လော့စ်အိန်ဂျလိစ်၊ ဇွန်-၁၁-၂၀၂၅ ရတီ(VOM) အထောက်အထားမဲ့တွေကို စီးနင်းဖမ်းဆီးမှုအပေါ် ဆန္ဒပြပွဲတွေအတွင်း လုယက်မှုနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ အစိတ်အပိုင်းတွေကို မြို့တော်ဝန် ကာရန်ဘက်စ်က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မြို့လယ်မှာ မတော်တဆ သို့မဟုတ် တမင်တကာ အမိန့်ဖီဆန်မှုတွေရှိနေပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆန်က သမ္မတထရန့်ကို ပြစ်တင်ဝေဖန်ထားပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းရေးနဲ့ အများပြည်သူတည်ငြိမ်ရေးတို့ကို တိုက်ခိုက်နေတယ်လို့ ပြစ်တင်ပြောဆိုထားပြီး အမျိုးသားအစောင့်တပ် ၂၀၀၀ စေလွှတ်ပြီးနောက်မှာ နောက်ထပ် ၂၀၀၀ နဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုပါ စေလွှတ်ထားပါတယ်။ မြို့တော်ဝန် ကာရန်ဘက်စ်ကတော့ သမ္မတထရန့်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ စီးနင်းဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းထားပြီး ရွေ့ပြောင်းနေထိုင်သူတွေဟာ ဒေသစီးပွားရေးအတွက်…
Read MoreCategory: ကမ္ဘာ့သတင်း
ဒီမိုကရက်တစ်တွေကို ငွေကြေးထောက်ပံ့ရင် အကျိုးဆက်မကောင်းဘူးလို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့် သတိပေး
ဝါရှင်တန်၊ ဇွန်-၉-၂၀၂၅ မျိုးဆက်(VOM) လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းတွေကို ငွေကြေးထောက်ပံ့မယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။ အခွန်ဖြတ်တောက်ခြင်းအပါအဝင် ရီပတ်ဘလီကန်ဦးဆောင်တဲ့ အသုံးစရိတ် ဥပဒေကြမ်းအပေါ် ဝေဖန်မှုကြောင့် ထရန့်နဲ့ အီလွန်မာ့ခ်တို့အကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။ အီလွန်မာ့ခ်ဟာ အမေရိကန်အစိုးရဌာနများ စွမ်းဆောင်ရည်ဌာနကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရာထူးနေနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အီလွန်မာ့ခ်နဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့လည်း ထရန့်ကပြောပါတယ်။ အီလွန်မာ့ခ်ဟာ သမ္မတရုံးကို မလေးမစားလုပ်တယ်လို့လည်း သူကဆိုပါတယ်။ ထရန့်ဟာ အီလွန်မာ့ခ်ဆီက ဝယ်ထားတဲ့ တက်စ်လာကားကိုတောင် ပြန်ရောင်းဖို့ စဉ်းစားနေတယ်လို့ အစိုးရအရာရှိအချို့က ပြောပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ ဒေါ်နယ်ထရန့်နဲ့ ရီပတ်ဘလီကန်တွေကို ဒေါ်လာသန်းရာနဲ့ချီအကုန်ခံကာ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။ သူမပါရင် ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ မနိုင်ဘူးလို့ အီလွန်မာ့ခ်က ဆိုထားပြီး ထရန့်က ကျေးဇူးကန်းတယ်လို့ ပြောပါတယ်။…
Read Moreဂျပန်ရေပိုင်နက်ထဲကို တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု ပထမဆုံးအကြိမ် ဝင်ရောက်
တိုကျို၊ ဇွန်-၉-၂၀၂၅ ရတီ(VOM) ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်ထဲကို တိုက်လေယာဉ်တွေပါဝင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ ယခုသီတင်းပတ်ကုန်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်လေယာဉ်တွေပါဝင်တဲ့ အဲဒီလေယာဉ်တင်သင်္ဘောအုပ်စုဟာ စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ ဝင်ရောက်ခုတ်မောင်းခဲ့တာဖြစ်ပြီး လေယာဉ်တင်သင်္ဘော လျောင်နင်း၊ ဖျက်သင်္ဘောနှစ်စင်းနဲ့ အမြန်တိုက်ခိုက်ရေး ရေယာဉ်တစင်းတို့ ပါဝင်ပါတယ်။ ဂျပန်အရှေ့ဖျားပိုင်း မီတာမီတိုရီကျွန်းရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာ ဇွန် ၇ ရက်က ခုတ်မောင်းခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ဂျပန်အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်းသို့ တရုတ်လေယာဉ်တင်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းလည်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တရုတ်စစ်တပ်ဟာ ဒေသတွင်းစစ်ဆင်ရေးတွေမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သူကပြောပါတယ်။ ရေပိုင်နက်အတွင်း သင်္ဘောဝင်ရောက်မှုနဲ့ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်အစိုးရထံ သင့်တော်သော အကြောင်းကြား ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး…
Read Moreယူကရိန်းကို ခရုဇ်ဒုံးကျည်၊ ဒရုန်းရာပေါင်းများစွာနဲ့ ရုရှားတိုက်ခိုက်၊ ငါးယောက်သေပြီး ၈၀ ကျော်ဒဏ်ရာ
