သူတို့အိမ် အခန်း (၂၂၆)

ဆူးငှက်     မီးစာကုန် ဆီခမ်းစ အမေ —————————– အိမ်ရောက်တော့ အမေ့အခြေအနေက မထူးခြား။ သတိတွေ ပိုမေ့လာသည်။ အစားအသောက်ကတော့ မပျက်လှ။ ထမင်းစားပြီးသားကိုပင် ငါ့ကို အငတ်ထားကြတာလား၊ ဘာမှမကျွေးကြဘူးဟု ဂျီကျတတ်သည်။ များသောအားဖြင့် ညကြီးသန်ခေါင်မှာပင် နေ့လယ်နေ့ခင်းမှတ်ပြီး တစ်အိမ်လုံး အသံမကြားရသည်ကို သူ့ကို ထားပစ် ခဲ့ကြတာလားဟု တကြော်ကြော် အော်နေသည်။ ထိုအခါ ကျွန်တော်က အမေ့အိပ်ရာဆီသွားကာ ချော့မော့ရသည်။ သူ့မြေးတွေ အသံမကြးလို့မေးတာဟု ပြောလျှင် အမေ ဒါက ညကြီးလေ၊ အမေ့မြေးတွေက အိပ်နေကြပြီ၊ အမေလည်း အိပ်တော့ဟု ချော့မော့ပြောရ၏။ သူက သူ့အနားမှာ တစ်ယောက်လောက်ရှိနေပြီး စကားတွေ ပြောနေစေချင်တာပေါ့။ နေ့လယ်နေ့ခင်းမှာပင် သူ့အနား အချိန်ပေး၍ မကပ်နိုင်သောအခါ ညအချိန် လူခြေတတ်တော့ သူ အိပ်မပျော်နိုင်တော့ဘဲ ပြောမိပြောရာ တွေ ပြောတာပေါ့။…

Read More

ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာ ဂရန်​မြေ​ပေါ်မှာသာ အဆောက်အဦဆောက်လုပ်ခွင့်ပြု

စက်တင်ဘာ ၁၈ ၊ ၂၀၂၆ CC (VOM) ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းမှာ အဆောက်အဦ ဆောက်လုပ်မယ်ဆိုရင် လတ်တလောမှာ ဂရန်အမည်ပေါက် မြေပေါ်မှာသာ ဆောက်လုပ်ခွင့်ရှိတဲ့ အခြေအနေဖြစ်နေ တယ်လို့ ကန်ထရိုက်တာတွေဆီက သိရပါတယ်။ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စတင်အသက်ဝင်ပြီးနောက် အခုစက်တင်ဘာလကစလို့ ပါမစ်၊ ဘိုဘွားပိုင်မြေ၊ အရပ်စာချုပ်မြေ၊ စလစ် စတဲ့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦးဆောက်ခွင့်မပြုတာလို့ သိရပါတယ်။ ” လောလာဆယ် အခြေအနေအရ ဂရန်မြေပဲ ဆောက်ခွင့်ရမယ်ပြောတယ်။ စည်ပင်ကို မေးပြီးပါပြီ။ တရားဝင်စာ မထွက်ပေမယ့် ရန်ကုန်မြို့နယ် စည်ပင်အားလုံး ပါဝင်ပါတယ်။ ဘယ်စည်ပင်မေးမေးဂရန်အမည်ပေါက်မှ တရားဝင်တင်လို့ရပါမယ်။ ဥပဒေဆွဲတာက ဖေဖော်ဝါရီ ၊ အတည်ပြုလိုက်တာက မကြာသေးဘူး။ အဲဒီဥပဒေစပြီး အခုလိုကြပ်လာတာပဲ။ဥပဒေမှာတော့မပါပေမယ့် ပိုကြပ်လာတာ ။ ” လို့ ကန်ထရိုက်တာ တယောက်က ပြောပါတယ်။ မြေကို…

