သူတို့အိမ် အခန်း (၂၂၇)

    ဆူးငှက်     ဝမ်းအပ်နှင့် ပြန်ခဲ့တယ် ———————— ရန်ကုန်က မနက်ထွက်သည့် ရထားကို ၂၅နာရီကျော် တအိအိစီးပြီးမှ မန္တလေးရောက်သည်။ နောက်ရက် မနက် ၁၀နာရီနီးပါးမှာ အိမ်သို့ရောက်တော့ အမေက သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာထဲမှာပဲ အိပ်နေသည်။ မမခင်ဝင်းတို့က အမေ့ဘေးမှာပဲရှိနေကြသည်။ ခင်သော်ဇင်ကတော့ မီးဖိုခန်းထဲမှာပေါ့။ ကလေးတွေက ကျောင်းသွား ကြသတဲ့။ ကျွန်တော်လည်း ရောက်တာနှင့် ၃ညဆက်တိုက် အိပ်ရေးပျက်တာမို့ မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညနေ နေဝင် မီးထွန်းမှ နိုးတော့သည်။ ကလေးတွေလည်း ကျောင်းက ပြန်ရောက်ကြပြီ။ မြစ်ဖြစ်သူ ကျော်မင်းဦးလည်း ရှိနေသည်။     အမေက အိပ်ဆဲ၊ တစ်ခါလား နိုးလာ သတိရပြီး ကျွန်တော့်ကို မေးသတဲ့။ မြေးဖြစ်သူ ရွှေစင်ဇော်ဝင်းက လေးဆန်း ရှိတယ် အမေကြီး…

Read More

ဂျွန်ဒျူဝီအတွေးအခေါ်၊ တရုတ်ပညာရေးနဲ့ မြန်မာပြည်အတွက် အတုယူစရာ

MT(VOM) ဆရာကြီး John Dewey ရဲ့ “ပညာရေးဆိုတာ အနာဂတ်အတွက် ပြင်ဆင်တာမဟုတ်ဘူး၊ ဘဝကိုယ်တိုင်ဟာ ပညာရေးဖြစ်တယ်” ဆိုတဲ့ အယူအဆနဲ့ပဲ စလိုက်ရအောင်။ သူက စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်နေတာထက် လက်တွေ့လုပ်ဆောင်ရင်း သင်ယူတဲ့ Learning by Doing နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ အဓိကထားခဲ့တာပါ။ ​၁၉၁၉ ကနေ ၁၉၂၁ ကြား Dewey တရုတ်ပြည်မှာ ဟောပြောပွဲတွေ လုပ်ခဲ့တုန်းက ဒီအတွေးအခေါ်ဟာ တရုတ်ပညာရှင်တွေကြား အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ နောက်ပိုင်း မော်စီတုံးရဲ့ ပညာရေးအယူဝါဒပေါ်မှာပါ သွားသက်ရောက်တာတွေ့ရပါတယ်။ မော်စီတုံးက ပညာရေးဆိုတာ ရာထူးတက်ဖို့ မဟုတ်ဘူး၊ လူထုကြီးကို အကျိုးပြုရမယ်လို့ ယူဆခဲ့တာကိုး။ ဒါကြောင့် Dewey ရဲ့ လက်တွေ့သင်ယူရေးကို မာ့ခ်စ်ဝါဒနဲ့ ပေါင်းစပ်လိုက်ပြီး “စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ရေး” ရယ်၊ “လုပ်အားပေးရင်း…

