မန္တလေး၊ အောက်တိုဘာ- ၂၅- ၂၀၂၆ Voice Of Myanmar မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ် စု၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်ခြံဝန်းထဲက ပစ္စည်းတွေကို ပိုင်ရှင်မရှိခိုက် ခိုးယူခံရတယ်လို့ သိရပါတယ်။ မီးစက်အိမ် အတွင်းထားရှိတဲ့ GS တံဆိပ်ပါ 12 V အဖြူရောင်ဘတ္ထရီအိုး(၁)လုံး၊ မီးစက်ဘေးထားရှိတဲ့ အမျိုးအစားမမှတ်မိ (၂)လုံးထိုး ကွန်ပရက်ဆာ(၁)ခု၊(၁)ကောင်ခွဲ မော်တာ (၁)လုံးနဲ့ ခြံဝန်းအတွင်းမှာ ထားရှိတဲ့ သုံးယောက်ထိုင်စတီးဒန်း(၁)ခုနဲ့နေအိမ်အတွင်းက ဧည့်ခန်းအတွင်းတွင်ထားရှိတဲ့ ကျွန်းစတီစားပွဲကြီး(၁)လုံး၊ ကျွန်းစတီစားပွဲအသေး(၁)လုံး၊ ကျွန်း(၁)ယောက်ထိုင်ခုံ(၄)လုံး၊ ကျွန်း(၃)ယောက်ထိုင်ခုံ(၁)လုံး၊ အမြင့်(၅)ပေခန့်ရှိ ကြိတ်သားအလှဘီရို(၁)လုံး၊ SAMSUNG အမျိုးအစား ၅၂ လက်မ Flat TV (၁)လုံး၊ DVD စက်(၁)ခု၊သံခေါက်ကုတင်(၁)လုံး၊ စွမ်းအားတံဆိပ်ပါ 10 KV မီးအားမြှင့်စက်(၁)လုံးတို့ ပျောက်ဆုံးခဲ့တယ်လို့ အိမ်ရှင်က ပြောပါတယ်။ မီးဖိုခန်းအတွင်းမှာ ရှိတဲ့…
Read MoreDay: October 25, 2026
အခန်း (၂၅၁)
ဆူးငှက် အမူးပြေတော့ ထန်းပင်မော့ကြည့်ကြသူများ ———————————————— အနုပညာပုံရိပ်ပွဲတော် ပြီးသည့်နောက် ထိုပွဲမှ အတွေ့အကြုံများနှင့် ဆန္ဒများက ပူနွေးနေဆဲဖြစ်သည်။ မင်္ဂလာဆောင် အခမ်းအနားရှိလို့ အိုရီယမ်တယ်ဟောက်စ်သို့ ရောက်တိုင်း အစ်မကြီးဒေါ်ခင်စောဦးနှင့် တွေ့သောအခါ ထိုအကြောင်းတွေ ပြန်လှန်ကာ တသသ ပြောဖြစ်ကြသည်။ ဒေါ်ခင်စောဦးက မိဘဘိုးဘွားသွေးပါတော့ မန္တလေးနှင့် မန္တလေး အနုပညာ ချစ်စိတ်က ခိုင်မာလှသည်။ ထို့ပြင် ဟိတ်ဟန်မရှိခြင်းနှင့် တတ်နိုင်သည့်ဘက်က ရိုးသားစွာ ကူညီဆောင်ရွက်ခြင်းက ပိုသေးသည်။ တခြားမကြည့်ပါနှင့် အနုပညာပုံရိပ်ပွဲတော်ကို အမျိုးသားဇာတ်ရုံတွင် ဇာတ်တိုက်နေစဉ်က ၂၆ဘီလမ်း ပေါ်တွင် အသစ်ဖွင့်လှစ်သည့် မြန်မာထမင်းဆိုင်တစ်ဆိုင်က ကျွန်တော်တို့ ကော်မတီ ၅ဦးခန့်ကို ဖိတ်ကြားပြိး ထမင်းကျွေးသည်။ ထမင်းကျွေးပြီး ဆိုင်ရှင်ဖြစ်သူတောင်းဆိုတာက ပွဲရက်တွင် သူ့ဆိုင်ကြော်ငြာဗီနိုင်းကို ဇာတ်စင်၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲပေးရမည်တဲ့။ သြော် သည်အခွင့်အရေးအတွက် ကော်မတီ၅ယောက်ကို ထမင်းကျွေး…
Read Moreဗန်းမော်မြို့နယ် တာပိန်တံတား အနီး လေကြောင်း ဗုံး ထပ်ကြဲခံရပြီး လူထိခိုက်မှုရှိကာ အစိုးရတပ်က စစ်ကြောင်းဆက်ထိုး
