ရွှေဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှု လျှော့ချပေးစေလို

မေ ၂၁ – ၂၀၂၆ SS (VOM) ရွှေစင်၊ ရွှေတုံးနဲ့ ရွှေထည်တွေ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) အဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို လျှော့ချပေးစေလိုတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။ အရင်က ရွှေအတုံးအခဲတွေအတွက် အခွန်ကောက်ခံမှု မရှိခဲ့ဘဲ ရွှေထည်တွေအတွက်သာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေနဲ့ ရွှေထည်လက်ဝတ်ရတနာ အားလုံးအတွက် ၃ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ “ရွှေအတွက် ကောက်နေတဲ့အခွန်တွေက အရမ်းများတယ်။ နိုင်ငံတကာမှာလည်း မရှိဘူးလေ။ ရွှေကို ၃ နာရခိုင်နှုန်း၊ ကျောက်မျက်ရတနာကို ၅ ရာခိုင်းနှုန်း သတ်မှတ်ထားတာ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီလို အခွန်ကောက်တာ မရှိဘူး။ ဒီ…

Read More

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကြောင်းထိုးနေ

မေ ၂၁ ၊ ၂၀၂၆ CC (VOM) ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက် ၊ မတူပီ မြို့နယ်နဲ့ မင်းတပ်မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတာကြောင်း စစ်ရေးတင်းမာလာနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာဆိုရင် အစိုးရတပ်စစ်ကြောင်းတွေက ကန်ပက်လက်မြို့အနီးအထိ ရောက်ရှိနေပြီး ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါအပြင် ကန်ပက်လက်မြို့နယ်ထဲကို ဒီကနေ့မနက်ပိုင်းကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပြီး ထိခိုက်ပျက်စီးမှု အ​ခြေအနေကိုတော့ မသိရှိရသေးပါဘူး ။ ” ဆောကို သိမ်းတဲ့ စစ်ကြောင်းကပဲ ကန်ပက်လက်ဘက်ကို ဆက်ပြီး တက်သွားတာ ။ ကန်ပက်လက် မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဖြစ်နေတယ်သိရတယ်။ လေကြောင်းကလည်း မနက်ကနှစ်ကြိမ်ကြဲသွားတယ် ။ မင်းတပ်နဲ့ မတူပီ ဘက်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ် ။ အဲဒီဘက်မှာတော့…

Read More

အင်းတော်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံး

မေ ၂၁ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မနေ့ မေ ၂၀ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်းတော်မြို့နယ်၊ မန်ဖာကျေးရွာဝန်းကျင်မှာ မနေ့ မနက် ၁၀ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့သိရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကျဉ်းထောင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးပေါ် ကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ “သေတာက စစ်သုံ့ပန်း ငါးယောက်နဲ့ PDF နှစ်ယောက်ပါ။ နေရာမှာပဲ ပွဲချင်းပြီး ဖြစ်သွားတာ။ အင်းတော်ကို အစိုးရတပ်က သိမ်းထားပေမယ့် တိုက်ပွဲတွေကတော့ ရှိနေသေးတယ်။ အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက မြို့နဲ့ ၂ မိုင်ပတ်လည်လောက်ပဲ ဝေးတာ။ ဒါကြောင့် ပြည်သူတွေအနေနဲ့…

Read More

တွန်းဇံမြို့ကို အစိုးရတပ်နဲ့ ZRA ပူးပေါင်းတပ်တွေ ​ထိန်းချုပ်

မေ ၂၀ ၊၂၀၂၆ GG (VOM) ချင်းပြည်နယ်ထဲက ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသိမ်းထားတဲ့ တွန်းဇံမြို့ကို အစိုးရတပ်နဲ့ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA-EC) ပူးပေါင်းအဖွဲ့က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ် ။ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ ဆက်တိုက်သုံးခဲ့သလို အင်အားအများအပြားနဲ့ မြေပြင်စစ်ကြောင်းထိုးပြီး ZRA-EC အဖွဲ့နဲ့ပါ ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာကြောင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တွန်းဇံမြို့ကို လက်လွှတ်ပြီး နောက်ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့သိရပါတယ် ။ ” ဟုတ်ပါတယ် ။ မနေ့ညကတည်းက သတင်းရပါတယ်။ ။ ချင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ကနေ ဆုတ်ပေးလိုက်ရတယ်။ မနေ့က ခုခံတိုက်ရင်းကပဲ အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ် သိရတယ်။ စစ်တပ်က ခုနောက်ပိုင်းစစ်ကြောင်းထိုးတာ အင်အား အရမ်းများတယ်။ စစ်ကြောင်းကလည်း နေရာစုံကနေ ဖြန့်ကျက်ပြီး လာတာတွေ့ရတယ်။…

