မန္တလေးမှာ ကလေးတွေကို ဆေးလာကုရင်း ပျောက်ဆုံးခဲ့တဲ့ ဖခင်နှစ်ယောက်ကို ပြန်တွေ့လို့ သက်ဆိုင်ရာက မိသားစုဆီအပ်နှံ

မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆
SA(VOM)
မန္တလေးမြို့ ၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၆ လမ်း(၂၇ -၂၈)လမ်းကြားမှာရှိတဲ့ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီးမှာ နယ်ဘက်ကနေ ကလေးတွေကို ဆေးလာကုရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ပျောက်တုံးခဲ့တဲ့ အမျိုးသားနှစ်ယောက် ကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းက မိသားစုဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။
ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီး၊ (၈)ထပ်ဆောင် (၄)လွှာ ဖျားနာဆောင်(၂)မှာ ဆေးဝါးကုသခံယူနေတဲ့ မစုသက်သက်ဇော် အသက်၈ နှစ်ရဲ့ ဖခင် ဦးဇော်မျိုးဦး နဲ့ ဖျားနားဆောင်(၂)မှာ ဆေးဝါးကုသမှုခံယူနေတဲ့ မောင်သက်ထူးအောင် ၄ နှစ်ရဲ့ ဖခင်ဖြစ်သူ ဦးလှိုင်တင့် တို့နှစ်ယောက်ဟာ စက်တင် ဘာ ၂၆ ရက်နေ့မနက်ပိုင်းက ဆေးရုံအပြင်ဘက် တနေရာမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးခဲ့ သူနှစ်ယောက်က ရွှေဘိုမြို့နယ်အတွင်းက ဖုတ်ကုန်းကျေးရွာ၊ ဆင်းကွတ်ရွာမှာ နေထိုင်သူတွေဖြစ်ကြပြီး ကလေးတွေဟာ အသည်း၊ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်းပိုးဝင်ပြီး သွေးလွန်တုတ်ကွေးဖြစ်တာကြောင့် မန္တလေးမှာ ကလေးတွေကိုဆေးရုံလာပြကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ပျောက်ဆုံးခဲ့တဲ့သူနှစ်ယောက်ကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့ အမှတ် ၃ နယ်မြေရဲစခန်းကနေ မိသားစုဆီကို ပြန်လည်အပ်နှံခဲ့တာဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW