ဇွန် ၂၂၊ ၂၀၂၆ Shy V (VOM) ကံပိုင်တည်လမ်းနဲ့ ဖားကန့်လမ်းမှာ ဒီနေ့ ဇွန်လ၂၂ ရက်နေ့ မနက်ပိုင်း မြေပြိုပြီး လမ်းပိတ်ကာ ဖားကန့် အေးသာယာရပ်ကွက်ထဲလည်း မြေပြို အိမ်ပိပြီး လူတယောက်ပျောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆဒုံး – ကန်ပိုင်တည်လမ်း မြေပြိုတယိ။ လုကြည်နားမှာ ေမြပြိုပြ လမ်းပိတ်နေတယ်။ နည်းည်းလေး မဟုတ်ဘူး။ အများကြီးပဲ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နည်းနည်းပဲ ပြိုတာမဟုတ်ပဲ တကြောလုံးပြိုကျသွားတာကြောင့် လမ်းပြန်ပွင့်ဖို့ တပတ်၊ ၁၀ ရက်လောက်တောင် ကြာနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲ နေအိမ်တလုံးပေါ် အိမ်အနောက်ဘက်ကနေ မြေပြိုပိမိသွားရာက နေအိမ်အတွင်း တေယာက်ထဲ တည်းနေထိုင်တဲ့…
Read MoreCategory: မိုးလေဝသ
မိုးကောင်းမှာ ရေကြီးလို့ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်ပြီး အကူအညီတွေလိုအပ်နေ
ဇွန် ၂၁ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးသင့်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေက စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက် နဲ့ အလယ်ရပ်ကွက်ရှိ နေအိမ်တွေမှာ ရေကြီးရေလျှံ မှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီရပ်ကွက်တွေထဲက ရွှေ့ပြောင်းလိုတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးစခန်း ၁၀ ခုဝန်းကျင်လောက် ဖွင့်လှစ်ပြီး ကူညီ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ် ။ ” ရွှေ့ပြောင်းလိုတဲ့သူတွေကို သူတို့သွားချင်တဲ့နေရာကို ကူညီပြောင်းပေးတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်းရှိတော့ အဲဒီလည်း ပို့ပေးတာရှိတယ်။ ရပ်ပွက်တွေထဲ မရွှေ့မပြောင်းဘဲ နေသူတွေလည်းရှိနေသေးတယ်။ အခုရေဝင်တာကတော့ အနိမ့်ပိုင်းရပ်ကွက်တွေပေါ့ ။ချောင်းရေလျှံတော့ ရေတက်တာ ။ တချို့နေရာတွေက ရင်ခေါင်းလောက်…
Read Moreမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေ
ဇွန် ၂၁ – ၂၀၂၆ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံတက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းဖြစ်တဲ့ ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ဝိုင်း၊ နမ့်မှော်၊ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်၊ အေးမြသာယာ အစရှိတဲ့ ရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေသလို ဖားကန့် မနက်ဈေး (စည်ပင်သာယာဈေး) မှာလည်း ဈေးရှေ့ကလမ်းတွေ ရေလွှမ်းနေပြီး ဈေးဆိုင်ခန်းတွေအတွင်းကိုပါ ရေဝင်ရောက်နေတဲ့အတွက် ဈေးကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ “မနေ့က တရက်လုံး မိုးရွာလိုက်တာ၊ ဒီနေ့ မနက် ၄ နာရီလောက်လည်းကျရော ရေတွေတဖြည်းဖြည်း များလာတာ၊ ရေတက်နှုန်းလည်း မြန်တယ်။ ဒီနေ့မနက် ၃ နာရီကျော်ကနေ ၅ နာရီအထိ ရွာတဲ့မိုးက ရေအရမ်းပါတာ။…
Read Moreနန့်ယင်းနဲ့ နန့်ကောင်းချောင်းရေ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ကျော်လွန်နေ
