ပြင်ဦးလွင် အနီးစခန်း လေဆိပ်နဲ့ ကပ်လျှက်က နေအိမ်တခုအတွင်း ပစ္စည်းတွေ အကုန်နီးပါး ဖောက်ထွင်းခိုးယူခံရ

မန္တလေး၊ အောက်တိုဘာ- ၂၅- ၂၀၂၆
Voice Of Myanmar
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ် စု၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်ခြံဝန်းထဲက ပစ္စည်းတွေကို ပိုင်ရှင်မရှိခိုက် ခိုးယူခံရတယ်လို့ သိရပါတယ်။
မီးစက်အိမ် အတွင်းထားရှိတဲ့ GS တံဆိပ်ပါ 12 V အဖြူရောင်ဘတ္ထရီအိုး(၁)လုံး၊ မီးစက်ဘေးထားရှိတဲ့ အမျိုးအစားမမှတ်မိ (၂)လုံးထိုး ကွန်ပရက်ဆာ(၁)ခု၊(၁)ကောင်ခွဲ မော်တာ (၁)လုံးနဲ့ ခြံဝန်းအတွင်းမှာ ထားရှိတဲ့ သုံးယောက်ထိုင်စတီးဒန်း(၁)ခုနဲ့နေအိမ်အတွင်းက ဧည့်ခန်းအတွင်းတွင်ထားရှိတဲ့ ကျွန်းစတီစားပွဲကြီး(၁)လုံး၊ ကျွန်းစတီစားပွဲအသေး(၁)လုံး၊ ကျွန်း(၁)ယောက်ထိုင်ခုံ(၄)လုံး၊ ကျွန်း(၃)ယောက်ထိုင်ခုံ(၁)လုံး၊ အမြင့်(၅)ပေခန့်ရှိ ကြိတ်သားအလှဘီရို(၁)လုံး၊ SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ DVD စက်(၁)ခု၊သံခေါက်ကုတင်(၁)လုံး၊ စွမ်းအားတံဆိပ်ပါ 10 KV မီးအားမြှင့်စက်(၁)လုံးတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။
မီးဖိုခန်းအတွင်းမှာ ရှိတဲ့ ကျွန်းထမင်းစားစာပွဲဝိုင်း(၁) လုံး၊ ကျွန်းကုလားထိုင်(၆)လုံး၊ ခြံထဲတွင်ထိုင်ရန် သံဖြင့်ပြုလုပ်ထားသော အလှစားပွဲအဝိုင်း အဖြူရောင်(၁)လုံး၊ အနက်ရောင်(၁)လုံး၊ သံထိုင်ခုံ(၈) လုံး၊ LG အမျိုးအစား အမြင့်(၅)ပေခန့်ရှိ 2DOOR အနက်ရောင်ရေခဲသေတ္တာ(၁)လုံး၊ LG အမျိုး အစား အမြင့်(၄) ပေခန့်ရှိ အနက်ရောင်အဝတ်လျှော်စက်(၁)လုံး၊ MISUHITA အမျိုးအစားဒယ်နီအိုးအကြီး(၁)လုံး၊ အသေး(၁)လုံး၊ အမြင့်(၄) ပေခန့်ရှိ အလူမီနီယံ(၄)ဆင့်ကြောင်အိမ် (၁)လုံးတို့မှာလည်း ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
အိမ်အပေါ်ထပ်သို့ သွားရောက်ကြည့်ရှုရာ အပေါ်ထပ်ရှိအိပ်ခန်း (၃)ခန်းတွင် ထားရှိသော SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ ၆ပေ-၆ပေခွဲ ဆွီးတီးဟုမ်း(၂) ယောက်အိပ်မွေ့ယာ ၊ အဝါရောင်(၂)ခု၊ ပန်းရောင်(၁)ခု၊ ဆွီးတီးဟုမ်း(၁)ယောက်အိပ်မွေ့ယာ အနီရောင်(၁)ခု၊ အပြာရောင်(၁)ခု၊ (၃)ပေခွဲခန့်ရှိ အလှဘီရို(၁)လုံး၊ ကုတင်ဘေးမှာ ထားတဲ့ ကြိတ်သားစားပွဲအသေး(၁)လုံး၊ Chanel 5 တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်း၊Mount Balance တံဆိပ်ပါ 100 mml ရေမွှေးပုလင်း(၁)ပုလင်းတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင် ဒေါ်မာမာမြင့်က ပြောပါတယ်။
၇-၁၀-၂၀၂၆ ရက်နေ့တုန်း နေအိမ်နဲ့ ခြံဝန်းတံခါးတွေသော့ခတ်ပြီး မန္တလေးမြို့ကနေအိမ်ကို အိမ်ရှင် ဒေါ်မာမာမြင့် က ပြန်လည်နေထိုင်ခဲ့ပြီး ၂၄-၁၀-၂၀၂၆ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်မှာမှ မြတ်မင်္ဂလာရပ်ကွက်ကို ပြန်လာချိန် ခြံဝန်းအတွင်းက ပစ္စည်းတွေကို ခိုးယူခံရတာသိခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲစခန်းကို တိုင်တန်းထားတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်အနီးတဝိုက်က နေအိမ်အများစု အခုလိုဖောက် ထွင်းခံရတာတွေ မကြာခဏဆိုသလိုရှိတာကြောင့် ဒီကိစ္စနဲ့ပတ် သက်ပြီး ပြင်စာရဲစခန်းကို ဖုန်းခေါ်ပြီး မေးမြန်းတဲ့အခါ ဒီအမှုအတွက် အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းနေတယ်လို့ ပြန်လည်ဖြေဆိုပါတယ်။

Related posts

✕
VOM News

FREE
VIEW