ရန်ကုန် နယ်နိမိတ်ထဲ ဝင်ရောက်မယ့် ကုန်ကားတွေ မိုးကာတွေမအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ – ၂၀၂၄ GG( VOM) ရန်ကုန်တိုင်း နယ်နိမိတ်ထဲ ဝင်ရောက်လာမယ့် ကုန်တင်ကားတွေအားလုံး အမိုးအကာတွေ မအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ် ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ ” နိုင်ငံတော်က လုံခြုံရေးအရ မဖြစ်သင့်တာမဖြစ်အောင် တာဝန်ရှိသူအသီးသီးက လုပ်ကြတာပေါ့။ ဘာကုန်တွေပါတယ် ဘာညာ လုံခြုံရေးအရစစ်ဆေးမှာပေါ့။ အခုကအမိန့်ပြန်တမ်းထွက်တာပဲရှိသေးတယ်။ အဓိက နိုင်ငံတော်ကလုံခြုံရေးအရ လိုအပ်မယ်ထင်လို့လုပ်တာဆိုတော့သဘောထား မှတ်ချက် မပေးချင်ဘူး ” လို့ အသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ ညွှန်ကြားစာမှာတော့ ရန်ကုန်နယ်နိမိတ်အတွင်းကို လာရောက်ပြီး ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဥ်တွေကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါလွယ်ကူလျှင်မြန်အောင်အတွက်ဆိုပြီး ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်ကားမောင်းသူတစ်ဦးက “ဂိတ်ရောက်မှ အမိုးထဲ စစ်လည်းရပါတယ်။ အမိုးတွေ ရုတ်လိုက် ပြန်အုပ်လိုက်လုပ်ရတာ ကျနော်တို့အတွက်ကိ အချိနိကြန့်ကြပါတယ်။ တမျိုးပြီးတမျိုး…

Read More

လက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည

  ဆူးငှက်   လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။   ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…

Read More

“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”

    သွေး (စစ်ကိုင်း)   တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။   မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…

Read More

NCA အခမ်းအနားကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ရဲ့ သဘောထားများ

နေပြည်တော်၊ အောက်တိုဘာ- ၁၅- ၂၀၂၃ KT (VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထားမှတ်ချက်တွေကို VOM က စုစည်းတင်ဆက်ထားပါတယ်။ အဲ့ဒီ အခမ်းအနားကို နစက ဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းေဆာင်တွေနဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အများအပြား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

Read More

ရာသီဥတုပြောင်းလဲမှုကို သတိပြုပါ

သွေး (စစ်ကိုင်း) ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ…

Read More

This Day in History: August 1 Voice of Myanmar

This Day in History: August 1 Voice of Myanmar အင်္ဂလိပ်ဓါတုဗေဒပညာရှင် ဂျိုးဆက်ပရစ်စလေသည် ဓါတ်ငွေ့ဆိုင်ရာ သမိုင်းဝင်တွေ့ရှိမှုအဖြစ် အောက်ဆီဂျင်ကို ဓါတ်ငွေ့အခြေအနေအတိုင်း ခွဲထုတ်ပြီး ၁၇၇၇ ခုနှစ် သြဂုတ် ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ #VoiceOfMyanmar #VOM #ThisDayinHistory #August1 #သမိုင်းထဲကဒီနေ့

Read More

ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း

မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM)   အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။   အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။   အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  အစိုးရဖွဲ့ဖို့  ဖေဖော်ဝါရီ ၁ရက်မှာ…

Read More

သိပ္ပံနည်းပညာရဲ့ ကဏ္ဍကတော့ ပြီးပြီ၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကဏ္ဍက ဘယ်လိုလဲ

ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ် (အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်)   အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက…

Read More

Science has delivered, will the WTO deliver?

TRIPS waiver proposal from India, South Africa and other members   Opinion  By Brajendra Navnit, Ambassador and Permanent Representative of India to WTO   A proposal by India, South Africa and eight other countries calls on the World Trade Organisation (WTO) to exempt member countries from enforcing some patents, and other Intellectual Property (IP) rights under the organization’s Agreement on Trade-Related Aspects of…

Read More

စပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်

ဇန်နဝါရီ-၁၅-၂၀၂၁ တင်ထားဆွေ   သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေး‌နွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို…

Read More
VOM News

FREE
VIEW