မန္တလေး၊ အောက်တိုဘာ- ၂၂- ၂၀၂၆ SA(VOM) ဒီနှစ်သီတင်းကျွတ်ပွဲတော်အတွက် မြန်မာ့ရိုးရာ လက်လုပ်မီးပုံလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ဖန်းတီးထားပြီး ပြန်လည်ဆန်းသစ်လာသလို မန္တလေးမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က တည်းက ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ စည်ကားလို့နေပါတယ်။ ဒီ ရိုးရာလက်လုပ် မီးပုံးလေးတွေရောင်းချတဲ့စျေးတန်းကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၆ လမ်း၊ ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာလည်း သီတင်းကျွတ်ပွဲတော်အတွက် ရာသီစာဖြစ်တဲ့ မီးပုံးပျံ၊ လက်လုပ်မီးအိမ် အစုံကိုလည်း ရောင်းချနေတာကို တွေ့ရပါတယ်။ ကုန်စျေးနှုန်းတွေတက်လာတာကြောင့် ခါတိုင်းနှစ်တွေကထက်စာရင် မီးပုံးစျေးတွေ အနည်းငယ်တက်လာတယ်လို့လည်း မီးပုံးရောင်းချသူတွေက ပြောပါတယ်။
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ပြည်တွင်းစစ်ကြီး သံသရာရှည်နေရင် လူထုကနစ်နာလို့ နိုင်ငံရေးနည်းနဲ့ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ အာရုံပြုဖို့ ဒေါက်တာအေးမောင် တိုက်တွန်း
နေပြည်တော်၊ အောက်တိုဘာ- ၁၆- ၂၀၂၆ SA(VOM) ပြည်တွင်းစစ်ကြီး သံသရာရှည်နေရင် လူထုကနစ်နာလို့ နိုင်ငံ ရေးနည်းနဲ့ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ အာရုံပြုစေချင်တယ် အဲ့ဒါကြောင့် ဆွေးနွေးအဖြေရှာပြီး လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့ ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က အခုလို တိုက်တွန်းပြောကြားခဲ့ပါတယ်။
Read Moreအညာ PDF တွေအတွက် ငြိမ်းချမ်းရေးလမ်းပွင့်ပြီလား
နေပြည်တော်၊ အောက်တိုဘာ- ၁၆- ၂၀၂၆ SA(VOM) ပြည်သူ့ပါတီက အလုံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခိုင်ဦးက အညာဒေသမှာ PDF အမည်ခံ လက်နက်ကိုင်တွေကို အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်မလား၊ ဘယ်လိုပုံစံနဲ့ ငြိမ်းချမ်းရေးလုပ်မလဲဆိုတာတွေကို အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်၊ ဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ခိုင်ဦး ကို VOM အယ်ဒီ တာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
Read Moreမန္တလေးတိုင်း ကိုယ်ပိုင်ကျောင်းများအသင်း အဖွဲ့ဝင်တွေ တွေ့ဆုံပွဲကျင်းပ
မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ကိုယ်ပိုင်ကျောင်းအုပ်ချုပ်သူတွေအားလုံး တွေ့ဆုံပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ ၅၃ လမ်းနဲ့ ၃၂ လမ်းထောင့်က Ceremon Ballroom မှာ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေအပြင် မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း က အသင်းဝင် ၃၉၄ ကျောင်းက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်းကျောင်းများအသင်း ရဲ့ ဥက္ကဋ္ဌ ဒေါ်မြသွေးရည်နဲ့ မဟာအောင်မြေမြို့နယ်၊ KMC ကိုယ် ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးခင်မောင်ချို၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ…
