ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာငွေလွှဲတွေ ပုံမှန်ရရှိအောင် ထပ်မံ ကြပ်မတ်မယ်

ဧပြီ ၂၇ – ၂၀၂၄SN (VOM)ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေရဲ့ မိသားစုထံ ငွေလွှဲပို့တာတွေ ပုံမှန်ရရှိဖို့အတွက် ထပ်မံကြပ်မတ် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။ဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲပို့ဖို့ ညွှန်ကြားထားပြီး အမှန်တကယ်လိုက်နာဆောင်ရွက်အောင် ကြပ်မတ်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။လက်ရှိမှာ အေဂျင်စီနဲ့ အလုပ်သမား တရားဝင် စာချုပ်စာတမ်း ချုပ်ဆိုခိုင်းဖို့ ပြင်ဆင်နေပြီး စာချုပ်မူကြမ်းကို ရေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။“သူတို့မှာ နိုင်ငံခြားဝင်ငွေ ရနိုင်တဲ့နည်းလမ်းတွေ မရှိတော့ဘူး။ အဲ့တော့ ဒါကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်ချင်ကြတဲ့ သဘောပေါ့။ ပို့ကုန်ဝင်ငွေတွေကလည်း တစထက်တစ လျော့ကျလာနေတော့ ဒီနည်းလမ်းကပဲ သူတို့အတွက် နိုင်ငံခြားဝင်ငွေ ရနိုင်မယ့် အနေအထား ဖြစ်နေတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။ဒီကိစ္စရပ်နဲ့ပတ်သက်လို့ မကြာခင်က ပြုလုပ်ခဲ့တဲ့ ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ…

Read More

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အစ္စရေးရဲ့တန်ပြန်အဆိုပြုချက် ဟားမတ်စ်အဖွဲ့ လေ့လာနေ

တဲလ်အဗစ်၊ ဧပြီ-၂၇-၂၀၂၄မျိုးဆက်(VOM)ဂါဇာမှာ အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ တန်ပြန်အဆိုပြုချက်ကို လေ့လာနေကြောင်း ဟားမတ်စ်အဖွဲ့က ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စရေးအတွက် ကြားဝင်ဖျန်ဖြေပေးနေတဲ့ အီဂျစ်ကိုယ်စားလှယ်အဖွဲ့ဟာ အစ္စရေးကို ရောက်ရှိပြီးနောက် တရက်အကြာမှာ အဆိုပြုချက်နဲ့ပတ်သက်ပြီး ဟားမတ်စ်တို့က တုံ့ပြန်လာတာဖြစ်ပါတယ်။အစ္စရေးက ဂါဇာေတောင်ပိုင်း ရာဖာမြို့ကို စစ်ရေးအရ တွန်းအားပေးတိုက်ခိုက်ဖို့နဲ့ စစ်ပွဲနောက်ဆက်တွဲအဖြစ် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသစ်တွေရဲ့ အရိပ်အယောင် ထွက်ပေါ်လာတာဖြစ်ပါတယ်။“ အီဂျစ်နဲ့ ကာတာက ကြားဝင်ဖျန်ဖြေသူတွေထံကို အစ္စရေးက ဧပြီ ၁၃ ရက်မှာ ပေးအပ်ခဲ့တဲ့ အဆိုပြုချက်ကို လက်ခံရရှိခဲ့ပြီး ဒီအဆိုပြုချက်ကို လေ့လာနေပြီး လေ့လာပြီးသွားရင် တုံ့ပြန်မှုကို တင်ပြမှာဖြစ်တယ်” လို့ ဟားမစ် နိုင်ငံရေးဗျူရို လက်ထောက်အကြီးအကဲ ခါလီအယ်လ်ဟေယာက ပြောပါတယ်။အမြဲတမ်းအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဟားမတ်စ်တွေရဲ့ ယခင်အဆိုပြုချက်တွေကို အစ္စရေးက…

