အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့SSPPနဲ့ အစိုးရရဲ့ NRPC တို့တွေ့ဆုံပွဲ အခြေအနေ

နေပြည်တော် ဖေဖေါ်ဝါရီ ၂၂-၂၀၁၉

ကိုထွန်း (VOM)

 

 

NCAလက်​မှတ်​မထိုးရ​သေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ဟာ  ပထမဆုံးအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ နေပြည်​​တော်​ ဝဏ္ဏသိဒ္ဓိရပ်​ကွက်​အမျိုးသားပြန်​လည်​သင့်​မြတ်​​ရေးနှင့်​ငြိမ်းချမ်း​ရေးဗဟိုဌာနမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။

SSPPဟာ တပ်​မ​တော်​ကနေ အပစ်​အခတ်​ရပ်​စြဲပီး​နောက်​ NCAလက်​မှတ်​မထိုးရ​သေးတဲ့ ​တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ထဲမှာ ပထမဦးဆုံး​တွေ့ဆုံ​ဆွေး​နွေးတဲ့ အဖွဲဖြစ်​​ပါတယ်။

 

ဆွေးနွေးပွဲအပြီးမှာ အတိုင်​ပင်​ရုံးညွှန်ကြား​ရေးမှူးချုပ်​ ဦး​ဇော်​​​ဌေး သတင်းမီဒီယာတွေကို ပြောပြတာက

 

ဒီ​နေ့ NRPC မှာအစိုးရတပ်​မ​တော်​နှစ်​ဘက်​ပါတာ​ပေါ့၊ တနလာင်္​နေ့ ၂၅.ရက်​​နေ့မှာ တပ်​မ​တော်​နဲ့​ဆွေး​နွေးမယ်​။ တပ်​မ​တော်​နဲ့ကျ​တော့တပ်​ပိုင်းဆိုင်​ရာကိစ္စ​ပေါ့၊ ဒီ​နေ့​ဆွေး​နွေးတာ တပ်​ပိုင်းဆိုင်​ရာကိစ္စမပါဘူး၊  SSPPနဲ့ အခု​တွေဆုံမှုက တရားဝင်​​တွေဆုံပွဲပါ တပ်​မ​တော်​ကဒီဇင်​ဘာ ၂၁ ရက်​​နေ့ထုတ်​ပြန်​​ကြေညာချက်​အရ တိုင်းရင်းသာလက်​နက်​ကိုင်​အဖွဲ​တွေအ​နေနဲ NRPCနဲ့​ဆွေး​နွေးမယ်​ လိုအပ်​ရင်​တပ်​မ​တော်​ကဗိုလ်​ချု ပ်​ကြီးရာပြည့်​တို့နဲ့​ဆွေး​နွေမယ်​ဆိုပြီး အပစ်​ရပ်​ကာလအတွင်း​ကြေညာထားတာရှိတယ်​၊ အဲဒီ​ကြေညာပြီး​နောက်​ပိုင်းမှာ အလွတ်​သ​ဘော​တွေ့ဆုံမှု​တွေ ကျွန်​​တော်​တို့အဖွဲ့​တွေလုပ်​ကြပါတယ်​၊ သို့​သော်​တရားဝင်​​ဆွေး​နွေးပွဲအ​နေနဲ့က​တော့ SSPP ကပထမဆုံး​တွေ့ဆုံ​ဆေွး​နွေးမှုပါလို့ဆိုပါတယ်။

 

တွေ့ဆုံဆွေးနွေးမှုရလာဒ်နဲ့ ပတ်သက်လို့  ဦးဇော်ဋ္ဌေးဆက်ပြောတာက

 

