ရွေး​ကောက်ပွဲမဲဆွယ်စည်းရုံး​ရေး ​နောက်ဆုံး​နေ့အဖြစ် မန္တလေး ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်​တွေ မဲဆွယ်

မန္တ​လေး၊ ဇန်နဝါရီ-၂၂-၂၀၂၆ Voice Of Myanmar တတိယပိုင်း​ရွေး​ကောက်ပွဲအတွက် ချမ်းမြသာစည်မြို့နယ်က ပြိုင်ကြမယ့် ပြည်ခိုင်ဖြိုးပါတီလွှတ်​တော်ကိုယ်စားလှယ်​တွေဟာ မြရည်နန္ဒာရပ် ၁၁၅လမ်းနဲ့ ၅၂ လမ်းက ဖူဆယ်ကွင်းမှာ လူထု​​တွေ့ဆုံပွဲလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်က​နေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှကြွယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(PR)အတွက် ​ဦးတင်ထွန်းနဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦးဝင်း​ဖေ​မောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့ ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီမဲဆွယ်ပွဲမှာ လွှတ်​​တော်ကိုယ်စားလှယ်​လောင်း​တွေ ဘာ​တွေကတိ​ပေး ​​ပြောဆိုသွားကြသလဲဆိုတာ VOMက ရိုက်ကူးတင်ပြ​ပေးလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင် #voiceofmyanmar #VOM #ချမ်းမြသာစည် #ပြည်ခိုင်ဖြိုး

Read More

တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ ဧရာမဆိုင်းဘုတ်ကြီး​တွေနဲ့ မဲဆွယ်

မန္တ​လေး-ဇန်နဝါရီ ၁၈-၂၀၂၆ Voice Of Myanmar မန္တ​လေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီဟာ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် တတိယပိုင်း​ရွေး​ကောက်ပွဲမှာပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က ကိုယ်စားလှယ်​​လောင်း​​တွေ​ အောင်နိုင်​ရေးအတွက် ​အလျားပေ၃၀ အနံ၁၂ ​ပေအမြင့်ရှိတဲ့ ဆိုင်းဘုတ်ကြီး ၄ခုကို လူစည်ကားတဲ့​နေရာ​တွေမှာ ဒီက​နေ့ဇန်နဝါရီ ၁၈ ရက်က စိုက်ထူပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းနဲ့ မ​နော်ဟရီလမ်း၊ မဟာမုနိဘုရားကြီး အ​ရှေ့ ၄၅ တာကွင်း၊ ကန်​တော်ကြီးနဲ့ စစ်ကိုင်းမန္တ​လေးလမ်းဆုံ၊ ဦးပွားဘုရားအ​ရှေ့ဘက် ချမ်း​တောင်ရပ်ကွက်​တွေမှာ စိုက်ထူပြီး ဘင်ခရာတီဝိုင်း​တွေ ပါတီဝန်းရံသူ​တွေနဲ့ ဖွင့်လှစ် မဲဆွယ်ခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ(FPTP) ဦးမြင့်စန်း(PR) ၊ ပြည်သူ့လွှတ်​တော်အတွက် ​ဒေါ်တင်မာကြိုင်၊ တိုင်းဒေသကြီးအတွက် ​ဒေါ်သန္တာဝင်း(FPTP) ၊ တိုင်း​ဒေသကြီး PR အတွက် ဦးခင်​မောင်ဝင်း၊ ဦးမျိုး​ကျော်၊ဦး​​ဇော်လင်းထက်၊ ဦးမိုးဝင်းထွဋ်နဲ့ ဦးဝင်းကိုကိုတို့က ယှဥ်ပြိုင်မယ်လို့…

Read More

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်စိုး နဲ့ တွေ့ဆုံ မေးမြန်းချက်

နေပြည်တော်၊ ဇန်နဝါရီ – ၁၅- ၂၀၂၆ Voice Of Myanmar ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးမြင့်စိုး ကို VOM အယ်ဒီတာချုပ် ဦးနေလင်း က လူငယ်ငြိမ်းချမ်းရေးဖိုရမ်က ရရှိမယ့် ငြိမ်းချမ်းရေးအတွက် အကျိုးရလဒ်နဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိ ဖြစ်တည်နေမှု စတဲ့ မေးခွန်းတွေနဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ #voiceofmyanmar #vom #NSPNC #YouthPeaceForum #နေပြည်တော် #ငြိမ်းချမ်းရေး #ဖိုရမ် #လူငယ်

Read More

ရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုအခြေအနေတွေနဲ့ ဒီကနေ့မန္တလေးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အနေအထား မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOM အင်တာဗျူး

ရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုအခြေအနေတွေနဲ့ ဒီကနေ့မန္တလေးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အနေအထား မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ VOM အင်တာဗျူး မန္တလေး၊ ဒီဇင်ဘာ- ၂၈- ၂၀၂၅ SA(VOM) #vom #voiceofmyanmar #မန္တလေး #ရွေးကောက်ပွဲ #ပထမပိုင်း #အောင်မြေသာစံ #election #ပေါက်ကွဲမှု

Read More

မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား

မန္တ​လေးမဲရုံ​တွေအ​ခြေအ​နေနဲ့ မဲဆန္ဒရှင်​တွေရဲ့ သ​ဘောထား မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice of Myanmar ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲ အပိုင်း၁မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ် ၊ ကျောက်ဆည်မြို့နယ် ၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ဦးမြို့နယ် အပါအဝင် ၈မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉ပါတီနဲ့ တသီးပုဂ္ဂလ ၃ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး ရှိတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ပထမပိုင်း ၈မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးများလွှတ်တော်နေရာများတွင် ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြပြီး ဒုတိယပိုင်း ၉မြို့နယ်အား၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့နဲ့ တတိယပိုင်း ၈မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅…

