အနီရောင်စည်းကိုဖြတ်ကျော်ခြင်း

(စာအုပ်မိတ်ဆက်) MT(VOM) အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။ ​သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။ ​ အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ…

Read More

ကုလသမဂ္ဂ သံတမန်စစ်မြေပြင်

MT(VOM) ​ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီဟာ နိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ​ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုချက်အရ မဲခွဲရွေးချယ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေဟာ ဒီကော်မတီထဲမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။​သူတို့ရဲ့…

Read More

ရက် ၁၀၀ အလွန်မှာ ပြည်သူတွေဘဝ ဘာထူးသွားလဲ

ဩဂုတ် ၁၅ – ၂၀၂၆ SS (VOM) အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းကာလ (၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ) အလွန်မှာ ပြည်သူတွေရဲ့ဘဝ သိသာထင်ရှားတဲ့ တိုးတက် ကောင်းမွန်လာခြင်း မရှိဘဲ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးကျပ်တည်းခြင်းနဲ့ လူမှုရေးအခက်အခဲတွေသာ ပိုမိုဆိုးရွားလာတာကို တွေ့ရှိရတယ်လို့ နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ လက်ရှိမှာ ဆန်၊ စားသုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်းဆက်လက် ကြီးမြင့်နေပြီး ကျပ်တည်းမှုဒဏ်ကို ပြည်သူလူထုက တိုက်ရိုက်ခံစားနေရသလို ငွေကြေးဖောင်းပွမှု၊ ပြည်ပကုန်စည် တင်သွင်းမှု အခက်အခဲနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် လက်လုပ်လက်စားနဲ့ အလယ်အလတ်တန်းစားတွေ ပိုမို ကျပ်တည်းလာတယ်လို့ သိရပါတယ်။ “ရက် ၁၀၀ စီမံချက်မှာပါတဲ့ မူဝါဒတွေက ယေဘုယျဆန်တယ်။…

Read More

မက္ကာပူးပေါင်းရေးနှင့် ကာကွယ်ရေးစာချုပ်

MT(VOM) ​ဒီနေ့ခေတ် ကမ္ဘာ့ပထဝီနိုင်ငံရေးပြောင်းလဲမှုတွေထဲမှာ အလွန်တရာ အာရုံစိုက်စရာကောင်းပြီး စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်ရပ်တစ်ခုကတော့ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်တို့ ပူးပေါင်းချုပ်ဆိုခဲ့ကြတဲ့ “မက္ကာပူးပေါင်းရေးနှင့် ကာကွယ်ရေးစာချုပ် (Mecca Joint Defence Agreement)” နဲ့ သက်ဆိုင်ရာနောက်ခံ သမိုင်းကြောင်းတွေဘဲ ဖြစ်ပါတယ်။ ​ ​ဒီလို ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာဖို့အတွက် အခြေခံအကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ ​ပထမ တစ်ချက်ကတော့ ၂၀၁၉ ခုနှစ် မှာ ပေါ်ပေါက်ခဲ့တဲ့ မက္ကာကြေညာစာတမ်း ဖြစ်ပာတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မွတ်စလင်အသိုက်အဝန်းတွေကြား အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု ကွဲပြားမှုတွေကို အပြန်အလှန်လေးစားဖို့နဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်ပြီး “အစ္စလာမ်ကမ္ဘာ့အဖွဲ့ချုပ် (Muslim World League – MWL)” ရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယ…

Read More

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တရုတ်ခေါင်းဆောင် အဆက်ဆက် ဆက်ဆံရေး

MT(VOM) ​မြန်မာ့ခေတ်သစ်သမိုင်းမှာ အာဏာအရှိဆုံးနဲ့ သက်တမ်းအရှည်ဆုံး နေရာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နဝတ/နအဖ အစိုးရခေတ်ကို ပြန်ကြည့်ရင် အိမ်နီးချင်းကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ နိုင်ငံတကာ ဖိအားတွေကြားက အသက်ရှူပေါက် ဖြစ်ခဲ့တာ ငြင်းလို့မရပါဘူး။ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံဟာ နဝတ/နအဖ အစိုးရအတွက် နိုင်ငံရေးအကာအကွယ်ရော၊ စီးပွားရေးနဲ့ စစ်ရေးအထောက်အပံ့ပါ ပေးခဲ့တဲ့ “ဆွေမျိုးပေါက်ဖော်” ကြီး ဖြစ်ခဲ့ပါတယ်။ ​ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်နဲ့ နိုင်ငံရေး ဖြတ်သန်းမှု သက်တမ်းတစ်လျှောက်မှာ တရုတ်နိုင်ငံမှာ အဓိက ခေါင်းဆောင်ကြီး (၄)ဆက် တောင် ပြောင်းလဲ ဖြတ်သန်းခဲ့ပါတယ်။ တိန့်ရှောင်ပိန် ခေတ်ကနေ စတင်ပြီး ကျန်ဇီမင်း၊ ဟူကျင်ထောင်း၊ ရှီကျင့်ဖျင် ခေတ်အထိ တရုတ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဘယ်လိုကျယ်ကျယ်ပြန့်ပြန့် ပတ်သက် ဆက်နွှယ်ခဲ့သလဲဆိုတာ အချိန်ကာလအလိုက် လေ့လာကြည့်ပါမယ်။ ​တိန့်ရှောင်ပိန် (Deng Xiaoping)…

Read More

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပထဝီနိုင်ငံရေး ဓားသွားပေါ် ကနေရတဲ့ ပြဇာတ်

MT(VOM) ​ ​မြန်မာနဲ့ တရုတ် ဆိုတာ “ပထဝီဝင်ရဲ့ထောင်ချောက်” ထဲမှာ အတူတူ ပိတ်မိနေကြတဲ့ အိမ်နီးနားချင်းတွေပါ။ “ပထဝီဝင်ဆိုတာ နိုင်ငံတွေရဲ့ ကံကြမ္မာပဲ” ဆိုသလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာလည်း မိုင်ပေါင်း ၁,၃၀၀ ကျော် ထိစပ်နေတဲ့ တရုတ်တံတိုင်းကြီးရဲ့ အရိပ်အောက်ကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး။ လွတ်လပ်ရေးရပြီးစ ခေတ်ကနေ ဒီနေ့အထိ တိုင်းပြည် အပြောင်းအလဲတွေ၊ အစိုးရအဆက်ဆက်ရဲ့ ခေါင်းဆောင်တွေ တရုတ်ပြည်ကို သွားခဲ့ကြတဲ့ ခရီးစဉ်တွေကို ပြန်ကြည့်ရင် ရိုးရိုးတန်းတန်း အလည်အပတ် ခရီးစဉ်တွေ မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး အကျိုးစီးပွားတွေ ပေါ်အခြေခံတဲ့ ခရီးစဉ်တွေ ဆိုတာ တွေ့ရပါလိမ့်မယ်။ ​ဖော်ရွေသော နဂါး နဲ့ ဦးနု၊ ဗိုလ်နေဝင်းတို့ရဲ့ နယ်စပ်စာချုပ် ခရီးစဉ်များ ​မြန်မာပြည်ဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC)…

Read More

တစ်ကျော့ပြန် နှစ်ကျော့ပြန် အကြိမ်ကြိမ်ကျော့တဲ့ ဟော်မုဇ်ရေလက်ကြား

MT(VOM) ​ကမ္ဘာ့မြေပုံကို ဖြန့်ကြည့်လိုက်ရင် အရှေ့အလယ်ပိုင်းဒေသဟာ သွေးချင်းချင်းနီနေတဲ့ ပဋိပက္ခတွေ၊ ရေနံအနံ့နံစော်နေတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဒေသရဲ့ အချက်အချာ အကျဆုံး၊ အသက်သွေးကြောအဖြစ်ဆုံး နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ဟာ ပါရှန်ကွေ့ (Persian Gulf) နဲ့ အိုမန်ကွေ့ (Gulf of Oman) ကို ဆက်သွယ်ထားတဲ့ ရေလက်ကြားကျဉ်းကျဉ်းလေးတစ်ခုဆီကို လက်ညှိုးထိုးရပါလိမ့်မယ်။​အဲဒါကတော့ တခြားမဟုတ်ပါဘူး— “ဟော်မုဇ်ရေလက်ကြား” (Strait of Hormuz) ပါပဲ။ ​ဒီရေလက်ကြားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန်၊ အကြိမ်ကြိမ်အခါခါ စစ်မီးလျှံတွေ၊ တင်းမာမှုတွေနဲ့ ကျော့နေခဲ့တာ သမိုင်းတစ်လျှောက်လုံးပါပဲ။ “သမိုင်းရဲ့ သွေးကွက်တွေဟာ ဒီရေလက်ကြားမှာ ဘယ်တော့မှ မခြောက်သွေ့နိုင်သေးဘူး” လို့ပဲ ဆိုရမလိုပါပဲ။ ​ဟော်မုဇ်ရေလက်ကြား ရဲ့ ပထဝီဝင်အရေးပါမှု ​ပထဝီဝင်အနေအထားအရ ကြည့်ရင် ဟော်မုဇ်ရေလက်ကြားဟာ အင်မတန်…

Read More

နှင်းခဲအောက်က စစ်လက်နက်များနှင့် နိုးထလာသော စျေးကွက်

MT(VOM) ​၃၈ မျဉ်းပြိုင်ပေါ်က သွေးနှင့် မျက်ရည် ​ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ခင်းမှာ မြောက်ကိုရီးယားတပ်တွေဟာ ၃၈ မျဉ်းပြိုင်ကို ဖြတ်ကျော်ပြီး တောင်ဘက်ပိုင်းကို စတင်ကျူးကျော်ခဲ့ကြတယ်။ ဒါဟာ သုံးနှစ်ကြာအောင် သွေးချောင်းစီးခဲ့ရတဲ့၊ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ‘ကိုရီးယားစစ်ပွဲ’ ရဲ့ အစပျိုးခြင်းပါပဲ။ အမေရိကန်နဲ့ ကုလသမဂ္ဂတပ်တွေက တောင်ကိုရီးယားဘက်က ပါဝင်တိုက်ခိုက်ခဲ့သလို၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း မြောက်ကိုရီးယားနောက်ကနေ ကျောထောက်နောက်ခံပြုခဲ့ကြတယ်။ ​၁၉၅၃ ခုနှစ် ဇူလိုင်လမှာ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပေမယ့် ဒါဟာ စစ်ပွဲပြီးဆုံးသွားတာမဟုတ်ဘဲ ခေတ္တရပ်စဲထားရုံသာ ဖြစ်ပါတယ်။ စစ်ပွဲအပြီးမှာတော့ ကိုရီးယားကျွန်းဆွယ်ဟာ နှစ်ပိုင်း အပြတ်အသတ် ကွဲသွားခဲ့ရတယ်။ မြောက်ပိုင်းဟာ ကွန်မြူနစ်ဝါဒရဲ့ အရိပ်အောက်မှာ၊ အထူးသဖြင့် ကင်အီဆွန်းရဲ့ ‘ဂျူချေး’ (Juche) ဆိုတဲ့ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ရေး ဝါဒအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ စစ်ပွဲကြောင့် မြေပြင်တစ်ခုလုံး…

Read More

ကမ္ဘာ့ဖလား၊ ဘောလုံး ပြီးတော့ ပထဝီနိုင်ငံရေး

MT(VOM) ​ ​ဘောလုံးဆိုတာ ကွင်းအစိမ်းရောင်ပေါ်မှာ ယောက်ျားရင့်မားကြီး (၂၂)ယောက် လေမှုတ်ထားတဲ့ သားရေလုံးလေးတစ်လုံးနောက်ကို ပြေးလိုက်ကြ၊ ကန်ကြတဲ့ ကစားပွဲသက်သက်ပဲ ထင်ပါသလား။ မဟုတ်ဘူး၊ ဘောလုံးပွဲတွေ ဟာ အားကစားသမားစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို စည်းလုံးစေတာ လို့ အကောင်းဘက်က လှည့်တွေးမလား။ ​ကျနော်ကတော့ အဲ့ဒီလို မထင်ဘူး။ ဘောလုံးပွဲ၊ အထူးသဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးတွေဟာ စိမ်းလန်းနေတဲ့ မြက်ခင်းတုတွေ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေရဲ့ နောက်ကွယ်မှာ သွေးချောင်းစီးခဲ့တဲ့ သမိုင်းတွေ၊ နိုင်ငံတော်အဆင့် မာနတွေ၊ ဩဇာအာဏာ လုပွဲတွေနဲ့ ပထဝီနိုင်ငံရေးရဲ့ အရှုပ်အထွေးတွေ အပြည့်ရှိနေတဲ့ ‘စစ်တလင်း’ တစ်ခုပဲလို့ မြင်မိတယ်။ ဘောလုံးဟာ သေနတ်သံမထွက်တဲ့ စစ်ပွဲပဲ။ ​ကမ္ဘာ့ဖလားသမိုင်းကို အစကနေ နိုင်ငံရေးမျက်မှန်တပ်ပြီး ပြန်ကောက်ကြည့်ရအောင်ပါ။ ​၁၉၃၀ ခုနှစ် ဥရုဂွေး နိုင်ငံ မှာ ကျင်းပတဲ့ ပထမဆုံး…

Read More

အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ QUAD နှင့် တရုတ်-မြန်မာ ပထဝီနိုင်ငံရေး

MT(VOM) ​ ​၂၁ ရာစု၏ ကမ္ဘာ့ပါဝါချိန်ခွင်လျှာသည် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသဆီသို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။ ထိုရွေ့လျားမှုတွင် အရှေ့တောင်အာရှကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ရေပြင်သည် မဟာဗျူဟာမြောက် အချက်အချာ အချက်အခြာများ ဖြစ်လာကြသည်။ အထူးသဖြင့် အမေရိကန်ဦးဆောင်သော QUAD (Quadrilateral Security Dialogue) မဟာမိတ်အုပ်စု၏ တရုတ်နိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာသည့် ဗျူဟာမြောက် ရုန်းကန်မှုတို့ ကြောင့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၏ အလယ်ဗဟို (Geopolitical Hotspot) သို့ ရောက်ရှိလာခဲ့သည်။ ​QUAD ၏ ဗျူဟာမြောက်ရည်မှန်းချက်နှင့် အရှေ့တောင်အာရှ ​အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် အော်စတြေးလျ (၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသော QUAD အဖွဲ့သည် စစ်ရေးမဟာမိတ်ဟု တရားဝင်မကြေညာသော်လည်း၊ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ…

Read More
✕
VOM News

FREE
VIEW