ကြံခင်းမှာ မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦး မီးလောင်သေဆုံး

မေ၊ ၄-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ဗိုလ်ချုပ် လမ်းမှာ ယနေ့ ဇွန်လ ၄ ရက် မနက် ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား(၁) ဦး သေဆုံးသွားတယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။ ”မီးလောင်တဲ့ အိမ်က ကုန်ခြောက်ဆိုင်ပါ ၊ မီးအားမြှင့်စက် အပူလွန်ကဲရင်းကနေ မီးလောင်တာ ၊ ကုန်ခြောက်ပစ္စည်းတွေကို မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပါတယ်၊ အဲ့ဒီ မီးလောင်မှုမှာ နေအိမ်ပိုင်ရှင်ရဲ့ယောက်ဖက မီးထဲပါသွားတာ၊ ကနဦးတော့ မှောင်နေတော့ ပျောက်နေတာ အပြင်သွားသလိုလိုနဲ့ ၊မီးငြှိမ်းသတ်ပြီးမှ မီးထဲမှာ မီးလောင်ပြင်ထဲမှာ သေဆုံးတဲ့အလောင်းကိုတွေ့တာ။”လို့ တာဝန်ရှိသူ တယောက်ကပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို ကြံခင်း၊ ဘက်ရဲ၊ မြန်အောင် မြို့နယ်တို့မှ မီးသတ်ယာဉ်တွေနဲ့ ရေသယ်ယာဉ်တွေ အပြင် ဒေသခံတွေပါလာရောက် မီးငြှိမ်းသတ်ခဲ့တဲ့ အတွက် မနက်…

Read More

ချောင်းဦးမြို့မှာ လမ်းလုံခြုံရေးကျတဲ့ ရဲ ၃ ဦး ပစ်သတ်ခံရ

ဇွန် ၊ ၄ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦမြို့ ၊ မုံရွာ – ချောင်းဦး – မန္တလေးကားလမ်းပိုင်းမှာ ဒီကနေ့ မနက် အစောပိုင်းက လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၆ နာရီဝန်းကျင်က ပစ်ခံရတာဖြစ်တယ်၊ မုံရွာ – ချောင်းဦး – မန္တလေး ကားလမ်း ၊ လဝက ရုံးနားမှာ လမ်းလုံခြုံရေး တာဝန်ထမ်းဆောင်ရင်း ပစ်ခံရတာပါ ၊ ပခုက္ကူဘက်ကနေ မန္တလေး လမ်းဘက်တိုင်း မောင်းလာတဲ့ အိမ်စီးကားပေါ်ကနေ ပစ်ခတ်တာဖြစ်တယ် ၊ အပစ်ခံရတဲ့သူတွေကတော့ ရဲတပ်ကြပ်…

Read More

ဟိုပင်မြို့မရဲစခန်းက နယ်ထိန်း ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

ဇွန် ၊ ၄ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဟိုပင်မြို့နယ် ၊ ဟိုပင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ မနေ့ ဇွန် ၃ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူက နယ်ထိန်း ရဲတပ်ကြပ် ဝင်းကိုကိုဆိုသူဖြစ်တယ် ၊ ဖမ်းဆီးသွားပြီးနောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်တာဖြစ်တယ်”လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး နဲ့ နီးစပ်သူတယောက်က ” ရဲတပ်ကြပ် ဝင်းကိုကိုက နယ်ထိန်းတာဝန်ကျဆိုတော့ ၊ တာဝန်နဲ့ သွားလာရင်း အဖမ်းခံရတာဖြစ်တယ် “လို့ ပြောပါတယ်။ အဲ့ဒီ နယ်ထိန်းရဲကို ဘယ်အဖွဲ့က ဖမ်းဆီးသွားပြီး အခုလို…

