့စကားတွေလည်းရှိတယ်။ကလေးပြောခဲ့တဲ့စကားတွေကတကယ်သေချာရင်ဒရိုင်ဘာတရားခံအစစ်လို့လက်ခံဖွယ်ရာမရှိတဲ့အခြေအနေပါ။ နောက်ပြီးသက်သေပေါ့။ ဒီတရားခံကိုအရင်ကဖမ်းပြီးစစ်မေးဖူးတယ်။မခိုင်လုံလိုပြန်လွှတ်တယ်။ ခုပြန်ဖမ်းတယ်ဆိုတော့သက်သေပြချက်ခိုင်ခိုင်မာမာရလို့လားသိချင်တယ်။ တရားစီရင်ရေးစနစ်ကဖိအားပေးမှရမယ့်အခြေအနေဖြစ်နေပြီး၊ ရဲတပ်ဖွဲ့အနေနဲ့စီအိုင်ဒီအနေနဲ့တရားခံကိုဘယ်လိုစစ်ဆေးဖော်ထုတ်ခဲ့တယ်ဆိုတာပြည်သူကိုအသိပေးဖို့တောင်းဆိုချင်တယ်။ ဗစ်တိုးရီးယားလေးအတွက်တရားမျှတမှုရဖို့တောင်းဆိုချင်ပါတယ်။”လို့ရန်ကုန်မြို့နေပြည်သူတစ်ဦးဖြစ်တဲ့ကိုသန်းထွန်းအောင်ကပြောပါတယ်။ ရန်ကုန်မှာ ဆန္ဒပြဖို့လုပ်နေတဲ့သူတွေကလည်းဇူလိုင်၆ရက်မှာအင်းစိန်စီအိုင်ဒီရုံးရှေ့မှာပဲအမှုမှန်ပေါ်ပေါက်ရေး၊တရားခံအစစ်ကိုအရေးယူရေး၊တရားစီရင်ရေး ၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းမှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့အတွက်အဓိကဦးတည်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတော်သမ္မတရုံးက လိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာ ခုလို တရားခံမိထားပြီဆိုပြီး ကျောင်းကားမောင်းသူကို ဖမ်းဆီးရုံးတင်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar #သက်ငယ်မုဒိမ်း #wisdom Hill #သမ္မတရုံး…
Read Moreသူ့ချည်းပဲလား
#voiceofmyanmar #ကာတွန်း #ကိုခေတ် #
Read Moreဖျာအသင့်
#ကာတွန်း #ပံသုအောင်
Read More