အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့SSPPနဲ့ အစိုးရရဲ့ NRPC တို့တွေ့ဆုံပွဲ အခြေအနေ

နေပြည်တော် ဖေဖေါ်ဝါရီ ၂၂-၂၀၁၉ ကိုထွန်း (VOM)     NCAလက်​မှတ်​မထိုးရ​သေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဟာ  ပထမဆုံးအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ နေပြည်​​တော်​ ဝဏ္ဏသိဒ္ဓိရပ်​ကွက်​အမျိုးသားပြန်​လည်​သင့်​မြတ်​​ရေးနှင့်​ငြိမ်းချမ်း​ရေးဗဟိုဌာနမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။ SSPPဟာ တပ်​မ​တော်​ကနေ အပစ်​အခတ်​ရပ်​စြဲပီး​နောက်​ NCAလက်​မှတ်​မထိုးရ​သေးတဲ့ ​တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ထဲမှာ ပထမဦးဆုံး​တွေ့ဆုံ​ဆွေး​နွေးတဲ့ အဖွဲဖြစ်​​ပါတယ်။ ​   ​ ဆွေးနွေးပွဲအပြီးမှာ အတိုင်​ပင်​ရုံးညွှန်ကြား​ရေးမှူးချုပ်​ ဦး​ဇော်​​​ဌေး သတင်းမီဒီယာတွေကို ပြောပြတာက   ဒီ​နေ့ NRPC မှာအစိုးရတပ်​မ​တော်​နှစ်​ဘက်​ပါတာ​ပေါ့၊ တနလာင်္​နေ့ ၂၅.ရက်​​နေ့မှာ တပ်​မ​တော်​နဲ့​ဆွေး​နွေးမယ်​။ တပ်​မ​တော်​နဲ့ကျ​တော့တပ်​ပိုင်းဆိုင်​ရာကိစ္စ​ပေါ့၊ ဒီ​နေ့​ဆွေး​နွေးတာ တပ်​ပိုင်းဆိုင်​ရာကိစ္စမပါဘူး၊  SSPPနဲ့ အခု​တွေဆုံမှုက တရားဝင်​​တွေဆုံပွဲပါ တပ်​မ​တော်​ကဒီဇင်​ဘာ ၂၁ ရက်​​နေ့ထုတ်​ပြန်​​ကြေညာချက်​အရ တိုင်းရင်းသာလက်​နက်​ကိုင်​အဖွဲ​တွေအ​နေနဲ NRPCနဲ့​ဆွေး​နွေးမယ်​ လိုအပ်​ရင်​တပ်​မ​တော်​ကဗိုလ်​ချု ပ်​ကြီးရာပြည့်​တို့နဲ့​ဆွေး​နွေမယ်​ဆိုပြီး အပစ်​ရပ်​ကာလအတွင်း​ကြေညာထားတာရှိတယ်​၊ အဲဒီ​ကြေညာပြီး​နောက်​ပိုင်းမှာ အလွတ်​သ​ဘော​တွေ့ဆုံမှု​တွေ ကျွန်​​တော်​တို့အဖွဲ့​တွေလုပ်​ကြပါတယ်​၊ သို့​သော်​တရားဝင်​​ဆွေး​နွေးပွဲအ​နေနဲ့က​တော့ SSPP ကပထမဆုံး​တွေ့ဆုံ​ဆေွး​နွေးမှုပါလို့ဆိုပါတယ်။…

Read More

တိုက်ပွဲကာလအတွင်း ပျောက်ဆုံးနေသူ ၅ ဦး မီးရှို့သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိ

မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်းထဲတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မြန်မာ့တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ ကျေးရွာသား ၅ ဦးတို့မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကျေးရွာသားတွေကို တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ပြန်လည်ရောက်ရှိမလာခဲ့တဲ့အတွက် လိုက်လံရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာ သတ်ဖြတ်မီးရှို့ထားတဲ့အလောင်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရှိရတယ် လို့ ဒေသခံတွေကပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့နေ့က ရွာသားငါးယောက်ပျောက်သွားတယ်။ တပ်မတော်က ခေါ်ယူသွားတယ်လို့သိရပါတယ်။ ကျားနင်းကန်ကျေးရွာသား သုံးယောက်ရယ်။ ရန်အောင်ပြင်ရွာသားတစ်ယောက်ရယ်။ နောက်ပြီးတော့ သာစည်ရွာသားတစ်ယောက် ပါ။ သုံးရက်အကြာမှာပြန်ရောက်မလာတဲ့အတွက် လိုက်ပြီးတော့ရှာတဲ့အခါမှာ တောစပ်နားမှာ မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်းတွေကို တွေ့ရတာပါ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ကျေးရွာသားတွေဟာ မြောက်ဦးမြို့နယ် ရန်အောင်ပြင်ကျေးရွာက ဦးထွန်းရွှေလှ ၆၅ နှစ်၊ ကျားနင်းကန်ကျေးရွာက ဦးအေးသိန်း ၃၄ နှစ်၊ ဦးမောင်စိန်ဝင်း ၃၂…

Read More

ပလက်ဝမြို့နယ် သံထောင်ရဲကင်းကို AA ဝင်စီး

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်သံတောင်ရဲကင်းစခန်းအနီး ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ရဲကင်းစခန်းကို AA တပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပါတယ်။   ဒီကနေ့ ဖေဖေါ်ဝါရီ ၂၂ရက် မနက် ၄ နာရီလောက်မှာ မိနစ်သုံးဆယ်ခန့်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့ AA တပ်ဖွဲ့ရဲ့စီးနင်းမှုကိုခံလိုက်ရတာဖြစ်ပြီး စီးနင်းခံရမှုကြောင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို   ဆက်သွယ်မေးမြန်းရမှာတော့ ဖုန်းလိုင်းမကောင်းဆိုပြီး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။   သံတောင်ကျေးရွာဟာ မြောက်ဦးမြို့နဲ့ မိုင် ၄၀ လောက်ကွာဝေးတဲ့ လေးမြို့မြစ်ကြောင်းအတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး လူဦးရေတစ်ရာဝန်းကျင်လောက်သာရှိတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ သံတောင်ရဲကင်းစခန်းဟာ လမ်းပန်းဆက်သွယ်ရေးမလွယ်ကူတာကြောင့် သွားလာရေးအခက်အခဲရှိတဲ့ဒေသတစ်ခုဖြစ်ပြီး အရင်ကလည်းအခုလိုမျိုး ၀င်ရောက်စီးနင်းမှုတွေခံရဖူးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။   #voiceofmyanmar#AA#ပလက်ဝ  

Read More

ဘင်္ဂါလီတွေကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးထားမှုကို အစိုးရအနေနဲ့ လျှို့ဝှက်မထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေပြော

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀၆ ဦးကို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ကမန်လူမျိုးတွေအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက မှတ်ပုံတင်တွေထုတ်ပေးလိုက်တဲ့  ကိစ္စနဲ့ပတ်သက်လို့ လက်ရှိကျင်းပနေတဲ့လွှတ်တော်မှာ မှတ်ပုံတင်ရရှိထားတဲ့ဘင်္ဂါလီတွေရဲ့  မျိုးရိုးစဉ်ဆက်အချက်အလက်တွေကို ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “ကျောက်နီမော်က ဘင်္ဂါလီတွေဟာ ၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်သင့်တဲ့အတွက် ထုတ်ပေးတာလို့ အစိုးကပြောတယ်။ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကိုယ်တိုင် စစ်ဆေးမှုတွေပြုလုပ်ပြီး နိုင်ငံသားအရည်အချင်းနဲ့ ပြည့်စုံကြသူတွေဖြစ်တယ်လို့ သမ္မတရုံးကို လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ပါတယ်။ ဒါကို ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဘာကြောင့် လျှို့ဝှက်နေသလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။”လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။   လက်ရှိမှာတော့ ရမ်းဗြဲမြို့နယ်အတွင်းမှာ ကမန်လူဦးရေစုစုပေါင်းဟာ ၅၀၀ ကျော်သာရှိပြီး အခုလိုမျိုး ဘင်္ဂါလီတွေကို ကမန်အဖြစ်မှတ်ပုံတင်ထုတ်ပေးပြီး တိုင်းရင်းသားထဲထည့်သွင်းလိုက်တဲ့ကိစ္စကို ပြည်ထောင်စုအစိုး၊ ပြည်နယ်အစိုးရတို့က ရှင်းလင်းပေးရမှာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက…

