ရန်ကုန် ဧပြီ ၁၆-၂၀၂၁ MHS(VOM) ရန်ကုန်တိုင်း၊ သုံးခွရဲစခန်းမှာ မနေ့ည ၈နာရီကျော် အချိန်လောက်မှာ ဒုရဲအုပ်အောင်ဘိုဘိုနဲ့ တပ်ကြပ်ဖြစ်သူဇော်ဝင်းမောင်တို့ဟာ အရက်သောက်စကားများရန်ဖြစ်ခဲ့ပြီးနောက် ဒုရဲအုပ်အောင်ဘိုဘိုက သေနတ်ထုတ်ပြီး ပစ်ခတ်လိုက်လို့ ခေါင်းထိသေဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ “ရဲစခန်းထဲ သေနတ်သံကြားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတာတော့ သိတယ်။နောက်မှ ရဲအချင်းချင်းပစ်ကြတာလို့ သိရတယ်” ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။ သေဆုံးသွားသူ တပ်ကြပ် ဇော်ဝင်းမောင်ဟာ အသက် ၂၇နှစ်အရွယ်ဖြစ်ပြီး သုံးခွမြို့နယ် အလန်းကုန်းကျေးရွာ ဇာတိဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းက ဇာတိရွာမှာ သဂြိုလ်ဖို့ သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပစ်ခတ်သူကို ရဲတပ်ဖွဲ့စည်းကမ်းဥဒေနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ photo-ကောင်းသန့် #voiceofmyanmar #VOM #သုံးခွမြို့ #ရဲအချင်းချင်းပစ်
Read MoreAuthor: Editor Htein Lin
ပခုက္ကူက အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဧရာဝတီ အနောက်ဘက်ခြမ်းက ပြည်သူတွေ ကျန်းမာစောင့်ရှောက်မှု အခက်ခဲရှိနေ
ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM) မကွေးတိုင်း ပခုက္ကူမြို့က အထူးကု ဆရာဝန်တွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းနဲ့ ချင်းတောင်ခြေ အကြားက ဒေသခံ ပြည်သူတချို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အတွက် အခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ပခုက္ကူမှာ ပြည်သူ့ဆေးရုံကြီး နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံ ၂ ရုံ ၊ ဆေးခန်း ၂၀ ကျော်ရှိတယ်၊ အထူးကု ဆရာဝန် ၉ ယောက်ရှိတဲ့အနက် ၆ ယောက်က ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အရေးပေါ် လူနာတွေကို မုံရွာ ကုတင် ၃၀၀ စစ်ဆေးရုံနဲ့ ငွေကြေးတတ်နိုင်သူ အနည်းစုက မန္တလေးဆေးရုံးကို သွားပြကြရတယ်၊ ငွေကြေး မပြည့်စုံတဲ့…
Read Moreစစ်ကိုင်းက စားသောက်ဆိုင်မှာ ရဲနဲ့ အရပ်သား ရန်ဖြစ်ရာက ရဲကသေနတ်နဲ့ ပစ်လို့ အရပ်သား ၁ ယောက်ဒဏ်ရာရ
ဧပြီ ၁၆ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပန်ဘဲတန်းရပ်ကွက် ၊ တာရိုးကြီးလမ်းမှာရှိ စားသောက်ဆိုင် တဆိုင်ထဲမှာ ဧပြီ ၁၅ ရက် မနေ့ ညနေပိုင်းက ရဲနဲ့ အရပ်သား ခိုက်ရန်ဖြစ်တာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အရပ်သား တစ်ယောက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ခိုက်ရန်ဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေတဲ့ ဒေသခံ တစ်ယောက် ပြောတာက ” ရဲ ၂ ယောက်ထိုင်နေတဲ့ စားပွဲဝိုင်းဘေးကဝိုင်းမှာသောက်စားနေတဲ့ လူ ၃ ယောက်က ရဲ ၂ ယောက်ဝိုင်းကိုသွားပြီး မင့်တို့က စစ်သားလား.. ရဲလား လို့မေးပြီး လက်သီးနဲ့ထိုးတယ် ၊ နောက်ပြီး လူ ၃ ယောက်က ရဲ ၂ ယောက်ကို…
Read Moreဧပြီ ၁၀ ရက်က တမူး ပစ်ခတ်မှုမှာ ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ၃ ဦးသာ ဒဏ်ရာရတာလို့ အုပ်ချုပ်ရေးအဖွဲ့ပြော