Read More

မောတောင်မြို့ကို အစိုးရတပ် ပြန်လည်ထိန်းချုပ်

မေ ၂၀ – ၂၀၂၆ SN (VOM) တနင်္သာရီတိုင်းအတွင်းရှိ မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို အစိုးရတပ်က မနေ့ မေ ၁၉ ရက်မှာ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ မောတောင်မြို့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး အစိုးရတပ်က အဲဒီမြို့ကို ပြန်လည်ရယူနိုင်ဖို့ အခု မေလ ၅ ရက်နေ့မှစတင်ကာ ထိုးစစ်အရှိန် မြှင့်တင်ခဲ့ပြီးနောက် မနေ့ ညနေ ၄ နာရီဝန်းကျင်မှာ အလုံးစုံ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။ “မောတောင်မြို့က ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်း (Sing Khon) နယ်စပ်ဂိတ်နဲ့ တိုက်ရိုက်…

Read More

ဖားကန့်မှာ ရွာလုံးကျွတ် စစ်ရှောင်နေရတဲ့ မှော်ဝမ်းလေးရွာက နေအိမ်တွေတော်တော်များများ မီးရှို့ခံရ

မေ ၂၀ ၊ ၂၀၂၆ GG (VOM) ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ ဖားကန့်ဒေသရှိ မှော်ဝမ်းလေးကျေးရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး အိမ်တော်တော်များများ မီးလောင်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေ ၂၀ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ မှော်ဝမ်းလေး ကျေးရွာရှိနေအိမ်တွေ မီးရှို့ခံရတာကို သိရှိခဲ့ရတာဖြစ်ကြောင်း ၊ မီးလောင်နေပေမယ့် စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တဲ့အတွက် မီးငြိမ်းသတ်နိုင်ခြင်းမရှိခဲ့သလို မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက်ကိုလည်း အတိအကျ မသိရှိရသေးဘူးလို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။ ” မီးလောင်တာ မီးတောက်ကတော့ အရမ်းများတယ် ။ မှော်ဝမ်းလေး ၊မှော်ဝမ်းကြီး ရွာဘက်က သွားလာလို့မရတော့ အိမ်ဘယ်လောက် မီးလောင်သွားးတယ်ဆိုတာတော့ မသိရသေးဘူး ။ ဘယ်သူရှို့တယ် ဘာညာလည်းမသိရဘူး ။ ဘယ်သူပဲရှို့ရှို့ပါ ဒါကမလုပ်သင့်တဲ့လုပ်ရပ်ပါ ။ အိမ်တလုံးဖြစ်ဖို့ မလွယ်ပါဘူး။ ပြန်ဆောက်နိုင်ဖို့လည်း ခက်ခဲပါတယ်။…

Read More

ကနီမြို့က စစ်ရှောင် သုံးသောင်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ

မေ ၂၀ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အစိုးရတပ်တွေ ဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၄၄ ရွာဝန်းကျင်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ ယာယီတဲတွေ ဆောက်လုပ်နိုင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒေသခံတွေဟာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်း၊ ဒရုန်းတွေနဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခြင်းတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှ စတင်ကာ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး စစ်ရှောင်ကူညီရေး အဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပေမယ့် လူဦးရေ များပြားလွန်းတာကြောင့် အလှူရှင်တွေရဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရွာပေါင်း ၄၄ ရွာလောက် စစ်ရှောင်နေကြရတာ။ အခုအချိန်က မိုးစပါးစိုက်အချိန် ဖြစ်ပေမယ့် ဘာမှမလုပ်နိုင်ဘူး။ လယ်ယာတွေအကုန် ဒီတိုင်းထားခဲ့ရတာ။…

Read More

တောင်ငူ – လိပ်သိုလမ်းမှာ လူနာခေါ်ပြီး ပြန်လာတဲ့ ပရဟိတကားတစီး မိုင်းဆွဲခံရလို့ တယောက်သေ ငါးယောက်ဒဏ်ရာရ