Read More

မန္တလေးမှာ လျှပ်စစ်မိန်းကြိုးတွေ ခိုးခံရမှု ခပ်စိပ်စိပ်ဖြစ်နေ

မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၆ SA(VOM) မန္တလေးမှာ လျှပ်စစ်သွယ်တန်းထားတဲ့ မိန်းကြိုးတွေ ခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့နဲ့ အနောက်ရပ်ကွက် ၂၆ လမ်း၊ လမ်း ၈၀ ကနေ ၈၄ လမ်းအထိ သွယ်တန်ထားတဲ့ မိန်းကြိုးတွေခိုးယူခံရတယ်လို့ သိရပါတယ်။ ” ပြီးခဲ့တဲ့ စနေနေ့က ၈၁ လမ်း ၂၆ လမ်းထောင့်က ထရန်စဖော်မာမှာ မီးကြိုးတွေခိုးခံရတယ်၊ ထရန်စဖော်မာမှာရှိနေတဲ့ ကြေးကြိုးကြီးတွေခိုးခံရတာ၊ အခု EPC လာလုပ်နေတယ်၊ တို့ကကျ ပစ္စည်းတွေဝယ်ပေးရတာ၊ ဒီနားမှာ အိမ်သုံးဆယ်ကျော်ရှိတယ် တအိမ်ကို တသိန်းကောက်ပြီး ကိုယ်ထူကိုယ်ထ လုပ်လိုက်ရတာပေါ့၊ သိန်းသုံးဆယ်ကျော်တာပေါ့၊ အဲ့ဒီအချိန်တွေက သာမာန်လူတွေက တော်ရုံတန်ရုံ မထွက်တဲ့အချိန် ဘယ်သူတွေထွက်နေလဲ အဲ့ဒါရှင်းရှင်းပြောရရင် တရားဥပဒေစိုးမိုးဖို့လိုတယ်၊…

Read More

တန့်ယန်းမှာ စက်သုံးဆီခွဲတမ်း မလုံ​လောက်လို့ ​မှောင်ခို​ဈေးနဲ့ ထည့်​နေရ

စက်တင်ဘာ ၂၁-၂၀၂၆ CM(VOM) ရှမ်းမြောက်တန့်ယန်းမှာ စက်သုံးဆီတွေကိုQRစနစ်နဲ့ PPRDက သတ်မှတ်တဲ့ ရည်ညွန်းစျေးအတိုင်း ရောင်းပေးနေတယ်ဆိုပေမယ့် ဆီဆိုင်တဆိုင်ကို တရက်လောက်ပဲရောင်းပေးကြလို့လိုင်စင်ကားတွေဟာ အပြင်ပေါက်စျေးနဲ့ဆီထည့်နေရတယ်လို့သိရပါတယ်။ စက်တင်ဘာလ(၁၅)ရက်ကစပြီး တန့်ယန်းမြို့နယ်အတွင််းက ခွဲတမ်းရတဲ့ဆီဆိုင်(၆)ဆိုင်မှာ သက်သာတဲ့ရည်ညွှန်းစျေးအတိုင်းအလှည့်ကျ အသီးသီးရောင်းချပေးခဲ့ပါတယ်။ ဆီအရောင်းဆိုင်ရှေ့မှာလာတန်းတဲ့ကားတွေဟာ လိုင်စင်ရှိတွေရော ၊လိုင်စင်မဲ့တွေပါရောနှောတန်းစီခဲ့ပြီး ဆီထည့်ကြတာကြောင့် တရက်အတွင်းမှာပဲဆီခွဲတမ်းကုန်သွားလို့ လိုင်စင်ကားအချို့အပြင်ပေါက်စျေးအတိုင်းပဲ ဝယ်သုံးနေရတယ်လို့ ရပ်ကွက်(၄)မှာနေတဲ့ အမျိုးသားတယောက်ကပြောပါတယ်။ “ဆီထည့်ဖို့ တန်းစီတာ ကိုယ့်ရှေ့ကအစိုးရဝန်ထမ်းတွေရဲ့ကားတွေနဲ့ ဘုန်းကြီးကျောင်းတွေကကားတွေကို လိုင်စင်ရှိတာကော၊ မရှိတာတွေကိုကောထည့်ပေးတယ်။ ဆီခွဲတမ်းကုန်တာနဲ့ရပ်ပြီဆိုတော့ ကျ​​နော်တို့အလှည့်က မကျတော့ဘူး။နောက်ရက်သွားထည့်ရင် အဲ့ဒီစျေးနဲ့မရတော့လို့ကျွန်တော်တို့လို လိုင်စင်ရှိယာဉ်တွေအတွက်နစ်နာတယ်လေ”လို့သူကပြောပါတယ်။ “မြို့အနေနဲ့ရတဲ့ခွဲတမ်းကနည်းတယ်။ တမြို့လုံးအတွက်ဆီဘောက်ဆာတစီးစာလောက်ပဲရပြီး တဆိုင်ကိုတရက်ရောင်းစာလောက်ပဲရတော့ ခွဲတမ်းကုန်ရင်ရပ်ရတော့တာပေါ့။ ဝန်ထမ်းတွေရဲ့ကားတွေ၊ ဘုန်းကြီးကျောင်းကကားတွေနဲ့ ပရဟိတကားတွေကိုလည်းရောင်းပေးရတာဆိုတော့တခြားမြို့တွေပုံစံလိုအတိအကျလုပ်ဖို့အဆင်မပြေပါဘူး”လို့ ရပ်ကွက်(၅)ကဆီဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။ တန့်ယန်းမှာ PPRDရည်ညွှန်းစျေးနဲ့ 92(၄၅၃၉)ကျပ်၊95(၄၆၅၅)ကျပ်၊ပရီမီယံ(၅၇၆၉)ကျပ်၊ရိုးရိုးဒီဇယ်(၄၈၅၀)ကျပ်တို့နဲ့ရောင်းပေးကြပြီးပြင်ပပေါက်စျေးတွေက92(၇၀၀၀)ကျပ်95(၈၅၀၀)ကျပ်၊ပရီမီယံ(၇၀၀၀)ကျပ်တို့ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လိုင်စင်ရှိယာဉ်တွေကို QRစနစ်နဲ့သက်သာတဲ့စျေးနှုန်းအတိုင်းရောင်းချပေးဖို့ခွဲတမ်းရတဲ့မြို့တွေက တန့်ယန်း၊ လားရှိုး၊နောင်ချိုနဲ့မိုင်းရယ်မြို့တို့ဖြစ်ပြီး တန့်ယန်းကလွဲတခြားမြို့တွေမှာ လိုင်စင်ကားတွေသက်သာတဲ့စျေးနှုန်းအတိုင်းဆီထည့်လို့ရနေသေးတယ်လို့ သိရပါတယ်။ “လားရှိုးမှာတော့ လိုင်စင်ရှိဆိုရင်အဲ့စျေးနှုန်းအတိုင်းထည့်လို့ရနေပြီးလိုင်စင်မဲ့တွေဆိုရင်တော့အပြင်ပေါက်စျေးနဲ့ထည့်ရတာပေါ့။ဒီကဆီစျေးတွေက သိပ်မကွာကြလို့သူ့ဟာနဲ့သူတော့အဆင်ပြေနေကြတာပဲ”လို့ လားရှိုးဒေသခံတယောက်ကပြောပါတယ်။…

Read More

ထီးချိုင့် – ကသာလမ်းပိုင်း ပိတ်ထားမှု တလနီးပါး ကြာမြင့်လာ

စက်တင်ဘာ ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ထီးချိုင့် – ကသာ ကားလမ်းမကြီး ပိတ်ထားတာဟာ တလနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားကြီး အစင်းပေါင်း ၈၀၀ ဝန်းကျင် ပိတ်မိနေကြတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ ကသာ – ထီးချိုင့် လမ်းပိုင်းကို မည်သည့်အကြောင်းပြချက်မျှ သေချာရေရာစွာ မသိရဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေက ကြာရှည်စွာ ပိတ်ပင်ထားတာဖြစ်ပြီး ကားတွေ သွားလာလို့မရဘဲ မြို့တွင်းနဲ့ လမ်းတလျှောက်မှာ ရပ်နားထားရတယ်လို့ သိရပါတယ်။ “ဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ ဒါပေမယ့် ဘာကြောင့် ပိတ်ထားမှန်းလည်း မသိရဘူး။ လမ်းဖွင့်ဖို့ကိုပဲ စောင့်နေကြရတယ်။ လမ်းပြုပြင်ဖို့ကလည်း ထီးချိုင့်နားက နတ်အင်းချောင်းမှာ လက်နက်ကိုင်တပ်တွေ ရှိနေလို့ လမ်းမပြင်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဇက်ကူးခအနေနဲ့…

Read More

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင်မှာကြား

နေပြည်တော်၊ စက်တင်ဘာ- ၂၁- ၂၀၂၆ SA(VOM) “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကနေ နိုင်ငံ့ထုတ်ကုန်တိုးတက် မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းက MICC I မှာ ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုး တက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားခဲ့ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုကတဆင့် ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည် တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ ကွင်းဆက်တလျှောက် ချိတ်ဆက်ဖော်ဆောင်ဖို့ ဒီအချက်တွေကို မှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနဲ့ကျေးလက်ဝင်ငွေ တိုးတက်စေဖို့အတွက်…

Read More

မလေးရှားနိုင်ငံရှိ ထိမ်းသိမ်းရေးစခန်း နှစ်ခုမှ မြန်မာ ၁၀၂ ယောက်ကို မြန်မာပြည်ပြန်ပို့မယ်

စက်တင်ဘာ ၂၁ – ၂၀၂၆ SN (VOM) မလေးရှားနိုင်ငံရှိ Melaka Camp နဲ့ Lenggeng Camp ထိမ်းသိမ်းရေးစခန်း နှစ်ခုမှ မြန်မာ ၁၀၂ ယောက်ကို မနက်ဖြန် စက်တင်ဘာ ၂၂ ရက်မှာ မြန်မာပြည်ပြန်ပို့မယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။ မြန်မာလေကြောင်းလိုင်း အမှတ်စဉ် 8M-502,8M-504 တို့နဲ့ ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး ထိန်းသိမ်းရေးစခန်းတွေရှိ မြန်မာနိုင်ငံသားတွေအနက် မိမိတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒအရ ပြန်လိုတဲ့သူတွေကိုသာ စိစစ် ခွင့်ပြုပေးနေတာလို့ သိရပါတယ်။ “သူတို့ရဲ့ ဆန္ဒအရ နေရပ် ပြန်လိုတယ်ဆိုပြီး လာရောက် လျှောက်ထားသူတွေကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်း စိစစ်ပြီး ပြန်ပို့ပေးနေတာပါ။ ဒီလထဲ လေယာဉ်နဲ့ ပြန်မယ့်သူတွေ ရှိသလို နောက်လကုန်မှာလည်း သင်္ဘောနဲ့ ပြန်မယ့်သူတွေ ရှိပါသေးတယ်။ တချို့…

Read More

အခန်း (၂၂၆) အဆက်

  ဆူးငှက်   ရန်ကုန်ကို ချက်ချင်းလာခဲ့ပါတဲ့ ———————————— နန်းရှေ့က ဆရာတော်ထံမှောက် ကျွန်တော်ရောက်တော့ ဆရာတော်က မိန့်သည်။ ဒီမနက်ပဲ ရန်ကုန်က ဒကာကြီး (ဦးတက်တိုး) က ဖုန်းဆက်သတဲ့။ သရက်ကုန်းအဖွဲ့က စာရေးဆရာကို မီရာ ရထားနဲ့ ရန်ကုန်ကို အမြန်ဆုံးလိုက်ခဲ့ပါတဲ့။ အရေးကြီးပါသတဲ့။ ထို့ကြောင့် ချက်ချင်း လိုက်သွားကြပါ။ ဘာ့ကြောင့် ဆိုသည်ကိုလည်း ဒကာကြီးးက မပြောပါတဲ့။ အရေးကြီးလို့နေမှာ လိုက်သွားပါဟု ဆရာတော်က မိန့်သည်။ ကျွန်တော် ခေါင်းကုပ်ရပြီ။ အမေကလည်း နေ့လား ညလား အခြေအနေ၊ အမေ့ဘေးမှာ ကျွန်တော်ရှိချင်သည်။ ရန်ကုန်ကလည်း ကျွန်တော့်ကို ချက်ချင်း လိုက်ခဲ့ပါတဲ့ဟု ဆိုသည်။ ကျွန်တော်က အခြေအနေကို ဆရာတော့်ထံ လျှောက်တော့ ဆရာတော်ကလည်း ဆုံးဖြတ်ရခက်နေသည်။ နောက်တော့ အမေ့အခြေအနေက ရက်ပိုင်းအတွင်း လိမ့်လိမ့်လဲလဲတော့ မဖြစ်နိုင်သေး၊ ရန်ကုန်က…

Read More

ဗန် က ပန်တိုဂျာကို ဒုတိယအကြိမ် ထပ်မံအနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့

စက်တင်ဘာ ၂၀ ၊ ၂၀၂၆ GG (VOM) ဒီကနေ့ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား ဖလိုင်းဝိတ်လက်ရှိချန်ပီယံ ဂျော့ရှူဝါဗန်က အရင်ချန်ပီယံဟောင်းဖြစ်တဲ့ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲစဥ်ရဲ့ နောက်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဗန်က ချုပ်ကွက် ၊ လက်သီးထိုးချက်အားကောင်းကောင်း နဲ့ အလဲထိုး အနိုင်ရဖို့လုပ်ခဲ့ပေမယ့် အချိန်ပြည့်သွားလို့ ဒိုင်အဆုံးအဖြတ် အမှတ်နဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲတလျှောက်မှာ ပန်တိုဂျာက ဗန်ကို လှဲချပြီး ချုပ်ဖို့ကြိုးစားခဲ့ပေမယ့် ဗန်က ရုန်းထွက်နိုင်ခဲ့သလို လက်သီးတွဲဆိုင်းတွေနဲ့တန်ပြန်ခုခံခဲ့တဲ့အပြင် ချုပ်ကွက်တွေပါအသုံးပြုခဲ့ပါတယ်။ ” ငါးချီလုံးက ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာ ။ အင်တာနက်မကောင်းတော့ ကြည့်ရတာက တငင်ငင်နဲ့ ။ ဘာပဲ ဖြစ်ဖြစ်နိုင်သွားတာ တကယ့်ကို အတိုင်းမသိဝမ်းသာတာပေါ့ဗျာ။ အမှတ်နဲ့မဟုတ်ဘဲ ဆက်ထိုးခွင့်ရှိသေးရင် အလဲထိုးရှုံးမှာပဲ။ ” လို့…

Read More

ဆယ်ကျော်သက်နဲ့ စိတ်ရိုင်း

စက်တင်ဘာ ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ မြန်မာနိုင်ငံက ဆယ်ကျော်သက် အရွယ်တွေကြားမှာ အသေးအဖွဲ စကားများကြရုံ၊ မကျေနပ်ရုံမျှနဲ့ သွေးထွက်သံယို ဖြစ်တဲ့အထိ၊ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ရိုက်နှက်ရမ်းကားမှုတွေ အလွယ်တကူ ကျူးလွန်လာကြတာကို တွေ့ရပါတယ်။ လူမြင်ကွင်းမှာတောင် အုပ်စုဖွဲ့၊ ပြောင်ပြောင်တင်းတင်း ရမ်းကားရဲတဲ့အထိ ဖြစ်လာကြတာပါ။ လက်ရှိ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ကျောင်းသား လူငယ်တွေကြားမှာ အချင်းချင်း အနိုင်ကျင့်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာနေပါတယ်။ ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးဖြစ်စဉ်ကို ပြောရမယ်ဆို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်က ဖြစ်စဉ်ကို ပြောရမှာပါ။ အသက် ၁၅ နှစ်အရွယ် Grade-8 ကျောင်းသားနှစ်ယောက် အချင်းချင်း ရန်ဖြစ်ရာကနေ…

Read More
VOM News

FREE
VIEW