စက်တင်ဘာ ၂၅ ၊ ၂၀၂၆
CC (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပင်လုံလမ်းရှိ ရတီမှန်ရွှေဆိုင်မှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအားလုံး နဲ့ ဖုန်း၊ငွေသား ပါသွားတယ်လို့ သိရပါတယ်။
” ငွေသားက သိန်း ၃၀ လောက် ၊ Iphone ကသုံးလုံးပါသွားတယ်။ ရွှေကတော့အတိကျမသိနိုင်ဘူး ။ဘာလို့ဆို ကောင်တာထဲက ရွှေတွေအကုန်သိမ်းကျုံးယူသွားတာ။ အကုန်ယူသွားတာ ။”
ရွှေဆိုင်ကို မျက်နှာဖုံးစွပ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်ကြောင်း ၊ ရွှေထည်ပစ္စည်းက ခန့်မှန်း ၅၀ သားလောက်ရှိနိုင်ကြောင်း ကနဦးသိရပါတယ်။
လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၂ ရက် ကလည်း ကျောက်မဲမြို့၊ မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ရွှေမိုးရွှေဆိုင်ကို ဓားပြတိုက်ခံရပြီး ရွှေ ၇၀ သားလောက်ပါသွားသလို ဆိုင်ရှင်နဲ့ အမျိုးသားတယောက် သေနတ် နဲ့ပစ်ခံခဲ့ရပါတယ်။
ဓာတ်ပုံ – CJ
