လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်​တွေကို လိုင်စင်ထုတ်​ပေးဖို့ မရှိ

နေပြည်တော်၊ ဇွန် – ၂၂ – ၂၀၂၆
KKL(VOM)
မြန်မာနိုင်ငံ အတွင်းကို အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံ တွေကနေ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နေတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင် ကယ်တွေကို မဟန့်တားနိုင်လို့ နိုင်ငံအနှံ့အပြားက ဆိုင်တွေမှာရောင်းဝယ်နေမှုတွေကို ထိရောက်တဲ့ ဥပဒေနဲ့ အရေးယူဖို့လိုတဲ့အပြင် ဆိုင်ကယ်နဲ့ပတ်သက်တဲ့ မူဝါဒတွေကို နိုင်ငံတော်ကနေ ဖြေလျှော့ပေးဖို့ သံတောင်ကြီး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဟေသားကြီးက တောင်းဆိုခဲ့တာမှာ ပို့​ဆောင်ဆက်သွယ်​ရေး ဒုဝန်ကြီးက လိုင်စင်ထုတ်​ပေးဖို့ မရှိ​ကြောင်း ​ဖြေခဲ့ပါတယ်။
ဒီလို လိုင်စင်မဲ့မော်တော်ယာဥ်တွေကို မှတ်ပုံတင်ပေးမယ်ဆိုရင်၁ တရားမဝင်ကုန်စည်စီးဆင်းမှု အားပေးရာရောက်မယ်၊ ၂ တရားမဝင်လမ်းကြောင်းကလာလို့ စျေးနှုန်းသက်သာပြီးအရည်အသွေးပြည့်ဝမှုမရှိ၊ ၃ တရားဝင်ကုမ္ပဏီတွေက တာဝန်ခံမှု ပါရှိတဲ့အတွက်၊ ၄ တရားဝင်အခွန်ဆောင်ထားတဲ့သူတွေ နစ်နာမှာနဲ့၊ ၅ SATနဲ့ထုပ်လုပ်သူတွေက အရင်းအနှီးများများသုံးထားလို့ နစ်နာမှာဖြစ်လို့ မှတ်ပုံတင်ခွင့်မပြုသင့်ဘူးလို့ ပို့ဆောင်ရေး ဒုဝန်ကြီး ဦးအောင်မြိုင် က ​ဖြေပါတယ်။
လိုင်စင်မဲ့ဆိုင်ကယ်တွေကို ရောင်းတဲ့ချနေတဲ့ဆိုင်တွေနဲ့ ပတ် သက်လို့ ပို့ကုန်သွင်းကုန် ဥပဒေ နဲ့လည်း အရေးယူလို့ရသလို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာက ထုတ်ပြန်ထားတဲ့ မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ ၂၀၂၀ နဲ့လည်း အရေးယူလို့ရတယ်လို့ ပို့ဆောင်ရေး ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီကနေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့မှာ ကိုယ်စားလှယ်နှစ်ယောက်က အဓိက မေးမြန်းခဲ့တာကတော့ အခြေခံလူတန်းစားတွေ လိုင်စင်မဲ့ စီးနင်းလုပ်ကိုင်နေကြရတဲ့အပေါ် အခွန်ပေးသွင်းပြီး တရားဝင်လိုင်စင် ထုတ်ပေးဖို့နဲ့ ဘယ်အချိန်မှာလုပ်ပေးနိုင်မလဲ၊ မလုပ်ပေးနိုင်ရင် ဘာ့ကြောင့် ဆိုတာကို သိလိုကြတဲ့မေး ခွန်းတွေကို မေးခဲ့ကြတာဖြစ်ပြီး ဆက်စပ်မေးမြန်းမှုမှာတော့ အခု မြန်မာနိုင်ငံထဲကို ရောက်ရှိနေတဲ့ တရားမဝင်တဲ့ဆိုင်ကယ်တွေကိုဘယ်လို ဆက်ပြီးဆောင်ရွက်မလဲဆိုတာနဲ့ တရားမဝင် မရောက်ရှိအောင် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကို မေးမြန်းခဲ့ကြပါတယ်။
မင်းလှ မဲဆန္ဒနယ် က ဦးရဲထွဋ်အောင်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေနဲ့ အခြေခံလက်လုပ်လက်စား လူတန်းစားအား လုံး တောင့်တနေတဲ့ လုပ်ငန်းစဥ်တစ်ခု ဖြစ်တယ်ဆိုပြီး ထည့်သွင်းပြောဆို တောင်းဆိုခဲ့ပါတယ်။
” တရားမဝင်တင်သွင်းတာ မသွင်းတာထက် လိုင်စင်ရှိတဲ့ ဆိုင်ကယ်ရော လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေရော အများစုက ဆိုင်ကယ် အရောင်းပြခန်းဖွင့်ထားတဲ့ဆီမှာ အများဆုံးရှိတယ်၊ ဒီလိုဆိုင်တွေကစပြီး ပိုက်စိပ်တိုက်အရေးယူရင် ဒါတွေလျော့ကျသွားမှာပါ၊ နယ်စပ်မှာကလည်း ထိရောက်တဲ့ လုံခြုံရေးနဲ့ စစ်ဆေးမှု ကအားနည်းသလို လာဘ်ပေး လာဘ်ယူမှုတွေက အနည်းနဲ့အများရှိနေတာမို့ နိုင်ငံတော်အဆင့်အနေနဲ့ အကျင့်ပျက်ချစားမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုတယ်၊ နယ်စပ်ကဝင်မယ့် ကုန်ပစ္စည်းတွေကို တရားဝင်လား မဝင်လား အခွန်ဆောင်ပြီးသားလား မဆောင်ရသေးတာလား ထိထိရောက်ရောက် ဖမ်းဆီအရေးယူဖို့လိုပါတယ်” လို့ ပြည်သူတဦးကပြောပါတယ်။
တရားမဝင်မော်တော်ဆိုင်ကယ်များ ဆက်လက် မဝင်ရောက်ဖို့ဆိုရင် ဌာနပေါင်းစုံ ပေါင်းစပ်လုပ်ကိုင်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ပို့ဆောင်းရေး ဒုဝန်ကြီးက ဆိုခဲ့ပြီး မြန်မာနိုင်ငံထဲမှာ ဆိုင်ကယ်နဲ့ပတ်သက််ပြီး SAT စနစ်နဲ့တည်ဆောက်ခွင့်ပြုထားတဲ့ နိုင်ငံသားပိုင် ကုမ္ပဏီ ၃၉ ခု နိုင်ငံခြားသားပိုင် ကုမ္ပဏီ ၁၁ ခုရှိတယ်လို့ ပို့ဆောင်ရေး ဒုဝန်ကြီး ဦးအောင်မြိုင် က ဖြေကြားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW