BPI ​ဆေးဝါးစက်​ရုံးမှူးကိစ္စအများပြည်​သူအကျိုးစီးပွားနဲ့ဆိုင်​လို့ တရားရုံးမှာဘဲပြောမယ်

ရန်​ကုန်​ ၊စက်​တင်​ဘာ ၁၀-၂၀၁၉

သူရိန် (VOM)

 

 

စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်း၊ဆေးဝါးစက်ရုံ(အင်းစိန်)စက်ရုံမှူးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အ​ရေးယူထားမှုကအများပြည်​သူအကျိုး စီးပွားနဲ့သက်​ဆိုင်​လို့တရားရုံးမှာဘဲ​ပြောမယ်​လို့​အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ရုံးခွဲ( ရန်​ကုန်​ ) မှတာဝန်​ရှိသူတစ်​ဦးက​ဆိုပါတယ်​။

 

“ ကျွန်​​တော်​တို့တရားစွဲဖို့ဘဲရှိပါတယ်​။ သတ်​မှတ်​ကာလပြည့်​ရင်​​ပေါ့။ အခုကရမန်​ယူထားတုန်းဘဲရှိ​သေးတယ်​။ကော်​မရှင်​ရဲ့သ​ဘောထား​ကြေညာချက်​ကိုလည်းထုတ်​ပြန်​ထားပါတယ်​။တရားရုံး​ရောက်​ရင်​​တော့ပြည့်​ပြည့်​စုံစုံ​ဖြေမှာပါ။ အခုကသတင်းထုတ်​ပြန်​တာဘဲရှိပါတယ်​။အများပြည်​သူအကျိုးစီးပွားဆိုတာကအဓိပ္ပါယ်​အများကြီးကျယ်​ဝန်းပါတယ်​။ အဲဒါကိုတရားရုံးကျရင်​ရှင်းပြမှာပါ။ အခု​လော​လောဆယ်​တချို့ကိစ္စ​တွေကစက်​ရုံဂုဏ်​သိက္ခာတို့ဘာတို့ရှိတယ်​။ ဒီအချိန်​မှာဘာမှမ​ပြော​ပေမယ့်​တရားရုံး​ရောက်​ရင်​​ပြောသင့်​တာ​ပြောမှာပါ။ ဒါစက်​ရုံတစ်​ခုလုံးနဲ့ဆိုင်​ပါတယ်​။ သတင်းထုတ်​ပြန်​ကတည်းကထိန်းထိန်းသိမ်းသိမ်းထုတ်​ပြန်​ပါတယ်​။တရားရုံးမှာဘဲနားစွင့်​ပါလို့ ” အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးကော်မရှင်ရုံးခွဲ( ရန်​ကုန်​ )က တာဝန်​ရှိသူတစ်​ဦးက​ပြောပါတယ်​။

 

ဆေးဝါးစက်ရုံ(အင်းစိန်)၊စက်ရုံမှူးဒေါက်တာအောင်ဇော်ကဆေးဝါးထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက်ကော်စေ့၂၆တန်ကိုလုပ်ထုံးလုပ်နည်းနဲ့မညီဘဲဝယ်ယူခဲ့တာကြောင့်ဆိုပြီး  နိုင်ငံတော်​ရဲ့ငွေကြေးနဲ့ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၆အရပထမသတင်းပေးတိုင်ကြားပြီးတရားစွဲဆိုထားခဲ့တာပါ။

 

 

ဒါ့အပြင်​အင်းစိန်BPI ဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကိုမြောက်ပိုင်းခရိုင်တရားရုံးမှာစက်တင်ဘာလ၉  ရက်ကရုံးထုတ်စစ်ဆေးခဲ့ရာမှာBPI ​ဆေးဝါးစက်​ရုံကဝန်​ထမ်း၁၀၀​ကျော်​လာ​ရောက်​ဝန်းရံခဲ့ကြပါတယ်​။

 

ဒါ့ပြင်​စက်တင်ဘာ၉ရက်ကအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဒေါက်တာအောင်ဇော်အပေါ်အ​ရေးယူမှု​နဲ့ပက်​သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင်အမြင်အမျိုးမျိုးဖြင့်သဘောထားမှတ်ချက်များရေးသားနေကြပြီး စက်ရုံမှူးနဲ့အရာထမ်း၊အမှုထမ်း​တွေရဲ့ကြိုးစားအားထုတ်အောင်မြင်မှု​တွေကိုအသိအမှတ်ပြုပါတယ်​လို့ထုတ်ပြန်​ထားပါတယ်​။

 

#voiceofmyanmar  #BPI #အဂတိ

 

ဓာတ်​ပုံ..နန်းမြမီမီ​ဇော်

Related posts

Leave a Comment

VOM News

FREE
VIEW