မန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပေမယ့် ကားအများစုက မသွားရဲသေးဘဲ အခြေအနေစောင့်ကြည့်ပြီး ရွှေဘို – မြစ်ကြီးနား ကွင်းလမ်းကနေ သွားနေဆဲ

မေ ၇ ၊ ၂၀၂၆ CC (VOM) မန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်းကို သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ပေမယ့် လတ်တလောမှာ အိမ်စီးကားတချို့သာ သွားလာမှုရှိပြီး ကုန်ကား နဲ့ ခရီးသည်တင်ကား အများစုကတော့ သွားလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ ကားအများစုကတော့ ချက်ခြင်းမသွားသေးဘဲ အခြေအနေစောင့်ကြည့်နေကြပြီး မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းရဲ့ ကွင်းလမ်းတွေကနေသာ သွားလာနေဆဲ ဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။ ” ခုမှပြန်ဖွင့်တာဆိုတော့ မသွားရဲသေးဘူး ။ နှစ်ရက် သုံးရက်လောက်တော့ အခြေအနေစောင့်ကြည့်အုံးမယ်။ အခုက ရွှေဘိုကွင်းလမ်းကပဲသွားနေတာ ။ ကံင်းလမ်းကတော့ ဆိုးတာမှ ​ပြောစရာကို မရှိဘူး ။ အခုဆို မိုးကလည်းရွာလာပြီဆိုတော့ လမ်းတွေက ရွှံဗွက်တွေဖြစ်ကုန်ပြီ။သွားလာရ တော်တော်မလွယ်ဘူး ။ ထီးချိုင့်လမ်းက အဆင်ပြေပြေ သွားလို့ ရရင်တော့…

Read More

ပြည်ပက ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွင့်အတွက် ကန့်သတ်ချက်​တွေနဲ့ ပယ်ချမှုများလာလို့ အဆင်မပြေ

မေ ၅ ၊ ၂၀၂၆ GG (VOM) ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုတဲ့နေရာမှာ ကန့်သတ်ချက်တွေများလာတဲ့အပြင် ထွက်ခွာခွင့်ပယ်ချခံရတဲ့ အရေအတွက်လည်း ရာနဲ့ချီရှိလာတာကြောင့် ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွာဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အရင် ဧပြီလ တလတည်းမှာပဲ ပြည်ပပြန်ထွက်ခွင့်လျှောက်ခဲ့တဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်လောက်ဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့်ဆိုပြီး ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရသူအများစုဟာ OWIC ကတ်မှာပါတဲ့ နိုင်ငံ၊ ကုမ္ပဏီနဲ့ ပြန်ထွက်ခွာမယ့် နိုင်ငံ၊ ကုမ္ပဏီ မတူခြင်း ၊ သက်တမ်းရှိ Workpermit နဲ့ လေယာဥ်လက်မှတ်မပါခြင်း ၊ လေဆိပ်အဝင်တံဆိပ်တုံး ၊ နိုင်ငံကူးလက်မှတ် ၊ အလုပ်ရှင်ခွင့်စာ၊ စာရွက်စာတမ်း မှန်ကန်မှုမရှိခြင်း စတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အတွက် ထွက်ခွာခွင့်ပယ်ချခံရပြီး ပြန်လည်တင်ပြဖို့ အသိပေးခံခဲ့ရတာ…

Read More

ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားကို အစီးရေတိုးချဲ့ ပြေးဆွဲပေးစေလို

မေ ၁ – ၂၀၂၆ SN (VOM) ရထားတွဲဆိုင်း ခြောက်တွဲပါ ရန်ကုန် – မန္တလေး တိုက်ရိုက် DEMU ရထားကို အစီးရေတိုးချဲ့ ပြေးဆွဲပေးစေလိုတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ ရန်ကုန် – မန္တလေး ခရီးစဉ်အတွက် အမှတ် (၅) အဆန်နဲ့ အမှတ် (၆) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ဒီကနေ့ မေ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ အစုန်/အဆန် ရထားတွေဟာ နေ့စဉ် မနက် ၆ နာရီမှစတင်ကာ ထွက်ခွာမှာဖြစ်ပြီး သက်ဆိုင်ရာဘူတာတွေကို ညနေ ၁၆ နာရီမှာ အသီးသီး ရောက်ရှိကြမှာဖြစ်ကာ ခရီးစဉ် စ/ဆုံး စုစုပေါင်း ပျမ်းမျှကြာမြင့်ချိန် ၁၀ နာရီရှိတယ်လို့ သိရပါတယ်။ ရန်ကုန်…

Read More

Pack & Go Easy Travel ကုမ္ပဏီက Visa လုပ်ပေးမယ်ဆိုပြီး ငွေရယူထားပေမယ့် လုပ်မ​ပေးလို့ နစ်နာသူတွေက တိုင်ကြားမယ်

ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ​ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။ ” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့…