ဧပြီ ၁၃ ၊ ၂၀၂၁ Voice Of Myanmar ဧပြီ ၁၀ရက်က လုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူတွေ အပြန်လှန်ပစ်ခတ်မှုမှာ ကဘော်ချိုင့်ဝှမ်း ဒေသ မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတဲ့ ကူကီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KNO / KLA) က အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဒါဇင်ခွဲ ကျဆုံးခဲ့ပြီး ပြည်သူ့ဘက်တော်သား ၁ ဦး ထပ်မံကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ တမူးခရိုင် ကောင်စီးရုံးကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်ယောက်ပြောတာက ” ပစ်ခတ်မှုဖြစ်စဥ် ပေါ်ပေါက်ခဲ့တာ ဟုတ်တယ် ၊ ထိခိုက် ကျဆုံးမှုက ရဲအရာရှိ ၁…
Read Moreမုံရွာမြို့ပေါ်မှာ တုတ်၊ ဓား ၊ လက်နက်မှန်သမျှ အကုန်လာအပ်ပေးဖို့ ရဲကားက လော်စပီကာနဲ့လိုက်အော်
မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ တုတ် ဓား လက်နက်မှန်သမျှ ရဲစခန်းကို အကုန်လာအပ်ပေးဖို့ ရဲကားက လော်နဲ့ လိုက်အော် သတိပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ သတိပေး ကြေငြာချက်မှာ ” တုတ် ဓား လက်နက်ကိုင်ဆောင်ခြင်းဟာ တရားဥပဒေက ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မိမိတို့နေအိမ်မှာ တုတ်၊ ဓား၊ လက်နက်များ ထားရှိပါက ရဲစခန်းသို့ အမြန်ဆုံးလာရောက် အပ်နှံပေးကြရန်နှင့် သက်ဆိုင်ရာက လိုက်လံ စစ်ဆေးတဲ့အခါ တွေ့ရှိပါက တည်ဆဲ ဥပဒေအရ ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ် ” လို့ ကြေငြာနေတာ ဖြစ်ပါတယ်။ မုံရွာမြို့ပေါ်မှာ မြို့ပြ လူနေရပ်ကွက် ၃၁ ရပ်ကွက်ရှိပြီး အေးသာယာရပ်ကွက်နေ ပြည်သူတစ်ယောက် ပြောတာက ”…
Read Moreမုံရွာ တက္ကသိုလ်ရှေ့ ကျောက္ကာလမ်းမှာ ပေါက်ကွဲမှုဖြစ်
ဧပြီ ၁၃ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ တက္ကသိုလ်အနီး ကျောက္ကာလမ်းမှာ ဧပြီ ၁၃ ရက် ဒီမနက် ၁၀ နာရီက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မြင်တွေ့လိုက်ရသူ တစ်ယောက်ပြောပြတာက ” ကောင်လေး ၃ ယောက်က စကူဘီဆိုင်ကယ် တစ်စီးနဲ့ တက္ကသိုလ်နားရောက်လာတယ် ၊မသင်္ကလို့ လုံခြုံရေးတပ်က တက္ကသိုလ်ထဲက ထွက်မေးတဲ့အခါ ဗုံးနဲ့ပစ်ပေါက်ပြီး ထွက်ပြေးသွားတာ.” လို့ ပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် အခြားပတ်ဝန်းကျင် လူ ၊ အဆောက်အဦး ထိခိုက်ပျက်စီးတာမရှိပေမယ့် ပေါက်ကွဲတဲ့နေရာမှာ ၁၀ လက်မဝန်းကျင် ပတ်လည် မြေအက်သွားတယ်လို့ သိရပါတယ်။ မုံရွာမှာ ဆန္ဒပြလူငယ်တချို့က သင်္ကြန်သပိတ် ပြုလုပ်ဖို့ ကြေငြာထားတာကြောင့်…
Read Moreမုံရွာမှာ လမ်းဘေးအမှိုက်ကန်ထဲက အမည်မသိ ရုပ်အလောင်း ၁ လောင်းတွေ့
မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ အလယ်ရပ်ကွက် ပြည်ထောင်စုလမ်း အရင် အခွန်လွတ်စျေး နေရာက. အမှိုက်ကန်ထဲမှာ ဒီမနက် အစောပိုင်းက အမည်မသိ ရုပ်အလောင်း တစ်လောင်းတွေ့ရတယ်လို့ စည်ပင်ဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။ သတင်းအတည်ပြုချက်ရရှိဖို့ မုံရွာမြို့မရဲစခန်းကို VOM က မေးမြန်းတဲ့အခါ ရဲအရာရှိတစ်ယောက် ပြောပြတာက ” သေဆုံးသူကအသက် ၄၀ နှစ် ဝန်းကျင် အမည်မသိ ရုပ်အလောင်းဖြစ်ပြီး ပြင်ပ ဒဏ်ရာတွေပါတယ် သေဆုံးရတဲ့အကြောင်းကတော့ ရင်ခွဲစစ်ဆေးရဦးမယ် ” လို့ ဖြစ်ပါတယ်။ အမှိုက်ကန်ထဲကတွေ့ရှိရတဲ့ အဲ့ဒီရုပ်အလောင်းကို မုံရွာပြည်သူဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ထားရာ ရင်ခွဲတိုက်က PR 095 အရ လက်ခံထားရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်ထဲကလည်း မုံရွာမြို့ရှောင်လမ်းဘေးမှာ…