Read More

နို့စိမ်းတွေမှာ နွားနို့တစက်မှ မပါဝင်ကြောင်း စားသုံးသူရေးရာမှ ဒုညွှန်ချုပ်ပြောကြား

မုံရွာ ဖေဖေါ်ဝါရီ ၂၂-၂၀၁၉ ဗျဂ္ဃ (VOM)   ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမမှာ ပြုလုပ်ခမ်းမမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကနေ ဦးဆောင်ပြုလုပ်တဲ့  ယှဉ်ပြိုင်မှု ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကိုမှာ စားသုံးသူရေးရာဦးစီးဌာနက နို့စိမ်းတွေမှာ နွားနို့တစက်မှ မပါကြောင်း ထုတ်ပြောလိုက်တာပါ။   ဒီပွဲကို တက်ရောက်လာတဲ့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်းက နို့စိမ်းမှာ နို့တစ်စက်မှ မပါတဲ့အကြောင်းကို အပိတ်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။   “နို့စိမ်းဆိုပြီးတော့ကျ နွားနို့တစက်မှ မပါပါဘူး။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့ အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်စားကြပါ။ နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့ မပြောပါနဲ့။ ပါဝင်ပစ္စည်းထဲမှာ…

Read More

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကိုင်းတိုင်းမှာ ကျပ်သန်းပေါင်း ၉ထောင်ကျော် သုံးစွဲမည်

မုံရွာ ဖေဖေါ်ဝါရီ ၂၂-၂၀၁၉ ဗျဂ္ဃ(VOM)   စစ်ကိုင်းတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကုန်ထုတ်လမ်းဖောက်လုပ်တာ၊  ရေရှိရေးဆောင်ရွက်တာ၊ မဟာဓာတ်အားလိုင်းနဲ့ ၁၀ မိုင်အထက်ဝေးတဲ့ ကျေးရွာတွေကို မီးရရှိရေးဆောင်ရွက်တာ၊ ကုန်ထုတ်တံတားဆောက်တာ၊ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ၊ အရင်းမပျောက်ချေးငွေ စတဲ့ လုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း ၉ ထောင်ကျော်ကို သုံးစွဲသွားမယ်လို့ ကျေးလက်ဦးစီးဌာနက သိရပါတယ်။   “မြို့နယ် ၂၄ မြို့နယ်မှာ ကုန်ထုတ်လမ်းဖောက်တာ ၄၇ ခု၊ ၆၆မိုင်ကျော်အတွက်က ၁၆၆၂.၅၅၉ သန်း၊ မြို့နယ် ၉ မြို့နယ်မှာ တံတား ၁၇ ခု၊ ၂၈၁ ပေအတွက် ၆၉.၈၇၂ သန်း၊ မြို့နယ် ၃၇ မြို့နယ်လုံးမှာ ရေးပေးရေး ၂၅၄ ခုအတွက် ၃၃၇၁.၅၇၉ သန်း၊ ၂၃ မြို့နယ်မှာ မီးလင်းရေးအတွက် ဆိုလာ ၁၁၀၂၁ ခု။ ဒါကတော့…

