မြန်မာတနိုင်ငံလုံးမှာ ဒုတိယအမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသားနဲ့ ဘာသာစုံ ဂုဏ်ထူးရရှိသူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ပညာရည်ချွန်ဆုတွေချီးမြှင့်

မန္တလေး၊ နိုဝင်ဘာ- ၁၈- ၂၀၂၆
SA(VOM)
စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းကနေ မြန်မာတနိုင်ငံလုံးမှာ ဒုတိယ အမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသား မောင်စည်သူဗိုလ် အပါအဝင် ဘာသာစုံ ဂုဏ်ထူးရရှိသူတွေနဲ့ ဂုဏ်ထူးတွေ အသီးသီးရရှိခဲ့တဲ့ ကျောင်းသား/သူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက မန္တလေးက ရတနာပုံခန်းမမှာ ပညာရည်ချွန်ဆုအသီးသီး ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
စံဟိန်း ပညာရေးကိုယ်ပိုင်အထင်တန်းကျောင်းကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ခြောက်ဘာသာဂုဏ်ထူးရှင် (၈)ဦးအပါအဝင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၅၆)ယောက်၊ ရိုးရိုးအောင် မြင်တဲ့ ကျောင်းသား/သူ (၄၆) ယောက်၊ ပညာသင်ဆုရရှိတဲ့ကျောင်းသား/သူ (၂၃) ယောက်၊ မန္တလေးခရိုင် ဘက်စုံပညာထူးချွန် (လူရည်ချွန်) ဆုရရှိသူ (၁)ယောက်၊ မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး Top – 2 ရရှိသူ (၁)ယောက်၊ မြန်မာတစ်နိုင်ငံလုံး အမှတ်အများ ဆုံး ရရှိသူ (၃)ယောက်၊ အင်္ဂလိပ်စာအမှတ်အများဆုံး (၈၄)မှတ်ရရှိသူ (၁)ယောက်၊ ဓာတုဗေဒ ရာပြည့်ရရှိသူ(၁)ယောက်၊ ရူပဗေဒ အမှတ်အများဆုံး (၉၉)မှတ် ရရှိသူ (၁)ယောက်၊ ဇီဝဗေဒအမှတ်အများဆုံး (၉၉)မှတ်ရရှိသူ (၁) ယောက်၊ သင်္ချာအမှတ်အများဆုံး (၉၉)မှတ် ရရှိသူ (၁)ယောက်နဲ့တို့ကို အထူးဆုများအပါအဝင် ဆုရရှိသူ(၁၂၅)ယောက်ကို ပညာရည်ချွန် ထူးချွန်ဆု အသီးသီးချီးမြှင့်ခဲ့ပါတယ်။
စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကနေ မြန်မာစာဂုဏ်ထူးရရှိသူ ၄၁ ယောက်၊ အင်္ဂလိပ်စာ ဂုဏ်ထူးရရှိသူ ၁၄ ယောက်၊ သင်္ချာဂုဏ်ထူးရရှိသူ ၂၈ ယောက်၊ ဓာတုဗေဒ ဂုဏ်ထူးရရှိသူ ၁၄ ယောက်၊ ရူပဗေဒ ဂုဏ်ထူးရရှိသူ ၃၂ ယောက်၊ ဇီဝဗေဒ ဂုဏ်ထူးရရှိသူ ၂၇ ယောက်၊ ဘောဂဗေဒ ဂုဏ်ထူးရရှိသူ ၇ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
စံဟိန်းပညာရေးကိုယ်ပိုင်အထက်တန်းကျောင်းက တာဝန်ရှိသူတွေအပါင်အဝင် ပညာသင်ကြားပေးနေတဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ မြန်မာတနိုင်ငံလုံးမှာ Top 2 ရရှိခဲ့တဲ့ ကျောင်းသား မောင်စည်သူဗိုလ်တို့ကို တွေ့ဆုံမေးမြန်းထားပါတယ်။

Related posts

✕
VOM News

FREE
VIEW