စက်တင်ဘာ ၂၃ ၊ ၂၀၂၆ GG (VOM) မြန်မာနိုင်ငံအထက်ပိုင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၄ ယောက်သေဆုံးကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်း ၊ မြစ်ကြီးနား – ရွှေဘို ဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့ ကုက္ကိုကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသားသုံးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ” ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်တဲ့သူနှစ်ယောက် ပါတယ်သိရတယ်။ အိမ်ငါးလုံးလောက်လည်း ပျက်စီးမှုရှိတယ် ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ရွာဟာ NUG လက်အောက်ခံ ၊ ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃…
Read MoreDay: September 26, 2026
ရခိုင်ပြည်နယ်မှာ ၄၉၂၆ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးပြင်းထန်လာသလို လေကြောင်းဆက်တိုက်ကြဲခံရ
စက်တင်ဘာ ၂၅ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ်မှာ ၄၉၂၆ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးအခြေအနေပြင်းထန်မှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားကာ သေဆုံး ၊ ဒဏ်ရာရမှုတွေရှိနေ တယ်လို့ နယ်မြေခံတွေအပြောအရ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက်အစော ၂ နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ် ၊ ပြည်တော်သာ (၉) လမ်း၊ ပီစိပိုက်သည်ရွာ၊ ဝကင်းရွာ၊ ဒုံးရပ်ရွာနဲ့ နိဒင်ရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ” ဒဏ်ရာရတာ ရှစ်ယောက်ရှိတယ် ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ကတော့ ဗိုက်ကိုထိထားတာ ဒဏ်ရာပြင်းတယ်သိရတယ်။ ဗုံးအလုံး၂၀လောက်ကြဲသွားတာလို့သိရတယ်။ ” လို့ စစ်ရှောင်တွေကူညီနေသူက ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ဇီးကိုင်း ရွာဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ၂၃ ရက်နေ့ညပိုင်းက…
Read Moreသူတို့အိမ် အခန်း (၂၃၁)
ဆူးငှက် ရပ်ကွက်လေး ရှေ့ရေး ပူသူဝေး ————————————- ကျွန်တော်တို့ ရပ်ကွက်လေးက အမှန်တကယ် တည်တံ့ တရားဝင်ရေးကို မေ့လျော့ နေကြသည်။ ကျွန်တော်ကတော့ ဦးတက်တိုး၏ အဆက်အသွယ်က အကြံပေးသလို မြေရာဇဝင်နှင့် ဖြစ်စေချင်သည့် အနေအထား များအား တိုင်းမှူး ဒု တိုင်းမှူးနှင့် မြို့တော်ဝန်တို့ထံ ရပ်ကွက်အနေနှင့် စာတင်ထားလိုက်သည်။ ကိုယ့်အနေနှင့်က ဘယ်လိုမှ စိတ်မချနိုင်သေး။ တရားဝင် စာနှင့်ပေနှင့် အကြောင်းမကြား မထုတ်ပြန်သ၍ စိတ်မအေး နိုင်သေးပေ။ ကျွန်တော့်လို စိတ်ပူသူတွေက ကျွန်တော်တို့ ရဲသုံးဘော်နှင့် ရပ်ကွက်နေ ၅ဦးခန့်မျှသာ ရှိသည်။ ရပ်ကွက်ထဲမှာ နောက်မှ ရောက်လာသူတွေက ပိုမပူသေးသပေါ့လေ။ ဓမ္မာရုံရှိရင် ဘူဒိုဇာ မထိုးဘူးတဲ့ ————————————- သည်လိုအခြေအနေတွင် ရပ်ကွက်ထဲက စိုးရိမ်ပူပန်နေသူ အချို့နှင့် ရပ်ကွက်ခံ လူငယ်များ စုစည်းပြီး…
Read Moreကျောက်မဲက ရတီမှန်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ၊ ဖုန်း၊ငွေ ပါသွား
စက်တင်ဘာ ၂၅ ၊ ၂၀၂၆ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပင်လုံလမ်းရှိ ရတီမှန်ရွှေဆိုင်မှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအားလုံး နဲ့ ဖုန်း၊ငွေသား ပါသွားတယ်လို့ သိရပါတယ်။ ” ငွေသားက သိန်း ၃၀ လောက် ၊ Iphone ကသုံးလုံးပါသွားတယ်။ ရွှေကတော့အတိကျမသိနိုင်ဘူး ။ဘာလို့ဆို ကောင်တာထဲက ရွှေတွေအကုန်သိမ်းကျုံးယူသွားတာ။ အကုန်ယူသွားတာ ။” ရွှေဆိုင်ကို မျက်နှာဖုံးစွပ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်ကြောင်း ၊ ရွှေထည်ပစ္စည်းက ခန့်မှန်း ၅၀ သားလောက်ရှိနိုင်ကြောင်း ကနဦးသိရပါတယ်။ လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက် ကလည်း ကျောက်မဲမြို့၊…
Read More