Read More

ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ်-၁ ပြန်ဖွင့်ပြီ

မြဝတီ ၊ ဧပြီ ၂၇ – ၂၀၂၄ GG (VOM) ထိုင်း- မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားအမှတ် ၁ ကို ဒီနေ့ဧပြီ ၂၇ ရက်နေ့မနက်ပိုင်းကစပြီး ပုံမှန်အတိုင်းပြန်လည်သွားလာခွင့်ကို ထိုင်းဘက်က ခွင့်ပြု ဖွင့်ပေး လိုက်ပြီဖြစ်တယ် လို့မြဝတီ မြို့ခံတွေဆီက သိရပါတယ်။ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ ထိုင်းဘက်က ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်လို့ တပတ်ကဒ်ကိုင်ဆောင်သူတွေ မြဝတီမှမဲဆောက်ကို ဝင်ရောက်ခွင့်ရရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ ” ခုမနက်ပဲ တံတား၁ပြန်ဖွင့်ပေးလိုက်တယ်၊ ၇ ရက်သက်တမ်းစာရွက်သမားတွေလည်း မဲဆောက်ဘက်ကိုသွားလို့ရပြီစာအုပ်အပြာတွေလည်းရပြီ၊ အမှတ်၁တံတားဖွင့်ပြီဆိုတော့သူနဲ့သက်ဆိုင်တဲ့အစိုးရရုံးတွေလည်းအကုန်ပြန်ဖွင့်ပြီလေ၊သူတို့လည်း အလုပ်ပြန်လုပ်ရပြီဆိုတော့ ” လို့မြဝတီမြို့ခံတယောက်ကပြောပါတယ်။ အမှတ်-၁ ချစ်ကြည်ရေးတံတားကိုတော့ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းကစပြီး မြဝတီမှ မဲဆောက်ဝင်ခွင့်ကို တပတ်ကဒ်တွေနဲ့ဝင်ရောက်ခွင့်ပိတ်ခဲ့သလို စာအုပ်အပြာနဲ့ဝင်ရောက်ခွင့်ကိုလည်းပိတ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီနောက် ခုနှစ်ရက်အကြာမှာ တံတားကိုပုံမှန်အတိုင်းသွားလာခွင့် ပြန်ဖွင့်ပေးတာဖြစ်ပါတယ်။ အမှတ်…

Read More

ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဘူးသီးတောင် နဲ့ မောင်တောကို AA က ညမထွက်ရ အမိန့်ထုတ်

ရခိုင် ၊ ဧပြီ ၂၇ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နဲ့ မောင်တောမြို့နယ်ကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်းညမထွက်ရအမိန့်ကို AA က ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ AA တို့အကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာပါ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေရာ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲက ပိုမိုပြင်းထန်လာနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲပြင်းထန်မှုနဲ့အတူ တဖက်မှာလည်းမတူညီတဲ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားလာ စေရန်လုပ်ဆောင်မှုတွေရှိလာတဲ့အပြင် ပြည်သူပိုင် ပစ္စည်းဥစ္စာ ကို ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ခြင်းအပါအဝင် ခြိမ်းခြောက်မှုရှိနေတာကြောင့် ဘူးသီးတောင်နဲ့ မောင်တော ဒေသမှာ ညမထွက်ရအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ AA ထုတ်ပြန်စာမှာရေးသားထားပါတယ်။ ” ဘူးသီးတောင်က တမြို့လုံးနီးပါးပဲ စစ်ရှောင်နေကြတာ ဆိုတော့…

