မေ ၂၂ ၊ ၂၀၂၆
CC (VOM)
ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ခင်ဦး ၊ မြောင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခြောက်ယောက်သေဆုံးကာ ထိခိုကိဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ခင်ဦးမြို့နယ်မှာ မနေ့က မေ ၂၁ ရက်နေ့က ရွာစဥ်ရွာကို လေကြာင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လူသေဆုံး ထိခိုက်ဒဏ်ရာရ တဲ့အပြင် နေအိမ် ၂၀ ကျော်လည်း ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။
” ညက ၉ နာရီလောက်မှာ လေယာဥ်နဲ့ကြဲသွားတယ် ။ သေဆုံးနဲ့ ဒဏ်ရာရရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန် တဲ့သူတွေလည်းရှိတယ်သိရတယ်။အခု ဆေးကုသပေးနေတယ်။ “လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြောင်မြို့နယ်မှာက မေ ၂၀ ရက်နေ့မှာ ချောင်းဇင်းကျေး ရွာကို စက်တပ်လေထီး နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ခင်ဦးမြို့နယ် ၊ ရွာစဥ်ရွာနဲ့ မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာတွေက PDF စိုးမိုးနယ်မြေတွေထဲကဖြစ်ပြီး လတ်တလောမှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ သိရှိရပါတယ်။
ဘုတလင်မြို့နယ်ထဲမှာလည်း မေ ၁၉ ရက် နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အမျိုးသားနှစ်ယောက်သေဆုံးပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
အစိုးရတပ် စစ်ကြောင်းက ဘုတလင်မြို့နယ်ကို မြေပြင်စစ်ကြောင်းထိုးနေတဲ့အပြင် လေကြာင်းတိုက်ခိုက်မှုပါရှိတဲ့အတွက် ဘုတလင်မြို့နယ် အနီးတဝိုက်နဲ့ ဘုတလင် – စိုင်ပြင် ကားလမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံ အများအပြား စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
