ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထားသလဲ ၊ ရွေးကောက်ပွဲ တကယ်လုပ်နိုင်မလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂) NCA ထိုးပြီးသားအဖွဲ့တွေ ကရော စာချုပ်ပါသဘောတူညီမှုတွေ လိုက်နာသလား၊ NCA မထိုးရသေးတဲ့အဖွဲ့တွေ ထိုးလာအောင် နစကအနေနဲ့ စွမ်းနိုင်မလား၊ ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းပေါင်းစုံဖွင့်နိုင်ပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် ဘယ်လိုစောင့်ရှောက်ထားသလဲ၊ ရွေးကောက်ပွဲဆိုတာလုပ်နိုင်မှာလား ၊ ရွေးကောက်ပွဲပြီးရင် တပ်မတော်က အာဏာပြန်လွှဲပြီး စစ်တန်းလျားပြန်မှာလားဆိုတာတွေ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေး အခြေနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #ဗိုလ်ချုပ်ဇော်မင်းထွန်း #နစက YouTube Link – https://youtu.be/xGDZZ3hsObg

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ငြိမ်းချမ်းရေးက တကယ်ရမှာလား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ VOM တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို ငြိမ်းချမ်းအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လာရောက်ဆွေးနွေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ဟာ တကယ်အရာထင် ပါ့မလား၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုတာဘယ်လိုဟာလဲ ၊ မန္တလေးမှာ ဖမ်းဆီးထားသူတွေ အသတ်ခံရကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက နေပြည်တော်မှာ တွေ့ဆုံမေမြန်းထားပါတယ်။ ရိုက်ကူး – ရှိုင်းအောင် #voiceofmyanmar #VOM #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း YouTube Link – https://youtu.be/UAJAHZRhz-0

Read More

ကိုဗစ်၁၉ ကပ်ရောဂါ လက်ရှိအခြေအနေ

ဧပြီ ၂၅-၂၀၂၂ Voice Of Myanmar ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်းတွေ လျော့လာနေတယ်လို့ ထင်မှတ်နေကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တကျော့ပြန် ကူးစက်ပြန့်နှံ့နှုန်း မြင့်တက်လာနေတာတွေ၊ ကိုဗစ်ရောဂါ မူလဗီဇတွေ အမျိုးမျိုးပြောင်းပြီး ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာနေဆဲဖြစ်ပါတယ်။ ဒီကပ်ရောဂါဘေးနဲ့ ပတ်သက်တာတွေကို တစိုက်မတ်မတ် လေ့လာနေပြီး အများပြည်သူ သိရှိရအောင် ကျန်းမာရေးစာပေတွေ ရေးသားဖြန့်ဝေပေးနေတဲ့ အမေရိကန် နိုင်ငံမှာ နေထိုင်သူ ဒေါက်တာတင့်ဆွေကို လက်ရှိ ကပ်ရောဂါဘေး အခြေအနေတွေနဲ့ ပတ်သက်ပြီး VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ Covid 19 က ဗီဇကွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတာမှာ အခု လက်ရှိ နောက်ဆုံးပေါ် Omicron BA-2 နဲ့ ပတ်သက်ပြီးတော့၊ ကူးစက်ခံရသူတွေမှာ ခံစားရတဲ့…

Read More

အကျဉ်းသားတွေ ဒီအချိန်မှာ ဘာလို့လွှတ်သလဲ

ဖေဖေါ်ဝါရီ ၁၂-၂၀၂၁ ၇၄နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၀၀၀၀ကျော်ကို နစအ ကောင်စီက ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်ကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM- ဒီနေ့ ပုဒ်မ ၄၀၁နဲ့ အကျဉ်းသား ၂၀၀၀၀ ကျော်လွှတ်တဲ့အပေါ် AAPP ရဲ့ သဘောထားလေး သိပါရစေ။ ကိုအောင်မျိုးကျော်- လွှတ်တာကတော့ဗျာ အပြင်ကိုရောက်လာတယ်ဆိုတာတော့ သူတို့အတွက်ကတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ လွှတ်တာလဲ။ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပြီးတော့ပါဝင်လာမယ်ဆိုရင်တော့ ကျနော်တို့အားလုံးအတွက် အားတွေဖြစ်တယ်ပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဖို့အတွက် ရည်ရွယ်ပြီး ပြန်လွှတ်တာဆိုရင်တော့ ဒါအင်မတန်ဆိုးရွားတဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။ VOM- နိုင်ငံတကာမျက်နှာစာကို ပြဖို့မဖြစ်နိုင်ဘူးလား။ ကိုအောင်မျိုးကျော်- အဲ့လိုကတော့ မဖြစ်နိင်ဘူးလို့ ကျနော်ထင်တယ်။ VOM-…

Read More

သမ္မတ၊ အတိုင်ပင်ခံ၊ ကာချုပ်နဲ့ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ တို့ကို တရားစွဲတဲ့ ဦးဇော်ဝိတ်ရဲ့ ဒီကနေ့ ကြားနာပွဲအပေါ်အမြင်

မန္တလေး-ဇန်နဝါရီ ၂၉-၂၀၂၁ နေလင်း( VOM) မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ စာချွန်တော်တက်ပြီး တရားစွဲဆိုတဲ့ ကိစ္စ လက်ခံမခံကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်က Video conferencing စနစ်နဲ့ ကြားနာခဲ့ပါတယ်။ ဒီကနေ့ ကြားနာတဲ့ အခြေအနေကို သိနိုင်ဖို့ တိုင်ကြားထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM: ရှေ့နေကြီးဦးဇော်ဝိတ်ခင်မျာ ဒီကနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဆရာစွဲဆိုထားတဲ့ စာချွန်တော်အမှုကိစ္စ ကြားနာတော့ Video Conferencing လုပ်တယ်လို့သိရပါတယ် ဆရာတက်ရောက်ကြားနာခဲ့တဲ့ အကြောင်းအရင်ပြောပြပါ့လားဗျာ ဦးဇော်ဝိတ်: Video Conferencing က ကျနော်ကိုယ်တိုင်ကြားနာတာ။ ကျနော်ပဲ လျှောက်လဲချက်ပေးရတာလေ။ VOM:ဟုတ်ကဲ့ခင်ဗျ။ အဲ့အကြောင်းအရာကို ပြောပေးလို့ရမလားခင်ဗျ။ ဦးဇော်ဝိတ်:အဲ့ဒီအကြောင်းအရာက ကျနော်ပြောလို့မရဘူး။…

Read More

ကိုဗစ်ကာကွယ်ဆေးကို  နောက်လမှာ ပြည်သူထဲက သတ်မှတ်အဆင့်လိုက် ထိုးခွင့်ရမယ်

မန္တလေး၊ ဇန်နဝါရီ-၂၈ – ၂၀၂၁ ရှိုင်းအောင်(VOM)   အိန္ဒိယနိုင်ငံက ရောက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေတသိန်းခွဲ၊ ထိုးနိုင်တဲ့လူဦးရေ လူတသန်းခွဲစာကို ပထမဦးစားပေးစနစ်အနေနဲ့ ထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်းထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုတော့ ဇန်နဝါရီ ၂၇ရက်ကစပြီး ထိုးပေးနေပြီဖြစ်ပါတယ်။   အဲလိုထိုးဖို့ နယ်တွေကိုလည်းပို့ပေးနေတာမှာ ဇန်နဝါရီ ၂၇ ရက်နေ့  မွန်းလွဲပိုင်းက လေရှီးမြို့ကို ရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးထည့်တဲ့ ဆေးပုံးမှာ Alarm Cross ပြနေလို့ အထက်အဆင့်ဆင့်ကို အကြောင်းကြားထားပေ မယ့် အကြောင်းမပြန်သေးလို့ ထိုးနှံတာတွေ မလုပ်သေးကြောင်း လေရှီးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။   အဲ့ဒီကိစ္စအပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ၊ ကာကွယ်ဆေးထိုးပေးဖို့ အဆင့် အလိုက်သတ်မှတ်ထားပုံတွေ သိနိုင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က…

Read More

SNLD နဲ့ NLD ပါတီတွေ့ဆုံမှုအပြီး ဆွေးနွေးပွဲခဲ့တာတွေနဲ့ ပတ်သက်လို့ ဦးစိုင်းကျော် ညွန့်ဖြေကြားချက်

တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဘယ်လိုတွေတောင်းဆိုခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး SNLD ပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က မီဒီယာတွေကို ဖြေကြားခဲ့တဲ့ ရုပ်သံသတင်းဖြစ်ပါတယ်။ #VOM #voiceofmyanmar #NLD #SNLD

Read More

တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUPတွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ မွန်တိုင်းရင်းသားခေါင်‌းဆောင် နိုင်လယိတမနဲ့တွေ့ဆုံခြင်း

တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUPတွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ မွန်တိုင်းရင်းသားခေါင်‌းဆောင် နိုင်လယိတမနဲ့တွေ့ဆုံခြင်း ဒီဇင်ဘာ ၅-၂၀၂၁ NLDပါတီ နဲ့ မွန်ညီညွတ်‌ရေးပါတီ MUP တို့ ဆွေးနွေးပွဲနေရာ ညှိနှိုင်းမှုအဆင်မ‌ပြေလို့ ပွဲပျက်သွားခဲ့ပြီးနောက် မွန်‌တိုင်းရင်းသားတို့ရဲ့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး မျှော်လင့်ချက် ရပ်တည်ချက် ဘုံသဘောတူညီချက်တွေကို မွန်ညီညွှတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ၊ တွေ့ဆုံရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်လယိတမနဲ့ မန္တလေးအခြေစိုက်သတင်းဌာန Voice Of Myanmar သတင်းထောက် ကိုကောင်းလက်ျာနဲ့ သီးခြားတေ‌ွ့ဆုံမေးမြန်းထားတာပါတယ်။ VOM- လက်ရှိအာဏာရ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ ဇန်နဝါရီ ၄ ရက်က တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားတဲ့ အခြေအနေကို ပြောပြပေးပါဦး။ NLYTM-နေရာအဆင်မပြေသေးလို့ ပွဲပျက်ပြီလား ဆိုတာက လက်ရှိအချိန်အထိ NLD ပါတီက အကြောင်းမပြန်ဘူး။ ကျွန်တော်တို့ဘက်ကတတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ စီစဉ်ပေးပါဆိုပြီး…

Read More

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင် နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ ဦးထွန်း(VOM) တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။ “ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။ တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက်…

Read More

အသည်းနုတဲ့လူကြမ်းကြီး အောင်ခိုင်နဲ့ ဇနီးချောဝါဝါအောင်တို့ ကိုဗစ်ကာလမှာ ဘာလုပ်နေသလဲ

မျက်ပြေ(VOM)   ကိုလူချော အဖွဲ့ဝင်မဟုတ်ပေမယ့် လူကြမ်းရယ်လို့ သတ်သတ်မှတ်မှတ် လုပ်နေသူတွေကို အဖွဲ့စည်းမျဉ်းလေးတွေအတိုင်း လူကြမ်းတွေအကုန်လံုး ကိုလူချောအဖွဲ့ဝင်ဖြစ်အောင် လုပ်ပေးဖို့ရှိတယ်ဆိုတဲ့ ဦးအောင်ခိုင် နဲ့ မမများအဖွဲ့ဖွဲ့စည်းထားတာ ၁၈နှစ်လောက်ရှိပြီ  အဖွဲ့ထဲမှာလည်း အရမ်းအဆင်မပြေတဲ့သူတွေ ရှိတယ်ဆိုတဲ့ ဝါဝါအောင် တို့ရဲ့ ရင်ဖွင့်သံများ   #voiceofmyanmar #VOM  #အောင်ခိုင် #ဝါဝါအောင်

Read More
VOM News

FREE
VIEW