တို်ငပေ၊ ဇူလိုင်-၂၅-၂၀၂၄
မျိုးဆက်(VOM)
ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မှုကြောင့် တောင်ပိုင်းကမ်းရိုးတန်းမှာ ကုန်တင်သင်္ဘောနစ်မြုပ်မှုမှ ပျောက်ဆုံးနေတဲ့ အမှုထမ်းကိုးယောက်ကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က အပူတပြင်း ရှာဖွေနေပါတယ်။
တိုင်မွန်းမုန်တိုင်းတိုက်ခတ်ချိန်မှာ တန်ဇန်နီးယားအလံတင်ကုန်တင်သင်္ဘော Fu Shunဟာ တောင်ပိုင်းဆိပ်ကမ်းရှိ ကောင်ရွှန်းမြို့အနီးမှာ နစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားကိုးယောက် လိုက်ပါလာတယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ထိုင် ဝမ်အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဂေမီမုန်တိုင်းကြောင့် လူ သုံးဦး သေဆုံးသွားပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့ကာ မု်နတိုင်းကြောင့် အခြားသင်္ဘောနှစ်စင်းလည်း သောင်တင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုများကိုလည်း တစိတ်တပိုင်း ဖျက်သိမ်းခဲ့ရပြီး ပြည်တွင်းလေယာဉ်ခရီးစဉ်တွေအားလုံးနီးပါးနဲ့ နိုင်ငံတကာ လေယာဉ်ခရီးစဉ် ၂၀၀ ဖျက်သိမ်းခဲ့ရပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တဲ့နေ့မှာတော့ ကင်မင်ကျွန်းစုကလွဲ၍ ကျန်နေရာမဒေသတွေမှာ အလုပ်တွေနဲ့ စာသင်ကြားမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ထိုင်ဝမ်ကို မတိုက်ခတ်မီ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ဖိလစ်ပိုင်နိုင်ငံနေရာအနှံ့အပြားကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Taiwan CoastGuard
#Voiceofmyanmar #VOM #ထိုင်ဝမ် #မုန်တိုင်းဂေမီ #မြန်မာသင်္ဘောသား #ကိုးယောက်ပျောက်ဆုံး