Read More

ပျောက်ဆုံးနေတဲ့ စစ်တွေနည်းပညာကျောင်းအုပ်ကြီးရဲ့ ရုပ်အလောင်း ပြန်တွေ့

ဇွန် ၄ – ၂၀၂၃ SN (VOM) တစ်ရက်ကြာပျောက်ဆုံးနေတဲ့ စစ်တွေနည်းပညာကျောင်းအုပ်ဆရာကြီးရဲ့ ရုပ်အလောင်းကို စစ်တွေမြို့၊ ဘာဆာရာရွာအနီးမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကနေ သိရပါတယ်။ အဲ့ဒီကျောင်းအုပ်ဆရာကြီးဟာ ဇွန် ၂ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်က စစ်တွေမြို့၊ ကမ်းနားလမ်း သုံးခွဆုံအနား ပင်လယ်ကမ်းစပ်မှာ သူစီးနင်းလာတဲ့ ဆိုင်ကယ်ကို ထားပစ်ခဲ့ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “စ ပျောက်သွားတာကတော့ စစ်တွေဟိုတယ် ကမ်းနားလမ်းကပွိုင့်နားမှာ ဆိုင်ကယ်ရပ်ပြီး ကမ်းခြေကိုဆင်းသွားတာလို့ သိရတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်တာတွေဆောင်ရွက်ပြီး သေချာရှာဖွေကြပါတယ်။ ကုလားတန်မြစ်တစ်လျှောက် ရွှေမင်းဂံဘက်အထိကို ရှာတယ်၊ လုံးဝမတွေ့ဘူး။ မနေ့က ညကျမှ အလောင်းကိုပြန်တွေ့ခဲ့တဲ့ ဘာဆာရွာက ရွာသားတစ်ယောက်က သတင်းပို့လာတာနဲ့ သွားကြည့်တော့မှ တွေ့ခဲ့တာပါ”လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျောင်းအုပ်ဆရာကြီးဟာ လုပ်ငန်းခွင်အတွင်း ဖိအားများပြီး စိတ်ဖိစီးမှုကြောင့် အခုလို…

Read More

ရှမ်းပြည်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ(၁၀၀)နီးပါး ပျက်စီးမှုဖြစ်ပွား

ဇွန် ၃-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၁၀၀ ဝန်းကျင် ပြိုကျ​ပြီးအမိုးလန်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ “ကလောမြို့နယ်မှာ လေပြင်းကြောင့် မနေ့က ဇွန်လ ၂ ရက်မှာ စာသင်ကျောင်း ၁ ခုနဲ့ လူနေအိမ် အပါအဝင် စုစုပေါင်း အလုံးရေ ၅၀ အထိပျက်စီးသွားတယ်၊ သွပ်မိုး ၂ ထပ်အိမ်တွေကြီးပဲ သီးသန့်က ၂၅ လုံးလောက်ပါတယ်၊ ခိုင်ခိုင်ခန့်ခန့်အိမ်တွေပါ ၊ ကလောမြို့နယ်မှာပဲ ဇွန် ၁ ရက်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ခုနဲ့ ဒေသခံလူနေအိမ် အလုံး ၃၀ ကျော်ပျက်စီးခဲ့တယ်၊ အပျက်စီးတွေ ဘာကြောင့်များရတာလည်းဆိုတော့ တိုက်ခတ်သွားတဲ့ လေက အရမ်းပြင်းတယ်လေ၊ လေဆင်နှာမောင်းပုံစံ ဆိုတော့လေ၊ ရပ်စောက်မြို့နယ်မှာလည်း နေအိမ် ၁၀ ကျော်ကျော်…

Read More

တောင်သူတွေကို လယ်ယာသုံးစက်ပစ္စည်းဝယ်ဖို့ ၅ ကျပ်တိုးနဲ့ သိန်း၇၀၀ ကနေ ၅၀၀၀ အထိချေးပေးမယ်လို့ ကြေညာ