Read More

လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ

လတ်တ​လော မဲရလဒ်​တွေအရ ​မန္တ​လေး​အောင်​မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီက​နေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တ​လေး ​အောင်​မြေသာစံမြိုနယ်ထဲက မဲရုံ ၉၅ရုံရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်​နေပါတယ်။ ​ရွေး​ကောက်ပွဲ ​ကော်မရှင်​တွေက မဲရလဒ်မ​ကြေငြာ​သေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်​တွေ​ရှေ့ မဲ​ရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ​ရွေး​​ကောက်ပွဲဝင်ပါတီ​​တွေက သိပြီးဖြစ်ပါတယ်။ မဲရုံ​တွေပိတ်ပြီးချိန်မှာ မဲရလဒ်​တွေလိုက်ကြည့်စစ်​ဆေးထားတဲ့ ​အောင်​မြေသာစံမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦး​တေဇ​ကျော်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦး​ကျော်ဆန်းနဲ့ ဦးခင်​မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

Read More

ပထမပိုင်း ​ရွေး​ကောက်ပွဲရဲ့ အားနည်းချက် အားသာချက်​တွေကို တစည ပါတီ​ထောက်ပြ

ပထမပိုင်း ​ရွေး​ကောက်ပွဲရဲ့ အားနည်းချက် အားသာချက်​တွေကို တစည ပါတီ​ထောက်ပြ မန္တ​လေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီက​နေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုက​ရေစီ​ရွေး​ကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တ​လေး ​ချမ်း​အေးသာစံမြိုနယ်ထဲက မဲရုံ ၇၀ရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်​နေပါတယ်။ ဒုတိယအ​နေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည) က ရရှိ​ပေမယ့် ရလဒ်က အ​တော်ကွာဟ​နေတယ်လို့ ပါတီကိုယ်စားလှယ်​လောင်း​တွေက​ပြောကြပါတယ်။ ​ရွေး​ကောက်ပွဲ ​ကော်မရှင်​တွေက မဲရလဒ်မ​ကြေငြာ​သေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်​တွေ​ရှေ့ မဲ​ရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ​ရွေး​​ကောက်ပွဲဝင်ပါတီ​​တွေက သိပြီးဖြစ်ပါတယ်။ မဲရုံ​တွေပိတ်ပြီးချိန်မှာ မဲရလဒ်​တွေလိုက်ကြည့်စစ်​ဆေးထားတဲ့ ​မန္တ​လေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည)ရဲ့အတွင်း​ရေးမှူး တိုင်း လွှတ်​တော်ကိုယ်စားလှယ်​လောင်း ဦးခင်​မောင်ဝင်းကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာ တင်ပြလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင်

Read More

NDF ( ခ​​မောက်ပါတီ) ဘာဆက်လုပ်မလဲ

စက်တင်ဘာ ၁၀-၂၀၂၅ SS(VOM) ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ချက်တ​စောင် ပြီးတဲ့နာရီပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (NDF) ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထက်​အောင်​ကျော်ကို VOM က ဆက်သွယ်…

Read More

ပြည်သူ့​ရှေ့​ဆောင်ပါတီ အ​နေနဲ့ ကိုယ်စားလှယ်​လောင်း ငါးရာ​ကျော်ရ​နေပြီ

ပြည်သူ့​ရှေ့​ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်​ရွေး​ကောက်ပွဲမှာ ပြည်​ထောင်စုအဆင့်အ​နေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်​ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ​ဒေါက်တာသက်သက်ခိုင်ဟာ ဒီက​​နေ့ စက်တင်ဘာ ၅ရက်​နေ့မှာ မန္တ​လေးက ပါတီဝင်​တွေ၊ ရှမ်းပြည်​မြောက်ပိုင်းက ပါတီဝင်​တွေနဲ့ နှစ်​နေရာခွဲပြီး မန္တ​လေးမှာ ​တွေ့ဆုံခဲ့ပါတယ်။ ​ဒီ​တွေ့ဆုံပွဲအပြီး ရှမ်းပြည်​မြောက်ပိုင်းက​​နေ ​ရွေး​ကောက်ပွဲယှဥ်ပြိုင်မယ့် ဦးအောင်ဆန်း​ဇော်ကို VOM အယ်ဒီတာချုပ် ဦး​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်း​အောင်

Read More

ကြောက်တတ်ရင် နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး

U Ko Ko Gyi

သြဂုတ်လ ၂၃ ရက်နေ့၊ ၂၀၂၃ ခုနှစ်ဟာ ၁၉၈၈ ကနေ နိုင်ငံရေးခရီးဖြတ်သန်းခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီ၊ ၅ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ နစက တက်ပြီး နောက်ပိုင်း ပြည်သူ့ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်သူ့ပါတီရဲ့ ၅ နှစ်တာ ခရီးဟာ ဘယ်လောက် ခရိးရောက်လို့ ဘာအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရလဲ၊ အနာဂတ်ခရီးအတွက် ဘာမူဝါဒတွေ ကိုင်ဆွဲပြီး ခရီးဆက်မလဲ ဆိုတာတွေကို၊ ပြည်သူ့ပါတီရဲ့ ဥက္ကဌလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

Read More
VOM News

FREE
VIEW