BPI ​ဆေးဝါးစက်​ရုံးမှူးကိစ္စအများပြည်​သူအကျိုးစီးပွားနဲ့ဆိုင်​လို့ တရားရုံးမှာဘဲပြောမယ်

ရန်​ကုန်​ ၊စက်​တင်​ဘာ ၁၀-၂၀၁၉ သူရိန် (VOM)     စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်း၊ဆေးဝါးစက်ရုံ(အင်းစိန်)စက်ရုံမှူးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အ​ရေးယူထားမှုကအများပြည်​သူအကျိုး စီးပွားနဲ့သက်​ဆိုင်​လို့တရားရုံးမှာဘဲ​ပြောမယ်​လို့​အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ရုံးခွဲ( ရန်​ကုန်​ ) မှတာဝန်​ရှိသူတစ်​ဦးက​ဆိုပါတယ်​။   “ ကျွန်​​တော်​တို့တရားစွဲဖို့ဘဲရှိပါတယ်​။ သတ်​မှတ်​ကာလပြည့်​ရင်​​ပေါ့။ အခုကရမန်​ယူထားတုန်းဘဲရှိ​သေးတယ်​။ကော်​မရှင်​ရဲ့သ​ဘောထား​ကြေညာချက်​ကိုလည်းထုတ်​ပြန်​ထားပါတယ်​။တရားရုံး​ရောက်​ရင်​​တော့ပြည့်​ပြည့်​စုံစုံ​ဖြေမှာပါ။ အခုကသတင်းထုတ်​ပြန်​တာဘဲရှိပါတယ်​။အများပြည်​သူအကျိုးစီးပွားဆိုတာကအဓိပ္ပါယ်​အများကြီးကျယ်​ဝန်းပါတယ်​။ အဲဒါကိုတရားရုံးကျရင်​ရှင်းပြမှာပါ။ အခု​လော​လောဆယ်​တချို့ကိစ္စ​တွေကစက်​ရုံဂုဏ်​သိက္ခာတို့ဘာတို့ရှိတယ်​။ ဒီအချိန်​မှာဘာမှမ​ပြော​ပေမယ့်​တရားရုံး​ရောက်​ရင်​​ပြောသင့်​တာ​ပြောမှာပါ။ ဒါစက်​ရုံတစ်​ခုလုံးနဲ့ဆိုင်​ပါတယ်​။ သတင်းထုတ်​ပြန်​ကတည်းကထိန်းထိန်းသိမ်းသိမ်းထုတ်​ပြန်​ပါတယ်​။တရားရုံးမှာဘဲနားစွင့်​ပါလို့ ” အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးကော်မရှင်ရုံးခွဲ( ရန်​ကုန်​ )က တာဝန်​ရှိသူတစ်​ဦးက​ပြောပါတယ်​။   ​ဆေးဝါးစက်ရုံ(အင်းစိန်)၊စက်ရုံမှူးဒေါက်တာအောင်ဇော်ကဆေးဝါးထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက်ကော်စေ့၂၆တန်ကိုလုပ်ထုံးလုပ်နည်းနဲ့မညီဘဲဝယ်ယူခဲ့တာကြောင့်ဆိုပြီး  နိုင်ငံတော်​ရဲ့ငွေကြေးနဲ့ပစ္စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၆အရပထမသတင်းပေးတိုင်ကြားပြီးတရားစွဲဆိုထားခဲ့တာပါ။     ဒါ့အပြင်​အင်းစိန်BPI ဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကိုမြောက်ပိုင်းခရိုင်တရားရုံးမှာစက်တင်ဘာလ၉  ရက်ကရုံးထုတ်စစ်ဆေးခဲ့ရာမှာBPI ​ဆေးဝါးစက်​ရုံကဝန်​ထမ်း၁၀၀​ကျော်​လာ​ရောက်​ဝန်းရံခဲ့ကြပါတယ်​။   ဒါ့ပြင်​စက်တင်ဘာ၉ရက်ကအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဒေါက်တာအောင်ဇော်အပေါ်အ​ရေးယူမှု​နဲ့ပက်​သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင်အမြင်အမျိုးမျိုးဖြင့်သဘောထားမှတ်ချက်များရေးသားနေကြပြီး စက်ရုံမှူးနဲ့အရာထမ်း၊အမှုထမ်း​တွေရဲ့ကြိုးစားအားထုတ်အောင်မြင်မှု​တွေကိုအသိအမှတ်ပြုပါတယ်​လို့ထုတ်ပြန်​ထားပါတယ်​။   #voiceofmyanmar  #BPI #အဂတိ   ဓာတ်​ပုံ..နန်းမြမီမီ​ဇော်