Read Moreအမရပူရမြို့ပြစီမံကိန်း အတွင်းက ဒေသခံတွေနဲ့ စီမံကိန်းတာဝန်ရှိသူတွေရှင်းလင်း
မန္တလေး၊ အောက်တိုဘာ- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွင်းကျရောက်နေတဲ့ ဧက ၂၀၀ အပေါ်မှာ ဖယ်ရှားခံရမယ့် ဒေသခံတွေက သူတို့ရဲ့ ဖျက်သိမ်းခံရမယ့် နေအိမ်တွေရဲ့ အခက်အခဲကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရှင်းလင်းခဲ့သလို စီမံကိန်းဘက်က တာဝန်ရှိသူကလည်း သူတို့လုပ်ဆောင်ပေးမယ့် ကိစ္စတွေကို အသီးသီးရှင်းလင်းခဲ့ကြပါတယ်။ ဒီကနေ့မနက်ပိုင်းက ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်အတွင်းမှာ ကျေးရွာအသီးသီးက ကျောင်းထိုင်ဆရာတော်တွေအပါအဝင် ကော်မတီအဖွဲ့က တာဝန်ရှိသူတချို့နဲ့ စီမံကိန်းဘက်က တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဒါရိုက်တာ ဦးဇော်ရဲဝင်းတို့က သူတို့လုပ်ဆောင်မယ့် အချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။ အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနဲ့ ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ – က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊…
Read Moreရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားပွဲတော်မှာ ရိုးရာဓလေ့အတိုင်း ငှက်လှေတွေနဲ့ လှေဦးတိုက်ပွဲ ကျင်းပ
မန္တလေး၊ အောက်တိုဘာ – ၃ – ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု အတွင်းက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင်ရွှေကြက်ကျ ဆု တောင်းပြည့် မြတ်စွာဘုရားပွဲတော်ကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းကစတင်ပြီး ရိုးရာဓလေ့အတိုင်း ငှက်လှေတွေနဲ့ လှေဦးတိုက်ပွဲ၊ ရေစာ၊ ဝဲစာကျွေးပွဲ ကျင်းပနေပါတယ်။ သမိုင်းဝင် ရွှေကြက်ကျဘုရားပွဲတော် လှေဦးတိုက်ပွဲကို နှစ်စဥ် အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်မှာ ကျင်းပပြီး ရွှေကြက်ယက်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်စုတွေက တရွာကို ငှက်လှေတစီးနှုန်းနဲ့ ကျေးရွာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ငှက်လှေတွေမရှိသလောက်နည်းတဲ့အတွက် လှေဦးတိုက်ပွဲတော်ကို ထည့်သွင်းမကျင်းပဖြစ်တဲ့နှစ်တွေရှိခဲ့သလို အကျဥ်းချုံးပြီး ကျင်းပခဲ့ရတဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။ ” အရင်နှစ်ကတော့ ရိုးရိုးလှေတွေနဲ့ လှော်လိုက်တယ်၊ ဒီနှစ်ကတော့ ရိုးရာအတိုင်း ငှက်လှေနဲ့လှော်မှာ၊ ကျနော်တို့ဆီမှာ ငှက်တွေကရောင်းလိုက်ကြတော့…
Read Moreမန္တလေးမှာ ပုံဝိုင်းလောင်းကစားဝိုင်းတွေက လမ်းဘေးတွေမှာ ပေါ်တင်ပြုလုပ်နေလို့ ဖမ်းဆီးဖို့ လွှတ်တော်မှာ မေးမြန်း
မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ ပုံဝိုင်းလောင်းကစားဝိုင်းတွေဟာ လမ်းဘေးတွေနဲ့ လူစည်ကားရာနေရာ စျေးတချို့အနီးမှာ လူအုပ်စုနဲ့ ပေါ်ပေါ်တင်တင်လောင်းကစားတာတွေ ပြုလုပ်နေလို့ အရေးယူဆောင်ရွက်ပေးဖို့ အစီအစဥ် ရှိ/မရှိ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအ ဝေး ပဉ်စမနေ့ အခမ်းအနားမှာ အောင်မြေသာစံမြို့နယ်၊ လွှတ်တော်ကိုယ်စား လှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးညီညီ(ခ) ဦးကျော်ဆန်းက လွှတ်တော်ဥက္ကဋ္ဌကတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။ လောင်းကစားဝိုင်းတွေကိုရပ်ကွက်အတွင်း ပြုလုပ်မှုမရှိစေရေးအတွက် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေအပြင် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေတာမှာ မန္တလေးမြို့အတွင်း ၂၀၂၅ ခုနှစ်မှာ လောင်းကစားဥပဒေပုဒ်မ ၁၅ က နဲ့ အမှု ၁၆ ခု၊ တရားခံ ကျား ၁၆ ယောက်၊ မ ၄၅ ယောက်…
Read Moreမန္တလေးမှာ ကလေးတွေကို ဆေးလာကုရင်း ပျောက်ဆုံးခဲ့တဲ့ ဖခင်နှစ်ယောက်ကို ပြန်တွေ့လို့ သက်ဆိုင်ရာက မိသားစုဆီအပ်နှံ
မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၆ လမ်း(၂၇ -၂၈)လမ်းကြားမှာရှိတဲ့ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီးမှာ နယ်ဘက်ကနေ ကလေးတွေကို ဆေးလာကုရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ပျောက်တုံးခဲ့တဲ့ အမျိုးသားနှစ်ယောက် ကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းက မိသားစုဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။ ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီး၊ (၈)ထပ်ဆောင် (၄)လွှာ ဖျားနာဆောင်(၂)မှာ ဆေးဝါးကုသခံယူနေတဲ့ မစုသက်သက်ဇော် အသက်၈ နှစ်ရဲ့ ဖခင် ဦးဇော်မျိုးဦး နဲ့ ဖျားနားဆောင်(၂)မှာ ဆေးဝါးကုသမှုခံယူနေတဲ့ မောင်သက်ထူးအောင် ၄ နှစ်ရဲ့ ဖခင်ဖြစ်သူ ဦးလှိုင်တင့် တို့နှစ်ယောက်ဟာ စက်တင် ဘာ ၂၆ ရက်နေ့မနက်ပိုင်းက ဆေးရုံအပြင်ဘက် တနေရာမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့ သူနှစ်ယောက်က…
Read Moreရွှေတြိဂံသတင်းဌာန ပြန်လာပြီ
စက်တင်ဘာ ၁၉-၂၀၂၆ SA(VOM) အခြေအနေအကြောင်းကြောင့် သတင်းတင်ဆက်မှုရပ်နားထားတဲ့ ရွှေတြိဂံသတင်းဌာနဟာ အင်နဲ့အားနဲ့ ပြန်လည်သတင်းတင်ဆက်တော့မှာမို့ သူတို့သတင်းဌာနတည်ထောင်ခြင်း ၁၁နှစ်ပြည့်အခမ်းအနားကို နေပြည်တော် Star World Hotel မှာ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။ ရွှေတြိဂံသတင်းဌာန ဘယ်လိုအခက်ခဲတွေကြောင့် ရပ်နားခဲ့လဲ ဘယ်လိုခွန်အားတွေ ဘယ်လိုအစီအစဥ်တွေနဲ့ လည်ပတ်မလဲဆိုတာတွေကို ရွှေတြိဂံသတင်းဌာန တည်ထောင်သူ ကိုထွန်း(မိုင်းဖြတ်) ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
Read Moreမန္တလေး က.ည.န ရုံးရှေ့ သိပ္ပံလမ်းမပေါ် ယာဥ်ကြောပိတ်ဆို့မှုနည်းဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ရုံးခွဲဖွင့်
မန္တလေး၊ စက်တင်ဘာ- ၁၅- ၂၀၂၆ (VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ စောင့်ဆိုင်းတဲ့ မော်တော်ယာဥ်တွေကြောင့် လမ်းပိတ်ဆို့မှုဖြစ််တာလျော့ပါးဖို့ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းမှာ ကားသေးတွေအတွက်ဝန်ဆောင်မှုကို ဒီနေ့စတင်ဆောင်ရွက်ပေးနေပါတယ်။ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မိုးသက် က လိုအပ်တာတွေ အနီး ကပ်ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်ဂျင်နီယာမှူးကြီး ဦးသန့်ဇင်ဦး က ဖြေကြားခဲ့သလို အမရပူရက ယာဥ်ပိုင်ရှင် ဦးယဥ်မင်းထွန်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/…
Read More