Read More

Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတဲ့ M ဂျာဆိုင်းပန်

ရန်ကုန် ဖေဖော်ဝါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ   ဓာတ်ပုံ လန်းလန်းတွေနဲ့ ပရိသတ်ကို ရိုက်ကူးတင်ပြနေတဲ့ ဓာတ်ပုံမော်ဒယ်လ် M ဂျာဆိုင်းပန်  ကတော့ Sexy model အဖြစ်ရပ်တည်လို့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်လို့ ဆိုပါတယ်။   “အချစ်ရေး ကလည်း Sexy Model လုပ်ဖြစ်တာမို့ သိပ်မကြာသေးခင်ကပဲ လမ်းခွဲဖြစ်သွားပါတယ်။ စ တွေ့တုန်းကတော့ ချစ်သူက အရာအားလုံးကို ခွင့်လွှတ်ခဲ့တယ်။ မင်းကြိုက်တာလုပ်ပဲ၊ ကိုယ့်အသိုင်းအ၀ိုင်းကိုလည်း ကိုယ့်ပဲ ရှင်းပြမယ်။ ကိုယ့်ဝါသနာတာလုပ်မှ ကိုယ့်စိတ်ချမ်းသာမယ်။ အောင်မြင်အောင်လုပ်ပါလို့ အကြံပြုခဲ့ပေမယ့် ကြာလာတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကြောင့် လမ်းခွဲဖြစ်သွားတာပါ။ ဓာတ်ပုံ တစ်ပုံတက်လာရင် တစ်ခါရန်ဖြစ်ရတယ်”လို့ ဆိုပါတယ်။   သူမကိုတော့ Sexy Photo တွေ ရိုက်ကူးတာနဲ့ ပတ်သက်ပြီး အိမ်ကရော ၊ ပတ်ဝန်းကျင် မိတ်ဆွေတွေ က ဝေဖန်မှုတွေ…

Read More

ကုလသမဂ္ဂမှာ ရိုဟင်ဂျာအရေးဆွေးနွေးဖို့ တောင်းဆိုချက် တရုတ်ကန့်ကွက်

နယူးယောက်၊ ဖေဖော်ဝါရီ-၂၂-၂၀၁၉ မျိုးဆက်( VOM)   အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အခြား ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ခြောက်နိုင်ငံက ရိုဟင်ဂျာပြသနာအပါအ၀င် မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ သံတမန်တွေက ပြောပါတယ်။   အဆိုပါဆွေးနွေးပွဲကို လာမည့်သီတင်းပတ်မှာ ပြုလုပ်ဖို့ တောင်းဆိုထားကြတာဖြစ်ပြီး မြန်မာနိုင်ငံကို လွန်ခဲ့တဲ့လက ၁၂ ရက်ကြာသွားရောက်ပြီး ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှာရာနာဘာဂျင်နာရဲ့ အစီရင်ခစာကို ကြားနာမှာဖြစ်ပါတယ်။   ခရစ္စတင်း ရှာရာနာဘာဂျင်နာဟာ အထူးသံတမန်ခန့်အပ်ခံရပြီးကတည်းက လွန်ခဲ့တဲ့နှစ် ဧပြီလကစလို့ မြန်မာနိုင်ငံကို လေးကြိမ်လာရောက်ခဲ့ပြီး အကြိမ်တိုင်းမှာ အစီရင်ခံစာ ရေးသားတင်ပြခြင်းမရှိခဲ့ပါဘူး။   ရိုဟင်ဂျာပြသနာနဲ့ ပတ်သတ်ပြီး လုံခြုံရေးကောင်စီမှာဆွေးနွေးရေး တောင်းဆိုချက်ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံသုံးနိုင်ငံနဲ့အတူ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပိုလန်၊ ကူဝိတ်၊ ပီရူးနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့က…

Read More
VOM News

FREE
VIEW