Read More

အမေရိကန်နဲ့နျူကလီးယားဆွေးနွေးပွဲတွေပြန်စချင်တယ်လို့ မြောက်ကိုရီးယားဆို

ပြုံးယမ်း၊စက်တင်ဘာ-၁၀-၂၀၁၉ မျိုးဆက်(VOM)   ဒီလနှောင်းပိုင်းမှာအမေရိကန်နဲ့အတူနျူကလီးယားဆွေးနွေးပွဲတွေပြန်စတင်ဖို့ဆန္ဒရှိတယ်လို့မြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယ၀န်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နှစ်ဘက်စလုံးကသဘောတူခဲ့ကြတဲ့အတိုင်းအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေကိုပြန်လည်စတင်ဖို့ဆန္ဒရှိတယ်လို့နိုင်ငံခြားရေးဒုတိယ၀န်ကြီးချိုဆန်ဝေကပြောပါတယ်။     ဆွေးနွေးပွဲတွေပြန်စဖို့မျှော်လင့်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုကထုတ်ဖော်ပြောဆိုပြီးနောက်မြောက်ကိုရီးယားဘက်ကဒီလိုတုံ့ပြန်လာတာဖြစ်ပါတယ်။ ဆွေးနွေးပွဲပြန်စဖို့ချိဆန်ဝေကထုတ်ဖော်ပြောဆိုပြီးနာရီအနည်းငယ်အကြာမှာဘဲတာတိုပစ်ဒုံးပျံနှစ်စင်းကိုမြောက်ကိုရီးယားကပစ်ခတ်ခဲ့ပါတယ်။   ဒါဟာမကြာသေးမီလတွေအတွင်းဒုံးပျံတွေဆက်တိုက်ပစ်ခတ်တာတွေထဲကနောက်ဆုံးလုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကပထမဆုံးအကြိမ်တွေ့ဆုံးမှုအပြီးကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ကသဘောတူခဲ့ကြပါတယ်။ဒါပေမယ့်ဘယ်အချိန်မှာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေမပါဝင်ခဲ့ပါဘူး။   ဖေဖော်ဝါရီလအတွင်းဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာတော့ဆွေးနွေးမှုမအောင်မြင်ဘဲသဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ပါဘူး။စက်တင်ဘာနှောင်းပိုင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲတွေမှာတော့ချဉ်းကပ်မှုပုံစံသစ်နဲ့လာဖို့အမေရိကန်ကိုမြောက်ကိုရီးယားနိုင်ငံခြားရေးဒုတိယ၀န်ကြီးကတိုက်တွန်းပြောဆိုထားပါတယ်။   Ref : BBC Photo : Reuters

Read More

မုဒိမ်းကျင့်ခံရတဲ့ ၁၃နှစ်အရွယ် မိန်းကလေး ကလေးမီးဖွားပြီးတာတောင် အဓမ္မကျင့်သူကို ရဲကမဖမ်းနိုင်သေး

