နိုဝင်ဘာ ၂၄၊ ၂၀၂၆။ (ဆောင်းပါး) NN(VOM) ဘာသာရေးယုံကြည်မှု၊ တိုင်း ရင်းသားရိုးရာဓလေ့နဲ့ လက်မှုပညာတွေ ပေါင်းစပ်ထား တဲ့ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ မြန်မာနိုင်ငံမှာသာမက အရှေ့ တောင်အာရှဒေသမှာပါ ထင်ရှားကျော်ကြားတဲ့ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်ပါတယ်။ ရှေးယခင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာယုံကြည်မှုအရတာဝတိံသာနတ်ပြည်က စူဠာမဏိ စေတီတော်ကို ရည်မှန်း ပူဇော်တဲ့အနေနဲ့ မီးပုံးပျံ ငယ်လေးတွေ လွှတ်တင်ပူဇော်ခဲ့ကြပါတယ်။ ၁၉၄၁ ခုနှစ်မှာ ကုန်းသာကျောင်းဆရာတော် ဦးဆောင်ပြီး မီးပုံးပျံကြီးတစ်လုံး လွှတ်တင် ခဲ့ရာကနေ စတင်ခဲ့ပြီးနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်မှာ မီးပုံးပျံပြိုင်ပွဲ တွေကို စတင်ကျင်းပ လာခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက မီးပုံးပျံကြီးတွေကို ဒီနေ့ခေတ်လို ရှမ်းစက္ကူတွေနဲ့ ပြုလုပ်တာမျိုး မဟုတ်ဘဲ ပိတ်စတွေကို ချုပ်လုပ်ပြီး လွှတ်တင်ခဲ့ကြတာလို့ သမိုင်းအထောက်အထားတွေမှာ တွေ့ရ ပါတယ်။ နောက်ပိုင်းမှာ တောင်ကြီးမြို့ပေါ်က ရပ်ကွက်အသီးသီးမှာရှိတဲ့…
Read More