ဇွန် ၂၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ဒီကနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က မနက်အစော ၃ နာရီလောက်မှာ ရတနာဖြိုး Express ခရီးသည်တင်ကားကို ရွှေမန္တလာ Express ကားက နောက်ကနေ ဝင်တိုက်မိပြီး အဆိုပါ ကားနှစ်စီးပေါ်က ယာဥ်မောင်းနှစ်ယောက်နဲ့ ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတာ ယာဥ်မောင်းနှစ်ယောက်နဲ့ စပါယ်ယာကောင်လေးပါ ။ စပါယ်ယာကောင်လေးဆိုရင် အသက် ၂၀ လောက်ပဲရှိမယ် ။ ယာဥ်မောင်းတွေကတော့ ၄၀ ဝန်းကျင်လောက်တွေပါ ။အလောင်းတွေ အကုန်လုံးဆေးရုံပို့လိုက်တယ်။ ဒဏ်ရာရတဲ့သူတွေထဲက…
Read MoreCategory: မှုခင်း
မူးယစ်ဆေးဝါး ခြိမ်းခြောက်မှုအောက်က မန္တလေးမြို့ပြ လုံခြုံရေးနှင့်လူငယ်ထု အနာဂတ်
KKA (VOM) မန္တလေးမြို့တော်ကြီးမှာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်တဲ့ လူငယ်အုပ်စုအချို့ မူးယစ်ဆေးဝါးကို ဗြောင်ကျကျ ရောင်းချ၊ သုံးစွဲနေကြတဲ့ဗီဒီယိုဖိုင်တခု ပျံ့နှံ့လာပါတယ်။ အဲဒီမြင်ကွင်းဟာ သာမန်ဖြစ်ရပ်တခုမဟုတ်ဘဲ မန္တလေးမြို့ပြလုံခြုံရေးနဲ့ လူငယ်ထုရဲ့ အနာဂတ်ဘယ်လောက်အထိ ရင်လေးဖွယ်ရာ အခြေအနေကို ဆိုက်ရောက်နေပြီလဲဆိုတာ ပြသနေတဲ့ သတိပေး ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ အရင်က မူးယစ်ဆေးဝါးဆိုတာ ကွယ်ရာဝှက်ရာ၊ လျှို့ဝှက်ရာနေရာတွေမှာပဲ ရှိတတ်တယ်လို့ ထင်မှတ်ခဲ့ကြေပမယ့်လည်း အခုလိုအချိန်မျိုးမှာ ဆေးခြောက်၊ စိတ်ကြွဆေးပြား (WY) မှအစ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးေတွအထိ လက်တကမ်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်လောက်အောင် ကျယ်ပြန့်လာတာကို မြင်ကြားနေရပါတယ်။ မြို့ခံများနှင့် နီးစပ်ရာ သတင်းရင်းမြစ်များရဲ့ အဆိုအရ မြို့သစ်ဘက်က ရပ်ကွက်အချို့၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ် အစွန်အဖျားဒေသများအပြင် ယခုအခါ မန္တလေးမြို့တွင်း အထိပါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ “မူးယစ်ဘိ”တွေရှိနေတာကို သိရပါတယ်။ အဲဒီလို…
Read Moreမော်ဒယ်လောကရဲ့ နည်းပြဆရာ ဂျွန်လွင် ငွေလိမ်ခံရမှု ကျူးလွန်သူလွတ်မြောက်နေ
ဇွန် ၂၀-၂၀၂၆ NW(VOM) ပြီးခဲ့တဲ့ မေလအတွင်းက ဖြစ်ပွားခဲ့တဲ့ အွန်လိုင်းမှ တဆင့် ကျပ်သိန်းပေါင်း တထောင်ကျော် လိမ်လည်ခံရမှုမှာ ကျူးလွန်သူတဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ ငွေကြေးလိမ်လည်ခံရသူ Stars & Morden Int’l မှ ဂျွန်လွင်က ဒီနေ့ ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်ခံရမှုမှာ ပါဝင်ပတ်သက်ကျူးလွန်သူ သုံးဦးအနက် အဓိကတရားခံဖြစ်သူ မဖြူသက်သက်ခိုင်နဲ့ Kpay ဆိုင်တွေမှာ ငွေထုတ်ယူ ပေးသူ နှစ်ဦးကိုသာ ဖမ်းဆီးရမိထားပြီး ကျန်တဦးဖြစ်သည့် မဖြူသက်သက်ခိုင်ရဲ့ ရည်းစားဖြစ်သူ မောင်လှိုင်မြင့်မိုရ်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ “ ကောင်မလေးကတော့အခု အင်းစိန်ထောင်မှာပေါ့နော်။ဘယ်လိုတွေဖြစ်လည်းတော့ ကျွန်တော်လည်းမသိဘူး။ စခန်းကလည်း ဘာမှမပြောလာသေးဘူး။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကပဲ ဆက်လက်ပြီးဆောင်ရွက်နေတယ်။ အခုက လိမ်တဲ့ကောင်မလေးကို မိသွားပြီ ငွေသွားထုတ်တဲ့ကောင်လေးကို မိသွားပြီ။သူ့ရဲ့ကောင်လေးဖြစ်တဲ့ လှိုင်မြင့်မိုရ်ကိုပဲ မမိသေးတာ။ ကောင်မလေးကလည်း လှိုင်မြင့်မိုရ် ယူပြီး…
Read Moreမြဝတီက အိမ်မီးလောင်မှု ကိုးလအရွယ် ကလေးနဲ့ အသက် ၁၃ နှစ်အရွယ်ကလေး မီးလောင် သေဆုံးခဲ့
ဇွန် ၁၉ ၊ ၂၀၂၆ GG (VOM) ကရင်ပြည်နယ် ၊မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ နေအိမ်တအိမ်မှာ ဒီကနေ့ ဇွန် ၁၉ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ မီးလောင်မှု ဖြစ်ခဲ့တာကြောင့် ကိုးလအရွယ် ကလေးငယ်နဲ့ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တို့ မီးလောင်သေဆုံးခဲ့ရပြီး အသက် ၇၅ နှစ်အရွယ် အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ ” ဖြစ်တာက ခေါက်မလိလမ်းထဲက သုံးထပ်တိုက်ရဲ့ မြေညီအခန်းမှာ ဖြစ်တာ ။ အဲဒီအိမ်က ဓာတ်ဆီထုတ်ရောင်းတဲ့အိမ်လို့လည်း ပြောကြ တယ်။ ကိုးလကလေးက ယောကျ်ားလေးပါ ။ ၁၃ နှစ်ကလေးကတော့ မိန်းကလေးပါ ။ ” လို့ ဒေသခံက ပြောပါတယ် ။…
Read Moreကညွှတ်ကွင်းမှာ ကလေးငယ် မောင်နှမသုံးယောက်လုံးရေနစ်သေဆုံး
ဇွန် ၁၆ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ ၊ ခင်တန်းရပ်ကွက်မှာ လူမမယ် ကလေးငယ် မောင်နှမသုံးယောက် ရေနစ်သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်သုံးယောက်ဟာ ခင်တန်းရပ်ကွက် ၊သင်္ချိုင်းကုန်းအနီးက မြေတူးဖော်ထားတဲ့ ရေအိုင်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သေဆုံးတဲ့ကလေးငယ်သုံးယောက်မှာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်တဲ့ ကြယ်စင်အေး နဲ့ မောင်ကြယ်စင်အောင်တို့က အမွှာဖြစ်ပြီး အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူ ကအငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ ” သတင်းရတော့ ၂ နာရီလောက်ဖြစ်မယ်။ ရေနစ်တယ်ဆိုတော့ ရဲကိစ္စဘာညာပြီးတော့ ဆေးရုံကိုပို့လိုက်တယ်။ အဲဒီကမှ အိမ်ကိုပြန်သယ်တာပေါ့။ ဖြစ်တာက ကလေးတွေနေတဲ့ ခင်တန်း တိုးချဲ့မြေနေရာ သင်္ချိုင်းကုန်းနားက…
Read Moreမုံရွာမှာ ခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူသူခိုး၅ယောက်ဖမ်းမိ