အောက်တိုဘာ ၂၅၊ ၂၀၂၆ Shy V (VOM) ဗန်းမော်မြို့နယ် တာပိန်တံတားအနီး အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက လေကြောင်း ဗုံးထပ်ကြဲခံရပြီး လူထိခိုက်မှုရှိကာ အစိုးရတပ်က စစ်ကြောင်းဆက်ထိုးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ အရင်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ လေကြောင်းဗုံးထိမှန်တဲ့ တာပိန် တံတားအနီး မနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က လေကြောင်း ထပ်မံ ဗုံးကြဲလို့ လူသုံးယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိကြောင်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “ဆိုင်ကယ်နဲ့ ဖြတ်လာတာ အမျိုးသမီး နှစ်ယောက် လေယာဉ် ဗုံးစ ထိမှန် သေဆုံးသွားတာ။ လမ်းကောင်းတော့ ဆိုင်ကယ် အရှိန်နဲ့ လေတိုးသံနဲ့ လေယာဉ်သံ မကြားလိုက်ဘူးနေမှာ။ အဲဒီ နှစ်ယောက်က နယ်ခံမဟုတ်ဘူး။ ရွှေကူနယ်ဘက်က ခရီးသွား ဧည့်သည်လို့ သိရတယ်”…
Read Moreအပူဒဏ်ကြောင့် လဲကျသေဆုံးသူ ၁၂ ယောက်ဝန်းကျင်အထိ ရှိလာ
အောက်တိုဘာ ၂၅ – ၂၀၂၆ SN (VOM) ဒေသတချို့မှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၄ ရက်အထိ အပူဒဏ်ကြောင့် ရုတ်တရက် လဲကျသေဆုံးသူ ၁၂ ယောက်ဝန်းကျင်အထိ ရှိလာတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ မွန်ပြည်နယ်မှာ သေဆုံးသူ အများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်မှာ လေးယောက်၊ မော်လမြိုင်မြို့နယ်မှာ သုံးယောက်၊ မုဒုံမြို့နယ်မှာ တယောက်၊ သထုံမြို့နယ်မှာ တယောက်၊ စုစုပေါင်း ကိုးယောက် ရှိနေပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက သန်လျင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်တွေမှာလည်း အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်သေဆုံးသူ သုံးယောက်ရှိပြီး မရမ်းကုန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နဲ့ ပဲခူးတိုင်း တောင်ငူမြို့နယ်တွေမှာလည်း လေဖြတ်သူ တယောက်၊ သတိလစ်လဲကျသူ နှစ်ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ အပူဒဏ်ကြောင့် သေဆုံးသူ၊ သတိလစ်၊ လေဖြတ်သူတွေထဲမှာ သက်ကြီးပိုင်းတွေအပြင် သက်လတ်ပိုင်း…
Read Moreပုဂ္ဂလိကကျောင်းတွေကို ကန်ထရိုက်နဲ့ လုံးချင်းတိုက်တွေမှာ ဖွင့်ခွင့်မပြုတာ အပါအဝင် ညွှန်ကြားချက် ၄၄ ချက် ထွက်ရှိ
အောက်တိုဘာ ၂၄ – ၂၀၂၆ SS (VOM) ပုဂ္ဂလိကကျောင်းတွေအတွက် ညွှန်ကြားချက် ၄၄ ချက် ထွက်ရှိထားပြီး ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်တွေမှာ ဖွင့်လှစ်ခွင့်မပြုတာအပြင် အစိုးရကျောင်းအချင်းချင်း၊ ကိုယ်ပိုင်ကျောင်းအချင်းချင်း အနည်းဆုံး ကိုက် ၁၀၀၀ ကွာဝေးရမယ်လို့ ကန့်သတ်ထားကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။ ညွှန်ကြားချက်အသစ်အရ ပုဂ္ဂလိကကျောင်းတွေရဲ့ စာသင်ခန်း အကျယ်အဝန်းဟာလည်း သတ်မှတ်ချက်နဲ့အညီ ရှိရမှာဖြစ်ပြီး ကစားကွင်း၊ သိပ္ပံခန်းတွေလည်း သတ်မှတ်အကျယ်အဝန်းအတိုင်း မဖြစ်မနေ ပါဝင်ရမယ်လို့ သိရပါတယ်။ အဲဒီ ညွှန်ကြားချက်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေကတဆင့် ကျောင်းတွေထံ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက တရားဝင် အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ထားသူ တယောက်က “အစိုးရကျောင်းနဲ့ရော၊ ကိုယ်ပိုင်ကျောင်းအချင်းချင်းပါ ကိုက် ၁၀၀၀ ဝေးရမယ်ဆိုတဲ့ အချက်က လက်တွေ့မြေပြင်နဲ့ အရမ်းကွာဟနေတယ်။ လူဦးရေထူထပ်တဲ့ မြို့နယ်တွေမှာ…