ကိဗ်ယက်၊ ဇွန်-၇-၂၀၂၅ မျိုးဆက်(VOM) ရုရှားလေတပ်စခန်းတွေကို ယူကရိန်းက အံ့အားသင့်ဖွယ်တိုက်ခိုက်မှုပြီးနောက် ရက်ပိုင်းအကြားမှာ ရုရှားဟာ ယူကရိန်းမြို့တော် ကိဗ်ယက်နဲ့ အခြားနေရာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားဟာ ခရုဇ်ဒုံးကျည်၊ ဒရုန်းရာပေါင်းများစွာနဲ့ ပစ်ခတ်ခဲ့ပြီး လူငါးယောက်သေဆုံးကာ ၈၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ မြို့တော်ကိဗ်ယက်၊ မြောက်ပိုင်းရှိ ချာနီဟစ်ဗ်မြို့အပြင် အနောက်မြောက်ဘက်ရှိ လပ်စ်၊ တာနိုပေလ်မြို့တို့ကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းအစိုးရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ရုရှားကပြောပါတယ်။ ရုရှားအစိတ်အပိုင်းတွေနဲ့ ကရိုင်းမီးယားဒေသမှာ ယူကရိန်းဒရုန်း ၁၇၄ စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဒေသအမျာအပြားမှာ မကြာသေးမီက ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွက် ပူတင်က လက်တုံ့ပြန်ဖို့ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြီးနောက်မှာ ဒီတိုက်ခိုက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။…
Read Moreမြောက်ကိုရီးယားမှာ အင်တာနက် ပြတ်တောက်နေ
ပြုံးယမ်း၊ ဇွန်-၇-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားမှာ ဒီကနေ့ ဇွန် ၇ ရက် မနက်ပိုင်းကစပြီး အင်တာနက် အကြီးအကျယ်ပြတ်တောက်မှု ကြုံနေရကြောင်း မြောက်ကိုရီးယားအင်တာနက်လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ ဗြိတိန်အခြေစိုက် သုတေသီတယောက်က ပြောပါတယ်။ ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုထက် စနစ်ချို့ယွင်းချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကသတင်းဝက်ဘ်ဆိုက်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ကြည့်ရှုလို့ မရတော့ကြောင်း ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ အင်တာနက်ဆက်သွယ်ရေးမှာ ကြီးကြီးမားမားပြတ်တောက်မှုတခု ဖြစ်ပေါ်နေပြီး တရုတ် သို့မဟုတ် ရုရှားက ဝင်ရောက်လာတဲ့ လမ်းကြောင်းအားလုံးကို ထိခိုက်နေတယ်လို့ မြောက်ကိုရီးယား အင်တာနက်စောင့်ကြည့်သူ ဗြိတိန်အခြေစိုက် သုတေသီ ဂျီနက်အလီက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အင်တာနက်အဆောက်အအုံတခုလုံဟာ အင်တာနက်လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တဲ့စနစ်တွေမှာ ပေါ်မလာတော့ဘူးလို့ သူကဆိုပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိလား မတော်တဆလားဆိုတာ ပြောရခက်ပေမယ့် သူ့စနစ်အတွင်းက ချို့ယွင်းတာဖြစ်နို်ငတယ်လို့ ပြောပါတယ်။…
Read Moreမြန်မာအပါအဝင် နိုင်ငံအများအပြားကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်
ဝါရှင်တန်၊ ဇွန်-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ကို အန္တရာယ်ရှိတဲ့ ပြည်ပနိုင်ငံသားတွေရန်က ကာကွယ်ဖို့ နိုင်ငံအများအပြားက နိုင်ငံသားတွေ လာရောက်ခွင့်ကို ပိတ်ပင်တားမြစ်တဲ့ အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီအမိန့်မှာတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံသားတွေ လာရောက်မှုကို အပြည့်အ၀ကန့်သတ်ထားပါတယ်။ အခြေား ခုနှစ်နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေ ဝင်ရောက်မှုကိုတော့ တစိတ်တပိုင်း ကန့်သတ်ထားမှာဖြစ်ပါတယ်။ ပြည်ဝင်ခွင့် အလုံးစုံပိတ်ပင်ခံရတဲ့နိုင်ငံတွေဟာ စိစစ်တာနဲ့ စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေမှာ ချို့ယွင်းချက်တွေရှိနေပြီး အမေရိကန်အတွက် အလွန်အန္တရာယ်မြင့်မားတာကို တွေ့ရှိရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ဟာ ဇွန် ၉ ရက် အရှေ့ပိုင်း…
Read Moreယူကရိန်းသမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပူတင်ပယ်ချ
မော်စကို၊ ဇွန်-၅-၂၀၂၅ ရတီ(VOM) အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းရဲ့ အဆိုပြုချက်တွေကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး အကြမ်းဖက်မှုကိုအားကိုးတဲ့ သူတွေနဲ့ ဘယ်သူမှ မညှိနှိုင်းဘူးလို့ ပြောပါတယ်။ တူရကီမှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့တဲ့ ပူတင်ရဲ့လက်ထောက် မက်ဒင်စကီးက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ပူတင်နဲ့ ဇီလန်စကီး ထိပ်သီးဆွေးနွေးအတွက် ပြင်ဆင်ရေး ရက် ၃၀ သို့မဟုတ် ရက် ၆၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တယ်လို့ ပြောပါတယ်။ မကြာသေးခင်ရက်အတွင်း ရုရှားအနောက်ခြမ်း ဘရန့်စ်နဲ့ ကာ့စ်ဒေသတွေမှာ တံတားတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခို်ကမှုဖြစ်တယ်လုပ ပူတင်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ယာယီလုပ်လိုက်ရင် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံလက်နက်တွေကို ပြင်ဆင်ဖို့နဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြင်ဆင်နိုင်ခြေရှိတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။…
Read Moreဂါဇာမှာ ခြွင်းချက်မရှိ အပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အမေရိကန် ဗီတိုအာဏာသုံးပြီး ပယ်ချ
ဂါဇာစီးတီး၊ ဇွန်-၅-၂၀၂၅ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ခြွင်းချက်မရှိ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။ ဂါဇာရှိ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့အချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီဝင် အခြားအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် သ့တမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ပြားစေပြီး ကုလသမဂ္ဂဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မထားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ကတော့ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ ဟားမတ်စ်တို့ကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်သံအမတ် ဒိုရိုသီရှီယာက ပြောပါတယ်။ လက်ရှိမှာတော့ ဂါဇာမှာ အကူအညီဖြန့်ဝေမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေပြီး လူနှစ်သန်းကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။…
Read Moreဂျပန်နိုင်ငံ ကလေးမွေးဖွားမှုနှုန်း ခုနှစ်သိန်းအောက်ကို ပထမဆုံးအကြိမ် ကျဆင်း
တိုကျို၊ ဇွန်-၄-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးမွေးဖွံားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ခုနှစ်သိန်းအောက်ကို ကျဆင်းသွားကြောင်း ဂျပန်အစိုးရက ဒီကနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုဦးရေ များပြားလာတဲ့ ဂျပန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကလေးငယ် ၆၈၆၀၆၁ ယောက်သာ မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၁၂၂၇ ယောက် လျော့နည်းခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားကာ ၁၈၉၉ ခုနှစ် မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အနိမ့်ပါးဆုံးဖြစ်ပါတယ်။ ဒါဟာနိုင်ငံအတွက် တိတ်တဆိတ်အရေးပေါ်အခြေအနေလို့ ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောဆိုထားပြီး ဒီအခြေအနေကို လိုက်လျောညီထွေဖြစ်မယ့် အလုပ်ချိန်နဲ့ မိသားစုအစီအမံမျိုးတွေ ချမှတ်မယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ နိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကပြီးရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအများဆုံး ဒုတိယမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတယောက်ကို မွေးဖွားမှုနှုန်း ၁ ဒဿမ…
Read Moreသံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ့် အစီအစဉ် ဒေါ်နယ်ထရန့် စတင်
ဝါရှင်တန်၊ ဇွန်-၄-၂၀၂၅ ရတီ(VOM) အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခို်ငနှုန်း ကောက်ခံမယ့် အမိန့်တရပ်ကို သမ္မတ ဒေါ်နယ်ထရန့်က ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုအခွန်ကောက်ခံမှုဟာ မော်တော်ယာဉ်တွေကနေ စည်သွပ်ဗူးတွေထိ သတ္တုသွင်းကုန်တွေအပေါ် မတ်လနောက်ပို်ငး ဒုတိယအကြိမ် အခွန်တိုးမြှင့်ကောက်ခံလိုက်တာပါ။ ဒီကနေ့မှာ စတင်သက်ဝင်မှာ ဒီအစီအမံဟာ အမေရိကန်သံမဏိလုပ်ငန်းရဲ့ အနာဂတ်ကို လုံခြုံစေဖို့ ရည်ရွယ်ကြောင်း ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလိုကာကွယ်မှုဟာ အမေရိကန်ပြင်ပရှိ သံမဏိထုတ်လုပ်သူတွေအပေါ် အနှောက်အယှက်ဖြစ်စေနိုင်ပြီး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေဆီကနေ လက်တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ကာ အမေရိကန်ဖောက်သည်တွေအတွက်လည်း ကုန်ကျစရိတ်များနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ အခွန်ကောက်ခံမှုကို တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ကုမ္ပဏီတွေကတော့ ဒါဟာ .ယာယီ သို့မဟုတ် စေ့စပ်ညှိနှိုင်းဖို့ အစီအမံများ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ထရန့်ရဲ့ အခွန်ကောက်ခံမှုမှာ ဗြိတိန်ကတော့ အခွန်…
Read More