ဇွန် ၁၆-၂၀၂၆ MW(VOM) မုံရွာမြို့ရပ်ကွက်စုံကခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူ ဆိုင်ကယ်သူခိုး၅ဦးကို ဇွန်လ၁၆ရက်နံနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်ဒုရဲမှုးစိုးမင်းပိုင်ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပါတယ်။ မုံရွာမြို့ပေါ်ရပ်ကွက်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး ရဲမှူးကြီး နိုင်လင်းရဲ့ ကြီးကြပ်ကွပ်ကဲမှု၊ မုံရွာခရိုင်ခေတ္တခရိုင်ရဲတပ်ဖွဲ့မှုး ရဲမှုးလှမြင့်၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူး သိန်းထွန်းတို့ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ မုံရွာမြို့ မြို့မရဲစခန်း နယ်ထိန်းဒုရဲမှူး စိုးမင်းပိုင် ဦးစီးတဲ့အဖွဲ့ဟာ မှုခင်းကျဆင်းရေး ရက်၁၀၀ စီမံချက်ဆောင်ရွက်နေစဥ်မှာ ဖမ်းဆီးရမိတာပါ။ ပူးပေါင်းအဖွဲ့ဟာ မုံရွာမြို့ထန်းတောအောင်ရတနာရပ်မှာနေတဲ့ ဘေးတွဲမောင်းသူတဦးအိမ်မှာ ခိုးရာပါဆိုင်ကယ်တွေ လက်ခံထားတယ်လို့သတင်းရတဲ့အတွက် ကွင်းဆက်လိုက်ပြီးရှာဖွေရာမှာ ခိုးသူနဲ့လက်ခံသူတို့ သိမ်းဆည်းထားတဲ့ ခိုးရာပါ ဆိုင်ကယ်၁၉စီးကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။ ဆိုင်ကယ်ခိုးတဲ့သူ ၃ဦးဟာ မုံရွာမြို့ပေါ် ရပ်ကွက်အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြတာဖြစ်ပြီး ခိုးရာပါဆိုင်ကယ်တွေကို အမျိုးသား၂ဦးက လက်ခံခဲ့ကြတာပါ။ ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ခိုးရာပါလက်ခံခဲ့သူ၂ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာမှာ လက်ရှိအချိန်အထိဆိုင်ကယ်ပိုင်ရှင်၄ဦးပေါ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ကလည်း မုံရွာမြို့နေရာအနှံ့က…
Read Moreညောင်ဦးခရိုင်မှာ ကျောင်းဆရာမလင်မယား အသတ်ခံရပြီး လူကိုးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းသွား
ဇွန် ၁၆ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက ကျေးရွာတချိူ့မှာ မနေ့က ဇွန် ၁၅ ရက်နေ့တည်း ကျောင်းဆရာမလင်မယား အသတ်ခံရပြီး နောက်ထပ် ဆရာ ၊ဆရာမအပါအဝင် လူကိုးယောက်ကိုလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဖြစ်စဥ်တွေကတော့ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်းနဲ့ ငါ့သရောက်မြို့နယ်တွေထဲက ကျေးရွာဘက်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာတယောက် ၊ ကျောင်းဆရာမခြောက်ယောက် နဲ့ ကျောင်းဝန်ထမ်းတယောက်တို့ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းဖွင့်ပြီး စာသင်လို့ဆိုပြီး လာဖမ်းသွားတယ်ဆိုတာလောက်ပဲ သိရတယ်။ ကျန်တဲ့အခြေအနေ သေချာမသိရသေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။ ညောင်ဦးမြို့နယ် ၊…
Read Moreပုဏ္ဍားကျွန်း ကင်းချောင်းထဲမှာ စက်လှေမှောက်လို့ ရှစ်ယောက်သေဆုံးကာ နှစ်ယောက်ပျောက်ဆုံးပြီး သုံးယောက် ဆေးကုသမှုခံယူနေရ
ဇွန် ၁၅ ၊၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ကြိုးတံတားအနီး၊ ကင်းချောင်းထဲမှာ ဒီကနေ့ ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က စက်လှေမှောက်လို့ ရှစ်ယောက်သေဆုံးပြီး နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ အဆိုပါ စက်လှေက ရသေ့တောင်မြို့နယ် ၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ကို စျေးဝယ်သွားတဲ့ စက်လှေဖြစ်ပြီး စက်လှေပေါ်မှာ လူ ၃၅ ယောက်လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။ စက်လှေတိမ်းမှောက်မှုမှာသေဆုံးသူတွေက အမျိုးသမီးငါးယောက်နဲ့ အမျိုးသားသုံးယောက်တို့ဖြစ်ပြီး ပျောက်ဆုံးနေတာက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်ကြောင်း ၊ အသက်ရှင်လျက်ကယ်နိုင်သူ ၂၅ ယောက်ရှိခဲ့ တယ်လို့ သိရပါတယ် ။ ” ပျောက်တဲ့နှစ်ယောက်ကို ရှာနေကြတုန်းပဲ။ မတွေ့သေးဘူး ။ အသက်ရှင်လျက်ကယ်နိုင်တဲ့သူတွေထဲက သုံးယောက်က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေရှိလို့…
Read Moreအမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေ
ဇွန် ၁၄ – ၂၀၂၆ SN (VOM) အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ အမေရိကန်နိုင်ငံသား အာဒမ် ကက်စတီလို ဖမ်းဆီးခံရတာဟာ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဒမ် ကက်စတီလိုဟာ လက်ရှိမှာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ လုံခြုံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတခုကို ထူထောင်ထားသူဖြစ်ပြီး အမေရိကန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိစဉ် ရန်ကုန်လေဆိပ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ သိထားသလောက်ကလည်း၊ ကြားထားတဲ့ သတင်းအရပေါ့၊ သူက ပိုင်ဆိုင်မှုအငြင်းပွားမှု တခုကြောင့် ဖမ်းဆီးခံရတယ်လို့ သိရတယ်။ ဟိုတချိန်က သူဦးဆောင်ခဲ့ဖူးတဲ့ စီးပွားရေးအဖွဲ့အစည်းတခုရဲ့ လက်ရှိ ဒါရိုက်တာကနေပြီးတော့ တရားစွဲဆိုထားတာလို့ သိရတယ်။ သူ့ရဲ့ကိုယ်ကျိုးအတွက် ဒေါ်လာတွေကို အလွဲသုံးစားပြုခဲ့တာရှိတယ်ပေါ့။…
Read Moreဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ထွက်ပြေးလာတဲ့ ကျူးလွန်သူ ယောကျ်ားကို ဟင်္သာတကနေအိမ်မှာ ဖမ်းမိ
ဇွန် ၁၃ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ပြီး ထွက်ပြေးနေတဲ့ ယောကျ်ားကို ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ နေအိမ်မှာ ဒီကနေ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဒီကနေ့ မနက် ၈နာရီဝန်းကျင်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ။အဲဒီကိစ္စ မြို့ထဲတော့ လူပြောများနေတယ်။ ခုဖမ်းသွားမှ အဲဒီလူက လူသတ်ခဲ့တယ်ဆိုတာကိုလည်း ပတ်ဝန်းကျင်က သိကြတာ ။ သူကလည်း ထိုင်းမှာပဲ လုပ်နေရင်းက ရုတ်တရက်ကြီး ပြန်လာတာ ။ထိုင်းမှာဖြစ်တာဆိုတော့ ဒီပြန်လာရင်လွတ်မယ်ထင်ထားတာဖြစ်မယ် ။ အခုတော့ ဖမ်းသွားပြီ။…
Read More