မဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅သောင်းကျော်နဲ့ အထူးပြုပြင်ထားပြီးပြီမို့ ပြန်ဖွင့်ခွင့်ရရင် ဖူးမျှော်ခံရန်အသင့်ဖြစ်နေပြီ

မန္တလေး – နိုဝင်ဘာ-၂၄-၂၀၂၀ ရှိုင်းအောင် (VOM) NLD ပါတီအစိုးရတက်ပြီးတဲ့နောက် မန္တလေးက မဟာမုနိဘုရားကြီး ဘဏ္ဍာတော်ထိမ်းဂေါပကအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အဲလိုပြင်ဆင်ဖွဲ့စည်းပြီးနောက်မှာ ဂေါပကအဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေးတွေ အင်တိုက်အားတိုက်လုပ်ခဲ့ပြီး ခုကိုဗစ်ကာလ ၈ လကျော်ပိတ်ထားချိန်မှာ အကြီးစားပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဂေါပကအသစ်တက်ပြီးနောက် ဘက်စုံပြင်ဆင်စရိတ်ဟာ သိန်း ၅သောင်းကျော်အသုံးပြုထားတယ်လို့သိပါတယ်။ ဒီအခြေအနေတွေအပါအဝင် မဟာမုနိဘုရားကြီးရဲ့ လက်ရှိ ပြုပြင်ထားတဲ့အနေအထားနဲ့ ဘဏ္ဍာရေးအခြေအနေတွေသိနိုင်ဖို့ မဟာမုနိဘုရားကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းကို တွေ့ဆုံမေးမြန်းပြီး VOM သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar #VOM #မဟာမုနိဘုရားကြီး #မန္တလေး zawgy မဟာမုနိဘုရားႀကီး ဘက္စုံဖြံ႕ၿဖိဳးေရးအတြက္ က်ပ္သိန္း ၅ေသာင္းေက်ာ္နဲ႔ အထူးျပဳျပင္ထားၿပီးၿပီမို႔ ျပန္ဖြင့္ခြင့္ရရင္ ဖူးေမွ်ာ္ခံရန္အသင့္ျဖစ္ေနၿပီ မႏၲေလး – ႏိုဝင္ဘာ-၂၄-၂၀၂၀ ရႈိင္းေအာင္ (VOM) NLD ပါတီအစိုးရတက္ၿပီးတဲ့ေနာက္ မႏၲေလးက မဟာမုနိဘုရားႀကီး ဘ႑ာေတာ္ထိမ္းေဂါပကအဖြဲ႕ကို…

Read More
VOM News

FREE
VIEW