Read More

ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF အဖွဲ့ဝင်ငါး​​ယောက်သေဆုံး

စက်တင်ဘာ ၁၈ ၊ ၂၀၂၆ GG (VOM) ကယားပြည်နယ်မှာ ခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး KNDF တပ်ဖွဲ့ဝင်ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ နဲ့ ဒေါလာစော ရွာဘက်မှာ ကင်းစောင့်နေတဲ့ တပ်ဖွဲ့ဝင်တွေနေရာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး KNDF တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တာလို့ ကနဦး သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာလည်း ဖယ်ခုံအနောက်ခြမ်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အစပ် ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး။ ” ဒေါလာစောဘက် ဗုံးကြဲခံရတာမှာ KNDF တပ်ဖွဲ့ဝင်ငါးယောက် ဆုံးပါတယ်။ သေဆုံးတဲ့အထဲ တပ်ခွဲမှူးလည်းပါတယ်။ ထိခိုက်ဒဏ်ရာရ အခြေအနေကတော့ မသိရသေးဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်က…

Read More

အုတ်တွင်းမြို့နယ် တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေ

စက်တင်ဘာ ၁၈ – ၂၀၂၆ SN (VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာ ခြောက်ရွာဝန်းကျင်က ဒေသခံ အများအပြား တိမ်းရှောင်နေရပြီး ဒီကနေ့ စက်တင်ဘာ ၁၈ ရက်အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ဒဏ်ရာသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “သေတာက PDF ငါးယောက်ရှိမယ်။ အဲဒီ ငါးယောက်အပြင် နောက်ထပ် ခြောက်ယောက် သေတာရှိတယ်။ အခုကတော့ ဒေသခံတွေက တော်တော်များများ ရွာပြင် ရောက်သွားကြပါပြီ။ အခြေအနေက မနေ့ကကတည်းကတော့ ပစ်သံခတ်သံတွေ မကြားရတော့ပါဘူး” လို့ သူက ပြောပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေဟာ ရန်ကုန်…

Read More

ရခိုင်ပြည်နယ်က လေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၁၈ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ တရက်တည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က သံတွဲမြို့နယ်၊ သစ်ငုတ္တိုရွာ၊ ဘုန်းကြီးကျောင်း အနောက်ဘက်နဲ့ အုန်းမြေရွာအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “လယ်ကွင်းနဲ့ နယ်မြေတောင်ကြောတွေပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဥ်မှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့တော့ လောလောဆယ် သိရတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းနေပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါအပြင် ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကလည်း စစ်တွေမြို့နယ်က ဝါဘိုအနီးဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမောင်းတောနဲ့…

Read More

တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ရောက်‌ရေး ပါတီတွေ ကူညီနိုင်ဖို့ ဆွေးနွေး ​

​နေပြည်​တော် ၊စက်တင်ဘာ ၈-၂၀၂၆ SS(VOM) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်‌ရှိနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေက ကူညီဆောင်ရွက်ပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ နေပြည်တော်ရှိ ရုံးအမှတ် (၂၀)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိနိုင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေး…

Read More

ရွှေတြိဂံသတင်းဌာန ပြန်လာပြီ

စက်တင်ဘာ ၁၉-၂၀၂၆ SA(VOM) အ​ခြေအ​နေအ​ကြောင်း​ကြောင့် သတင်းတင်ဆက်မှုရပ်နားထားတဲ့ ရွှေတြိဂံသတင်းဌာနဟာ အင်နဲ့အားနဲ့ ပြန်လည်သတင်းတင်ဆက်​တော့မှာမို့ သူတို့သတင်းဌာနတည်​ထောင်ခြင်း ၁၁နှစ်ပြည့်အခမ်းအနားကို ​နေပြည်​တော် Star World Hotel မှာ စက်တင်ဘာ ၁၈ ရက်​နေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။ ​ ရွှေတြိဂံသတင်းဌာန ဘယ်လိုအခက်ခဲ​တွေ​ကြောင့် ရပ်နားခဲ့လဲ ဘယ်လိုခွန်အား​တွေ ဘယ်လိုအစီအစဥ်​တွေနဲ့ လည်ပတ်မလဲဆိုတာ​တွေကို ရွှေတြိဂံသတင်းဌာန တည်​ထောင်သူ ကိုထွန်း(မိုင်းဖြတ်) ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။

Read More
VOM News

FREE
VIEW