Read More

MPT အင်တာနက်လိုင်း ပြန်လည် ကောင်းမွန်မယ့်ရက် အတိအကျ မသိရသေး

ဧပြီ ၂၇ – ၂၀၂၄ SN (VOM) အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် MPT ရဲ့ အင်တာနက်ဝန်ဆောင်မှုတွေ နှေးကွေးခဲ့မှုကို အမြန်ဆုံး ပြုပြင်နေပြီး ပြန်လည် ကောင်းမွန်မယ့်ရက် အတိအကျကိုတော့ MPT Website ရဲ့ သတင်းထုတ်ပြန်ချက်များနေရာမှာ ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ MPT က အသိပေး ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်၊ ညသန်းခေါင် ၁၂ နာရီ၊ ၃၃ မိနစ်မှ စတင်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိတဲ့ SEA-ME-WE5 ရေအောက်ကေဘယ်လ် ဆက်ကြောင်းဟာ အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် MPT မှ ပေးအပ်လျက်ရှိတဲ့ မိုဘိုင်း၊ FTTH နဲ့ ဆက်စပ် အင်တာနက် ဝန်ဆောင်မှုတွေဟာ အမြန်နှုန်း…

Read More

ဗီယက်နမ် ကွန်မြူနစ်ပါတီနဲ့ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေ နှုတ်ထွက်မှု ဆက်တိုက်ဖြစ်ပွား

ဟနွိုင်း၊ ဧပြီ-၂၇-၂၀၂၄မျိုးဆက်(VOM)ဗီယက်နမ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီအကြီးအကဲတွေ ဆက်တိုက်နှုတ်ထွက်မှုတွေ ဖြစ်ပွားနေပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဗောင်ဒင်လျူဟာ ဧပြီ ၂၆ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။သူ ရာထူးမှနှုတ်ထွက်ရတဲ့ အကြောင်းရင်းကို အသေးစိတ်ဖော်ပြမထားဘဲ ရာထူးမှနှုတ်ထွက်သွားကြောင်းသာ ကွန်မြူနစ်ပါတီက ထုတ်ပြန်ထားကာ ရာထူးမှနှုတ်ထွက်သွားသူတွေထဲမှာ ပါတီရဲ့ စတုတ္ထမြောက် ရာထူးအမြင့်ဆုံးသူဖြစ်ပါတယ်။သူာ် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်မှလည်း နှုတ်ထွက်ခဲ့ပြီး နှုတ်ထွက်စာကို ဧပြီ ၂၆ ရက်ကပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ တာဝန်ရှိသူတွေက လက်ခံခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံသည် အစိုးရနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆို အပြစ်ပေးခြင်းတွေ အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ပါတီရဲ့ ဒုတိယအမြင့်ဆုံးရာထူးတာဝန်ယူထားတဲ့ သမ္မတဟာ ပြီးခဲ့တဲ့လက ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။သူ့ မတိုင်မီ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေက ဗီယက်နမ်မှာ လာရောက်ရင်းနှီးမြုပ်နှံမှုများအပေါ် သက်ရောက်လာနိုင်ခြေရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။Ref:NHKPhoto:AP

Read More

သံတွဲကို ကုန်းကြောင်းကနေ ထောက်ခံချက်နဲ့ လူသာ သွားခွင့်ပြုပြီး ပစ္စည်းသယ်ယူခွင့် တားမြစ်ခံထားရ

ရန်ကုန် ၊ ဧပြီ ၂၇ – ၂၀၂၄GG(VOM)ရခိုင်ပြည်နယ် ၊သံတွဲမြို့ကို လေကြောင်းအပြင် ဧရာဝတီတိုင်းကနေတဆင့် ကုန်းလမ်းကြောင်းမှဝင်ရောက်ခွင့်ပြုထားပေမယ့်လည်း ကားနဲ့ခရီးသွားခြင်းမှာ လူကိုသာ ထောက်ခံချက်နဲ့ဝင်ထွက်ခွင့်ပေးပြီး ကုန်ပစ္စည်းသယ်ယူခြင်းကိုတော့ တားမြစ်ခံထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။” သံတွဲကို လေယာဥ်နဲ့လာလို့ရတယ်၊ ကားလေးနဲ့သွားလို့ရတယ်။သံတွဲကနေ ရေနံ့သာကိုသွားရတယ် ရေနံသာကလမ်းဆုံမှာလူကဲ့ကြတယ်။အဲဒီလိုသွားဖို့ဆိုရင် ထွေအုပ်ကိုစာတင်ပြီးထောက်ခံစာနဲ့သွားရတယ်၊ဘာကြောင့်သွားမယ် ဘာညာပေါ့ ၊ခွင့်ပြုမိန့်ကျမှသွားရတဲ့ပုံစံနဲ့သွားကြသူရှိတယ်။သူကလူပဲရတယ်၊ ပစ္စည်းတင်ရင်ဖမ်းတယ်၊မြို့နယ်တွင်းတောင် တနေရာနဲ့တနေရာသွားရင် ပစ္စည်းတွေက လူ တယောက်ကို ဘယ်လောက်ထက်ပိုမယူရ၊ဆီဆို တပိဿာ နှစ်ပိဿာဆိုပြီးပိုမယူရတို့ဆိုတာရှိတယ် ” လို့ သံတွဲမြို့ခံတ​ယောက်ကပြောပြပါတယ်။အရင်က သံတွဲကို ရန်ကုန်ကနေ သွားလာမယ်ဆိုရင် သံတွဲ – တောင်ကုတ်- ပြည် လမ်းနဲ့ သံတွဲ – ဂွ- ငါးသိုင်းချောင်းလမ်းကြောင်းနှစ်ခုရှိပေမယ့် လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကုန်းကြောင်း ခရီးကို သံတွဲ မှ ဧရာဝတီတိုင်း ကတဆင့်သာ ရန်ကုန်ကို ထောက်ခံချက်နဲ့ဝင်ထွက်ခွင့်ပြုနေခြင်းဖြစ်ပါတယ်။” လေယာဥ်နဲ့ ပစ္စည်းသယ်တော့လည်း ကုန်တင်ခကအရမ်းကြီးသွားတယ်။ဒီတော့…

Read More

ပြည်ပသွားမယ့်သူတွေအတွက် အ‌သေးသုံး နိုင်ငံခြားငွေ ဒေါ်လာ ၁၀၀၀ ရောင်းပေးမှသာ အဆင်ပြေနိုင်

ဧပြီ ၂၇ – ၂၀၂၄SN (VOM)ပြည်ပသွားမယ့်သူတွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အ‌သေးသုံး နိုင်ငံခြားငွေ ရောင်းချပေးတာမှာ ဒေါ်လာ ၁၀၀၀ လောက် ရောင်းပေးမှသာ အဆင်ပြေနိုင်မယ်လို့ ပြည်ပထွက်ခွာမယ့်သူတွေက ပြောပါတယ်။မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်ပကိုထွက်ခွာရာမှာ အသေးသုံးနိုင်ငံခြားငွေ ‌ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲလှယ်သူတွေ ဈေးကစားခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် ဗဟိုဘဏ်က အ‌သေးသုံး နိုင်ငံခြားငွေကို တဦးကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ဝန်းကျင် (အဲ့ဒီ့ပမာဏနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေသား) ရောင်းချပေးနေတာ ဖြစ်ပါတယ်။“အလကား ဘာလုပ်မှာလဲ။ ၃၀၀ ၊ ၅၀၀ နဲ့ ဘာမှ လုပ်မရဘူး။ ဟိုဘက်နိုင်ငံ ရောက်ရင် Show Money ၁၀၀၀ ပြရမှာ။ အနည်းဆုံး ၁၀၀၀ လောက်ပါမှ ထွက်လို့ရမှာ” လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၉၆၀ ကျပ် ဝယ်ဈေး – ၃၉၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၈၀ ကျပ် ဝယ်ဈေး – ၂၈၃၀ ကျပ် -ယူရို ရောင်းဈေး – ၄၃၀၁ ကျပ် ဝယ်ဈေး – ၄၂၁၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၇.၅၃ ကျပ် ဝယ်ဈေး – ၁၀၅.၂၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၈၇ ကျပ် ဝယ်ဈေး – ၈၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၄၂ ကျပ် ဝယ်ဈေး – ၅၃၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW