အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ခံရပြီး ဖယ်ပေးရမယ့်ကိစ္စ စိစစ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို…

Read More

ထိုက်သူပန် ယာဥ်လိုင်း ဖွင့်ပွဲအထိမ်းအမှတ် နေပြည်တော်-ရန်ကုန်-မန္တလေး အခမဲ့သုံးရက်ပြေးဆွဲပြီးရင် လားရှိူး မူဆယ်ထိ တိုးချဲ့ပြေးဆွဲမယ်

ဖေဖော်ဝါရီ ၁၀-၂၀၂၆ KKL(VOM) ထိုက်သူပန်ယာဥ်လိုင်းဟာ နေပြည်တော်-ရန်ကုန်၊ နေပြည် တော် – မန္တလေး ခရီးစဥ်အပြင် ရန်ကုန် နေပြည်တော် နဲ့ မန္တလေး နေပြည်တော်ခရီးစဥ်တွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ယာဥ်လိုင်းဖွင့်ပွဲနဲ့အတူ အခမဲ့ ၃ ရက်တာပြေးဆွဲပေးမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်လည်း…

Read More

ကုန်လွန်ခဲ့တဲ့ ၅ နှစ်အတွက် သမင်လည်ပြန်ကြည့်ခြင်းနဲ့ ရှေ့အလားအလာ

Voice Of Myanmar ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၅နှစ်က ရွေးကောက်ပွဲအပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ခေါ်ယူခဲ့တဲ့ ပထမဆုံးနေ့ဖြစ်ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တာတွေကို ဖြေရှင်းမပေးတာကို အကြောင်းပြုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းပြည်ရဲ့ အာဏာအလုံးစုံကို ထိမ်းသိမ်းလိုက်တဲ့ ၅နှစ်ပြည့်ဖြစ်တာ အားလုံးအသိဖြစ်ပါတယ်။ ဒီ ၅နှစ်အတော်အတွင်းမှာ လူထုဆန္ဒပြပွဲတွေကတဆင့် မျိုးဆက်သစ်လူငယ်တွရဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့နည်းလမ်းတွေပေါ်‌ပေါက်လာပြီး နေရာဒေသအတော်များများမှာ PDF ဆိုတဲ့လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပုန်ကန်တာ နယ်မြေသိမ်းတာတွေခံရပြီးနောက် အပြန်အလှန်တိုက်ပွဲတွေကြောင့် သန်းဆယ်ချီတဲ့ပြည်သူတွေ ဒုက္ခပင်လယ်ဝေရသလို အိုးမဲ့အိမ်မဲ့နဲ့ စစ်‌ဘေးရှောင် ဖြစ်နေရပြီး ဘဝတွေ အသက်တွေ စတေးခံနေရပါတယ်။ ၁၉၄၈ လွတ်လပ်ရေးယူပြီးကတည်းက လွတ်လပ်ရေးရဲ့ဖွားဖက်တော်လို့ ဆိုရတဲ့ ပြည်တွင်းစစ်နဲ့ယဉ်ပါးခဲ့တဲ့ မြန်မာပြည်သူတွေဟာ လက်ရှိအခြေအနေမှာ အရင်ထက်ပိုပြီးဆိုးရွားတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ ဒီအ‌ခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်သားအစိုးရတရပ်ကို…

Read More

ရွေး​ကောက်ပွဲမဲဆွယ်စည်းရုံး​ရေး ​နောက်ဆုံး​နေ့အဖြစ် မန္တလေး ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်​တွေ မဲဆွယ်

မန္တ​လေး၊ ဇန်နဝါရီ-၂၂-၂၀၂၆ Voice Of Myanmar တတိယပိုင်း​ရွေး​ကောက်ပွဲအတွက် ချမ်းမြသာစည်မြို့နယ်က ပြိုင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီလွှတ်​တော်ကိုယ်စားလှယ်​တွေဟာ မြရည်နန္ဒာရပ် ၁၁၅လမ်းနဲ့ ၅၂ လမ်းက ဖူဆယ်ကွင်းမှာ လူထု​​တွေ့ဆုံပွဲလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်က​နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှကြွယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(PR)အတွက် ​ဦးတင်ထွန်းနဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦးဝင်း​ဖေ​မောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီမဲဆွယ်ပွဲမှာ လွှတ်​​တော်ကိုယ်စားလှယ်​လောင်း​တွေ ဘာ​တွေကတိ​ပေး ​​ပြောဆိုသွားကြသလဲဆိုတာ VOMက ရိုက်ကူးတင်ပြ​ပေးလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင် #voiceofmyanmar #VOM #ချမ်းမြသာစည် #ပြည်ခိုင်ဖြိုး