ဇွန် ၃ – ၂၀၂၃ GG (VOM) စက်ပစ္စည်းတွေဝယ်ယူဖို့အတွက် တောင်သူတစ်ဦးကို အများဆုံး ကျပ် သိန်း ၇၀၀ ၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက်က ကျပ်သိန်း ၅၀၀၀ အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးမယ်လို့ မနေ့ ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်အသိပေးကြေညာလိုက်ပါတယ်။ အဲ့ဒီချေးငွေနဲ့ လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်တွေ၊ ဝယ်ယူဖို့နဲ့ စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ လုပ်ဆောင်နိုင်ပြီး တစ်နှစ်ကို အတိုးနှုန်း ငါးရာခိုင်နူန်းနဲ့ ထုတ်ချေးပေးမှာဖြစ်တယ်လို့သိရပါတယ်။ ထော်လာဂျီ လက်တွန်းထွန်စက်ချေးငွေအတွက် ၃ နှစ် အရစ်ကျ ၃ ရစ်ပေးဆပ်ရပြီး အဲ့ဒီအပြင် ကျန်တဲ့ စက်ကိရိယာတွေကတော့ ၅ နှစ်အရစ်ကျစနစ် ၅ ရစ်နဲ့ ပေးဆပ်ရမှာဖြစ်ပါတယ်။ ” အဲ့ဒီ…

Read More

ဧရာဝတီတိုင်းမှာ တောင်သူလက်ထဲ စပါးလက်ကျန်မရှိမှ စပါးဈေးမြင့်နေလို့ အကျိုးမရှိဖြစ်နေ

ဇွန်၊၃-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ စပါးကြမ်းတင်း(၁၀၀)ကို ငွေကျပ် (၁၈)သိန်းနဲ့ စံချိန်တင်အမြင့်ဆုံးဈေးပေါက်နေပြီး လက်ရှိပေါက်နေတဲ့စပါးဈေးဟာ တောင်သူတွေအတွက် အကျိုးမရှိဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက တောင်သူတွေ ဆီကနေသိရပါတယ်။ ဧရာဝတီတိုင်းက တောင်သူတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ မိုးစပါး ဆက်စိုက်ဖို့၊ စိုက်ပျိုးစရိတ်အရင်း အသုံးပြုဖို့အတွက် တောင်သူတွေအနေနဲ့ လက်ထဲမှာ စပါးလက်ကျန်မထားနိုင်တော့ဘဲ စပါးစတင်ပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြရတာကြောင့် စပါးရှားလာပြီး အခုလို ဈေးထိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “ကုန်သည်တွေက စပါးကို လိုချင်တဲ့အခါကျတော့ ဈေးတွေပေးဝယ်နေကြတာ ၊လက်ကျန်စပါးတွေ ရှားလာတာရယ်ကြောင့် စပါးဈေးက ၁၈ သိန်းအထိ ပေါက်နေတာ ၊ပြီးခဲ့တဲ့နွေစပါးပေါ်တဲ့အချိန် မိုးစပါးပေါ်တဲ့အချိန်တွေက စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်းလောက်အပြင် ဈေးကပိုမရခဲ့ဘူး၊ ဒါ့ကြောင့် အခုပေါက်နေတဲ့စပါးဈေးက တောင်သူတွေအတွက် ဘာအကျိုးမှမရှိဘူး ၊ ဒီနှစ်ပိုင်းတွေမှာ တောင်သူတွေ အများစုက…

Read More

ဒေါ်လာတွေ တိုးပြီးထုတ်ရောင်းပေးမယ်လို့ဆိုပေမယ့် ဝယ်ရခက်နေသလို စျေးကွက်မှာ ဒေါ်လာစျေးကျဆင်းမှုမရှိသေး