Read Moreပဲခူးမှာ ပရဟိတလုပ်နေတဲ့ ဆရာဝန်တစ်ဦး ထပ်ဖမ်းခံရ
ဧပြီ ၁၁-၂၀၂၁ KLY(VOM) ပဲခူးမှာ ပရဟိလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေါက်တာနေမျိုးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် ဒီနေ့ ဧပြီ ၁၁ မနက်က မြို့ခံဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဝေယံမျိုးလွင်ကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ” သူက ဒေါက်တာ နေမျိုးတို့နဲ့အတူ တွဲပြီး သုခ ပရဟိတ ဆေးကုသရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။ ဒီနေ့မနက်က ဆေးခန်းတစ်ခုမှာ ဘွားအေတော်စပ်သူကို ကြည့်ပြီး အပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ” လို့ မြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ဒေါက်တာဝေယံမျိုးလွင်ဟာ ကိုဗစ်ကာလကတည်းက အခမဲ့ဆေးကုသရေးလုပ်ငန်းတွေကိုဒေါက်တာနေမျိုးတို့နဲ့အတူ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဆေးရုံပိတ်ထားချိန် ဖျားနာလူနာကအစ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးနေတာမျိုးရှိတဲ့အတွက် ခုလိုဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း ပဲခူးမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဒီနေ့ဖမ်းခံရတဲ့ ဒေါက်တာ ဝေယံမျိုးလွင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ #voiceofmyanmar #vom #ပဲခူး
Read Moreအရာတော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
ဧပြီ ၁၁ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှာ ဧပြီ ၁၀ ရက် မနေ့မနက်ပိုင်းက ဆန္ဒပြလူစု လူဝေးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တာမှာ ဆန္ဒပြသူ လူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဝါးရောင်းရွာခံတွေဆီက သိရပါတယ်။ .” ကျည်ဆံထိမှန် သေဆုံးတဲ့သူဟာ ကိုရှိုင်းဝေဖြိုး အသက် ၂၁ နှစ်ဖြစ်တယ် ” လို့ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတော်စပ်သူ တစ်ယောက်က VOM ကိုပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြ လူငယ် တစ်ယောက်လည်းသေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဝါးရောင်း တွဲဖက် အထက ကျောင်းအနီးမှာ လူအင်အား ၄၀၀ လောက်က ဆန္ဒပြနေတဲ့ အတွက်…
Read Moreကိုဗစ်ကြောင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ သောင်တင်နေတဲ့ မြန်မာကုန်တင်ကားတွေအတွက် ဂိတ်ပေါက် ခေတ္တဖွင့်
ဧပြီလ ၁၁၊ ၂၀၂၁ Shayi Viloin (VOM) တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ဧပြီလဆန်းကတည်းက သောင်တင်နေခဲ့တဲ့ မြန်မာကုန်တင်ကားတွေအတွက်၊ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက မန့်ဝိန်း ဂိတ်ပေါက် ခေတ္တဖွင့်ပေးတယ်လို့ မူဆယ် ယာဥ်ထိန်း တပ်ဖွဲ့ထံက သိရပါတယ်။ ရွှေလီမြို့မှာ Covid – 19ရောဂါ ပိုးတွေ့တဲ့ ဧပြီလ ၁ ရက်နေ့က စလို့ မြန်မာ – တရုတ် နှစ်နိုင်ငံ အဓိက ကုန်သွယ်စီးဆင်းရာ အဝင်၊ အထွက် နယ်စပ်ဂိတ်ပေါက် တစ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို လုံးဝ ပိတ်လိုက်တာကြောင့်၊ တရုတ်နိုင်ငံ ဘက်ခြမ်း ကျယ်ဂေါင်မှာ အခုလို ကားတွေ ပိတ်မိခဲ့တာပါ။ “ဒီနေ့ကတော့ သူတို့နိုင်ငံထဲမှာ မပိတ်ခင်တုန်းက ကုန်တင်ပြီးသားကားတွေရှိတယ်။ အဲ့ဒီကား တွေ သူတို့ ထုတ်ပေးတာ။ ပိတ်မိနေတဲ့ကားတွေ။ ကျယ်ဂေါင်ထဲမှာ…
Read More