ကလေး၊ စက်တင်ဘာ၁၀-၂၀၁၉ နန်းကလျာ ( VOM)     ကလေးမြို့နယ်အောင်မြင်သာကျေးရွာမှာနေထိုင်တဲ့အသက်(၁၃)နှစ်အရွယ်မ—ကိုအရင်နှစ်ကုန်ပိုင်းက တစ်ရွာတည်းနေထိုင်တဲ့အသက်(၇၀)ကျော်အရွယ်ဦးကျော်ငြိမ်းကမုဒိမ်းကျင့်ခဲ့တာကြောင့်ကိုယ်ဝန်ရရှိခဲ့ပါတယ်။   ကိုယ်ဝန်ရပြီးကိုယ်ဝန်၇လအရွယ်ရောက်မှအွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တာကြောင့်မ— နဲ့ မိသားစုဟာ အောင်မြင်သာကျေးရွာကနေမကွေးတိုင်းစလင်းမြို့နယ်ကိုမိသားစုလိုက်ပြောင်းရွှေ့သွားကြပါတယ်။   ဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးမြို့ကတရားမျှတမှုအတွက်အမျိုးသမီးများအဖွဲ့ကနေပြီးတော့ဇူလိုင်လ၂၉ရက်နေ့ကကလေးမြို့မရဲစခန်းမှာသွားရောက်အမှုဖွင့်ခဲ့တာကြောင့်ကလေးမြို့မရဲစခန်းကနေ(ပ)၁၅၆၉/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆နဲ့အမှုဖွင့်ခဲ့ပေမယ့် ဒီနေ့ထိ အဓ္မမကျင့်သူကို ဖမ်းမပေးနိုင်သေးပါဘူး။   တရားခံကိုရှာဖွေနေတဲ့အပေါ်ကလေးမြို့မရဲစခန်းကတာဝန်ရှိသူက”တရားခံကတိမ်းရှောင်နေတယ်။ ဖားအိုင်းရွာအထိလိုက်သွားပြီးပြီမရှိဘူး။ အောင်မြင်သာရွာမှာလည်းမနေဘူး။ လိုက်လံရှာဖွေနေတုန်းပဲ”လို့ပြောပါတယ်။     ကိုယ်ဝန်ရရှိခဲ့တဲ့ကလေးမဟာဆိုရင် ပြီးတဲ့လကယောင်္ကျားလေး မွေးဖွားခဲ့ပါတယ်။ အဲ့ဒီလိုအရွယ်မရောက်သေးပဲ ကလေးမွေးဖွားခဲ့တာကြောင့်ကလေးနဲ့မိခင်ကို  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကနေလစဉ်တစ်လကိုထောက်ပံ့ကြေးငွေကျပ်တစ်သောင်းငါးထောင်ထောက်ပံ့တဲ့အစီအစဉ်ကိုကလေးအသက်၅နှစ်ပြည့်အထိထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။   #voiceofmyanmar   #သက်ငယ်မုဒိမ်း #ကလေး

Read More

ကမ္ဘာတစ်ဝန်းမှာ စက္ကန့်လေးဆယ်တိုင်း လူတစ်ဦးနှုန်း ကိုယ့်ကိုကိုယ်အဆုံးစီရင်

ဂျီနီဗာ၊စက်တင်ဘာ-၁၀-၂၀၁၉ မျိုးဆက်(VOM)   ကမ္ဘာတစ်ဝန်းမှာစက္ကန့်လေးဆယ်တိုင်းလူတစ်ဦးနှုန်းကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြပြီးနှစ်စဉ်နှစ်တိုင်းသတ်သေတဲ့နှုန်းဟာ  စစ်ပွဲတွေမှာသေဆုံးတဲ့အရေအတွက်ထက်ပိုမိုများပြားလာတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က စက်တင်ဘာ၉ရက်မှာထုတ်ပြန်ပါတယ်။     ကြိုးဆွဲချခြင်း၊အဆိပ်သောက်ခြင်းနဲ့သေနတ်နဲ့ပစ်ခြင်းတွေဟာကိုယ့်ကိုကိုယ်အဆုံးစီရင်ရာမှာအသုံးများတဲ့နည်းလမ်းတွေဖြစ်တယ်လို့  ဒဗလျုအိပ်ခ်ျအိုကပြောဆိုပြီးစိတ်ဖိစီးမှုရှိနေသူတွေကိုကူညီဖို့နဲ့သတ်သေတဲ့ဖြစ်စဉ်တွေကိုလျှော့ချဖို့ကြိုတင်ကာကွယ်ရေးအစီစဉ်တွေချမှတ်ရေးအတွက်နိုင်ငံတကာအစိုးရကိုတိုက်တွန်းထားပါတယ်။     ကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြတာဟာ  ကမ္ဘာလုံးဆိုင်ရာပြသနာတစ်ရပ်ဖြစ်နေပြီးအသက်အရွယ်မရွေး၊ကျားမမရွေး၊ကမ္ဘ့ာကြီးရဲ့နေရာဒေသမရွေးဖြစ်ပွားနေသလိုသတ်သေတဲ့နှုန်းမှာပိုမိုများပြားလာတယ်လို့ဒဗလျူအိပ်ခ်ျအိုရဲ့ထုတ်ပြန်ချကမှာဖော်ပြထားပါတယ်။     အသက်၁၅နှစ်မှ၂၉နှစ်အတွင်လူငယ်များအကြားသတ်သေမှုနှုန်းဟာလမ်းပေါ်မတော်တဆမှုကြောင့်သေဆုံးသူအရေအတွက်ပြီးရင်ဒုတိယအများဆုံးဖြစ်နေပါတယ်။နှစ်စဉ်နှစ်တိုင်းပျမ်းမျှလူဦးရေရှစ်သိန်းနီးပါးဟာကိုယ့်ကိုကိုယ်အဆုံးစီရင်နေကြပြီးငှက်ဖျား၊ရင်သားကင်ဆာ၊စစ်ပွဲသို့မဟုတ်လူသတ်မှုကြောင့်သေဆုံးသူအရေအတွက်ထက်ပိုမိုများပြားနေပါတယ်။     မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊တရုတ်၊  လီဆိုသိုနဲ့မော်ရော့ကိုနိုင်ငံတို့မှာတော့အမျိုးသမီးတွေကိုယ့်ကိုကိုယ်အဆုံးစီရင်မှုနှုန်းဟာအမျိုးသားတွေထက်ပိုမိုမြင့်မားနေတယ်လို့ဒလျူအိပ်ခ်ျအိုရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။     Ref : CNA Photo : DH

Read More

ရန်ကုန်မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင်တင်နေစဉ်အတွင်း ကုန်တင်ရထားတွဲများ ရိုးမပတ်လမ်းမှသွားရန်စီစဉ်

ပြည်စက်တင်ဘာ ၁၀-၂၀၁၉ ဂျန်ကိုးလ်(VOM)   ရန်ကုန်-မန္တလေးမီးရထားလမ်းကိုအဆင့်မြှင့်ရထားလမ်းအဖြစ်ပြုပြင်ရန်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)အကူအညီနဲ့ယခုနှစ်အောက်တိုဘာလမှာ စတင်တော့မှာဖြစ်တယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်။   အရင်ကနှစ်လမ်းသွားစနစ်ကိုအခုအခါမှာတစ်လမ်းကိုပိတ်ကာတစ်လမ်းသွားစနစ်အဖြစ်ယာယီအသုံးပြုမှာဖြစ်ပြီး ကုန်တင်ရထားတွေအတွက် မိုင်၈၀ပိုမိုအသုံးပြုကာ ရိုးမပတ်လမ်းကနေ ပြေးဆွဲသွားမှာလို့ သိရပါတယ်။   “ရန်ကုန်-မန္တလေးလမ်းပိုင်းမှာရထားလမ်းပြင်တဲ့အခါမှာဒွေးလမ်းကိုဧကလမ်းစနစ်နဲ့တစ်ချို့ပြင်တဲ့နေရာတွေမှာဆောင်ရွက်ရမယ်ဆောက်ရွက်တဲ့အခါမှာတတ်နိုင်သမျှတော့ဂျပန်တွေနဲ့ညှိထားတယ်ဘာမှပြဿနာမရှိအောင်ရထားတွေလည်းထိခိုက်မှုမရှိအောင်ညှိထားတယ်ဒါကတစ်ခါတစ်ရံမှာအခက်အခဲတွေ့နိုင်တယ်အခက်အခဲတွေ့ရင်တစ်ချို့သောကုန်ရထားတွေကိုဒီဘက်ကနေပြီးတော့ရိုးမပတ်လမ်းကြီးဖြစ်တဲ့ရန်ကုန်ပြည်(ရွှေတံခါး)ဆတ်သွားပျဉ်းမနားမန္တလေးသွားလို့ရတယ်မိုင်၈၀တော့ပိုတာပေါ့အဲလိုနည်းနဲ့ကုန်ရထားတွေပို့နိုင်အောင်ကြိုးစားမယ်”လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကပြောပါတယ်။   ကုန်တင်ရထားတွဲများသွားမဲ့ပတ်လမ်းကိုလည်း စက်တင်ဘာလဆန်းပိုင်းက ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ကရထားစီးပြီးလိုက်လံစစ်ဆေးပြီးပြီဖြစ်ကာ ကြံ့ခိုင်မှု့နည်းတဲ့လမ်းပိုင်းနေရာတွေမှာလည်းပြုပြင်ဘို့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။     ၃၈၅မိုင်ရှိတဲ့ ရန်ကုန်မန္တလေးရထားလမ်းပိုင်းကို အပိုင်း၂ပိုင်းခွဲကာ(ရန်ကုန်တောင်ငူ)ကို အောက်တိုဘာမှာစတင်ပြီး အပိုင်း၂တောင်ငူမန္တလေးကို ၂၀၂၁တွင် ဆက်လက်အဆင့်မြှင့်တင်သွားမှာဖြစ်လို့ ခုလို ကုန်ပစ္စည်းတွေ မကြန့်ကြာစေရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။   #voiceofmyanmar #ရန်ကုန်မန္တလေးရထားလမ်း  

Read More
VOM News

FREE
VIEW