Read Moreအမေရိကန်ဒေါ်လာ သန်း၄၀ကျော် နစ်နာဆုံးရှုံးနေတဲ့ ကွန်ဒို စီမံကိန်းကိစ္စ အစိုးရက ကြားဝင် ဖြေရှင်းပေးဖို့ ဝယ်ယူသူတွေ တောင်းဆို
ရန်ကုန်- အောက်တိုဘာ ၂၄ EP( VOM) ရန်ကုန်မှာ ဆောက်လုပ်မယ့် The Centralနဲ့ The Park ကွန်ဒိုတွေကိစ္စ Marga landmark ကုမ္ပဏီဘက်က တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိတာကြောင့် အမေရိကန် ဒေါ်လာ သန်း၄၀ကျော် နစ်နာထားတဲ့ ကွန်ဒို တိုက်ခန်း ဝယ်ယူသူတွေကက အစိုးရအဖွဲ့အနေနဲ့ ကြားဝင် ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ကုမ္ပဏီဘက်က စီမံကိန်းဟာ ရပ်တန့်ထားခြင်း မရှိဘဲ ဆက်လက်လုပ်ဆောင်သွားမယ် ၊ သိချင်တဲ့ အကြောင်းအရာတွေကို ကုမ္ပဏီကို ဆက်သွယ်လို ရကြောင်း ပြောထားပေမယ့် ဝယ်ယူသူတွေက အကြိမ် ကြိမ် ဆက်သွယ်ခဲ့ပေမယ်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ကွန်ဒိုတိုက်ခန်းတွေဟာ အမေရိကန်ဒေါ်လာနဲ့ ပေးချေရပြီး ဝယ်ယူသူ ၁၇၄ ယောက်ရဲ့ စာရင်းအရ အမေရိကန်ဒေါ်လာ သန်း၄၀ခန့် နစ်နာနေခြင်း ဖြစ်တယ်လို့…
Read Moreသူတို့အိမ် အခန်း (၂၅၀)
ဆူးငှက် အခုထိ ဒုက္ခမငြိမ်းသေးပါလား —————————— ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်လေး၏ တောင်ဘက် ကန်ကောက်ရပ်ကွက်မှာ လူနေအိမ်အချို့ကို ဖျက်သိမ်းသည့် သတင်းက ဂျာနယ်များတွင် ပါလာခဲ့သည်။ ထိုဂျာနယ်ကို ဦးတက်တိုးက ဖတ်ရသောအခါ အတော်စိုးရိမ်ပူပန်သွား၏ ထို့ကြောင့် ထိုဂျာနယ်တိုက်ကတဆင့် ကျွန်တော့် ဖုန်းနံပတ်ကို တောင်းသတဲ့။ ဂျာနယ်တိုက်က မန္တလေးရှိ ထွန်းဦးစာပေကို မေးပေးသတဲ့။ ထွန်းဦးစာပေက ဖုန်းနံပတ်ရလို့ ကျွန်တော့်ကို ချက်ချင်း ဆက်လိုက်တာပါဟု ဦးတက်တိုးက ပြောသည်။ သူက ကျွန်တော်တို့ ရပ်ကွက်မှတ်လို့ “ ဒီကောင်လေးလည်း အခုထိ ဒုက္ခမငြိမ်းသေးပါလား၊ ငါလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ” ဟု စိုးရိမ်တကြီးဖြစ်ကာ ဖုန်းနံပတ်ကို မရမကပြန်ရှာပြီး ကျွန်တော့်ထံ အကျိုးအကြောင်း မေးမြန်းသည်ဟု ဦးတက်တိုးက ပြောသည်။ ကျွန်တော်က ကျွန်တော်တို့…
Read Moreနိုင်ငံခြားဖြစ် ဆေးဝါးတွေ ပြတ်လပ်ပြီး ဈေးနှုန်း အဆမတန်မြင့်တက်လို့ အခက်ကြုံ
အောက်တိုဘာ ၂၄ – ၂၀၂၆ SN (VOM) လက်ရှိ ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း နိုင်ငံခြားဖြစ် အခြေခံဆေးဝါးတွေနဲ့ နာတာရှည်ရောဂါသုံး ဆေးဝါးတွေ ပြတ်လပ်မှုနဲ့အတူ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။ အခု အောက်တိုဘာလ တတိယပတ်မှစတင်ကာ ရန်ကုန် အပါအဝင် မြို့ကြီးတွေရှိ ဆေးဆိုင်တွေမှာ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါသုံး အရေးကြီး ဆေးဝါးတချို့ကို လိုသလောက် ဝယ်ယူလို့မရတော့ဘဲ တချို့ ဆေးဆိုင်ကြီးတွေမှာ ဆရာဝန်ဆေးညွှန်းစာ ပါမှသာ အကန့်အသတ်နဲ့ ရောင်းချပေးနေရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။ “အရင်က ဆီးချိုဆေးဆို တခါဝယ်ရင် သုံးလစာ ဝယ်နေကျ။ အခု ဆိုင်ကြီးတွေမှာ သွားဝယ်တော့ တပတ်စာ၊ ဒါမှမဟုတ် ဆယ်ရက်စာပဲ ရောင်းပေးတော့တယ်။ ဆေးက အဝင်မရှိလို့ ခွဲရောင်းပေးနေရတာဆိုပြီး ဆိုင်ကပြောတယ်” လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့…
Read Moreတရုတ်နိုင်ငံကို ထောပတ်သီးတင်ပို့မယ့်အစီအစဥ် နောက်ဆုံးအဆင့် ရောက်ရှိနေ
ရန်ကုန်- အောက်တိုဘာ ၂၃ EP (VOM) ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထွက်ရှိနေတဲ့ မြန်မာ ထောပတ်သီးကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့ အစိုးရ အချင်းချင်း ဆောင်ရွက်နေတာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင်ထွန်းက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ စည်းမျဉ်းအရ တရုတ်နိုင်ငံကို တင်ပို့မယ့် ပို့ကုန်တွေဟာ တရုတ်အကောက်ခွန် အာဏာပိုင် အဖွဲ့ GACCတို့ရဲ့ လမ်းညွှန်းချက်တွေ အပြည့်အဝ လိုက်နာရမှာ ဖြစ်ပါတယ်။ ” ပိုးမွှား စမ်းသပ်ခြင်းကို ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အတော်လေး ခရီးရောက်နေပြီ ဖြစ်ပါတယ်။ အစိုးရ အချင်းချင်း လက်မှတ်ရေးထိုးဖို့ second draft လောက်ကို ကျွန်တော်တို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ တရုတ်ကို…
Read Moreသစ်သီးဝလံနဲ့ စိုက်ပျိုးရေးထွက် သီးနှံက ပို့ကုန်ဝင်ငွေ သန်းတရာ နီးပါး လျော့ကျနေ
ရန်ကုန်-အောက်တိုဘာ၂၄ EP(VOM) မြန်မာနိုင်ငံ မှ ထွက်ရှိတဲ့ သစ်သီးဝလံနဲ့ စိုက်ပျိုးရေးက ထွက်ရှိတဲ့ သီးနှံတွေရဲ့ ပို့ကုန် တင်ပို့မှုဟာ ကိုဗစ်နဲ့ နိုင်ငံရေး အပြောင်းလဲဖြစ်ပြီးနောက် အမေရိကန် ဒေါ်လာသန်း တရာခန့် လျော့နည်းလာခဲ့တယ်လို့ စိုက်ပျိုးပို့ကုန် စာရင်းဇယားတွေအရ သိရှိရပါတယ်။ ကိုဗစ်မဖြစ်ခင်က သစ်သီးဝလံနဲ့ စိုက်ပျိုးရေးက ထွက်ရှိတဲ့ သီးနှံတင်ပို့မှုဟာ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့် နှစ်စဉ် ရှာပေးနိုင်တဲ့ ကဏ္ဍကြီး ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက် တင်ပို့မှုတွေ လျော့ကျခဲ့ပြီး နိုင်ငံရေး အပြောင်းလဲဖြစ်ပြီးနောက် ပို့ကုန် ဝင်ငွေဟာ သိသိသာသာ လျော့ကျခဲ့ပါတယ်။ ” ကိုဗစ်မဖြစ်ခင်မှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀လောက် ရှာပေးနိုင်ခဲ့တယ်။ ကိုဗစ်ဖြစ်လိုက်တယ် လျော့သွားတယ်။ ပမာဏတော့ မပြောချင်ဘူး။သစ်ဝလံတွေဟာ နယ်စပ်ကို မှီခိုရတာ။ ၉၀ရာခိုင်နှုန်း ကျော်က နယ်စပ်ကနေသွားတာ။ အခုက…
Read More