ဒီ​နေ့​တွေ့ဆုံ​ဆွေး​နွေးမှုမှာ နှစ်​ဦးနှစ်​ဘက်​ပွင့်​ပွင့်​လင်းလင်း​ဆွေး​နွေးကြပါတယ်​၊ နှစ်​ဦးနှစ်​ဘက်​စိုးရိမ်​ချက်​​တွေ တစ်​ဘက်​ခြင်းဆီရဲ့အခက်​အခဲ​တွေပွင့်​ပွင့်​လင်းလင်း​ဆွေး​နွေးတယ်​၊​ ကောင်းမွန်​တဲ့​တွေဆုံမှုပါ၊ ပြီး​တော့ SSPP အနေနဲ့ငြိမ်းချမ်း​ရေးလုပ်​ငန်းစဉ်​ကို ဘယ်​လိုသွားကြမလဲဆိုတဲ့ သဘောတူညီချက်​​တွေချမှတ်​နိုင်​ခဲ့တယ်​၊ အချို့ကိစ္စ​တွေကို SSPPက ဗဟို​ကော်​မတီမှာ ဆက်​လက်​တင်​ပြပြီး အ​ကြောင်းပြန်​ရမှာ​တွေရှိတယ်​။ ဒီဘက်​ကလည်းလူကြီး​တွေထံတင်​ပြရမှ​တွေရှိတယ်​၊..​ပြောရမယ်​ဆိုရင်​​တော့ (၁၊)SSPP နဲ့ပြဿနာမရှိဘူး၊ (၂)တပ်​​နေရာပိုင်းခြားသတ်​မှတ်​မှုတိတိကျကျရှိတယ်​ရှုပ်​​ထွေးမှုမရှိဘူး၊ (၃)ကြားကာလမှာ နှစ်​ဦးနှစ်​ဘက်​နားလည်​မှုရှိရှိနဲ့ တချို့ကိစ္စ​တွေကို အောက်​​ခြေမှာဖြစ်​ပွားမဲ့ကိစ္စ​တွေပဋိပက္ခဖြစ်​လာမယ့် ကိစ္စ​တွေကို​ ရှောင်​ရှားလာနိုင်​မှာ​ကြောင့်​​ကောင်းမွန်​​သော​တွေ့ဆုံမှု၊​ကောင်းမွန်​​သောရလာဒ်​​တွေရခဲ့တယ်လိုဆိုပါတယ်။

 

SSPP ဘက်ကရော ဘာတွေတင်ပြတောင်းဆိုဆွေးနွေးတာရှိသလဲလို့ဆိုတော့

ဒီ​နေ့​ဒေသလိုအပ်​ချက်​​တွေ​ပြောတယ်​​ပေါ့ ဆက်​သွယ်​​ရေးတာဝါတိုင်​တစ်​တိုင်​စိုက်​​ပေးမှုမလုံ​လောက်​တဲ့ကိစ္စ၊ မီးသတ်​ကား၊ လျှပ်​စစ်​မီးရရှိ​ရေး၊​ နောက်​တစ်​ခုက SSPPကတပ်​ဖွဲ့ဝင်​​တွေ အဖမ်းခံထားရတဲ့ကိစ္စနဲ့​ဒေသဖွံ့ဖြိုး​ရေးကိစ္စလိုအပ်​တာ​တွေ​ဆွေး​နွေးကြပါတယ်​။ SSPPနဲ့NCA.လက်​မှတ်​​ရေးထိုးဖို့ကိစ္စ တဆင့်​ပြီးတဆင့်​ဘယ်​လိုသွားကြမလဲ​ဆွေး​နွေးတယ်​၊ သူတို့ဘက်​ကလည်းပြန်​တင်​ပြရမှာ​တွေရှိတယ်​၊ ကျွန်​​တော်​တိုဘက်​မှာလည်​ပြန်​တင်​ပြရမှာ​တွေရှိတယ်​၊​ နောက်​ထပ်​လည်းထပ်​မံ​တွေ့ဆုံဖို့​တွေရှိပါတယ်​လို့ ဦး​ဇော်​​ဌေးကရှင်းပြသွားပါတယ်။

 

SSPP ရဲ့ ဒုဥက္ကဌ စပ်​ခွန်​ဆိုင်းကတော့

 

တွေ့ဆုံခွင့်ပေးတဲ့ အတွက်ကျေးဇူးတင်ကြောင်း၊ ခင်ဗျားတို့ဘာလို့ NCA ကို မထိုးတာလဲ   မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း အားလုံးပါဝင်ရေးမူဆိုတာရှိတယ်။ အဖြစ်မှန်ကတော့ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ အကြောင်းတွေရှိပါတယ်။ အဲ့ဒါကို လူကြီးမင်းများ နားလည်ပေးစေချင်ပါတယ်။ ဒီနေ့ ဖြစ်ပျက်လာတဲ့ ပြသနာတွေဟာဆိုလို့ရှိရင် ကျွန်တော်တို့ ထိန်းသိမ်းလာတဲ့ တိုက်ပွဲတွေ မဖြစ်အောင် မိမိဘက်ကနေစပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ မိမိတပ်ကိုလည်း ညွှန်ကြားထားပါတယ်။ တပ်မတော်နဲ့ သီးသန့်တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ ဆက်လက်တင်ပြအစီရင်ခံစာတင်မယ် လို့  ပြောသွားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW