မန္တလေး၊ မေ- ၁၉- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးကPDF တွေအပြင် ဒီတခေါက်အလင်းဝင်တဲ့အထဲမှာ မြင်းခြံနဲ့ ပခုက္ကူက PDF တွေအပါဝင် အလင်းဝင်လာသူအမျိုး သား ၂၇၇၊ အမျိုးသမီး ၃၅ ယောက် စုစုပေါင်း ၃၁၂ ယောက် ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပြီး မိဘတွေဆီပြန်လည်အပ်နှံတဲ့အခမ်း အနားကို ဒီကနေ့ မေ လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းက အဘင်းဝင်လာသူ အောင်မြေသာစံမြို့နယ်က အမျိုးသား(၂၆) ဦး ၊ အမျိုးသမီး(၄)ဦး၊ ချမ်းအေးသာစံမြို့နယ်က အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား(၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်က အမျိုး သား(၄)ဦး၊ အမရပူရမြို့နယ်က အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ပုသိမ်ကြီးမြို့နယ်က အမျိုးသား(၁) ဦး၊ ပြင်ဦးလွင်မြို့နယ်က အမျိုးသား(၅)ဦး၊ မိတ္ထီလာမြို့နယ်ကအမျိုးသား(၁)ဦး၊ မတ္တရာမြို့နယ်က အမျိုးသား (၅၄)ဦး၊ အမျိုး သမီး(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၂)ဦး၊ သပိတ်ကျင်းမြို့နယ်က အမျိုးသား(၄၇)ဦး၊ အမျိုးသမီး (၂)ဦး၊ မိုးမိတ်မြို့နယ်က အမျိုးသား(၇)ဦး၊အမျိုးသမီး(၁)ဦး၊ မြင်းခြံမြို့နယ်က အမျိုး သား(၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်က အမျိုး သား(၄)ဦး၊ တောင်သာမြို့နယ်က အမျိုးသား (၁)ဦး၊ ချောက်မြို့နယ်က အမျိုးသား(၄)ဦး၊ ပျော်ဘွယ်မြို့နယ်ကအမျိုးသား(၈)ဦး၊ ကျောက်ဆည်မြို့နယ်က အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၁၃)ဦး၊ မြစ်သားမြို့နယ်က အမျိုးသား(၃)ဦး၊ တံတားဦးမြို့နယ်က အမျိုးသား(၁)ဦး၊ စဉ့်ကိုင်မြို့နယ်က အမျိုးသား (၁)ဦး၊ စလင်းမြို့နယ်က အမျိုးသား(၃)ဦး၊ စေတုတ္တရာ မြို့နယ်ကအမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ ပွင့်ဖြူမြို့နယ်က အမျိုးသား (၅)ဦး၊တောင်တွင်းကြီးမြို့နယ်က အမျိုးသား(၂)ဦး၊ နတ်မောက်မြို့နယ်က အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပခုက္ကူမြို့နယ်ကအမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ပဒါန်းမြို့နယ်က အမျိုး သား(၁)ဦး၊ ငဖဲမြို့နယ် အမျိုးသား(၂)ဦး အမျိုးသား (၂၇၇)ဦးနှင့် အမျိုးသမီး (၃၅)ဦး စုစုပေါင်း ၃၁၂ ယောက် အလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာသူတွေနဲ့အတူ MA -1 အမျိုးအစား သေနတ် (၄) လက်၊ MA-2 အမျိုးအစား သေနတ်(၁)လက်၊ MA -3 အမျိုးအစား သေနတ် (၃) လက်၊ M22 အမျိုးအစား သေနတ် (၁)လက်၊ KA-25 အမျိုးအစား သေနတ် (၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊လက်လုပ်သေနတ် (၂)လက်၊ လက်လုပ်စိန်ပြောင်း (၂)လက်၊ ကျည်အိမ်မျိုးစုံ(၂၃)ခု၊ကျည်မျိုးစုံ (၇၈၁)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)ခု၊ အီနာဂါဗုံးသီး(၂)လုံး ပါဝင်တယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ၅၁၇ ယောက်၊ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း လက်နက် ကိုင်အဖွဲ့အသီးသီးက အလင်းဝင်လာသူ ၅၀၆ ယောက် ရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အလင်းဝင်အခမ်းအနားကျင်းပတာ ဒီကနေ့ကျင်းပတာနဲ့ဆို အကြိမ် ၂၀ မြောက်ရှိခဲ့ပြီဖြစ်တာမှာစုစုပေါင်း ၂၀၂၁ ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