ဇွန် ၃ – ၂၀၂၃ GG (VOM) ဘဏ်တွေမှာ အမေရိကန်ဒေါ်လာငွေကြေးရောင်းချမှုကို အရင်ကထက်ပိုပြီး တိုးမြှင့်ရောင်း​ချပေးမယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပေမယ့် လက်ရှိမှာတော့ ဝယ်ယူရခက်ခဲနေဆဲဖြစ်သလို ဒေါ်လာစျေးကျဆင်းလာခြင်းလည်း မရှိသေးဘူးလို့သိရပါတယ်။ ” ဘဏ်မှာက ဝယ်လို့မရပါဘူး။ သူတို့ကလည်း မရောင်းဘူး။ဝယ်ရင်လည်း သတ်မှတ်ပမာဏကုန်သွားပြီလို့ပြောတာများပါတယ်။အဆင်မပြေပါဘူး။ဒါကြောင့်လည်း ပြင်ပဒေါ်လာစျေးကွက်က ကြီးနေတာပေါ့၊ အခုလည်း ပိုရောင်းပေးမယ်သာ ပြောတာ ဘယ်တော့ စရောင်းပါမယ် မပါဘူး။ဘဏ်မှာဝယ်ဖို့စုံစမ်းတော့လည်း မရဘူး “လို့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေမှာ နိုင်ငံခြားငွေတိုးမြင့်ရောင်းချပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ အခုလို နိုင်ငံခြား ငွေတိုးမြှင့်ရောင်းချပေးဖို့လုပ်ဆောင်တာဟာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက်ဖြစ်ကြောင်းနဲ့ အဲ့ဒီအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်စာမှာရေးသားထားပါတယ်။ ပြည်ပကို သွားရောက်ပြီး ပညာသင်မယ့်သူတွေ၊ ဆေးကုသမယ့်သူတွေ၊ အလုပ်သွားရောက်လုပ်ကိုင်မယ့် သူတွေအတွက်လည်း ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ…

Read More

ကြာအင်းဆိပ်ကြီးမြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဘုန်းကြီး ၂ ပါးနဲ့ ကလေးငယ် ၁ ဦး သေဆုံး

ဇွန် ၂ -၂၀၂၃ SP (VOM) ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကန္နားလမ်း ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူတယ် ၊ အဲ့ဒီအပြင် အမှတ် ၃ ရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အသက် ၁၅ နှစ်အရွယ် ကလေးတယောက် မိုင်းစထိမှန် သေဆုံးတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ၁ နာရီဝန်းကျင်က စပြီး ၊…

Read More

မြန်မာ -တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပြုလုပ်ဖို့ မှောင်ခိုဈေးရှိနေတယ်လို့ သိရ

ဇန် ၂-၂၀၂၃ Shy V(VOM) မြန်မာ – တရုတ် နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်တွေပြုလုပ်တဲ့ ကံပိုင်တည်၊ မူဆယ်၊ ချင်းရွှေဟော် နယ်စပ်တွေမှာ မှောင်ခိုဈေး သုံး၊ လေးသိန်းကနေ သိန်း လေးဆယ်ကျော်အထိ ဈေးပေါက်နေတယ်လို့ စာအုပ်လုပ်ခဲ့သူတွေဆီက သိရပါတယ်။ တရုတ်ဘက် ပေါက်ရှန်းခရိုင်၊ ထိန်ချုန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကံပိုင်တည် နယ်စပ်ဂိတ်မှာတော့ ၁၃/ ကလွဲရင် ကျန်တဲ့ဟာတွေ အကုန်လုပ်လို့ရတယ်လို့ ကံပိုင်တည် နယ်စပ်ဒေသခံ ၁ ဦး ကပြောပါတယ်။ “စာအုပ်အနီ ပေါက်ဈေးက ၄ သိန်းခွဲအထိ ပေါက်နေပါတယ်။ ကံပိုင်တည် ဘက်ကနေ ဝင်ရင် တရုတ်ဘက် ထိန်ချုံးထိပဲ ရတယ်။”လို့ သူက ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရဖို့ ကြိုးစားနေတဲ့ အမျိုးသား ၁ ဦးကလည်း “မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်မှာတော့ ပေါက်ဈေး အမျိုးမျိုးရှိပြီး…

Read More
VOM News

FREE
VIEW