သက်တမ်းတိုး ယာဉ်တွေအတွက် က.ည.န က အချက် ၁၂ ချက် ဖြေလျှော့ပေး

နိုဝင်ဘာ ၁၇ – ၂၀၂၆ SN (VOM) သက်တမ်းတိုးယာဉ် စစ်ဆေးရာမှာ ယာဉ်အမျိုးအစား တည်ဆောက်မှုပုံစံနဲ့ ထုတ်လုပ်တဲ့ခုနှစ် ပုံစံအလိုက် Road Safety မထိခိုက်စေနိုင်တဲ့ အချက် ၁၂ ချက်ကို ဖြေလျှော့ခွင့်ပြုပေးမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က အသိပေးထားပါတယ်။ ယာဉ်ပိုင်ရှင်တွေ အခက်အခဲ ကြုံတွေ့နေရတဲ့ အပိုတပ်ဆင်မှုဆိုင်ရာ စစ်ဆေးချက်တွေကို ဖြေလျှော့ပေးလိုက်တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချော့မွေ့ လွယ်ကူစေရေး၊ အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် ရည်ရွယ်တာလို့ သိရပါတယ်။ “ဖြစ်သင့်တာ ကြာပါပြီ။ ယာဉ်ကြံ့ခိုင်မှုထက် မလိုတာတွေ ဖြစ်နေတာ။ သက်တမ်းတိုးဖို့ကို အရင်တုန်းက ယာဉ်စစ်ဝင်ရင် ကားမှာ တပ်ထားတဲ့ အပိုပစ္စည်းလေးတွေကအစ လိုက်ဖြုတ်ခိုင်းတာ။ ဖြုတ်ခ၊ ပြန်တပ်ခနဲ့ အလုပ်ရှုပ်သလို တနေကုန်နီးပါးလည်း အချိန်ကုန်တယ်” လို့ ယာဉ်ပိုင်ရှင်တယောက်က ပြောပါတယ်။ ဖြေလျှော့ပေးလိုက်တဲ့ အချက်တွေကတော့ ကားနံပါတ်ပြား…

Read More

အခုနှစ် ၁၀ လအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရ

နိုဝင်ဘာ ၁၇ – ၂၀၂၆ SS (VOM) အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံးပြီး အယောက် ၂၀၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အစရှိတဲ့ ဒေသတွေမှာ အဖြစ်များခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံက မတည်ငြိမ်တဲ့​နေရာ​တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ၁၄၅ ယောက် သေဆုံးကာ ၃၁၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး အများဆုံးထိခိုက်တဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့ဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့်…

Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်အဖွဲ့အသီးသီးက တပ်ဖွဲ့ဝင် ၁၉၅ ယောက်အလင်းဝင်

မန္တလေး၊ နိုဝင်ဘာ- ၁၈- ၂၀၂၆ SA(VOM) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်ရာ ဧရိယာအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကနေ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရင်နေ့မနက်ပိုင်းက ၁၉၅ ယောက် အလင်းဝင်အခမ်းတဲ့အခမ်းအနား ကျင်းပခဲ့ပါတယ်။ ကျား ၁၇၆ ယောက်၊ မ ၁၉ ယောက်၊ (လက်နက်ပါ ၃၃ လက် နက်မပါ ၁၆၂ ယောက်) စုစုပေါင်း ၁၉၅ ယောက်အပါအဝင် လနက်နက်အမျိုးမျိုး၊ စကားပြောစက်တွေအပါအဝင် လက်ပစ်ဗုံးတချို့ ပါဝင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ အလင်းဝင်အခမ်းအနား ကျင်းပခဲ့တာ ၅၈ ကြိမ်ရှိခဲ့ပြီဖြစ်တာမှာ လက်နက် ကိုင်အဖွဲ့အသီးသီးက အလင်းဝင့လာသူ စုစုပေါင်း ၃၂၉၅ ယောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Read More

မြန်မာတနိုင်ငံလုံးမှာ ဒုတိယအမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသားနဲ့ ဘာသာစုံ ဂုဏ်ထူးရရှိသူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ပညာရည်ချွန်ဆုတွေချီးမြှင့်

မန္တလေး၊ နိုဝင်ဘာ- ၁၈- ၂၀၂၆ SA(VOM) စံဟိန်းပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းကနေ မြန်မာတနိုင်ငံလုံးမှာ ဒုတိယ အမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသား မောင်စည်သူဗိုလ် အပါအဝင် ဘာသာစုံ ဂုဏ်ထူးရရှိသူတွေနဲ့ ဂုဏ်ထူးတွေ အသီးသီးရရှိခဲ့တဲ့ ကျောင်းသား/သူတွေကို စံဟိန်းကိုယ်ပိုင်အထက် တန်းကျောင်းက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက မန္တလေးက ရတနာပုံခန်းမမှာ ပညာရည်ချွန်ဆုအသီးသီး ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ စံဟိန်း ပညာရေးကိုယ်ပိုင်အထင်တန်းကျောင်းကနေ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ ခြောက်ဘာသာဂုဏ်ထူးရှင် (၈)ဦးအပါအဝင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၅၆)ယောက်၊ ရိုးရိုးအောင် မြင်တဲ့ ကျောင်းသား/သူ (၄၆) ယောက်၊ ပညာသင်ဆုရရှိတဲ့ကျောင်းသား/သူ (၂၃) ယောက်၊ မန္တလေးခရိုင် ဘက်စုံပညာထူးချွန် (လူရည်ချွန်) ဆုရရှိသူ (၁)ယောက်၊ မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံး…

Read More

တိုင်းပြည်ဝင်ငွေ တိုးမြင့်လာရင် ဝန်ထမ်းတွေကို လစာတိုးပေးမယ်လို့ သမ္မတပြော

နိုဝင်ဘာ ၁၈ – ၂၀၂၆ SS (VOM) တိုင်းပြည်ရဲ့ဘဏ္ဍာဝင်ငွေ ပိုမိုတိုးတက် ရရှိလာပါက လာမယ့် ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လစာ တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းက နေပြည်‌တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လစာ တိုးမြှင့်ပေးနိုင်ဖို့အတွက် လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ကာ တွက်ချက်မှုတွေ ပြုလုပ်နေပြီး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးနဲ့ အခွန်ကောက်ခံမှု ကြပ်မတ်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောပါတယ်။ “လာမယ့် ဘဏ္ဍာနှစ်ဆိုရင်တော့ လစာ တိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိက ကတော့ တိုင်းပြည်ဝင်ငွေ ရဖို့ကတော့…

Read More
✕
VOM News

FREE
VIEW