Read More

တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ ဧရာမဆိုင်းဘုတ်ကြီး​တွေနဲ့ မဲဆွယ်

မန္တ​လေး-ဇန်နဝါရီ ၁၈-၂၀၂၆ Voice Of Myanmar မန္တ​လေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် တတိယပိုင်း​ရွေး​ကောက်ပွဲမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က ကိုယ်စားလှယ်​​လောင်း​​တွေ​ အောင်နိုင်​ရေးအတွက် ​အလျားပေ၃၀ အနံ၁၂ ​ပေအမြင့်ရှိတဲ့ ဆိုင်းဘုတ်ကြီး ၄ခုကို လူစည်ကားတဲ့​နေရာ​တွေမှာ ဒီက​နေ့ဇန်နဝါရီ ၁၈ ရက်က စိုက်ထူပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းနဲ့ မ​နော်ဟရီလမ်း၊ မဟာမုနိဘုရားကြီး အ​ရှေ့ ၄၅ တာကွင်း၊ ကန်​တော်ကြီးနဲ့ စစ်ကိုင်းမန္တ​လေးလမ်းဆုံ၊ ဦးပွားဘုရားအ​ရှေ့ဘက် ချမ်း​တောင်ရပ်ကွက်​တွေမှာ စိုက်ထူပြီး ဘင်ခရာတီဝိုင်း​တွေ ပါတီဝန်းရံသူ​တွေနဲ့ ဖွင့်လှစ် မဲဆွယ်ခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ(FPTP) ဦးမြင့်စန်း(PR) ၊ ပြည်သူ့လွှတ်​တော်အတွက် ​ဒေါ်တင်မာကြိုင်၊ တိုင်းဒေသကြီးအတွက် ​ဒေါ်သန္တာဝင်း(FPTP) ၊ တိုင်း​ဒေသကြီး PR အတွက် ဦးခင်​မောင်ဝင်း၊ ဦးမျိုး​ကျော်၊ဦး​​ဇော်လင်းထက်၊ ဦးမိုးဝင်းထွဋ်နဲ့ ဦးဝင်းကိုကိုတို့က ယှဥ်ပြိုင်မယ်လို့…

Read More

ပြည်သူ၊ အစိုးရ၊ လူငယ်တွေရော ပူးပေါင်းမှ ပြည်လည်ထူ ထောင်ရေးနဲ့ တည်ဆောက်ရေးက အားကောင်းမယ်လို့ မျှော်လင့်

နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar နေပြည်တော်မှာ သုံးရက်တိုင် ကျင်းပနေတဲ့ ကျင်းပနေတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆(YOUTH PEACE FORUM 2026) ဆွေးနွေပွဲ မှာ ပါဝင်တက်ရောက်နေတဲ့ တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးအမြင်တွေ ဘယ်လိုရှိမလဲ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ ဒီဖိုရမ်ကနေ ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မလဲ၊ မိမိတို့ရဲ့ ဒေသအတွက် ဘယ်လိုနေရာတွေကနေ ပါဝင်အကျိုးပြုမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လူငယ်ကိုယ်စားလှယ်တွေကို VOM က တွေ့ဆုံ မေးမြန်ထားပါတယ်။ #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်

Read More

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်စိုး နဲ့ တွေ့ဆုံ မေးမြန်းချက်

နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးမြင့်စိုး ကို VOM အယ်ဒီတာချုပ် ဦးနေလင်း က လူငယ်ငြိမ်းချမ်းရေးဖိုရမ်က ရရှိမယ့် ငြိမ်းချမ်းရေးအတွက် အကျိုးရလဒ်နဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိ ဖြစ်တည်နေမှု စတဲ့ မေးခွန်းတွေနဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်

Read More

လွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်

NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း ဩဂုတ် ၂ဝ – ၂ဝ၂၅ KKO(VOM) အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။ ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။ VOM ။ ။ မင်္ဂလာပါ ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊ ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ်…

Read More

ဒေါ်စောမြရာဇာလင်း ( ဥက္ကဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP )နဲ့ တွေ့ဆုံခြင်း

“တိုက်ပွဲရဲ့ သံသရာထဲမှာအများကြီး အလူးအလဲခံနေကြရတာက ပြည်သူတွေဖြစ်တယ်”နိုဝင်ဘာ-၂၂-၂၀၂၄KKO(VOM)လက်ရှိတိုင်းပြည်အတွင်းမှာ ကျယ်ပြန့်စွာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ပွဲတွေ အခြေအနေ၊မြန်မာ့နိုင်ငံရေးအလားအလာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာပထမဦးဆုံးအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်စောမြရာဇာလင်းနဲ့ Voice of Myanmar သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခဲ့မှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။မေး။ ။ ဆရာမ မင်္ဂလာပါခင်ဗျာ့။ဖြေ။ ။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်။မေး။ ။ ပထမဦးဆုံးအနေနဲ့ လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေဟာ ဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာရလဲဆိုတာကို ဆရာမရဲ့သုံးသပ်မှုအမြင်လေးကို ဦးစွာသိလိုပါတယ် ခင်ဗျာ့။ဖြေ။ ။ ကျွန်မမြင်တာကတော့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာတိုက်ပွဲပေါင်းမျိုးစုံနဲ့ နေရာဒေသအသီးသီးမှာလက်နက် ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီလိုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် NCA ဟာပထမဆုံးဖြစ်ပေါ်လာတဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခုဖြစ်တာပေါ့။အရင်က အဲဒီလိုမဖြစ်ခဲ့လို့ဘဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကိုမဖြေရှင်းနိုင်ခဲ့သလို လူထုအုံကြွမှုတွေမကြာခဏပေါ်ပေါက်ခဲ့တာရှိတယ်။ဥပမာဆိုလို့ရှိရင်(၈၈)အရေး တော်ပုံတို့ ၂၀၀၇ မှာဆိုလို့ရှိရင်ရွှေ၀ါရောင်လှုပ်ရှားမှုတွေအဲ့လိုဖြစ်တာပေါ့လေ၊ပေါ် ပေါက်ခဲ့တာပေါ့၊ အဲဒီလိုပုံစံမျိုးတွေအများကြီးဖြစ်ခဲ့တယ်။အခုရွေးကောက်ပွဲရဲ့နောက်ပိုင်းမှာလည်းပြည်သူတွေအားလုံးကမကြုံဘူးတဲ့ကိစ္စတွေတိုင်းပြည်မှာအများကြီးပေါ်ပေါက်လာခဲ့တာကတော့အားလုံးသိတဲ့အတိုင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့အကြောင်းအရာပေါင်းများစွာမြန်မာနိုင်မှာရှိခဲ့တယ်လို့…

Read More

ကာလုံ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာစောင့်ကြည်သူ ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက်

ဩဂုတ် ၁-၂၀၂၃ KT(VOM) ၂၀၂၃ ဇူလိုင် ၃၁ရက် မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊၂၀၁၀-၂၀၁၅ အခု ၂၀၂၃ခုနှစ် နိုင်ငံရေးလေ့လာနေသူ၊ တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အမြင်ကို VOMက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM -မနေ့ ဇူလိုင် ၃၁ရက်က ကျင်းပခဲ့တဲါ ကာလုံ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဦးခိုင်မောင်ရည်ရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။ KMY -လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ကာလုံအစည်းအဝေးတင်ပြမှုနဲ့ ကာလုံအစည်းအဝေးဆုံးဖြတ်မှုက ၆ လ သက်တမ်းတိုးမယ်ဆိုတဲ့ ဆုံးဖြတ်မှုက ကျွန်တော်တို့ မျှော်မှန်းထားသလိုပါပဲ သက်တမ်းတိုးတယ်ဆိုတာကို တွေ့ရတယ်၊ ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ကလူတွေ တွက်ဆထားသလိုဖြစ်လာပါတယ်၊ လက်ရှိအခြေအနေက အားရစရာ မရှိသေးဘူးပေါ့ဗျာ၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ထွက်ပေါက်က ရွေးကောက်ပွဲလို့မြင်ပါတယ်၊တခြားထွက်ပေါက်တွေ ရှိကောင်းရှိပါမယ်၊ဒါပေမယ့် ရွေးကောက်ပွဲကတော့ ထွက်ပေါက်တစ်ခုလို့သာမြင်ပါတယ်။ – နစက ပြုလုပ်မယ့် ရွေးကောက်ပွဲကဏ္ဍ KMY- ရွေးကောက်ပွဲကို…

Read More
VOM News

FREE
VIEW