မေ ၂၀ ၊ ၂၀၂၆ CC (VOM) ကရင်ပြည်နယ် လိပ်သိုမြို့နယ်နဲ့ တောင်ငူမြို့ အကြားရှိ ကျေးရွာတခုက လူနာကို သယ်ဆောင်ပြီး ပြန်လာတဲ့ တောင်ငူမြို့က ပရဟိတကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် တယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က မေ ၁၉ ရက်နေ့ည ၉ နာရီလောက်မှာ ပရဟိတကားဟာ လူနာကို သွားရောက်ခေါ်ပြီး တောင်ငူကိုပြန်လာချိန် လမ်းမှာ မိုင်းဆွဲခံခဲ့ရတာ ဖြစ်ကြောင်း ၊ သေဆုံးသူက လူနာစောင့်အဖြစ်လိုက်ပါလာသူတွေထဲက တယောက် ဖြစ်တယ်လို့ သိရပါတယ် ။ ” ယာဥ်မောင်း ၊ ယာဥ်အကူ နဲ့ လူနာစောင့်လေး​ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲဲ့တယ်။ အဲဒီထဲက လူနာစောင့်တယောက်သေသွားတယ်။ကားကလည်း တော်တော်ပျက်စီးသွားတယ်။ ဖြစ်တာကတောင်ငူနဲ့ သိပ်မဝေးဘူး ။ ခြောက်မိုင်အကွာလောက်မှာဖြစ်တာ ။ မွန်ကုန်း ရွာဆိုတာရှိတယ်။အဲဒီရွာကလူနာကို ဆေးရုံတက်ဖို့သွားခေါ်ပြန်လာတာမှာ…

Read More

ဖားကန့် အပါအဝင် ကချင်ပြည်နယ်ဘက် အစိုးရတပ်က အင်အားထပ်ဖြည့်

မေ ၂၁၊ ၂၀၂၆ Shy V (VOM) ဖားကန့် အပါအဝင် ကချင်ပြည်နယ်ဘက်ကို လအစိုးရတပ်က အင်အားထပ်ဖြည့်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ဟုတ်တယ်။ အင်အားတွေကတော့ ထပ်ဖြည့်လာတယ်။ ထပ်ဖြည့်လာတာတွေ ရှိတယ်။ တိုက်ပွဲ အခြေအနေကတော့ လောလောဆယ်တော့ပေါ့နော် အရမ်းကြီးတော့ မဖြစ်သေးဘူးပေါ့နော်။ အခြေအနေကတော့ ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိတယ်။” လို့ ဒေသခံမျိုးသား တယောက်ကပြောပါတယ်။ ဖားကန့် ဆိပ်မူဘက်ခြမ်းမရောက်ခင် ဖားကန့် မရှီကထောင် နဲ့ ဆိပ်မူအုပ်စုရှိ ယူမာရွာ ကြားမှာ စစ်တပ်က အင်အားစုနေတာတွေရှိသလို ယူမာရွာဘက်က အဲဗားမျောခြံနဲ့ မရှီကထောင်က ရခိုင်ကုန်းမှာလည်း စစ်တပ်က အင်အားထပ်ဖြည့်ထားတယ်လို့ သူက ပြောပါတယ်။ မိုးကောင်းမြို့မှာလည်း ဖားကန့်ဘက် တက်ဖို့ စစ်တပ်က အင်အားစုဖွဲ့ ပြင်ဆင်နေတယ်လို့ ကြားနေတာကြောင့် ကာမိုင်း – ဖားကန့်လမ်း ကတော့…

Read More

စနဲမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီး

မေ ၂၁ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ရွှေဟင်္သာရပ်ကွက်မှာ မေ ၁၉ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က တောင်မော်ဦး ရေတပ်စခန်း၊ နေဗီ (စစ်ရေယာဉ်) တွေပေါ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို လေကြောင်းကနေပါ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် တရပ်ကွက်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ “လေယာဉ်က အရင်လို တစီး၊ နှစ်စီးတည်း လာတာမဟုတ်ဘူး။ ငါးစီးလောက်နဲ့ တိုက်ခိုက်မှုလုပ်သွားတာ။ အခုအချိန်ထိတော့ ထိခိုက်၊ ဒဏ်ရာရ မကြားမိသေးဘူး။ ရွှေဟင်္သာမှာက ဒေသခံအကုန်လုံးနီးပါး စစ်ရှောင်ကုန်ကြပြီလေ။ ရပ်ကွက်ထဲ လူသိပ်မကျန်တော့ဘူး။ အိမ်စောင့်တွေလောက်ပဲ…

Read More
VOM News

FREE
VIEW