VOM အကြောင်း

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက လက်ရှိအခြေအနေမှာ အခက်အခဲမျိုးမျိုးနဲ့ရင်ဆိုင်နေရပြီး သတင်းမီဒီယာတွေ  တဖြေးဖြေးနဲ့ ရပ်နားသွားတာရှိသလို ဝန်ထမ်းအင်အား လျှော့ချရတာတွေ ရှိလာနေပါတယ်။

ဒါ့ကြောင့် ဒီလိုလျှော့ခံရလို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ သတင်းစာပညာလည်းတတ်၊ ကျင့်ဝတ်လည်းလိုက်နာ ၊ သတင်းစာနယ်ဇင်းအလုပ်ကို ဝါသနာလည်းပါပြီး ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တွေအတွက် အွန်လိုင်းမီဒီယာတခုထောင်မယ်ဆိုပြီး လက်ရှိအလုပ်လုပ်နေဆဲ သတင်းထောက် ၃ယောက်တိုင်ပင်ပြီး အွန်လိုင်းမီဒီယာတခုကို ထူထောင်ခဲ့ပါတယ်။

Voice Of Myanmar ဆိုတဲ့ နာမည်ပေးရတာတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အသံတွေကို ကျင့်ဝတ်နဲ့အညီဖေါ်ထုတ်ပေးဖို့ ရည်ရွယ်ပြီး ဒီနာမည်ပေးဖြစ်ခဲ့တာပါ။ အမှန်တိုင်းဝန်ခံရရင် VOA တို့ DVB တို့လို နာမည်ကို ယှဉ်ပြီးစဉ်းစားဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Voice Of Burma ဆိုတဲ့ စာစဉ်တခု ရှိခဲ့ဖူးတာကြောင့်ရော လက်ရှိကျနော်တို့ နိုင်ငံဟာ Myanmar လို့ သုံးစွဲတဲ့ အတွက် Voice Of Myanmar ဆိုတဲ့ နာမည်ကိုမှည့်ခေါ်လိုက်တာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် ကျဆုံးနေတဲ့ အခြေအနေကို နိုင်ငံတကာကလည်း သိပြီးဖြစ်သလို ကျနော်တို့ ကိုယ်တိုင်လည်း ခံစားနေကြရတာပါ။

Voice of Myanamar ဟာ ပြည်သူတွေသိချင်တဲ့ ကဏ္ဍစုံက သတင်းတွေကို မှန်မှန်ကန်ကန်၊ တိတိကျကျနဲ့ အချိန်နဲ့တပြေးညီ တင်ပြပေးနိုင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။

လတ်တလောမှာ မန္တလေးကနေအခြေစိုက်ပြီး နိုင်ငံတဝှမ်းကသတင်းတွေ၊ နိုင်ငံတကာက စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ တင်ပြပေးနိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ နယ်တွေမှာလည်း Voice Of Myanmar သတင်းထောက်တွေကို တတ်နိုင်သမျှ ထားရှိမှာဖြစ်သလို မေတ္တာနဲ့ ကူညီမယ့်သူတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။

လတ်တလောမှာ https://voiceofmyanmarnews.com/ စာမျက်နှာမှာ သတင်းတွေ စတင်နေသလို https://www.facebook.com/VoiceofMyanmarNews/ ဆိုတဲ့ Facebook စာမျက်နှာကနေလည်း သတင်းတွေကို စတင် တင်ဆက်နေပြီဖြစ်ပါတယ်။

Voice Of Myanmar ကိုဆက်သွယ်ပြီး ဝေဖန်အကြံပေးလိုတာ၊ သတင်းပေးလိုတာတွေရှိရင် voiceofmyanmarnews@gmail.com နဲ့ editor@vom-news.com တို့ဆီ ဆက်သွယ်ပေးပို့နိုင်သလို၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ချင်တယ်ဆိုရင် ၀၉ ၉၇၁ ၁၅၉ ၄၂၃ ကို ဆက်သွယ်နိုင်ပါတယ်။

မြန်မာပြည်သူပြည်သားများ စိတ်ကျမ္မာကိုယ်ချမ်းသာစွာနဲ့ သတင်းမှန်များကို ယုံကြည်စွာ အားပေးနိုင်ကြပါစေ။

အယ်ဒီတာအဖွဲ့

VOM News

FREE
VIEW