Read More

ဖားကန့် -နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသည်တင်ကား ပစ်ခံရပြီး သေဆုံးနဲ့ဒဏ်ရာရရှိခဲ့သလို ခရီးသည်တင်ကား ခြောက်စီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဧပြီ ၂၇ ၊ ၂၀၂၆ GG (VOM) ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းမှာ ခရီးသည်တင်ကားတစီး ပစ်ခတ်ခံခဲ့ရပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။ မနေ့ကဧပြီ ၂၆ ရက်နေ့မှာ ကားမိုင်းလမ်းကနေ ဖားကန့်ကိုတက်လာတဲ့ ခရီးသည်တင်ကား ခြောက်စီးကို KIA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ကားရော လူတွေပါ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ် ။ ဧပြီ ၂၄ ရက်နေ့မှာက ဖားကန့် – နန့်ယား – ကားမိုင်းလမ်းမှာ ခရီးသွားကားတစီးပစ်ခတ်ခံရတာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” အဖမ်းခံထားရတဲ့…

Read More

ခွင့်ပြန် မြန်မာလုပ်သားတွေ သံရုံးထောက်ခံစာယူမယ့်ကိစ္စ အွန်လိုင်းကနေ ​လျှောက်ထားခွင့်ပြုဖို့ အလုပ်သမားတွေလိုလား

ဧပြီ ၂၉ ၊ ၂၀၂၆ GG (VOM) ပြည်ပခွင့်ပြန် အလုပ်သမားတွေအနေနဲ့ မေ ၁ ရက်ကစပြီး မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအားလုံး သံရုံးထောက်ခံစာ ယူရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဧပြီ ၂၈ ရက်မှ အသိပေးလာပါတယ်။ ခွင့်ပြန် မြန်မာလုပ်သားတွေအတွက် အခုလို ကန့်သတ်ချက်တခု ထပ်မံတိုးလာတာက အဆင်မပြေကြောင်း ၊ သံရုံးမရှိတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေရသူတွေအတွက်ဆိုရင် ပိုပြီး ခက်ခဲတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ ” ကာတာဆိုရင် သံရုံးမရှိတော့ Saudi ကိုပို့ပြီး သံရုံးထောက်ခံချက်တောင်းရမှာ ။ ခွင့်စာကလည်း သွားရမယ့်ရက်ထက် အများကြီးပိုပြီး စောမပေးပါဘူး။သံရုံးကိုပို့ရင် ထောက်ခံချက်က ပြန်မယ့်ရက်အမီ အချိန်နဲ့တပြေးညီ ချပေးမယ်လို့ အာမခံချက်ရှိလား သေချာမသိဘူး ။နောက်ကျမယ်ဆိုရင်လည်း ခွင့်စာထဲက ရက်နဲ့ ပြန်ဝင်ရက်မတူလို့မရဘူးဆိုတော့ ခက်တယ်။ ပြန်တဲ့ရက်နဲ့ ခွင်ယူတဲ့နေ့ဘဲ ခွင့်ကရတာ။ကျန်တဲ့ ရက်က…

Read More

စုံ / မ ရက်၊ ကန့်သတ်ချက် ပယ်ဖျက်ပေးဖို့ ပြည်သူအများ လိုလား

ဧပြီ ၃၀ ၊ ၂၀၂၆ GG (VOM) ကားနဲ့ဆိုင်ကယ်တွေ စုံ / မ ရက် သတ်မှတ်ချက်အလိုက်သာ လမ်း​ေပါ်ထွက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ ပြည်သူလူထုက တောင်းဆိုမှု မြင့်တက်လာနေ ပါတယ်။ စုံ / မ ရက် ကန့်သတ်မှုက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေအတွက် ပိုပြီး အဆင်မပြေမှုတွေ ဖြစ်လာနေကြောင်း ၊ စုံ / မသတ်မှတ်ချက်ကြောင့် အိမ်စီးကားအများစု အဖမ်းခံရပြီး တရားရုံးမှာ ဒဏ်ကြေးဆောင်ရတာတွေလည်း ရှိနေသေး တယ်လို့ သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီကလည်း ကား နဲ့ဆိုင်ကယ်ကို QR ကုတ်စနစ်နဲ့ ဆီပမာဏသတ်မှတ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်လို့ စုံ/ မ ရက်ခွဲပြီး လမ်းပေါ်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုရှိလာတာဖြစ်ပါတယ်။ “ရန်ကုန်မှာ ည ၉နာရီ…

Read More

Pack & Go Easy Travel ကုမ္ပဏီက Visa လုပ်ပေးမယ်ဆိုပြီး ငွေရယူထားပေမယ့် လုပ်မ​ပေးလို့ နစ်နာသူတွေက တိုင်ကြားမယ်

