မေ ၃၁၊ ၂၀၂၆ Shy V (VOM) ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက် မေလ ၂၈ ရက်နေ့က စုဆောင်းရေးဆွဲခံရပြီး နှိပ်စက်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ အိမ်နားက ကလေးပါ။ စုဆောင်းရေး ဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာတယ်လို့ ကြားတယ်။ တကယ်စိတ်မကောင်းဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ၉ တန်းအောင်ထားပြီး ၁၀ တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူတယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ သူငယ်ချင်းက မုန့်သွားစားဖို့ခေါ်လို့ ဆိုပြီး အိမ်က ထွက်သွားတဲ့နောက် ည ၈ နာရီလောက်မှ ငိုယို၊ ကြောက်လန့်နေတဲ့ အခြေအနေနဲ့ အိမ်ပြန်ရောက်လာတာလို့ မိသားစုဝင် တယောက်က ပြောပါတယ်။…
Read MoreMonth: May 2026
မြေစာပင်ဖြစ်ခဲ့ရသည့် ငါးနှစ်ကျော် သို့မဟုတ် ပညာရေးအမှောင်ထုထဲက မြန်မာ့ကလေးလူငယ်များ
KKA (VOM) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမုန်တိုင်းနဲ့ မတည်ငြိမ်မှုများအကြားတွင် အနာဂတ်၏ ကြယ်ပွင့်များဖြစ်ရမည့် ကလေးလူငယ်ပေါင်းများစွာသည် စာသင်ခန်းများနှင့် ဝေးကွာခဲ့ရသည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် တိုင်ခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဘေးနှင့် နိုင်ငံရေးအကျပ်အတည်းများ စပ်ကူးမတ်ကူး ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ယနေ့အထိ ကလေးငယ်အများအပြားသည် ကျောင်းမတက်ခဲ့ရဘဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲ၌ အကြီးမားဆုံးသော “မြေစာပင်” များ ဖြစ်လာခဲ့ကြရသည်။ စစ်မီးလျှံများနှင့် ပဋိပက္ခများကြားတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်များ၏ ဘဝနှင့် ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ နေ့စဉ်နှင့်အမျှ ပိုမိုနက်ရှိုင်းလာနေသည်။ အသက် ၁၀ နှစ်အရွယ်တွင် စာသင်ခန်းမှ ထွက်ခဲ့ရသော ကလေးတစ်ဦးသည် ယခုအခါ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံစာဖတ်၊ စာရေး၊ အတွေးအခေါ် ပျိုးထောင်ရမည့် အရွယ်များကို စစ်ဘေးရှောင်စခန်းများ၊…
Read Moreနမ့်ခမ်းမှာ ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရသူများ
မေ ၃၁၊ ၂၀၂၆ Shy V (VOM) TNLA ထိန်းချုပ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရှိသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ယမ်းပေါက်ကွဲတာတဲ့။ သေတာ သုံးယောက်ပဲ သိသေးတယ်။ ဒဏ်ရာရတာ ဆယ်ယောက်မကဘူး။ အိမ်ကလည်း လေး၊ ငါးဆယ် ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နမ့်ခမ်းမြို့ ကောင်းတပ် အပေါ်ရွာ ဘော်လုံးကွင်းနားက ယမ်းစက်ရုံ ပေါက်ကွဲသွားတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေ ပြာကျသွားတယ်လို့ သူက ပြောပါတယ်။ “ဘော်လုံးကန်နေတဲ့ တယောက်တော့ ကိုယ်တပိုင်းပဲ တွေ့တယ်။ အလောင်းတွေတော့ အကုန်ရှာမတွေ့သေးဘူး။ သုံးယောက်ပဲ သိသေးတယ်။ အိမ်တွေကတော့ ထိတာ များမှာ”…
Read Moreသေနတ်နဲ့အထောက်ခံထားရတဲ့ ကြားကာလ ပညာရေး
MT(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) က ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်စွဲ နဲ့ “စစ်ကောင်စီကျောင်းများတွင် ကျောင်းအပ်နှံသည့် မိဘများနှင့် ကျောင်းအပ်နှံရေးအတွက် အားပေးကူညီနေသူများအား သတိပေးခြင်း” ဆိုတဲ့ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပါ ပညာသင်ကြားခွင့် အခြေခံမူများနှင့် သမိုင်းနောက်ခံအချက်အလက်များအပေါ် အခြေခံပြီးလေ့လာသုံးသပ်ကြည့်ပါမယ်။ ပညာရေးလွတ်လပ်ခွင့် နဲ့ စစ်အတွင်း ပညာရေးအကျပ်အတည်း လက်နက်ကိုင်ပဋိပက္ခများကြား မှာ ပညာရေးဟာ မကြာခဏဆိုသလို နိုင်ငံရေး နဲ့ စစ်ရေးလက်နက်တစ်ခုအဖြစ် အသုံးချခံရလေ့ရှိပါတယ်။ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင် ပညာသင်ကြားခြင်းကို လုံးဝ (လုံးဝ) တားမြစ်ထားပြီး၊ NUG ကြားကာလပညာရေးကျောင်းများတွင်သာ အပ်နှံရန် ဖိအားပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ကျောင်းကို…
