စက်တင်ဘာ ၁၉-၂၀၂၆ SA(VOM) အခြေအနေအကြောင်းကြောင့် သတင်းတင်ဆက်မှုရပ်နားထားတဲ့ ရွှေတြိဂံသတင်းဌာနဟာ အင်နဲ့အားနဲ့ ပြန်လည်သတင်းတင်ဆက်တော့မှာမို့ သူတို့သတင်းဌာနတည်ထောင်ခြင်း ၁၁နှစ်ပြည့်အခမ်းအနားကို နေပြည်တော် Star World Hotel မှာ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။ ရွှေတြိဂံသတင်းဌာန ဘယ်လိုအခက်ခဲတွေကြောင့် ရပ်နားခဲ့လဲ ဘယ်လိုခွန်အားတွေ ဘယ်လိုအစီအစဥ်တွေနဲ့ လည်ပတ်မလဲဆိုတာတွေကို ရွှေတြိဂံသတင်းဌာန တည်ထောင်သူ ကိုထွန်း(မိုင်းဖြတ်) ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
မန္တလေး က.ည.န ရုံးရှေ့ သိပ္ပံလမ်းမပေါ် ယာဥ်ကြောပိတ်ဆို့မှုနည်းဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ရုံးခွဲဖွင့်
မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆ (VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာလျော့ပါးဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ကားသေးတွေအတွက်ဝန်ဆောင်မှုကို ဒီနေ့စတင်ဆောင်ရွက်ပေးနေပါတယ်။ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာတွေ အနီး ကပ်ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/…
Read MorePDF နဲ့ လက်နက်ကိုင်အဖွဲ့စုံက ၂၀၃ ယောက် လပခ မှာ အလင်းဝင်
မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက PDF တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက အလင်းဝင်လာသူ ၂၀၃ ယာက်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက ရန်အောင်မြင်ခန်းမအတွင်းမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံခဲ့ကြပြီး ဆုကြေးငွေအသီးသီးပေးအပ်ကာ အုပ် ထိန်းသူမိတွေဆီ ပြန်လည်အပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားဟာ (၅၁)ကြိမ်မြောက်ရှိပြီဖြစ်ကာလက်နက်ပါဝင်သူ (၁၈)ဦး၊ လက်နက်မဲ့(၁၈၅)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြစ်ပြီး လက်နက်အနေနဲ့ လက်နက်ငယ်မျိုးစုံ(၁၀) လက်၊ လက် လုပ်သေနတ်(၁)လက်၊ကျည်အိမ်မျိုးစုံ(၁၉)ခု၊ လက်ပစ်ဗုံး(၂၃) လုံး၊ ၄၀ မမ ဗုံးသီး(၅)လုံး၊အီနာဂါဗုံးသီး(၁) လုံး၊ ကျည်မျိုးစုံ (၄၅၉) တောင့်နှင့် စကားပြောစက်(၁)လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အလယ်ပိုင်းတိုင်း.စစ်ဌာနချုပ်နယ်မြေအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုပေးခြင်းနဲ့ အလင်းဝင်အခမ်းအနား ပြုလုပ်ပေးနိုင်မှုအနေနဲ့ ၂၀၂၂ခုနှစ်၊…
Read Moreတံတားဦးမြို့နယ်မှာ ပြန်လည်ဖော်ထုတ်တဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ
မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတာဦးမြို့နယ်အတွင်းက ပန်းယျကျေးရွာ မြေတော်ရွာ၊ တဘက်ဆွဲရွာနဲ့ ရွာကုန်းကျေးရွာ တို့ပူးပေါင်းပြီး မဟာရွှေတောင်တော် မြတ်စွာဘုရားပွဲတော်၊ မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို မနေ့ စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အသင်းတွေ ယှဥ်ပြိုင်ခဲ့ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ” ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဥ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၊ တံတားဦးနဲ့ စဥ့်ကိုင်မြို့က ဒေသခံတွေအတွက် စည်းလုံးမှုနဲ့ ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုက်ကြည် က ပြောပါတယ်။ ဒီပြိုင်ပွဲမှာ မြေတော်ကျေးရွာက လှေနှစ်စင်းနဲ့ ပြိုင်ပွဲဝင် လှေလှော်အသင်း ၈ သင်းက…
