ကျွန်တော့်မိသားစု ————————– သည်နေရာတွင် ကျွန်တော့်မိသားစုအကြောင်း ပြောပါဦးမည်။ ရှေ့တွင် အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ ကျွန်တော့်မိဘ ၂ပါးက ဘုတလင်မြို့၏ အရှေ့ကုန်းရိုးရှိ သဖန်းအမည်ရှိ ရွာကလေး ဇာတိဖြစ်သည်။ အဘ က ဘုန်းကြီးကျောင်း ပညာရေးပဲ တတ်ကျွမ်းသည်။ အမေ့ခမျာ စာပင် မတတ်ရှာခဲ့။ ၁၆နှစ်သား ၁၆နှစ်သမီးအရွယ် အိမ်ထောင်ကျကြပြီး မန္တလေးတက်လာကာ ခေါင်းရွက်ဗျပ်ထိုး ဈေးရောင်းစားကြရသည်။ အမေက ၁၃၀၀ပြည့်မတိုင်မီ လူမျိုးရေး အထိကရုဏ်း ကိုပင် မီလိုက်သေးသည် ဆိုတော့ ၁၂၉၀ကျော် ကာလကတည်းက မန္တလေးသို့ ရောက်လာကြပုံရသည်။ ကျွန်တော့်တွင် မွေးချင်း ၅ယောက်ရှိရာ ကျွန်တော် တစ်ယောက်တည်းသာ ယောက်ျားလေးပါပြီး အငယ်ဆုံးလည်း ဖြစ်သည်။ ကျွန်တော့်အထက်က အစ်မ ၄ယောက်တွင် အကြီးဆုံးက ရွှေကုန်သည်နှင့် အငယ်ဆုံးအစ်မက အကပညာရှင်ဖြစ်ပြီး ကျန်၂ယောက်က လက်လုပ်လက်စား အရောင်အဝယ်များဖြစ်ကာ အတန်းပညာကလည်း အလယ်တန်းအဆင့်သာ…
Read MoreYear: 2026
ဒီလပိုင်းအတွင်း ရထားနဲ့ တိုက်မိတဲ့ဖြစ်စဥ်များလာ
နိုဝင်ဘာ ၂၀ ၊ ၂၀၂၆ GG (VOM) ဒီရက်ပိုင်းအတွင်းမှာ ရထားနဲ့ကား ၊ဆိုင်ကယ် တိုက်မိလို့ အမျိုးသားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ ၊ မနက် ၁၀ နာရီကျော်လောက်မှာ ပဲခူးမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအနီး မြို့ရှောင်လမ်း ရထားသံလမ်းကူးဂိတ်မှာ လမ်းဖြတ်ကူးမောင်းတဲ့ဘိလပ်မြေတင်လာတဲ့ ၂၂ ဘီးကားနဲ့ ရထား တိုက်မိပြီးနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ ကားပေါ်က ယာဥ်မောင်းအမျိုးသား နဲ့ ရထားဂိတ်စောင့် အမျိုးသားရဲ့မိခင်ဖြစ်သူတို့ ဖြစ်ပါတယ်။ ” ရထားလမ်းကူးမှာ ဂိတ်မောင်းတံရှိတယ်။ ဂိတ်စောင့်က ကုန်တင်ရထားလာလို့ လက်ပြတားပေမယ့် ကားသမားက ဖြတ်ကူးတာမှာ တိုက်မိတာ။ တကယ်ဆို ရထားလာချိန် ဂိတ်တံခါးရှိရင် ပိတ်ထားရမှာ။ ဂိတ်တံခါးမပိတ်ဘဲ လက်ပြတော့ ကားသမားကလည်း ကားတားတာလား ဘာလားမသဲကွဲပဲမောင်းတာမျိုးဖြစ်မယ်။…
Read Moreကုလသမဂ္ဂထိပ်တန်းတရားရုံးရဲ့ “အရေးပါတဲ့” အခန်းကဏ္ဍကို ဥရောပသမဂ္ဂ (EU) က ချီးကျူးနေချိန်မှာ မြန်မာ့လူမျိုးတုံးသတ်ဖြတ်မှု ဆုံးဖြတ်ချက်အပေါ် အမေရိကန်က သတိထား တုံ့ပြန်
MT(VOM) မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကမ္ဘာ့အမြင့်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက သတိကြီးကြီးထား ကြိုဆိုတုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံကတော့ တရားစီရင်ရေးဆိုင်ရာ ဘောင်ကျော်လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က ထွက်ပေါ်လာတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒီတရားရုံးနဲ့ အလားတူ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍအပေါ် နိုင်ငံတကာကြားမှာ သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကို မီးမောင်းထိုးပြနေပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အနေနဲ့ အရင်တုန်းက ဘယ်နိုင်ငံကိုမှ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း တစ်ခါမှ မဆုံးဖြတ်ခဲ့ဖူးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေ၊ အထူးသဖြင့် အစ္စရေးအပေါ် စွဲဆိုထားတဲ့ အမှုအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂ (EU) က ICJ ရဲ့ ဆုံးဖြတ်ချက်ကို “သမိုင်းမှတ်တိုင်တစ်ခု”…
Read Moreတောင်ကြီးတန်ဆောင်တိုင်ပွဲမှာ လူကြပ်လို့ တညတည်း လူ ၇၀ နီးပါးမူးမေ့လဲခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေလည်းရှိခဲ့
နိုဝင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) တောင်ကြီးတိုင်တန်ဆောင်တိုင်ပွဲတော်မှာ ညက လူများပြီး လူကြပ်လို့ ပွဲတော်လာသူတွေထဲ သတိလစ်မူးမေ့လဲသူ ၇၀ နီးပါးအထိ ရှိခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ မူးမေ့လဲသူတွေထဲကမှ လေးယောက်ကို ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပြီး ကျန်သူတွေကိုတော့ ပွဲတော်အတွင်းဖွင့်ထားတဲ့ ကျန်းမာရေးဆေးပေးခန်းက တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကြက်ခြေနီအဖွဲ့က ကုသမှုပေးခဲ့ပါတယ်။ အလားတူ ခိုက်ရန်ဖြစ်ပွားသူတွေကိုလည်း အဲဒီဆေးပေးခန်းမှာပဲ ဆေးကုသမှုပေးခဲ့ကြောင်း ပွဲတော်ကျင်းပတဲ့ ၁၆ ရက်နေ့ကစပြီး နိုဝင်ဘာ ၂၁ ရက်နေ့ညအထိ နေ့စဥ်နီးပါး မူးမေ့ လဲသူနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေရှိတယ်လို့ ဒေသခံကဆိုပါတယ်။ ” ညက လူတော်တော်ကိုပိုများတယ်ထင်ရတယ်။ ဝေဂမီး ကနာမည်ကြီးတော့ လာကြည့်ကြတာ။ ရှမ်းတောင်တခွင်က လူတင်အများကြီးကို ခရီးသွားဧည့်သည်တွေနဲ့ဆိုတော့ လူတွေကြပ်၊ လမ်းတွေပိတ်ပေါ့။လူတွေကကြပ်တာမှ တိုးကိုမရတာဆိုတော့ စတိတ်ရှိုးအသံတွေ နဲ့လူကကြပ် ရှေ့တိုးမရနောက်ဆုတ်မရ အသက်ရှူမရနဲ့…
Read Moreတရားရုံးက ဆုံးဖြတ်ပြီးပြီ၊ တရားမျှတမှုကို ဘယ်သူ အကောင်အထည်ဖော်မလဲ
(ICJ စီရင်ချက်၊ နိုင်ငံတော်၏ တာဝန်နှင့် ပြည်သူတို့၏ အနာဂတ်) တင်ဆက်သူ — ဒေါက်တာဖိုးဖြူ ကော်ပိုရိတ်ဥပဒေဒါရိုက်တာ International CogniLex Research Centre (၁) အိမ်ပြန်လမ်းကို ဘယ်သူဖွင့်ပေးမှာလဲ အိမ်တစ်လုံး မီးလောင်သွားရင် ပြန်ဆောက်လို့ရနိုင်ပါတယ်။ လယ်မြေတစ်ကွက် ဆုံးရှုံးသွားရင် ပြန်တောင်းလို့ရနိုင်ပါတယ်။ ဒါပေမဲ့ အသတ်ခံလိုက်ရတဲ့ မိသားစုဝင်တစ်ယောက်ကိုတော့ ဘယ်တရားရုံးကမှ အသက်ပြန်သွင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါဆို တရားမျှတမှုဆိုတာ ဘာလဲ။ ပြစ်မှုကျူးလွန်သူကို အရေးယူတာလား။ ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးတာလား။ ဒါမှမဟုတ် နောက်တစ်ကြိမ် ဒီလိုအဖြစ်ဆိုးမျိုး မဖြစ်အောင် ကာကွယ်ပေးတာလား။ တကယ်တော့ သုံးခုစလုံး လိုအပ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား…
Read Moreတိုက်ပွဲမဖြစ်ဘဲနဲ့လည်း ရခိုင်ပြည် ဆုံးရှုံးသွားနိုင်တဲ့ အနေအထားတွေ ရှိနေတယ်လို့ ဒေါ်စောမြရာဇာလင်းပြော
နိုဝင်ဘာ ၂၀ – ၂၀၂၆ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်နဲ့ လူမှုအသိုင်းအဝိုင်းကြား ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို VOM က အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မေး – လက်ရှိ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေမှု အခြေအနေနဲ့ အနာဂတ် နိုင်ငံရေးမျှော်မှန်းချက်ကို ဘယ်လိုမြင်ပါသလဲ။ ဖြေ – အုပ်ချုပ်ရေးယန္တရား ဆိုတာကတော့ နှစ်မျိုးရှိတာပေါ့။ ပထမတခုကတော့ အစိုးရအုပ်ချုပ်နေတဲ့ ယန္တရား။ နောက်တခုက လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ AA က အုပ်ချုပ်နေတဲ့ ယန္တရား။ ရခိုင်ပြည်မှာ အဲဒီလိုပုံစံမျိုး နှစ်ခုဖြစ်နေတယ်။ ဆိုတော့ စိတ်ပူစရာတွေက အများကြီးရှိတယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အဲဒီဘက်တွေမှာဆိုရင် ရသေ့တောင်ကတော့…
Read Moreအဂတိလိုက်စားတာတွေ ဘယ်လိုတိုက်ဖျက်မလဲ
နိုင်ငံတော်သမ္မတရုံးရဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ၂၀-၁၁-၂၀၆နေ့မှာ နေပြည်တော်က သမ္မတရုံး ရှင်းလင်းပွဲခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက နိုင်ငံရဲ့နေရာအတော်များများမှာ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်က နောက်ပြန်သွားသလိုဖြစ်နေပြီး မငြိမ်းချမ်းခြင်းရဲ့အကျိုးဆက် စီးပွားရေးမတည်ငြိမ် ကျဆင်းတာ ပြည်သူဘဝကျပ်တည်းတာခံစားနေရတဲ့ အခြေအနေမှာ သမ္မတကြီးရဲ့ မူဝါဒတွေကောင်းပေမယ့် အောက်ခြေမှာ ဖြစ်ချင်သလိုဖြစ် အဂတိလိုက်စားတာများတော့ လူထုမပြေလည်ဖြစ်နေပြီး အပေါ်က လက်နဲ့ရေးတာကို အောက်က ဝန်ထမ်းတွေ ခြေနဲ့ဖျက်သလိုဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လိုစီစဥ်မလဲလို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး နဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူတဦးက ဖြေကြားထားတာကို တင်ပြလိုက်ပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read Moreသူတို့အိမ် အခန်း (၂၆၇)
ဆူးငှက် ပိုက်ဆံလိုရင် ကြော်ငြာပါ့လား ———————————- ကျွန်တော်က စာရေးသည့် ဝင်ငွေ တစ်ပဲ ခြောက်ပြားပဲရသည်ကိူ ငြီးတွားနေတော့ အချို့က အခြား ဝင်ငွေ ရသည့် လုပ်ငန်းတွေကိုတော့ မလုပ်ရကောင်းလားဟု အပြစ်တင်ကြမည်။ ကျွန်တော်ကလည်း စာပေ အနုပညာလုပ်ငန်းပဲ လုပ်တတ်တာပါဟု ဆင်ခြေပေးမည်။ ထိုအခါ စာပေနဲ့ ဆက်နွယ်တဲ့ ခေတ်ပေါ် လုပ်ငန်းတွေလည်း လုပ်လို့ရတာပဲ၊ ဝင်ငွေလည်း ကောင်းနိုင်တယ်လေ ဟု အကြံပေးတော့ ဘယ်လိုလုပ်ငန်းများပါလိမ့် ခင်ဗျာဟု ကျွန်တော်က မေးမိသည်။ ဒီလိုပေါ့ခင်ဗျာ၊ ဥပမာပေးတာပါ၊ ဈေးချိုမှာ ကွန်ဒိုအရောင်းရှိတယ်ဆိုပါစို့၊ ဆရာက ဈေးချိုဆိုတာ မင်းတုန်းမင်းကြီး မြို့ပန္နက် တည်တုန်းကတည်းက ပါခဲ့တာပါ။ မူလက ဈေးကြိုလို့ခေါ်တာပါ။ အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်တွေ ကတည်းက ဈေးကြိုဆိုတာ ရှိခဲ့တာပါ။ ရတနာပုံခေတ်မှာ မလွန်လက်ကားဈေးကြီး အကြို…
Read Moreသက်တမ်းတိုး ယာဉ်တွေအတွက် က.ည.န က အချက် ၁၂ ချက် ဖြေလျှော့ပေး
နိုဝင်ဘာ ၁၇ – ၂၀၂၆ SN (VOM) သက်တမ်းတိုးယာဉ် စစ်ဆေးရာမှာ ယာဉ်အမျိုးအစား တည်ဆောက်မှုပုံစံနဲ့ ထုတ်လုပ်တဲ့ခုနှစ် ပုံစံအလိုက် Road Safety မထိခိုက်စေနိုင်တဲ့ အချက် ၁၂ ချက်ကို ဖြေလျှော့ခွင့်ပြုပေးမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က အသိပေးထားပါတယ်။ ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ကြုံတွေ့နေရတဲ့ အပိုတပ်ဆင်မှုဆိုင်ရာ စစ်ဆေးချက်တွေကို ဖြေလျှော့ပေးလိုက်တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချော့မွေ့ လွယ်ကူစေရေး၊ အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် ရည်ရွယ်တာလို့ သိရပါတယ်။ “ဖြစ်သင့်တာ ကြာပါပြီ။ ယာဉ်ကြံ့ခိုင်မှုထက် မလိုတာတွေ ဖြစ်နေတာ။ သက်တမ်းတိုးဖို့ကို အရင်တုန်းက ယာဉ်စစ်ဝင်ရင် ကားမှာ တပ်ထားတဲ့ အပိုပစ္စည်းလေးတွေကအစ လိုက်ဖြုတ်ခိုင်းတာ။ ဖြုတ်ခ၊ ပြန်တပ်ခနဲ့ အလုပ်ရှုပ်သလို တနေကုန်နီးပါးလည်း အချိန်ကုန်တယ်” လို့ ယာဉ်ပိုင်ရှင်တယောက်က ပြောပါတယ်။ ဖြေလျှော့ပေးလိုက်တဲ့ အချက်တွေကတော့ ကားနံပါတ်ပြား…
Read Moreအခုနှစ် ၁၀ လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရ
နိုဝင်ဘာ ၁၇ – ၂၀၂၆ SS (VOM) အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ ဒေသတွေမှာ အဖြစ်များခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံက မတည်ငြိမ်တဲ့နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၄၅ ယောက် သေဆုံးကာ ၃၁၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး အများဆုံးထိခိုက်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့ဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့်…
Read More