Read Moreသူတို့အိမ် အခန်း (၁၂၆)
ဆူးငှက် ဓာတ်ပုံ မိသားစု ———————– ဦးကြီးဦးလှတင်က ရှေးဓာတ်ပုံဆရာကြီးလည်း ဖြစ်သည့်အပြင် ဝေးသီခေါင်လှသော သဖန်းဆိုသည့် ကျေးလက်ကလေး မှသည် မန္တလေးသို့ စွန့်စွန့်စားစားတက်လာပြီး အဖော်များကဲ့သို့ သမားရိုးကျ ထမ်းပိုးထမ်း၍ ဆီမရောင်းဘဲ အမြော်အမြင်ကြီးစွာဖြင့် ဓာတ်ပုံပညာကို ကျားကုတ်ကျားခဲ သင်ယူခဲ့သူဖြစ်သည်။ ထို့နောက် မြို့လယ်ခေါင်တွင် ကိုယ်ပိုင်ဓာတ်ပုံတိုက် ဖွင့်လှစ်နိုင်သည်အထိ ကြိုးပမ်းခဲသူဖြစ်သည်။ ဦးကြီးက သူ့ဓာတ်ပုံပညာကို ဇနီးဖြစ်သူ ဒေါ်ဒေါ်လုံးကိုလည်း သင်ကြားပေးရာ လှဂုဏ်ရည်တွင် ဒေါ်ဒေါ်လုံးသည် ဓာတ်ပုံနှင့် ပတ်သက်၍ ဦးကြီးနည်းတူ တန်ဖိုးထားသူ ဖြစ်သည်။ ကျွန်တော်လှဂုဏ်ရည်ကို ရောက်တော့ ဒေါ်ဒေါ်လုံးမရှိတော့။ ထို့ပြင် သမီးကြီး မမခင်ဌေးလည်း ကင်မရာကိုင်ကာ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သည်။ နောက် ဘွဲ့ရပြီး ဝန်ထမ်းဖြစ်သွား၏။ နောက် ကိုကျော်ဝင်းပေါ့၊ သူကတော့ ပြောစရာမလို ဝါရင့် ဓာတ်ပုံဆရာဖြစ်ပြီး ဦးကြီးလိုပဲ ဓာတ်ပုံအပေါ် တန်ဖိုးထား…
Read Moreမြန်မာ-ရုရှား ဆက်ဆံရေး
MT(VOM) (ကုန်းဘောင်ခေတ်မှ မျက်မောက်ကာလ) သမိုင်းဟူသည် အတိတ်က အဖြစ်အပျက်များကို မှတ်တမ်းတင်ထားရုံမျှ သက်သက်မဟုတ်ဘဲ၊ ပစ္စုပ္ပန်ကို ပုံဖော်ကာ အနာဂတ်အတွက် လမ်းပြနေသော တက်ကြွလှုပ်ရှားနေသည့် ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေသည်။ နှင်းထုများ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေတတ်သည့် ရုရှားတို့၏ စတက်လွင်ပြင် ကြီးများနှင့် နေရောင်ခြည် တောက်ပပူပြင်းလှသည့် အပူပိုင်းဒေသ မြန်မာ့မြေတို့သည် ပထဝီဝင်အနေအထားအရ မိုင်ထောင်ပေါင်းများစွာ ကွာဝေးလှသော်လည်း၊ နိုင်ငံရေးနှင့် သမိုင်းကံကြမ္မာ ရေစီးကြောင်းထဲတွင်မူ အပြန်အလှန် ဆက်နွှယ်ပတ်သက်မှုများ ရှိခဲ့ကြပေသည်။ ကုန်းဘောင်နေဝင်ချိန်နှင့် ရုရှားတံခါးကို ခေါက်ခြင်း ၁၉ ရာစုနှောင်းပိုင်း ကုန်းဘောင်ခေတ် နေဝင်ချိန်ကာလများဆီသို့ ကျွန်တော်တို့ မျက်စိမှိတ်ပြီး ပြန်တွေးကြည့်ကြပါစို့။ ထိုအချိန်က မြန်မာ့နန်းတွင်းသည် ဗြိတိသျှအင်ပါယာ၏ နယ်ချဲ့လာမည့် အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ထိတ်စွာ စောင့်ကြည့်နေရသော အချိန်ဖြစ်သည်။ အင်္ဂလိပ်တို့၏ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရန်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဥရောပနိုင်ငံကြီးများနှင့် သံတမန်ဆက်သွယ်ရေး…
Read Moreကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ
မေ ၃၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် (စနဲမြို့အပါအဝင်) နဲ့ စစ်တွေမြို့နယ် အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ဖြူနဲ့ စနဲမြို့အနီးမှာ အခု မေလအတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ အထူးပြင်းထန်လျက်ရှိပြီး အစိုးရတပ်က လေကြောင်း၊ ရေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ငါးသောင်းဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စနဲမြို့နဲ့ ၇ မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ အစိုးရတပ်ရဲ့ ရေတပ် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါအပြင် အစိုးရတပ်ရဲ့…
Read Moreတရုတ်နိုင်ငံ၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (BRI)၊ မလက္ကာအကြပ်အတည်းနှင့် မြန်မာနိုင်ငံ
MT(VOM) ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေး (Geopolitics) ကစားကွက်တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် တစ်နေ့တခြား ကြီးမားကျယ်ပြန့်လာနေသည်။ ဤအပြောင်းအလဲများ၏ အဓိကမောင်းနှင်အားမှာ “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” (Belt and Road Initiative – BRI) သို့မဟုတ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဤမဟာဗျူဟာစီမံကိန်းသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်ပုံဖော်နေသကဲ့သို့ တရုတ်၏ “မလက္ကာအကြပ်အတည်း” ကို ဖြေရှင်းရန်နှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိရန် ကြိုးပမ်းမှုများတွင် အိမ်နီးချင်း မြန်မာနိုင်ငံသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ သမိုင်းဝင် ပိုးလမ်းမဟောင်းမှ ခေတ်သစ်ပိုးလမ်းမဆီသို့ (BRI) ဘီစီ ၁၃၀ ခန့်၊ တရုတ်နိုင်ငံ ဟန်မင်းဆက် (Han Dynasty) လက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့သော ပိုးလမ်းမဟောင်း (Old Silk Road) သည် တရုတ်မှစတင်ကာ အလယ်ပိုင်းအာရှ၊ အရှေ့အလယ်ပိုင်းမှတစ်ဆင့် ဥရောပတိုက်အထိ…
Read Moreအခန်း (၁၂၅)
ဆူးငှက် စက်ဘီး လေရှိလား၊ စက်ဘီးပေါက်နေလား ————————————————– ပညာရပ်ဟူသည်မှာ ထိုပညာရပ်ကို သင်ကြားသော်လည်း ထိုပညာရပ်အား အိတ်သွန်ဖာမှောက် မရနိုင်သော်မှ ထိုပညာရပ်နှင့် ဆက်နွယ်သော အမြော်အမြင် အကြံအဆ အတွေးအခေါ်များကလည်း ဘဝကို အကျိုးပြုစေပါသည်။ ကျွန်တော်သည် ဦးကြီးလှတင်နှင့် ကိုကျော်ဝင်းတို့ထံက ဓာတ်ပုံပညာကို အောင်မှတ်အဆင့်နှင့်ပင် မအောင်မြင်ခဲ့ပါ။ သို့သော် လှဂုဏ်ရည်တွင် မကြာလိုက်သော အချိန်အတွင်း ဆည်းပူးလိုက်ရသည်က ဓာတ်ပုံပညာထက် အမြော်အမြင် နှင့် အကြံအဆ အတွေးအခေါ်များဖြစ်သည်။ လှဂုဏ်ရည်တွင် ထိုစဉ်က စက်ဘီး ၃စီးရှိသည်။ ဟန်းဘား ယောက်ျားစီး စက်ဘီး ၂စီးနှင့် မိန်းမစီးစက်ဘီး ၁စီးဖြစ်သည်။ ညနေ အလုပ်ပြန်ချိန်က များသောအားဖြင့် အေးအေးဆေးဆေး နားနေပြီးမှ ပြန်သည်မို့ ၆နာရီက အစောဆုံးဖြစ်သည်။ တစ်ခါတရံ ည၈နာရီလောက် ရောက်သွားသည်။ အလုပ်ပြန်ချိန်ရောက်လျှင် ထိုစက်ဘီးများကို တာယာများမှာ လေရှိမရှိ စစ်ရသည်။…
Read Moreမြန်မာ-အမေရိကန် ဆက်ဆံရေး အတက်အကျ
MT(VOM) မြန်မာနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးမှ စတင်ခဲ့သည်ဟု အများစုက ယူဆတတ်ကြသော်လည်း၊ လက်တွေ့တွင် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်ကတည်းက အစပျိုးခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး ထိတွေ့ဆက်ဆံမှု (၁၉၄၁) မြန်မာနှင့် အမေရိကန်တို့၏ ပထမဆုံး အဆင့်မြင့် တွေ့ဆုံမှုမှာ ၁၉၄၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သူ ဂဠုန်ဦးစောသည် ဗြိတိန်နိုင်ငံသို့ သွားရောက်ကာ မြန်မာပြည်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုလိုနီအဆင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဝါရှင်တန်ဒီစီသို့ ဆက်လက်ထွက်ခွာခဲ့ပြီး အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရူစဗဲ့ (Franklin D. Roosevelt) နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါသည် [1]။ ဦးစောသည် အမေရိကန်နှင့် ဗြိတိန်တို့၏ “အတ္တလန္တိတ် ပဋိညာဉ်စာချုပ်” ပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒကို မြန်မာနိုင်ငံအတွက်…
Read More