Read Moreဗန်းမော်ဒေသ အေးချမ်းဖို့ KIA နောက်ဆုတ်ပေးပြီးနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အားစိုက်ပေးဖို့ ရှမ်းနီပါတီမေတ္တာရပ်ခံ
စက်တင်ဘာ – ၅ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်းမော်ဒေသမှာအခြေစိုက်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ဗန်းမော်ဒေသ အေးချမ်းဖို့ KIA နောက်ဆုတ်ပေးပြီးနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အားစိုက်ပေးဖို့ ရှမ်းနီပါတီမေတ္တာရပ်ခံလိုက်ပါတယ်။ လတ်တလောဖြစ်နေတဲ့ ဗန်းမော်ဒေသကတိုက်ပွဲတွေနဲ့ ဗန်းမော်နဲ့ရွှေကူကြား အစိုရသင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို သိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
Read Moreအမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာထဲမှာရောက်နေတဲ့ လူနေအိမ်နှစ်ထောင်ကျော်ကို ချန်ထားစေချင်ရင်ထားခဲ့မယ် သို့ပေမယ့်
မန္တလေး- သြဂုတ်- ၂၇-၂၀၂၆ VOM မန္တလေးမြို့ ဧရာဝတီမြစ်ဘေးမှာ တည်ဆောက်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ ဧရိယာထဲမှာ လယ်ယာမြေအကွက်ရိုက်ရောင်းတာကို ဝယ်ယူအိမ်ဆောက်ထားတဲ့ အိမ်ခြေ နှစ်ထောင်ကျော်ဟာ နေထိုင်ခွင့်မရှိလို့ဆိုပြီး ဖယ်ရှားခံရမယ့်အရေးကြုံနေပါတယ်။ အမရပူရမြို့ဘေးအကွက်ရိုက်နေထိုင်ကြတဲ့သူတွေထဲမှာ တချို့က နှစ် ၂၀ကျော် နေထိုင်တဲ့ရွာခံတချို့ရှိနေတယ်ဆိုတာကြောင့် ဒီလိုရွာခံတွေနစ်နာမှု ဘယ်လိုစီစဥ်ပေးမလဲဆိုတာသိနိုင်ဖို့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တာဝန်ရှိသူ ဒါရိုက်တာ ဦးဇော်ရဲဝင်းကို Voice Of Myanmar(VOM)ရဲ့ အယ်ဒီတာချုပ် ဦးနေလင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ “ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဘယ်ရွာမှမဖျက်ကြောင်း ၊ လယ်ယာမြေ အကွက်ရိုက်ရောင်းချထားသူတွေဆီကနေ အမှန်တကယ်ဝယ်ယူမိသူတွေ အိမ်ဆောက်ထားရင် မူလမြေတန်ဖိုးကို မြေရောင်းထားသူတွေဆီကပြန်တောင်းဖို့နဲ့ အဆောက်အဦတွေရဲ့ ကုန်ကျထားတာကိုတော့ ကုမ္ပဏီကနေ ဘဏ်တိုးပါပေါင်းပြီး စိုက်ထုတ်ကူညီမယ်” လို့ ဖြေကြားခဲ့တာအပါအဝင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကြောင်းနဲ့ နစ်နာမှုရှိသူတွေအတွက် ကုမ္ပဏီဘက်က ဘာကူညီပေးနိုင်မလဲဆိုတာတွေ မေးမြန်းထားတာကိုတင်ပြလိုက်ပါတယ်။ သတင်းအကျဉ်းချုပ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က သက်ဆိုင်ရာက…
Read Moreတနှစ် တကြိမ်ပဲ ဆုံတွေ့ခွင့်ရတဲ့ အိုးပုတ်ပွဲတော်
မန္တလေး -သြဂုတ် ၂၁-၂၀၂၆ KKA (VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာ တနှစ်မှာ တကြိမ်ပဲ ကျင်းပလေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ဒီနေ့ ဩဂုတ် ၂၁ ရက်မှာ ပြုလုပ်နေပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တယ်ဆိုပေမယ့် ပွဲတော်မစခင် ၁၉ ရက်နေ့ကတည်းက လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ ဒီအိုးပုတ်ပွဲတော်ကို မြန်မာရက်နဲ့ သတ်မှတ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အရင်က ပွဲတော်ဟာ ညနေပိုင်းမှာပဲ စည်ကားခဲ့ပြီး အခုအခါမှာတော့ မနက်ပိုင်းကတည်းက စည်ကားနေတာပဲ ဖြစ်ပါတယ်။ ”အိုးပုတ်တွေက လှတယ်။ တစုတစည်း တွေ့ရတော့ ပျော်ပါတယ်။ ကျင်းပတဲ့ နှစ်တိုင်း လာဖြစ်ပါတယ်။ အရင်နှစ်တွေထက် ပိုစည်တယ်လို့ ခံစားရတယ်” လို့ လာရောက်လည်ပတ်နေတဲ့ မန္တလေးမြို့ခံ ကိုညီညီလွင်က VOM ကို ပြောပါတယ်။…