ဇွန် ၂၀ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေတွေဟာ လက်ရှိမှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနေပြီဖြစ်တာကြောင့် ချောင်းကမ်းအနီး၊ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ကြိုတင် သတိပြုကြဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “လက်ရှိက အဲဒီမြို့မှာ မိုးများနေလို့ စိုးရိမ်ရေမှတ် ကျော်သွားတာပါ။ ချောင်းအနီး နေထိုင်တဲ့သူတွေအနေနဲ့ ရုတ်တရက် ရေမြင့်တက်လာနိုင်တဲ့ အခြေအနေတွေကို သတိထားဖို့တယ်။ ရေလွတ်တဲ့နေရာ၊ အမြင့်ပိုင်းတွေကို ခေတ္တ ရှောင်ရှားကြစေချင်တယ်။ ဒါပေမယ့် ဒီချောင်းတွေကတော့ နှစ်စဉ်လည်း ဖြစ်နေကျ။ ရေတက်ရင်လည်း အကြာကြီးမဖြစ်ဘူး။ အထက်ပိုင်းမှာ ရေတက်တာဖြစ်တဲ့အတွက် ခဏပဲ။ တရက်၊ နှစ်ရက် ရေတက်ပြီးသွားရင် ပြန်ကျသွားတတ်တဲ့ အနေအထားမျိုးတော့ ရှိတယ်။ တက်လိုက်၊ ကျလိုက် ဖြစ်နေတတ်ပါတယ်” လို့…
Read Moreရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေ ပေ ၂၀ ကျော်အထိ မြင့်တက်နိုင်
ဇွန် ၁၁ – ၂၀၂၆ SS (VOM) လာမယ့် ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းထက် အမြင့်ပေ ၂၀ ဒသမ ၀၁ ခန့်မှ ၂၀ ဒသမ ၀၄ ခန့်အထိ သာမန်ထက် ထူးကဲဒီရေ အမြင့်ပေ တက်လာဖို့ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် မြစ်နားကမ်းနား နေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ဖို့ အခုလို သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အခြေခံရေစစ်မျဉ်းအထက် ၂၂ ပေခန့်အထိ တက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တာကြောင့် အခုအခြေအနေမှာ စိုးရိမ်ဖွယ်မရှိဘူးလို့လည်း အသိပေးထားပါတယ်။ ထူးကဲဒီရေတက်ချိန်မှာ ရေစီးအလွန်ကြမ်းတမ်းတတ်တာကြောင့် ဒလ – ရန်ကုန် ကူးတို့အပါအဝင်…
Read Moreပဲခူးမြစ်ရေမြင့်တက်မှု မိုးရွာသွန်းမှု အခြေအနေပေါ်မူတည်ပြီး သတိပြုဖို့လို
ဇွန် ၈ – ၂၀၂၆ SN (VOM) ပဲခူးမြစ်ရေမြင့်တက်မှုနဲ့ ပတ်သက်လို့ လက်ရှိအနေအထားအရ စိုးရိမ်စရာ မရှိသေးပေမယ့် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းမှု များပြားလာရင်တော့ သတိပြုရမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဇွန် ၈ ရက်၊ မနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၀၀ စင်တီမီတာအောက်၊ ၂၅၅ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၉ စင်တီမီတာ ပြန်လည် ကျဆင်းလျက်ရှိကာ ပဲခူးမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအောက်၊ ၅၉၄ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၁၂ စင်တီမီတာ ပြန်လည် ကျဆင်းနေတယ်လို့ သိရပါတယ်။ “မနေ့ကတော့…
Read Moreရှမ်းပြည် (တောင်ပိုင်း) မြို့နယ်တချို့မှာ ရေကြီးနေ
ဇွန် ၇ – ၂၀၂၆ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) က ဖယ်ခုံ၊ လွိုင်လင်၊ တောင်ကြီး၊ ရွှေညောင် အစရှိတဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေညောင်မြို့မှာ မနေ့ ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်ခဲ့တာကြောင့် မြို့အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ တာယောချောင်း ရေလျှံလာတဲ့အတွက် ရေစီးဆင်းရာ ချောင်းအောက်ခြေရှိ တောင်လေးလုံးကျေးရွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “မိုးရွာနေတာ ငါးရက်လောက်ရှိပြီ။ မနေ့ကလည်း တနေကုန်ကို သည်းသည်းထန်ထန် ရွာတာ။ ညနေပိုင်းလည်းကျရော ရေတွေဝင်လာတယ်။ ရွှေညောင်မြို့ မြောက်ဘက်က ကျီးဖြူကန်ရော၊ တာယောချောင်းရော ရေလျှံသွားတာကိုး။ နိမ့်တဲ့နေရာတွေအကုန် ရေဝင်ကုန်တာ။ ရေစီးကလည်း သန်တယ်။ အိမ်မှာမွေးထားတဲ့…
Read Moreမုတ်သုံလေ အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတွေမှာ မိုးပိုလာနိုင်
ဇွန် ၃ – ၂၀၂၆ SN (VOM) မုတ်သုံလေ အားကောင်းလာတဲ့အတွက် အခု ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်း ဒေသတွေမှာ လက်ရှိအနေအထားထက် မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မိုးအရမ်းများမှာတော့ မဟုတ်ဘူး။ အခု ရွာနေတဲ့ အနေအထားထက်ကို မိုးပိုလာမှာ။ တအားကြီး၊ အများကြီးရွာမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ အဓိက ကတော့ မိုးဦးကာလ ရောက်လာပြီဆိုတော့ မိုးနည်းနည်းလေး များလာပြီ။ ဒါကြောင့် မြစ်ငယ်၊ ချောင်းငယ်တွေမှာ ရေတက်လာမယ့် အနေအထားမျိုးတွေ သတိပြုဖို့လိုတယ်။ ပြီးတော့ အလယ်ပိုင်းဒေသက ချောင်းခြောက်တွေဆိုရင်လည်း မိုးနည်းနည်းလောက် ရွာလိုက်တာနဲ့ တောင်ကျချောင်းရေ စီးဆင်းတတ်တာမျိုးတွေ ရှိနိုင်တယ်။ ဒါမျိုးတွေလည်း သတိပြုဖို့လိုတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။…
Read Moreမြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်
မေ ၂၉ – ၂၀၂၆ SN (VOM) လာမယ့် ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံဆက်လက် ဝင်ရောက်နိုင်ခြေ ရှိနေတဲ့အတွက် မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ လာမယ့် ဇွန်လဆန်းမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဆက်လက် ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မုတ်သုံဝင်လာပြီဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း အခုထက်ပိုပြီး မိုးရွာလာမယ့် အနေအထားမျိုးတွေရှိတယ်။ အဲဒါကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ပြီးခဲ့တဲ့ နွေရာသီကာလ ရေနည်းနေတဲ့ အနေအထားကနေ ရေပြန်လည် မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်…
Read Moreမိုးရွာသွန်းမှုကြောင့် မန္တလေးမှာ ရွှေတချောင်းဘောင်ကျိုးခဲ့သလို ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့
မန္တလေး၊ မေ- ၂၃- ၂၀၂၆ Voice Of Myanmar မန္တလေးမှာ မနေ့ မေလ ၂၂ ရက်နေ့ ညပိုင်းကရွာသွန်းခဲ့တဲ့မိုးကြောင့် မဟာအောင်မြေမြို့နယ် ၃၆ လမ်း ၈၆ လမ်းဒေါင့်တွင် ရွှေတချောင်းဘောင်ကျိုးမှုဖြစ်ပေါ်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှုဖြသ်ပေါ်ခဲ့သလို သီရိမာလာအရှေ့ရပ်ကွက်အတွင်းက လမ်းမတွေပေါ်နဲ့ ရပ်ကွက်ရုံး၊ မီးသတ်ရုံး၊ လူနေအိမ်တွေထဲကို ရေဝင်ရောက်မှုရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – မဏိစလ/ သီရိမာလာအရှေ့
Read More