ဧပြီ ၂၆ ၊ ၂၀၂၆ CC (VOM) Pack & Go Easy Travel ကုမ္ပဏီဟာ ပြည်ပခရီးစဥ် ငွေကြေး ပြဿနာအပြင် ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် Visa လုပ်ပေးမယ်ဆိုပြီး ငွေကြေးတွေရယူခဲ့ပေမယ့် အမှန်တကယ် ပြုလုပ်ပေးတာမရှိသလို ငွေပြန်ပေးတာမျိုးလည်း မရှိတဲ့ပြဿနာတွေ ထပ်ရှိနေသေး တယ်လို့ ငွေကြေးဆုံးရှုံး နစ်နာခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ပြည်ပနိုင်ငံမှာ အလုပ်အကိုင်ကောင်းကောင်းရရှိပြီး လုပ်ကိုင်ရမှာ ဖြစ်လို့ အလုပ်လုပ်လိုပါက ငွေအကြေသွင်းပြီး Visa လျှောက်နိုင်ကြောင်း ​ပြောဆိုခဲ့တဲ့အတွက် ငွေအကြေပေးသွင်းခဲ့ကြတာ ဖြစ်ကြောင်း ၊ ငွေပေးသွင်းပြီးချိန်ကတည်းက ခုထိဆိုရင် တနှစ်နီးပါးလောက်အထိကြာမြင့်လာပေမယ့် Visa လည်း မရသလို ပေးသွင်းငွေတွေလည်း ပြန်မရဘူးလို့ သိရပါတယ်။ ” သူတို့ရုံးက ဘယ်လောက်မှ မကြာဘူး ပြောတာ။ ၄ လ ၅လ ဘဲကြာမှာတဲ့…

Read More

မြဝတီနယ်စပ်ကနေ ထိုင်းသွားမယ့် မြန်မာပြည်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဖြတ်ခွင့်ပြု

ဧပြီ ၂၂ ၊ ၂၀၂၆ GG (VOM) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ ချစ်ကြည်​ရေးတံတားအမှတ် ၁ ကနေ မဲဆောက်မြို့ကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မယ့် မြန်မာဘက်က ကားတွေကို ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ ထိုင်းအာဏာပိုင်တွေက ဝင်ခွင့်ပြုတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံ​တွေဆီက သိရပါတယ်။ အမည်ပေါက်ကား မဟုတ်ပါက ကိုယ်စားလှယ်လွှဲပြောင်းစာချုပ်ပါမှ သွားလာခွင့်ပြုမှာဖြစ်ကြောင်း ၊ ဒီကန့်သတ်ချက်မှာ အကျုံးဝင်တဲ့ကားတွေက အခုမှ ပကန်(အာမခံ)အသစ်လျှောက်ပြီး ချစ်ကြည်ရေးတံတား ၁ ကနေ ဖြတ်သန်းသွားလာမယ့် ကားတွေ အဓိကဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ထဲက ပကန်ရှိပြီး သွားလာနေတဲ့ကားတွေမပါသေးဘူး ။ အခုကပကန် (အာမခံ) အသစ်လျှောက်ပြီး ဖြတ်မယ့်သူတွေကသာ ဒီမူဝါဒနဲ့ ညိနေတာပါ။ သွားလာနေကြ ကားဟောင်းတွေက ရပါတယ်။ကိုယ်စားလှယ်လွှဲစာပါရင်လည်း ရတယ်ပြောတယ်။ ပြီးတော့ အမည်ပေါက်သူကိုယ်တိုင် ဘေးကနေ ပါလာရင်လည်း ဖြတ်ခွင့်ပေးတယ်သိရတယ်။ ဥပမာ မိန်းမအမည်ပေါက်ကားကို ယောကျ်ားကမောင်းပေမယ့်…

Read More

အဝေးပြေးကားခတွေ ဈေးပြန်မကျသေး

ဧပြီ ၂၀ – ၂၀၂၆ SS (VOM) စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူရမှုတွေ လျော့နည်းသွားပေမယ့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်း၊ လောင်စာဆီ ရှားပါးမှုနဲ့ သင်္ကြန်ကာလ အဝယ်လိုက်ခြင်းတို့ကြောင့် အဝေးပြေး ကားလက်မှတ်ခတွေ ဈေးပြန်မကျသေးဘူးလို့ ကားလက်မှတ် ရောင်းချသူတွေက ပြောပါတယ်။ အဝေးပြေး ကားလက်မှတ်ခတွေမှာ ပုံမှန်ထက် နှစ်ဆကျော် မြင့်တက်နေပြီး ရန်ကုန် – မန္တလေး ရိုးရိုးကားခမှာ လေးသောင်းရှစ်ထောင်ကျပ်၊ အထူးကားခတွေကတော့ ကျပ် ခြောက်သောင်းခွဲ ဝန်းကျင်၊ ရန်ကုန် – ပခုက္ကူ ကျပ် ငါးသောင်းကနေ ကျပ် ခုနစ်သောင်းဝန်းကျင်အထိ၊ အချို့ယာဉ်လိုင်းတွေကတော့ ကျပ် တသိန်းနီးပါးအထိ ရှိနေတယ်လို့ သိရပြီး ကားဂိတ်တွေမှာ နေ့ချင်းပြန်ဈေးသာ ရောင်းချပေးနေကာ ဆီဈေးပေါ်မူတည်ပြီး ခရီးစဉ်အလိုက် ဈေးနှုန်းတွေ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ သိရပါတယ်။ “ဆီက တန်းမစီရတာမှန်တယ်။ ဒါပေမယ့် ဈေးကြီးပြီး…

Read More
VOM News

FREE
VIEW