ဆူးငှက် မန္တလေးသူ မန္တလေးသားတိုင်း အလွမ်း ————————————— ဗုံလေးလုံးသံစဉ်ကို အခက်အခဲများကြားက ထုတ်လုပ်ဖြန့်ချိလိုက်ပြီးနောက် အစ်မကြီးဒေါ်ခင်စောဦးလည်း သဘောကျ ကျေနပ်သွားသည်။ ထိုစဉ်ကာလ မင်္ဂလာဆောင်တိုင်းက အိုရီယမ်တယ်ဟောက်စ်မှာ ချည်းမို့ မင်္ဂလာဆောင် ဝင်တိုင်း အိုရီယမ်တယ်ဟောက်စ်ကို လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါ်ခင်စောဦးနှင့် တွေ့ကာ စကားတွေ ပြောဖြစ်ကြသည်။ ပြောဖြစ်ကြတာတွေကလည်း အတိတ်မန္တလေး အလွမ်းချည်း ဖြစ်ပါ၏။ ထိုစဉ်အခါ ကျွန်တော်တို့တတွေ နှမြောတသ အလွမ်းဆုံးမှာ မန္တလေးသင်္ကြန်ဖြစ်သည်။ ကျွန်တော်တို့က ကျုံးပတ်လည်ရှိ ရေပက်သင်္ကြန်ကို မခံစားနိုင်ကြ။ အတိတ်က မြို့လုံးပတ်လည် စည်ကားခဲ့သော အကသင်္ကြန် အလှသင်္ကြန် ဂီတသင်္ကြန်ကို တမ်းတကြသည်။ လွမ်းဆွတ်ကြသည်။ ထိုစဉ်ကာလ ရင်ခုန်ခဲ့ရသော သင်္ကြန်သီချင်းတွေကို ကြားယောင်ကြသည်။ သင်္ကြန်အကတွေ သင်္ကြန်ဂီတတွေကို တူးဆွကြသည်။ ထိုနံရောအခါ အစ်မဒေါ်ခင်စောဦးက အတိတ်သင်္ကြန်ကို ပြန်လည်…
Read MoreMonth: November 2026
ဂျပန်နဲ့ ကိုရီးယားက မြန်မာလုပ်သားတွေ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ အထောက်ထားပြနိုင်မှ ပတ်စ်ပို့သက်တမ်းတိုးခွင့်ရမယ်
နိုဝင်ဘာ ၁ ၊ ၂၀၂၆ GG (VOM) ဂျပန်နိုင်ငံနဲ့ ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုးမယ်ဆိုရင် ဝင်ငွေခွန်နဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပို့ငွေ အထောက်အထားကို မဖြစ်မနေ တင်ပြရမယ်လို့ သိရပါတယ်။ အဲဒီ လုပ်ငန်းစဥ်က ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ စတင်အကျုံးဝင် ဖြစ်ပြီး မိသားစုလွှဲပို့ငွေကို အနီးစပ်ဆုံး ၃ လစာလွှဲပို့ထားကြောင်း နဲ့ ဝင်ငွေခွန်ကတော့ ပြည်ပရောက်တဲ့နှစ်ကာလအပိုင်းအခြားပေါ်မူတည်ပြီး အနည်းဆုံး ၁ နှစ် အထိ ဆောင်ထားတဲ့ အထောက်အထား တင်ပြရမှာလို့ ကနဦးသိရ ပါတယ်။ မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်ဆောင်ဖို့ကို တိုကျိုမြို့ရှိမြန်မာသံရုံး ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့က အောက်တိုဘာ ၃၀ ရက်မှာ အသိပေးထားတာပါ။ ” အရင်က ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်နဲ့…
Read Moreမန်ယူဂန္တဝင် ကစားသမားလေးယောက် ရန်ကုန်ကိုရောက်ရှိလာပြီး မြန်မာ့မျိုးဆက်သစ် လူငယ်တွေနဲ့ တွေ့ဆုံခဲ့
နိုဝင်ဘာ ၁ – ၂၀၂၆ SS (VOM) မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်ဒါဆန်၊ အန်တိုနီယို ဗလင်စီယာနဲ့ ဖာဘီယို ဒါဆေးဗားလ်တို့ဟာ “Legendary Players Meet & Greet in Yangon” အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ဘောလုံးဝါသနာရှင် မြန်မာ့မျိုးဆက်သစ် လူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မန်ယူနောက်ခံလူဟောင်း ဖာဘီယို ဒါဆေးဗားလ်က အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ဦးစွာ ရောက်ရှိလာခဲ့ပြီး ကျန်ရှိတဲ့ ကမ္ဘာကျော် ကစားသမားတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်တိုနီယို ဗလင်စီယာနဲ့ အန်ဒါဆန်တို့ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ကစားသမား…
Read Moreအယ်လ်နီညိုကြောင့် ပစိဖိတ် ရေမျက်နှာပြင်အပူချိန် ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထပ်မံ မြင့်တက်လာ
နိုဝင်ဘာ ၂ – ၂၀၂၆ SN (VOM) အယ်လ်နီညိုဖြစ်စဥ်ကြောင့် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန် အပူချိန်အထက်ကို ၂ ဒသအ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသအ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထပ်မံ မြင့်တက်လာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံကာ ခန့်မှန်း သုံးသပ်ထားတာဖြစ်ပြီး လေထုဖြစ်စဉ်တွေဟာ လက်ရှိမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက် တည်ရှိနေပြီး အခု ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ “အခုဖြစ်နေတဲ့ အယ်လ်နီညိုဟာ ပုံမှန် အယ်လ်နီညိုနှစ်တွေထက် အပူချိန်…
Read More