Read Moreသီပေါနဲ့ ရှမ်းမြောက်မြို့နယ်တချို့ ရေကြီး၊ မြေပြို၊ တံတားပျက်စီး
ဩဂုတ် ၁၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ မိုးမိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ်တွေမှာ တောင်ကျရေနဲ့ မိုးရေကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ တံတားတွေ ပျက်စီးနေပြီး စပါးခင်းနဲ့ စိုက်ပျိုးမြေတွေ ရေမြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးမှာ ရေကြီးရေလျှံမှုကြောင့် နမိတ်ချောင်းတံတား ပျက်စီးသွားပြီး ရေစီးလည်း အတော်ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မိုးမိတ် မြစ်ဆုံမှာ ရေကြီးလို့ တံတားပါကျိုးတယ်။ ရေစီးကလည်း ကြမ်းတယ်။ မိုးမိတ်နားက မြစ်ဆုံရွာ၊ နမိတ်ချောင်းတံတားပါ။ ကင်းချောင်းဘက်လည်း ရေတော်တော်ကြီးတယ်” လို့ ဆိုပါတယ်။ အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေ အလွန်များပြားလာတာကြောင့် မြစ်ချောင်းအခြေအနေတွေ ပြောင်းလဲလာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နယ်…
Read Moreမန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ပါတီ ၆ ခုက ပါတီဝင်တွေ လာရောက်လေ့လာ
မန္တလေး၊ သြဂုတ် – ၁၀- ၂၀၂၆ SA(VOM) ပါတီ ၆ ခု က ပါတီ၀င်အင်အား ၁၀၀ ဝန်းကျင်ဟာ ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့မှာကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ်စမနေ့) အခမ်းအနားကို လာရောက်လေ့လာခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ၊ ဒီမိုကရက်တစ် အင်အာစု လေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ပြည့်သူ့ရှေ့ ဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေး ပါတီတွေကပါတီ၀င် အယောက် ၁၀၀ ဝန်းကျင်က လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လေ့လာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မန္တလေးတိုင်းရုံး အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မန္တလေးတိုင်းဥက္ကဋ္ဌ ဦးညိုဇေယျ နဲ့ ပါတီထောင်ဖို့ လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ဦးသိန်းဇော်တို့ကို VOM က တွေ့ဆုံမေးမြန်းထားပါတယ်။
Read Moreမြေဂရန် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာ ငွေကုန် ကြေးကျများပြီး အချိန်ကြာမြင့်နေမှုအပေါ် ဘယ်လိုဆောင်ရွက်ပေးမလဲ
မန္တလေး၊ သြဂုတ်- ၁၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ မြေဂရန်သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေမှာ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်မှုတွေအပေါ် အမြန်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိနဲ့ သတ်မှတ်နှုန်းထား ဘယ်လောက်ကုန်ကျသလဲ ဆိုတာတွေကို ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်းက လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း မေးမြန်းခဲ့တဲ့ မေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ VOM က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်
Read More